iMyanmarHouse.com - Best Property Website for Myanmar
×


ေန႔လည္ခင္း တေရးအိပ္ျခင္းက စိတ္အား၊လူအားကုိ အင္အားျပန္လည္ျဖစ္ေစႏုိင္တဲ့ အထိေရာက္ဆုံးနည္းျဖစ္ပါတယ္။ အိပ္ေရးပ်က္ျခင္းေၾကာင့္ျဖစ္တဲ့ ဆုိးက်ဳိးေတြကုိ ေလ်ာ့နည္းေစျပီး အသိစိတ္ျဖင့္ ေဆာင္ရြက္တဲ့ လုပ္ငန္းေတြမွာ ပိုျပီး စြမ္းေဆာင္ရည္ တုိးတက္ေစပါတယ္။ ဒါေပမဲ့ ဒီလုိအက်ဳိးေက်းဇူးေတြ ရႏုိင္ဖုိ႔အတြက္ တေရးအိပ္သင့္တဲ့ အခ်ိန္ေတြရွိပါတယ္။

အေမရိကန္ႏုိင္ငံအခ်ဳိ႕မွာ တေရးအိပ္ျခင္းက ပ်င္းရိတဲ့သူေတြ၊ရည္မွန္းခ်က္မရွိတဲ့သူေတြနဲ႔ အသက္အရြယ္အုိမင္းသူေတြသာ အိပ္ၾကတယ္လုိ႔ ယူဆၾကခဲ့ၾကေပမဲ့ ဒီေန႔ေခတ္မွာေတာ့ တေရးအိပ္စက္ျခင္းက မိမိကုိယ္ကုိ တုိးတက္ေစႏုိင္တဲ့ အေကာင္းဆုံး အရာျဖစ္ပါတယ္လို႔ သတ္မွတ္လာၾကပါတယ္။ ေန႔လည္တေရးအိပ္ဖုိ႔ အေကာင္းဆုံး အခ်ိန္က ေန႔လည္ ၁ နာရီက ၃ နာရီ အတြင္းျဖစ္ပါတယ္။ တေရးအိပ္ျခင္းေၾကာင့္ ရရွိႏုိင္တဲ့ အက်ဳိးေတြကေတာ့-

(၁)ပင္ပန္းႏြမ္းနယ္မႈကို ေလ်ာ့နည္းေစျခင္း
(၂)စိတ္ခံစားမႈ ပုိေကာင္းေစျခင္း
(၃)စိတ္သက္သာရာရျခင္း
(၄)စြမ္းေဆာင္ရည္ ပုိမိုတုိးတက္ေစျခင္း
(၅)အေၾကာင္းအရာတစ္ခုကုိ လ်င္ျမန္စြာ တုန္႔ျပန္ႏုိင္ျခင္း
(၆)မွတ္ဥာဏ္ပုိမိုေကာင္းမြန္ေစျခင္း
(၇)ႏုိးၾကားမႈတုိးတက္ေစျခင္း တုိ႔ပဲ ျဖစ္ပါတယ္။

သုေတသီေတြရဲ႕အဆုိအရ တစ္ခါအိပ္ရင္ မိနစ္ ၃၀နဲ႕ တစ္ပတ္ကုိ ၃ ၾကိမ္ခန္႔ ေန႔လည္ခင္းတေရးအိပ္တဲ့သူေတြက မအိပ္တဲ့သူေတြထက္ ႏွလုံးေရာဂါ ျဖစ္ႏုိင္ေခ် ၃၇% ေလ်ာ့နည္းျပီး စိတ္ဖိစီးမႈလည္း ကင္းေဝးေစတယ္လုိ႔ ဆုိပါတယ္။

Credit: Popolay

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

နေ့လည်ခင်း တရေးအိပ်ခြင်းက စိတ်အား၊လူအားကို အင်အားပြန်လည်ဖြစ်စေနိုင်တဲ့ အထိရောက်ဆုံးနည်းဖြစ်ပါတယ်။ အိပ်ရေးပျက်ခြင်းကြောင့်ဖြစ်တဲ့ ဆိုးကျိုးတွေကို လျော့နည်းစေပြီး အသိစိတ်ဖြင့် ဆောင်ရွက်တဲ့ လုပ်ငန်းတွေမှာ ပိုပြီး စွမ်းဆောင်ရည် တိုးတက်စေပါတယ်။ ဒါပေမဲ့ ဒီလိုအကျိုးကျေးဇူးတွေ ရနိုင်ဖို့အတွက် တရေးအိပ်သင့်တဲ့ အချိန်တွေရှိပါတယ်။

အမေရိကန်နိုင်ငံအချို့မှာ တရေးအိပ်ခြင်းက ပျင်းရိတဲ့သူတွေ၊ရည်မှန်းချက်မရှိတဲ့သူတွေနဲ့ အသက်အရွယ်အိုမင်းသူတွေသာ အိပ်ကြတယ်လို့ ယူဆကြခဲ့ကြပေမဲ့ ဒီနေ့ခေတ်မှာတော့ တရေးအိပ်စက်ခြင်းက မိမိကိုယ်ကို တိုးတက်စေနိုင်တဲ့ အကောင်းဆုံး အရာဖြစ်ပါတယ်လို့ သတ်မှတ်လာကြပါတယ်။ နေ့လည်တရေးအိပ်ဖို့ အကောင်းဆုံး အချိန်က နေ့လည် ၁ နာရီက ၃ နာရီ အတွင်းဖြစ်ပါတယ်။ တရေးအိပ်ခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးတွေကတော့-

(၁)ပင်ပန်းနွမ်းနယ်မှုကို လျော့နည်းစေခြင်း
(၂)စိတ်ခံစားမှု ပိုကောင်းစေခြင်း
(၃)စိတ်သက်သာရာရခြင်း
(၄)စွမ်းဆောင်ရည် ပိုမိုတိုးတက်စေခြင်း
(၅)အကြောင်းအရာတစ်ခုကို လျင်မြန်စွာ တုန့်ပြန်နိုင်ခြင်း
(၆)မှတ်ဉာဏ်ပိုမိုကောင်းမွန်စေခြင်း
(၇)နိုးကြားမှုတိုးတက်စေခြင်း တို့ပဲ ဖြစ်ပါတယ်။

သုတေသီတွေရဲ့အဆိုအရ တစ်ခါအိပ်ရင် မိနစ် ၃၀နဲ့ တစ်ပတ်ကို ၃ ကြိမ်ခန့် နေ့လည်ခင်းတရေးအိပ်တဲ့သူတွေက မအိပ်တဲ့သူတွေထက် နှလုံးရောဂါ ဖြစ်နိုင်ချေ ၃၇% လျော့နည်းပြီး စိတ်ဖိစီးမှုလည်း ကင်းဝေးစေတယ်လို့ ဆိုပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top