iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္ဖို႔ေကာင္းတဲ့ ငွက္ကေလးေတြဆီက ေၾကာက္စရာေကာင္းတဲ့ ေရာဂါမ်ား

ငွက္ကေလးေတြဟာ အေရာင္အေသြးစံုစံုလင္လင္နဲ႔ခ်စ္ဖို႔ေကာင္းပါတယ္။ အနီးစပ္ဆံုးေတြ႔ေနက်ကေတာ့ ခိုေလးေတြေပါ့။ လူေတြနဲ႔ ယဥ္လို႔ လူေတြကလည္း ခ်စ္ၾကတယ္။ ခိုစာေကၽြးတာေတြ ခုိအိမ္ေလးေတြ ေဆာက္ေပးထားတာေတြလုပ္ၾကတယ္။ အႏၱရာယ္မရွိတဲ့တိရိစာၦန္ေလးေတြလို႔ ယူဆေတာ့ ကေလးေတြနဲ႔လည္း နီးနီးကပ္ကပ္ေပးေနထားေလ့ရွိတယ္။

အခုတေလာ လူေျပာမ်ားေနတဲ့ကိစၥမွာဆိုရင္ ကေလးငယ္ေလးက ငွက္ေတြကေန ကူးစက္ရရွိခဲ့တဲ့ေရာဂါေတြေၾကာင့္ အသက္ဆံုးပါးသြားရတယ္လို႔ဆိုပါတယ္။ ကိုယ္ခံအားေကာင္းတဲ့အရြယ္ေရာက္ျပီးသူေတြအတြက္ သိပ္မသိသာေပမယ့္ ကိုယ္ခံအားနည္းသူေတြ၊ သက္ၾကီးရြယ္အိုနဲ႔ ကေလးငယ္ေတြမွာ ဒီျပႆနာဟာ အေသအခ်ာသတိထားျပီး ကာကြယ္ဖို႔လိုအပ္ပါတယ္။

ဒီခ်စ္စရာေကာင္းတဲ့ ငွက္ကေလးေတြက ေနရာအႏွံ႔မွာ မစင္ေတြေလွ်ာက္ျပန္႔က်ဲေနတာလိုမ်ိဳး စိတ္အေႏွာက္အယွက္ျဖစ္စရာေကာင္းတဲ့ အရာေတြအျပင္ ေၾကာက္စရာေကာင္းတဲ့ တျခားေရာဂါဆိုးေတြလည္း ျဖစ္ေပၚေစတယ္ဆိုတာကို သင္သိပါသလား။ အခု လူမႈကြန္ရက္မွာ လူသိမ်ားေနတဲ့ ကေလးငယ္ေလးဆံုးပါးသြားရတဲ့ ဝမ္းနည္းစရာအျဖစ္အပ်က္မ်ိဳးဟာ ငွက္ေတြကေနသယ္ေဆာင္ႏုိင္တဲ့ေရာဂါဆိုးေတြအေၾကာင္း ေသခ်ာဂရုျပဳကာကြယ္တာေတြမလုပ္ဘူးဆိုရင္ ထပ္ျပီး ျဖစ္ပြားႏုိင္ပါတယ္။

ဒါေၾကာင့္ခိုအပါအဝင္ ကိုယ့္အနီးအနားဝန္းက်င္မွာရွိတဲ့ ခ်စ္စရာေကာင္းတဲ့ ငွက္ကေလးေတြကေန ဘယ္လိုေရာဂါဆိုးေတြ ကူးစက္ခံရႏိုင္လဲဆိုတာကို ေလ့လာျပီး ကာကြယ္ထားဖို႔ လိုအပ္ပါတယ္။

Cryptococcosis (Cryptococcus neoformans ေၾကာင့္ျဖစ္တဲ့ ဦးေႏွာက္ အေျမွးေရာင္ေရာဂါ)

Cryptococcosis ဆုိတာ မႈိေရာဂါတစ္မ်ိဳးျဖစ္ျပီး ေဆြးေျမ႕ေနတဲ့သစ္ေခါက္ေတြနဲ႔ ငွက္ေခ်းေတြမွာ အေတြ႕မ်ားပါတယ္။ ဒီ ေသးငယ္ျပီး မ်က္စိနဲ႕ မျမင္ႏုိ္င္တဲ့မႈိိေတြကုိ ေလထဲကေန တစ္ဆင့္ရွဴမိလုိက္တာနဲ႕တင္ ေရာဂါ ျဖစ္ႏုိ္င္ပါတယ္။ သူ႔ရဲ႕ လကၡဏာေတြကေတာ့ အဆုတ္ေရာင္တာ၊ ေခ်ာင္းဆုိးတာ၊ အသက္ရွဴၾကပ္တာေတြနဲ႕ အဖ်ားတက္တာမ်ိဳးေတြျဖစ္တတ္ပါတယ္။ ေရာဂါပိုးက ဦးေႏွာက္ကိုေရာက္သြားျပီး ဦးေႏွာက္အေျမွးပါးေရာင္ေစခဲ့ရင္ ေခါင္းကိုက္တာ၊ ကိုယ္ပူတာနဲ႕ ဇက္နာတာေတြကို ျဖစ္ေစပါတယ္။ သာမန္က်န္းမာေရး ေကာင္းေနတဲ့သူေတြဆို ဘာမွ မျဖစ္ေပမယ့္ ခုခံအားနည္းေနတဲ့သူေတြဆိုရင္ သတိထားသင့္ပါတယ္။

Histoplasmosis (Histoplasma capsulatum)

Histoplasmosis ဆိုတာလည္း မႈိေရာဂါတစ္မ်ိဳးျဖစ္ျပီး ငွက္ေခ်းတုိ႕ လင္းႏို႕ေခ်းတို႕မွာ အမ်ားၾကီးေတြ႕ရတတ္ပါတယ္။ ေလထဲက တစ္ဆင့္ကူးစက္တတ္ျပီး ကူးစက္ခံရတဲ့သူေတြမွာ ၃ရက္ကေန ၁၇ ရက္အတြင္း အဆုတ္ေရာင္တဲ့ လကၡဏာေတြျဖစ္တဲ့ ေခ်ာင္းဆိုး ၊ အသက္ရွဴၾကပ္၊ ကိုယ္ပူတာေတြျဖစ္တတ္ပါတယ္။ က်န္းမာေရးေကာင္းတဲ့သူေတြအတြက္ေတာ့ မစိုးရိမ္ရေပမယ့္ ခုခံအားနည္းတဲ့ အသက္ ၆၅ ႏွစ္ အရြယ္ေက်ာ္ေနတဲ့သူေတြ၊ ေမြးကင္းစကေလးေတြ အတြက္ကေတာ့ Histoplasmosis ေရာဂါက အသက္အႏၱရာယ္ကို ျခိမ္းေျခာက္ေနတဲ့ ေရာဂါတစ္ခုပါ။

Psittacosis (Chlamydiophila psittaci)

ဒါကေတာ့ ၾကက္တူေရြး၊ သာလိကာနဲ႕ ၾကက္ဆင္စတဲ့ အိမ္ေမြးတိရိစ ၦာန္ေတြရဲ႕ အညစ္အေၾကးေတြနဲ႔ သူတို႕ရဲ႕ အသက္ရွဴလမ္းေၾကာင္းကထြက္တဲ့ အရည္ေတြကေနကူးစက္တဲ့ ဘက္တီးရီးယားေရာဂါ တစ္ခုပါ။ ဒီငွက္ေတြ က်န္းမာေနရင္ေတာ့ ဘာမွ မျဖစ္ေပမယ့္ avian chlamydiosis လို႕ေခၚတဲ့ ေရာဂါပိုးကူးစက္ခံေနရျပီဆုိရင္ေတာ့ သူတို႕နဲ႔ တစ္အိမ္တည္းေနတဲ့ အိမ္သားေတြ အားလံုး သတိထားသင့္ပါတယ္။ ဒီေရာဂါျဖစ္ေနျပီတဲ့ငွက္ေတြမွာ ေတြ႕ရတတ္တဲ့ လကၡဏာေတြကေတာ့ ငွက္ေတြအရင္လို မလန္းေတာ့တာ၊ မ်က္စိကေနျပီးေတာ့ အရည္ေတြထြက္ေနတာ၊ ငွက္ေတြ ဝမ္းေလွ်ာေနတာ၊ အစားေကၽြးလည္း မစားေတာ့ေတြ ျဖစ္ပါတယ္။ ကံေကာငး္တာတစ္ခုက ငွက္ေတြကိုက္တာ ခံရတာေၾကာင့္နဲ႔ေတာ့ ဒီေရာဂါပိုးက မကူးစက္ပါဘူး။ ငွက္ေတြရဲ႕ အညစ္အေၾကးေတြ ကိုင္တြယ္ျပီး လက္ကိုေသခ်ာျပန္ျပီး မသန္႔စင္တဲ့သူေတြဆီကိုသာ ကူးစက္ႏုိ္င္မွာ ျဖစ္ပါတယ္။ လူေတြဆီမွာျဖစ္ႏုိ္င္တဲ့ လကၡဏာေတြကေတာ့ ခ်မ္းတုန္ျပီးဖ်ားတာ၊ ကိုယ္လက္ကိုက္ခဲျပီး ေခါင္းကိုက္ေနတာ၊ ေခ်ာင္းေျခာက္ ေတြဆိုးျပီး အသက္ရွဴရခက္လာတာ ေတြဟာ ေရာဂါနဲ႔ထိေတြ႕ျပီး ၅ရက္ကေန ၁၄ ရက္အတြင္းျဖစ္ႏုိင္တာေတြပါ။

Candidiasis

Candidiasis ဆုိတာကေတာ့ ခိုေတြကေန ကူးစက္တတ္တဲ့ မႈွိေရာဂါတစ္မ်ိဳးပါ။ ဒီေရာဂါဟာ လူတစ္ေယာက္ရဲ႕ အေရျပား၊ ခံတြင္း၊ အသက္ရွဴလမ္းေၾကာင္း၊ အူလမ္းေၾကာင္းနဲ႕ မိန္းမကိုယ္ကို ဒုကၡေပးႏုိင္တဲ့ ေရာဂါတစ္ခုပါ။

St. Louis Encephalitis

St. Louis Encephalitis ေရာဂါဟာ ဒီေရာဂါကိုျဖစ္ေစတဲ့ ေရာဂါပိုး အုပ္စု B ကူးစက္တာခံေနရတဲ့ စာကေလးေတြကေန စတင္လာတာျဖစ္ပါတယ္။ ေရာဂါျဖစ္ေနတဲ့ စာကေလးေတြရဲ႕ ေသြးကုိ စုပ္ထားတဲ့ ျခင္ ေတြ လူေတြကို ျပန္ကိုက္ရာမွ ျဖစ္လာတဲ့ ေရာဂါတစ္ခုပါ။ ဒီေရာဂါဟာ ဦးေႏွာက္နဲ႔ အာရံုေၾကာကို ဒုကၡေပးျပီး ေခါင္းကိုက္တာ၊ ကိုယ္ပူတာ၊ အေၾကာေသတာ၊ ကိုမာဝင္တာနဲ႔ အသက္ဆံုးရံႈးေစတဲ့အထိ ျပင္းထန္တဲ့ ေရာဂါတစ္ခုပါ။ အသက္ ၆၅ ႏွစ္အထက္လူၾကီးေတြကို ကူးစက္သြားရင္ အသက္ဆံုးရံႈးေစတဲ့အထိ ျပင္းထန္တဲ့ ေရာဂါ တစ္ခုပါ။

Salmonellosis

Salmonellosis ဆုိတာ အစာအဆိပ္သင့္ျခင္းကို ျဖစ္ေစတဲ့ ေရာဂါပိုးတစ္ခုပါ။ ဒီေရာဂါပိုးကို စာကေလး၊ ဇရက္နဲ႔ ခိုေတြရဲ႕ အညစ္အေၾကးေတြမွာ အမ်ားဆံုးေတြ႕ရတတ္ပါတယ္။ ေခါင္မုိးနဲ႔ အထပ္ခိုးေတြမွာ ရွိေနတဲ့ခိုေတြရဲ႕ အညစ္အေၾကးကေန အဲယားကြန္းေတြ၊ ေလသန္႔စက္ေတြကတစ္ဆင့္ ေရာဂါပိုးျပန္႕သြားျပီး အစာေတြဆီကုိ ေရာက္သြားလိုု႔ စားမိတဲ့သူေတြကုိ အစာအဆိပ္သင့္ျခင္း ျဖစ္ေစပါတယ္။

E-coli

E-coli ဆိုတာ ဝမ္းကိုက္ ေရာဂါကိုျဖစ္ေစတတ္ျပီ ငွက္တုိင္းရဲ႕ အညစ္အေၾကးမွာ ပါေလ့ရွိတဲ့ ဘက္တီးရီးယား တစ္မ်ိဳးပါ။ ငွက္ေတြရဲ႕ အညစ္အေၾကးကို ကိုင္မိျပီး လက္ကိုေသခ်ာျပန္မေဆးတာတို႕၊ သစ္ပင္ေအာက္မွာ အစာစားေနရင္း စားေနတဲ့ အစားအစာထဲကုိ ငွက္ေခ်းစင္သြားတာတို႕ ၊ ထမင္းဟင္းခ်က္ျပဳတ္တဲ့နားမွာ ငွက္ေတြ အမ်ားၾကီးရွိေနတာေတြက ဝမ္းပ်က္တာကိုျဖစ္ေစတဲ ့ E-coli ေရာဂါပိုးကို ဖိတ္ေခၚေနသလို ျဖစ္ေနတတ္ပါတယ္။

ဒါေတြကေတာ

ငွက္ေတြကေနတစ္ဆင့္ လူဆီကို အမ်ားဆံုး ကူးစက္တတ္တဲ့ ေရာဂါေတြ အေၾကာင္းပါ။

ေလထဲမွာေနတဲ့အေကာင္ အိမ္ေတြရဲ႕ ျမင့္တဲ့ေနရာမွာ ေနတတ္တဲ့အေကာင္ဆိုေတာ့ သူ႔ရဲ႕မစင္ေတြ သူနဲ႔အတူပါလာတဲ့ ပိုးမႊားေတြကလည္း အေပၚကေနေအာက္ကိုျဖစ္ျဖစ္ ေလထုထဲမွာျဖစ္ျဖစ္ ပ်ံ႕ႏွံ႔ေနျပီး ကူးစက္ဖို႔ အရမ္းအခြင့္အေရးမ်ားေနပါတယ္။

က်န္းမာေနတဲ့ သူ၊ ခုခံအားေကာင္းေနတဲ့ သူတစ္ေယာက္ဆီကိုေတာ့ ေရာဂါပိုးေတြ မဝင္ႏုိင္ဘူးဆိုေပမယ့္ ခုခံအားနည္းေနတဲ့သူေတြဆီ ဝင္သြားရင္ေတာ့ အသက္အႏၱရာယ္ ဆံုးရႈံးတဲ့အထိ ဒုကၡေပးႏိုင္တဲ့ ေရာဂါေတြပါ။ ေနာက္တစ္ခု အေရးၾကီးတာက ကိုယ့္ပတ္ဝန္းက်င္မွာ ငွက္ေတြ အစုလိုက္ နာေနတာ၊ ေသေနတာမ်ိဳးေတြ ေတြ႕ရင္ နီးစပ္ရာ က်န္းမာေရး ဌာနကို အျမန္ဆံုး သတင္းပို႕ဖို႕ျဖစ္ပါတယ္။ ေက်းငွက္ေတြနဲ႕ လူေတြဆုိတာလည္း ပတ္ဝန္းက်င္မွာ ကင္းကြာျပီး ေနထိုင္လို႕ မရတာေၾကာင့္ တစ္ခုခုျဖစ္လာရင္ အသိဉာဏ္မရွိတဲ့ တိရိစ ၦာန္ေတြကို အျပစ္တင္ေနမယ့္အစား အသိဉာဏ္ရွိတဲ့ ကိုယ္ေတြကပဲ ၾကိဳတင္ကာကြယ္ၾကဖို႔ လိုအပ္ပါတယ္။

Hello Health Group သည္ ေဆးပညာဆိုင္ရာ အၾကံေပးခ်က္မ်ား၊ ေရာဂါရွာေဖြျခင္းႏွင့္ ကုသျခင္းမ်ား မျပဳလုပ္ပါ။

ေရးသားသူ Dr. Thin Yadanar @ Frances
ေဆးပညာပိုင္းဆုိင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win.

Credit:Hello Sayarwon
က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

ချစ်ဖို့ကောင်းတဲ့ ငှက်ကလေးတွေဆီက ကြောက်စရာကောင်းတဲ့ ရောဂါများ

ငှက်ကလေးတွေဟာ အရောင်အသွေးစုံစုံလင်လင်နဲ့ချစ်ဖို့ကောင်းပါတယ်။ အနီးစပ်ဆုံးတွေ့နေကျကတော့ ခိုလေးတွေပေါ့။ လူတွေနဲ့ ယဉ်လို့ လူတွေကလည်း ချစ်ကြတယ်။ ခိုစာကျွေးတာတွေ ခိုအိမ်လေးတွေ ဆောက်ပေးထားတာတွေလုပ်ကြတယ်။ အန္တရာယ်မရှိတဲ့တိရိစ္ဆာန်လေးတွေလို့ ယူဆတော့ ကလေးတွေနဲ့လည်း နီးနီးကပ်ကပ်ပေးနေထားလေ့ရှိတယ်။

အခုတလော လူပြောများနေတဲ့ကိစ္စမှာဆိုရင် ကလေးငယ်လေးက ငှက်တွေကနေ ကူးစက်ရရှိခဲ့တဲ့ရောဂါတွေကြောင့် အသက်ဆုံးပါးသွားရတယ်လို့ဆိုပါတယ်။ ကိုယ်ခံအားကောင်းတဲ့အရွယ်ရောက်ပြီးသူတွေအတွက် သိပ်မသိသာပေမယ့် ကိုယ်ခံအားနည်းသူတွေ၊ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေမှာ ဒီပြဿနာဟာ အသေအချာသတိထားပြီး ကာကွယ်ဖို့လိုအပ်ပါတယ်။

ဒီချစ်စရာကောင်းတဲ့ ငှက်ကလေးတွေက နေရာအနှံ့မှာ မစင်တွေလျှောက်ပြန့်ကျဲနေတာလိုမျိုး စိတ်အနှောက်အယှက်ဖြစ်စရာကောင်းတဲ့ အရာတွေအပြင် ကြောက်စရာကောင်းတဲ့ တခြားရောဂါဆိုးတွေလည်း ဖြစ်ပေါ်စေတယ်ဆိုတာကို သင်သိပါသလား။ အခု လူမှုကွန်ရက်မှာ လူသိများနေတဲ့ ကလေးငယ်လေးဆုံးပါးသွားရတဲ့ ဝမ်းနည်းစရာအဖြစ်အပျက်မျိုးဟာ ငှက်တွေကနေသယ်ဆောင်နိုင်တဲ့ရောဂါဆိုးတွေအကြောင်း သေချာဂရုပြုကာကွယ်တာတွေမလုပ်ဘူးဆိုရင် ထပ်ပြီး ဖြစ်ပွားနိုင်ပါတယ်။

ဒါကြောင့်ခိုအပါအဝင် ကိုယ့်အနီးအနားဝန်းကျင်မှာရှိတဲ့ ချစ်စရာကောင်းတဲ့ ငှက်ကလေးတွေကနေ ဘယ်လိုရောဂါဆိုးတွေ ကူးစက်ခံရနိုင်လဲဆိုတာကို လေ့လာပြီး ကာကွယ်ထားဖို့ လိုအပ်ပါတယ်။

Cryptococcosis (Cryptococcus neoformans ကြောင့်ဖြစ်တဲ့ ဦးနှောက် အမြှေးရောင်ရောဂါ)

Cryptococcosis ဆိုတာ မှိုရောဂါတစ်မျိုးဖြစ်ပြီး ဆွေးမြေ့နေတဲ့သစ်ခေါက်တွေနဲ့ ငှက်ချေးတွေမှာ အတွေ့များပါတယ်။ ဒီ သေးငယ်ပြီး မျက်စိနဲ့ မမြင်နိုင်တဲ့မှိုတွေကို လေထဲကနေ တစ်ဆင့်ရှူမိလိုက်တာနဲ့တင် ရောဂါ ဖြစ်နိုင်ပါတယ်။ သူ့ရဲ့ လက္ခဏာတွေကတော့ အဆုတ်ရောင်တာ၊ ချောင်းဆိုးတာ၊ အသက်ရှူကြပ်တာတွေနဲ့ အဖျားတက်တာမျိုးတွေဖြစ်တတ်ပါတယ်။ ရောဂါပိုးက ဦးနှောက်ကိုရောက်သွားပြီး ဦးနှောက်အမြှေးပါးရောင်စေခဲ့ရင် ခေါင်းကိုက်တာ၊ ကိုယ်ပူတာနဲ့ ဇက်နာတာတွေကို ဖြစ်စေပါတယ်။ သာမန်ကျန်းမာရေး ကောင်းနေတဲ့သူတွေဆို ဘာမှ မဖြစ်ပေမယ့် ခုခံအားနည်းနေတဲ့သူတွေဆိုရင် သတိထားသင့်ပါတယ်။

Histoplasmosis (Histoplasma capsulatum)

Histoplasmosis ဆိုတာလည်း မှိုရောဂါတစ်မျိုးဖြစ်ပြီး ငှက်ချေးတို့ လင်းနို့ချေးတို့မှာ အများကြီးတွေ့ရတတ်ပါတယ်။ လေထဲက တစ်ဆင့်ကူးစက်တတ်ပြီး ကူးစက်ခံရတဲ့သူတွေမှာ ၃ရက်ကနေ ၁၇ ရက်အတွင်း အဆုတ်ရောင်တဲ့ လက္ခဏာတွေဖြစ်တဲ့ ချောင်းဆိုး ၊ အသက်ရှူကြပ်၊ ကိုယ်ပူတာတွေဖြစ်တတ်ပါတယ်။ ကျန်းမာရေးကောင်းတဲ့သူတွေအတွက်တော့ မစိုးရိမ်ရပေမယ့် ခုခံအားနည်းတဲ့ အသက် ၆၅ နှစ် အရွယ်ကျော်နေတဲ့သူတွေ၊ မွေးကင်းစကလေးတွေ အတွက်ကတော့ Histoplasmosis ရောဂါက အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ ရောဂါတစ်ခုပါ။

Psittacosis (Chlamydiophila psittaci)

ဒါကတော့ ကြက်တူရွေး၊ သာလိကာနဲ့ ကြက်ဆင်စတဲ့ အိမ်မွေးတိရိစ ္ဆာန်တွေရဲ့ အညစ်အကြေးတွေနဲ့ သူတို့ရဲ့ အသက်ရှူလမ်းကြောင်းကထွက်တဲ့ အရည်တွေကနေကူးစက်တဲ့ ဘက်တီးရီးယားရောဂါ တစ်ခုပါ။ ဒီငှက်တွေ ကျန်းမာနေရင်တော့ ဘာမှ မဖြစ်ပေမယ့် avian chlamydiosis လို့ခေါ်တဲ့ ရောဂါပိုးကူးစက်ခံနေရပြီဆိုရင်တော့ သူတို့နဲ့ တစ်အိမ်တည်းနေတဲ့ အိမ်သားတွေ အားလုံး သတိထားသင့်ပါတယ်။ ဒီရောဂါဖြစ်နေပြီတဲ့ငှက်တွေမှာ တွေ့ရတတ်တဲ့ လက္ခဏာတွေကတော့ ငှက်တွေအရင်လို မလန်းတော့တာ၊ မျက်စိကနေပြီးတော့ အရည်တွေထွက်နေတာ၊ ငှက်တွေ ဝမ်းလျှောနေတာ၊ အစားကျွေးလည်း မစားတော့တွေ ဖြစ်ပါတယ်။ ကံကောင်းတာတစ်ခုက ငှက်တွေကိုက်တာ ခံရတာကြောင့်နဲ့တော့ ဒီရောဂါပိုးက မကူးစက်ပါဘူး။ ငှက်တွေရဲ့ အညစ်အကြေးတွေ ကိုင်တွယ်ပြီး လက်ကိုသေချာပြန်ပြီး မသန့်စင်တဲ့သူတွေဆီကိုသာ ကူးစက်နိုင်မှာ ဖြစ်ပါတယ်။ လူတွေဆီမှာဖြစ်နိုင်တဲ့ လက္ခဏာတွေကတော့ ချမ်းတုန်ပြီးဖျားတာ၊ ကိုယ်လက်ကိုက်ခဲပြီး ခေါင်းကိုက်နေတာ၊ ချောင်းခြောက် တွေဆိုးပြီး အသက်ရှူရခက်လာတာ တွေဟာ ရောဂါနဲ့ထိတွေ့ပြီး ၅ရက်ကနေ ၁၄ ရက်အတွင်းဖြစ်နိုင်တာတွေပါ။

Candidiasis

Candidiasis ဆိုတာကတော့ ခိုတွေကနေ ကူးစက်တတ်တဲ့ မှုှိရောဂါတစ်မျိုးပါ။ ဒီရောဂါဟာ လူတစ်ယောက်ရဲ့ အရေပြား၊ ခံတွင်း၊ အသက်ရှူလမ်းကြောင်း၊ အူလမ်းကြောင်းနဲ့ မိန်းမကိုယ်ကို ဒုက္ခပေးနိုင်တဲ့ ရောဂါတစ်ခုပါ။

St. Louis Encephalitis

St. Louis Encephalitis ရောဂါဟာ ဒီရောဂါကိုဖြစ်စေတဲ့ ရောဂါပိုး အုပ်စု B ကူးစက်တာခံနေရတဲ့ စာကလေးတွေကနေ စတင်လာတာဖြစ်ပါတယ်။ ရောဂါဖြစ်နေတဲ့ စာကလေးတွေရဲ့ သွေးကို စုပ်ထားတဲ့ ခြင် တွေ လူတွေကို ပြန်ကိုက်ရာမှ ဖြစ်လာတဲ့ ရောဂါတစ်ခုပါ။ ဒီရောဂါဟာ ဦးနှောက်နဲ့ အာရုံကြောကို ဒုက္ခပေးပြီး ခေါင်းကိုက်တာ၊ ကိုယ်ပူတာ၊ အကြောသေတာ၊ ကိုမာဝင်တာနဲ့ အသက်ဆုံးရှုံးစေတဲ့အထိ ပြင်းထန်တဲ့ ရောဂါတစ်ခုပါ။ အသက် ၆၅ နှစ်အထက်လူကြီးတွေကို ကူးစက်သွားရင် အသက်ဆုံးရှုံးစေတဲ့အထိ ပြင်းထန်တဲ့ ရောဂါ တစ်ခုပါ။

Salmonellosis

Salmonellosis ဆိုတာ အစာအဆိပ်သင့်ခြင်းကို ဖြစ်စေတဲ့ ရောဂါပိုးတစ်ခုပါ။ ဒီရောဂါပိုးကို စာကလေး၊ ဇရက်နဲ့ ခိုတွေရဲ့ အညစ်အကြေးတွေမှာ အများဆုံးတွေ့ရတတ်ပါတယ်။ ခေါင်မိုးနဲ့ အထပ်ခိုးတွေမှာ ရှိနေတဲ့ခိုတွေရဲ့ အညစ်အကြေးကနေ အဲယားကွန်းတွေ၊ လေသန့်စက်တွေကတစ်ဆင့် ရောဂါပိုးပြန့်သွားပြီး အစာတွေဆီကို ရောက်သွားလို့ စားမိတဲ့သူတွေကို အစာအဆိပ်သင့်ခြင်း ဖြစ်စေပါတယ်။

E-coli

E-coli ဆိုတာ ဝမ်းကိုက် ရောဂါကိုဖြစ်စေတတ်ပြီ ငှက်တိုင်းရဲ့ အညစ်အကြေးမှာ ပါလေ့ရှိတဲ့ ဘက်တီးရီးယား တစ်မျိုးပါ။ ငှက်တွေရဲ့ အညစ်အကြေးကို ကိုင်မိပြီး လက်ကိုသေချာပြန်မဆေးတာတို့၊ သစ်ပင်အောက်မှာ အစာစားနေရင်း စားနေတဲ့ အစားအစာထဲကို ငှက်ချေးစင်သွားတာတို့ ၊ ထမင်းဟင်းချက်ပြုတ်တဲ့နားမှာ ငှက်တွေ အများကြီးရှိနေတာတွေက ဝမ်းပျက်တာကိုဖြစ်စေတဲ့ E-coli ရောဂါပိုးကို ဖိတ်ခေါ်နေသလို ဖြစ်နေတတ်ပါတယ်။

ဒါတွေကတော

ငှက်တွေကနေတစ်ဆင့် လူဆီကို အများဆုံး ကူးစက်တတ်တဲ့ ရောဂါတွေ အကြောင်းပါ။

လေထဲမှာနေတဲ့အကောင် အိမ်တွေရဲ့ မြင့်တဲ့နေရာမှာ နေတတ်တဲ့အကောင်ဆိုတော့ သူ့ရဲ့မစင်တွေ သူနဲ့အတူပါလာတဲ့ ပိုးမွှားတွေကလည်း အပေါ်ကနေအောက်ကိုဖြစ်ဖြစ် လေထုထဲမှာဖြစ်ဖြစ် ပျံ့နှံ့နေပြီး ကူးစက်ဖို့ အရမ်းအခွင့်အရေးများနေပါတယ်။

ကျန်းမာနေတဲ့ သူ၊ ခုခံအားကောင်းနေတဲ့ သူတစ်ယောက်ဆီကိုတော့ ရောဂါပိုးတွေ မဝင်နိုင်ဘူးဆိုပေမယ့် ခုခံအားနည်းနေတဲ့သူတွေဆီ ဝင်သွားရင်တော့ အသက်အန္တရာယ် ဆုံးရှုံးတဲ့အထိ ဒုက္ခပေးနိုင်တဲ့ ရောဂါတွေပါ။ နောက်တစ်ခု အရေးကြီးတာက ကိုယ့်ပတ်ဝန်းကျင်မှာ ငှက်တွေ အစုလိုက် နာနေတာ၊ သေနေတာမျိုးတွေ တွေ့ရင် နီးစပ်ရာ ကျန်းမာရေး ဌာနကို အမြန်ဆုံး သတင်းပို့ဖို့ဖြစ်ပါတယ်။ ကျေးငှက်တွေနဲ့ လူတွေဆိုတာလည်း ပတ်ဝန်းကျင်မှာ ကင်းကွာပြီး နေထိုင်လို့ မရတာကြောင့် တစ်ခုခုဖြစ်လာရင် အသိဉာဏ်မရှိတဲ့ တိရိစ ္ဆာန်တွေကို အပြစ်တင်နေမယ့်အစား အသိဉာဏ်ရှိတဲ့ ကိုယ်တွေကပဲ ကြိုတင်ကာကွယ်ကြဖို့ လိုအပ်ပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

ရေးသားသူ Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

Credit:Hello Sayarwon
ကျန်းမာရေး

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top