iMyanmarHouse.com - Best Property Website for Myanmar
×


လက္သည္း ရွည္ထားရတာကို မိန္းကေလး အမ်ားစုက ႏွစ္သက္ၾကပါတယ္။ ဒါေၾကာင့္မို႔လို႔ ပ်ိဳေမေတြအတြက္ က်န္းမာသန္စြမ္းတဲ့ လက္သည္းရွည္ေတြကို ပိုင္ဆိုင္ႏိုင္ေစဖို႔ ျပဳျပင္ထိန္းသိမ္းရမယ့္ နည္းလမ္းေကာင္းေတြ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

(၁) လက္သည္းနီဆိုးတိုင္း Base Coat သုံးေပးပါ

လက္သည္းနီဆိုးတဲ့အခါတိုင္း Base Coat လို႔ ေခၚတဲ့ လက္သည္းနီ အၾကည္ေရာင္ကို သုံးေပးျခင္းဟာ လက္သည္းနီေၾကာင့္ လက္သည္းေတြ ထိခိုက္ပ်က္စီးေျခာက္ေသြ႕ျခင္းကို ကာကြယ္ေပးႏိုင္ပါတယ္။

(၂) အုန္းဆီကို လက္သည္း တဝိုက္မွာ လိမ္းက်ံေပးပါ

အသားအေရအတြက္ေရာ က်န္းမာေရးအတြက္ပါ သင့္ေတာ္တဲ့ အုန္းဆီဟာ လက္သည္းမွာျဖစ္တတ္တဲ့ ျပႆနာအမ်ားစုကို ေျဖရွင္းေပးႏိုင္ပါတယ္။ လက္သည္းေတြ က်ိဳးပဲ့လြယ္ျခင္းနဲ႔ လက္သည္းအသားအေရတဝိုက္ ေျခာက္ေသြ႕ျခင္းေတြ မျဖစ္ေပၚေစဖို႔အတြက္ အုန္းဆီကို လက္သည္းေပၚနဲ႔ လက္သည္း တဝိုက္မွာ လိမ္းေပးသင့္ပါတယ္။

(၃) ဗီတာမင္ေအနဲ႔ Folic Acid ပါဝင္တဲ့ အစားအစာေတြကို မ်ားမ်ာ းစားသုံးေပးပါ

က်န္းမာသန္စြမ္းတဲ့ လက္သည္းေတြကို ပိုင္ဆိုင္ႏိုင္ေစဖို႔အတြက္ အစားအစာ စားေသာက္မႈဟာလည္း အေရးပါပါတယ္။ Folic Acid ႂကြယ္ဝစြာပါဝင္တဲ့ အသား ငါး၊ ပဲအမ်ိဳးမ်ိဳးနဲ႔ ႏို႔ထြက္ပစၥည္းေတြအျပင္ ဗီတာမင္ေအဓာတ္ ႂကြယ္ဝတဲ့ မုန္လာဥနီနဲ႔ အသီးအ႐ြက္ေတြကို စားသုံးေပးျခင္းက လက္သည္းက်န္းမာေရးအတြက္ အေထာက္အကူျဖစ္ေစပါတယ္။

(၄) ၾကက္ဥနဲ႔ ပ်ားရည္ကို အသုံးျပဳေပးပါ

လက္သည္းပ်က္စီးမႈေတြကို ထိန္းသိမ္းေပးႏိုင္ဖို႔အတြက္ ၾကက္ဥအႏွစ္နဲ႔ ပ်ားရည္ကိုေရာစပ္ၿပီး လက္သည္းေပၚနဲ႔ လက္သည္းတဝိုက္မွာ လိမ္းက်ံေပးပါ။ ၁၅ မိနစ္ခန႔္ၾကာရင္ေတာ့ ေရနဲ႔ေသခ်ာစြာ ျပန္လည္ ေဆးေၾကာေပးရမွာ ျဖစ္ပါတယ္။ ဒီနည္းလမ္းဟာဆိုရင္ လက္သည္းက်ိဳးပဲ့လြယ္ျခင္းကို ကာကြယ္ေပးႏိုင္တဲ့အျပင္ လက္သည္းေတြကို ၾကည္လင္ ေတာက္ေျပာင္ေစပါတယ္။

Credit:Irrawaddy

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

လက်သည်း ရှည်ထားရတာကို မိန်းကလေး အများစုက နှစ်သက်ကြပါတယ်။ ဒါကြောင့်မို့လို့ ပျိုမေတွေအတွက် ကျန်းမာသန်စွမ်းတဲ့ လက်သည်းရှည်တွေကို ပိုင်ဆိုင်နိုင်စေဖို့ ပြုပြင်ထိန်းသိမ်းရမယ့် နည်းလမ်းကောင်းတွေ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

(၁) လက်သည်းနီဆိုးတိုင်း Base Coat သုံးပေးပါ

လက်သည်းနီဆိုးတဲ့အခါတိုင်း Base Coat လို့ ခေါ်တဲ့ လက်သည်းနီ အကြည်ရောင်ကို သုံးပေးခြင်းဟာ လက်သည်းနီကြောင့် လက်သည်းတွေ ထိခိုက်ပျက်စီးခြောက်သွေ့ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

(၂) အုန်းဆီကို လက်သည်း တဝိုက်မှာ လိမ်းကျံပေးပါ

အသားအရေအတွက်ရော ကျန်းမာရေးအတွက်ပါ သင့်တော်တဲ့ အုန်းဆီဟာ လက်သည်းမှာဖြစ်တတ်တဲ့ ပြဿနာအများစုကို ဖြေရှင်းပေးနိုင်ပါတယ်။ လက်သည်းတွေ ကျိုးပဲ့လွယ်ခြင်းနဲ့ လက်သည်းအသားအရေတဝိုက် ခြောက်သွေ့ခြင်းတွေ မဖြစ်ပေါ်စေဖို့အတွက် အုန်းဆီကို လက်သည်းပေါ်နဲ့ လက်သည်း တဝိုက်မှာ လိမ်းပေးသင့်ပါတယ်။

(၃) ဗီတာမင်အေနဲ့ Folic Acid ပါဝင်တဲ့ အစားအစာတွေကို များမျာ းစားသုံးပေးပါ

ကျန်းမာသန်စွမ်းတဲ့ လက်သည်းတွေကို ပိုင်ဆိုင်နိုင်စေဖို့အတွက် အစားအစာ စားသောက်မှုဟာလည်း အရေးပါပါတယ်။ Folic Acid ကြွယ်ဝစွာပါဝင်တဲ့ အသား ငါး၊ ပဲအမျိုးမျိုးနဲ့ နို့ထွက်ပစ္စည်းတွေအပြင် ဗီတာမင်အေဓာတ် ကြွယ်ဝတဲ့ မုန်လာဥနီနဲ့ အသီးအရွက်တွေကို စားသုံးပေးခြင်းက လက်သည်းကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်။

(၄) ကြက်ဥနဲ့ ပျားရည်ကို အသုံးပြုပေးပါ

လက်သည်းပျက်စီးမှုတွေကို ထိန်းသိမ်းပေးနိုင်ဖို့အတွက် ကြက်ဥအနှစ်နဲ့ ပျားရည်ကိုရောစပ်ပြီး လက်သည်းပေါ်နဲ့ လက်သည်းတဝိုက်မှာ လိမ်းကျံပေးပါ။ ၁၅ မိနစ်ခန့်ကြာရင်တော့ ရေနဲ့သေချာစွာ ပြန်လည် ဆေးကြောပေးရမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာဆိုရင် လက်သည်းကျိုးပဲ့လွယ်ခြင်းကို ကာကွယ်ပေးနိုင်တဲ့အပြင် လက်သည်းတွေကို ကြည်လင် တောက်ပြောင်စေပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top