iMyanmarHouse.com - Best Property Website for Myanmar
×

လူတုိင္းကေတာ့ က်န္းမာေပ်ာ္ရႊင္ေသာ ဘဝေနထုိင္မႈပုံစံကုိရရွိဖုိ႕ တစ္ေန႕မွာ ၈ နာရီထက္မနည္းအိပ္ရမယ္လို႕သိထားၾကပါတယ္။ ဒါေပမယ့္ လူတုိင္းကုိေတာ့ ၈ နာရီထက္ပုိအိပ္ပါလုိ႕ အၾကံျပဳတုိက္တြန္းတာမ်ဳိးမရွိပါဘူး။ ဆုိလုိတာက လူတစ္ေယာက္ ၈ နာရီထက္ပုိအိပ္တဲ႕အခါ ၾကဳံေတြ႕ရနိုင္တဲ႕က်န္းမာေရးျပႆနာေတြရွိေနလုိ႕ပါ။ ဘယ္လုိက်န္းမာေရးျပႆနာေတြၾကဳံေတြ႕ရနုိင္လဲဆုိတာေတာ့ ေအာက္မွာေဖာ္ျပေပးလုိက္ပါတယ္။

ဝိတ္တက္လာျခင္း

ေလ့လာမႈအမ်ဳိးမ်ဳိးက ေတြ႕ရွိခ်က္ေတြအရ အိပ္စက္မႈနည္းျခင္း နဲ႕ အိပ္စက္မႈမ်ားျခင္း နွစ္ခုစလုံးဟာ ဆီးခ်ဳိနဲ႕ အဝလြန္မႈ နဲ႕ဆက္စပ္ေနပါတယ္။ ဒီအခ်က္ဟာ အရမ္းမသိသာေပမယ့္ ဆရာဝန္ေတြကေတာ့ လႈပ္ရွားမႈနည္းေလ ပုိဝေလပါပဲလုိ႕ေထာက္ျပၾကပါတယ္။ ကၽြန္ေတာ္တို႕ေတြ အိပ္ရာထေနာက္က်တဲ႕အခါ (သို႕) အိပ္စက္ျခင္းနဲ႕တစ္ေနကုန္ေနတဲ႕အခါ ေလ့က်င့္ခန္းလုပ္ခ်ိန္ဘယ္ရပါေတာ့မလဲဗ်ာ။

စိတ္ဓာတ္က်၊ စိတ္ကစဥ္႕ကလ်ားျဖစ္ျခင္း

စိတ္ဓာတ္က်ျခင္း၊ စိတ္ေလျခင္း၊ စိတ္ကစဥ့္ကလ်ားျဖစ္ျခင္းေတြ ကုိခံစားရသူဟာ အိပ္စက္ျခင္းကစဥ့္ကလ်ားျဖစ္မႈကုိလဲ ေတြ႕ၾကဳံရနုိင္ပါတယ္။ တစ္ခါတစ္ရံမွာ စိတ္ကစဥ့္ကလ်ားျဖစ္မႈေတြရဲ႕ေနာက္ဆက္တြဲဟာ လူေတြကုိ ပုံမွန္ထက္ပုိအိပ္တတ္ေစပါတယ္။ ဒါဟာ သိသာတဲ႕ စက္ဝန္းတစ္ခုလုိ ပုိအိပ္ျခင္းေၾကာင့္ စိတ္ဓာတ္က်မႈ ျဖစ္လာ၊ စိတ္ဓာတ္က် စိတ္ကစဥ့္ကလ်ားျဖစ္လာျခင္းေၾကာင့္ ပုိအိပ္ျခင္း စသျဖင့္ လည္ေနပါေတာ့တယ္။ လူတစ္ေယာက္ဟာ မနက္ခင္းမွာမနိုးထဘဲ ဆက္အိပ္ခ်င္ေနျခင္း၊ အိပ္ရာက အခ်ိန္ျပည့္ဆြဲေဆာင္ေနျခင္း၊ အဲ႕ဒီေနာက္ ဒီကမာၻေလာကၾကီးက ကုိယ့္အေပၚမွာ စိတ္လႈပ္ရွားမႈ မရွိေတာ့ျခင္း စသျဖင့္ ခံစားလာရတဲ႕အခါ စိတ္ဓာတ္က်ျခင္းျဖစ္လာပါေတာ့တယ္။

နွလုံးေရာဂါ

အိပ္စက္ျခင္း မ်ားတဲ႕အခါ တန္ဖုိးရွိတဲ႕အခ်ိန္ေတြဆုံးရွုံးရုံမွ်မကဘဲ နွလုံးေရာဂါ ပါျဖစ္ပြားနုိင္ပါတယ္။ ညဘက္မွာ ၈ နာရီထက္ပုိအိပ္တဲ႕အခါ နွလုံးေရာဂါနဲ႕ေသနုိင္ေခ် ၃၄ ရာခုိင္နူန္းျမင့္တက္နုိင္ပါတယ္။

ေခါင္းကုိက္ျခင္း

အိပ္ပ်က္ျခင္း ဟာ ေခါင္းကုိက္ေစသလုိ အိပ္စက္ျခင္းမ်ားတဲ႕အခါမွာလဲေခါင္းကုိက္နုိင္ပါတယ္။ ဒါေၾကာင့္ အားလပ္ရက္ပိတ္ရက္ေတြမွာေတာင္ တစ္ေနကုန္အိပ္ေနတာမ်ဳိးမလုပ္သင့္ပါဘူး။

မွတ္ဥာဏ္ျပႆနာမ်ား

ေလ့လာမႈမ်ားအရ အိပ္စက္မႈမ်ားျခင္းဟာ ဦးေနွာက္ရဲ႕အလုပ္လုပ္မႈအေပၚမွာပါ သက္ေရာက္မႈရွိနုိင္ပါတယ္။ ဒါ႕အျပင္ အိပ္စက္မႈမ်ားတဲ႕အခါ ညဘက္မွာပုံမွန္အားျဖင့္နုိးေနတတ္ျပီး လုံေလာက္တဲ႕အိပ္စက္မႈမရရွိတာမ်ဳိးျဖစ္တတ္ပါတယ္။ ဒါက ဦးေနွာက္ရဲ႕ သိမႈလုပ္ငန္းေဆာင္တာ မ်ား၊ မွတ္မိျခင္းနဲ႕ အာရုံစုိက္နုိင္ စြမ္းရည္ ေတြကုိပါ သက္ေရာက္နုိင္ပါတယ္။

အိပ္မေပ်ာ္ျခင္းေရာဂါ

အိပ္မေပ်ာ္ျခင္း ေရာဂါလုိ႕ေျပာရတာ နည္းနည္း ေတာ့ အံ႕အားသင့္စရာေကာင္းေနနုိင္ပါတယ္။ တကယ္ေတာ့ အဲ႕ဒီေရာဂါဟာ က်န္းမာေရးနဲ႕ မညီညြတ္တဲ႕အျပဳမႈနဲ႕ အိပ္စက္မႈေတြကေနျဖစ္ေပၚလာရျခင္းျဖစ္ပါတယ္။ ဥပမာ- ကြန္ျပဴတာေရွ႕မွာ ညဘက္ေနာက္က်သည္အထိေနျခင္း နဲ႕ ေနာက္ေန႕မွ ပုိအိပ္စက္မယ္ ဆုံးျဖတ္ခ်က္ခ်ျပီး ညဘက္ေတြမွာ အခ်ိန္ၾကာရွည္ေနျခင္းဟာ အိပ္မေပ်ာ္ျခင္းေရာဂါကုိခံစားရနုိ္င္ပါတယ္။ ၂ ရက္တာ အိပ္ေရးပ်က္တဲ႕အခါ ကုိယ္ခႏၶာရဲ႕နာရီအခ်က္ျပမႈကုိ ရူပ္ေထြးေစျပီး အိပ္စက္ျခင္းျပႆနာေတြနဲ႕ ၾကဳံေတြ႕ဖုိ႕ေသခ်ာသြားပါတယ္။

က်န္းမာေရးနဲ႕ညီညြတ္ေသာအိပ္စက္မႈရရွိရန္

က်န္းမာေရးနဲ႕ညီညြတ္ေသာ အိပ္စက္မႈရရွိရန္ ေအာက္ပါအခ်က္တုိ႕ကုိလုိက္နာပါ။

က်န္းမာေရးနဲ႕ညီညြတ္ေသာအစာ မ်ားစားပါ
အယ္ကုိေဟား ေသာက္သုံးမႈေလ်ာ့ခ်ပါ
ေလ့က်င့္ခန္းလုပ္ပါ
ေစာေစာအိပ္၊ ေစာေစာထ အက်င့္လုပ္ပါ
ကဖိန္ဓာတ္ပါေသာ ေဖ်ာ္ရည္နွင့္ အစာ အမ်ားၾကီးမစားပါနွင့္
အိပ္ခန္း တိတ္ဆိတ္ ျငိမ္သက္ပါေစ၊ အပန္းေျပစရာေနရာျဖစ္ပါေစ

Credit:Mingalarbarmorning
က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

လူတိုင်းကတော့ ကျန်းမာပျော်ရွှင်သော ဘဝနေထိုင်မှုပုံစံကိုရရှိဖို့ တစ်နေ့မှာ ၈ နာရီထက်မနည်းအိပ်ရမယ်လို့သိထားကြပါတယ်။ ဒါပေမယ့် လူတိုင်းကိုတော့ ၈ နာရီထက်ပိုအိပ်ပါလို့ အကြံပြုတိုက်တွန်းတာမျိုးမရှိပါဘူး။ ဆိုလိုတာက လူတစ်ယောက် ၈ နာရီထက်ပိုအိပ်တဲ့အခါ ကြုံတွေ့ရနိုင်တဲ့ကျန်းမာရေးပြဿနာတွေရှိနေလို့ပါ။ ဘယ်လိုကျန်းမာရေးပြဿနာတွေကြုံတွေ့ရနိုင်လဲဆိုတာတော့ အောက်မှာဖော်ပြပေးလိုက်ပါတယ်။

ဝိတ်တက်လာခြင်း

လေ့လာမှုအမျိုးမျိုးက တွေ့ရှိချက်တွေအရ အိပ်စက်မှုနည်းခြင်း နဲ့ အိပ်စက်မှုများခြင်း နှစ်ခုစလုံးဟာ ဆီးချိုနဲ့ အဝလွန်မှု နဲ့ဆက်စပ်နေပါတယ်။ ဒီအချက်ဟာ အရမ်းမသိသာပေမယ့် ဆရာဝန်တွေကတော့ လှုပ်ရှားမှုနည်းလေ ပိုဝလေပါပဲလို့ထောက်ပြကြပါတယ်။ ကျွန်တော်တို့တွေ အိပ်ရာထနောက်ကျတဲ့အခါ (သို့) အိပ်စက်ခြင်းနဲ့တစ်နေကုန်နေတဲ့အခါ လေ့ကျင့်ခန်းလုပ်ချိန်ဘယ်ရပါတော့မလဲဗျာ။

စိတ်ဓာတ်ကျ၊ စိတ်ကစဉ့်ကလျားဖြစ်ခြင်း

စိတ်ဓာတ်ကျခြင်း၊ စိတ်လေခြင်း၊ စိတ်ကစဉ့်ကလျားဖြစ်ခြင်းတွေ ကိုခံစားရသူဟာ အိပ်စက်ခြင်းကစဉ့်ကလျားဖြစ်မှုကိုလဲ တွေ့ကြုံရနိုင်ပါတယ်။ တစ်ခါတစ်ရံမှာ စိတ်ကစဉ့်ကလျားဖြစ်မှုတွေရဲ့နောက်ဆက်တွဲဟာ လူတွေကို ပုံမှန်ထက်ပိုအိပ်တတ်စေပါတယ်။ ဒါဟာ သိသာတဲ့ စက်ဝန်းတစ်ခုလို ပိုအိပ်ခြင်းကြောင့် စိတ်ဓာတ်ကျမှု ဖြစ်လာ၊ စိတ်ဓာတ်ကျ စိတ်ကစဉ့်ကလျားဖြစ်လာခြင်းကြောင့် ပိုအိပ်ခြင်း စသဖြင့် လည်နေပါတော့တယ်။ လူတစ်ယောက်ဟာ မနက်ခင်းမှာမနိုးထဘဲ ဆက်အိပ်ချင်နေခြင်း၊ အိပ်ရာက အချိန်ပြည့်ဆွဲဆောင်နေခြင်း၊ အဲ့ဒီနောက် ဒီကမ္ဘာလောကကြီးက ကိုယ့်အပေါ်မှာ စိတ်လှုပ်ရှားမှု မရှိတော့ခြင်း စသဖြင့် ခံစားလာရတဲ့အခါ စိတ်ဓာတ်ကျခြင်းဖြစ်လာပါတော့တယ်။

နှလုံးရောဂါ

အိပ်စက်ခြင်း များတဲ့အခါ တန်ဖိုးရှိတဲ့အချိန်တွေဆုံးရှုံးရုံမျှမကဘဲ နှလုံးရောဂါ ပါဖြစ်ပွားနိုင်ပါတယ်။ ညဘက်မှာ ၈ နာရီထက်ပိုအိပ်တဲ့အခါ နှလုံးရောဂါနဲ့သေနိုင်ချေ ၃၄ ရာခိုင်နူန်းမြင့်တက်နိုင်ပါတယ်။

ခေါင်းကိုက်ခြင်း

အိပ်ပျက်ခြင်း ဟာ ခေါင်းကိုက်စေသလို အိပ်စက်ခြင်းများတဲ့အခါမှာလဲခေါင်းကိုက်နိုင်ပါတယ်။ ဒါကြောင့် အားလပ်ရက်ပိတ်ရက်တွေမှာတောင် တစ်နေကုန်အိပ်နေတာမျိုးမလုပ်သင့်ပါဘူး။

မှတ်ဉာဏ်ပြဿနာများ

လေ့လာမှုများအရ အိပ်စက်မှုများခြင်းဟာ ဦးနှောက်ရဲ့အလုပ်လုပ်မှုအပေါ်မှာပါ သက်ရောက်မှုရှိနိုင်ပါတယ်။ ဒါ့အပြင် အိပ်စက်မှုများတဲ့အခါ ညဘက်မှာပုံမှန်အားဖြင့်နိုးနေတတ်ပြီး လုံလောက်တဲ့အိပ်စက်မှုမရရှိတာမျိုးဖြစ်တတ်ပါတယ်။ ဒါက ဦးနှောက်ရဲ့ သိမှုလုပ်ငန်းဆောင်တာ များ၊ မှတ်မိခြင်းနဲ့ အာရုံစိုက်နိုင် စွမ်းရည် တွေကိုပါ သက်ရောက်နိုင်ပါတယ်။

အိပ်မပျော်ခြင်းရောဂါ

အိပ်မပျော်ခြင်း ရောဂါလို့ပြောရတာ နည်းနည်း တော့ အံ့အားသင့်စရာကောင်းနေနိုင်ပါတယ်။ တကယ်တော့ အဲ့ဒီရောဂါဟာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အပြုမှုနဲ့ အိပ်စက်မှုတွေကနေဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ်။ ဥပမာ- ကွန်ပြူတာရှေ့မှာ ညဘက်နောက်ကျသည်အထိနေခြင်း နဲ့ နောက်နေ့မှ ပိုအိပ်စက်မယ် ဆုံးဖြတ်ချက်ချပြီး ညဘက်တွေမှာ အချိန်ကြာရှည်နေခြင်းဟာ အိပ်မပျော်ခြင်းရောဂါကိုခံစားရနိုင်ပါတယ်။ ၂ ရက်တာ အိပ်ရေးပျက်တဲ့အခါ ကိုယ်ခန္ဓာရဲ့နာရီအချက်ပြမှုကို ရူပ်ထွေးစေပြီး အိပ်စက်ခြင်းပြဿနာတွေနဲ့ ကြုံတွေ့ဖို့သေချာသွားပါတယ်။

ကျန်းမာရေးနဲ့ညီညွတ်သောအိပ်စက်မှုရရှိရန်

ကျန်းမာရေးနဲ့ညီညွတ်သော အိပ်စက်မှုရရှိရန် အောက်ပါအချက်တို့ကိုလိုက်နာပါ။

ကျန်းမာရေးနဲ့ညီညွတ်သောအစာ များစားပါ
အယ်ကိုဟေား သောက်သုံးမှုလျော့ချပါ
လေ့ကျင့်ခန်းလုပ်ပါ
စောစောအိပ်၊ စောစောထ အကျင့်လုပ်ပါ
ကဖိန်ဓာတ်ပါသော ဖျော်ရည်နှင့် အစာ အများကြီးမစားပါနှင့်
အိပ်ခန်း တိတ်ဆိတ် ငြိမ်သက်ပါစေ၊ အပန်းပြေစရာနေရာဖြစ်ပါစေ

Credit:Mingalarbarmorning
ကျန်းမာရေး

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top