iMyanmarHouse.com - Best Property Website for Myanmar
×


အဆိုေတာ္ ထူးအယ္လင္း ကိုယ္တိုင္ေဆာင္႐ြက္တဲ့ ပရဟိတအလႉ၊ ကုသိုလ္ေရးေတြ အတြက္ ကိုဥကၠာေက်ာ္နဲ႔ ဆုပန္ထြာ တို႔ ဇနီးေမာင္ႏွံက ေငြေၾကးအလႉ ထည့္ဝင္အားျဖည့္ခဲ့ပါတယ္။သ႐ုပ္ေဆာင္ ဆုပန္ထြာနဲ႔ ခင္ပြန္းျဖစ္သူ ကိုဥကၠာေက်ာ္တို႔ဟာ အဆိုေတာ္ ထူးအယ္လင္း ေဆာင္႐ြက္တဲ့ ကုသိုလ္ေရးေတြမွာ ပါဝင္ႏိုင္ဖို႔ ေငြက်ပ္ ၂ သိန္းလႉခဲ့တယ္လို႔ သိရပါတယ္။

‘’ဆိုင္ကယ္ခ်စ္သူညီအကိုေမာင္ႏွမမ်ားမွဦးစီးသည့္ (ကိုထူးအယ္လင္းတို႔အဖြဲ႕) ပဲခူးတိုင္းေဒသႀကီး ျဖဴးၿမိဳ႕နယ္ ေညာင္ပင္သာၿမိဳ႕ က်ီး႐ိုးေက်း႐ြာအုပ္စုတြင္ တစ္ဆယ့္ရွစ္ေတာင္ျပည့္အသစ္တည္ေဆာက္မည့္ (ေရတြင္းကုန္း႐ြာေစတီ) အုတ္ျမစ္ခ်မဂၤလာ က်င္းပျပဳလုပ္ရန္အတြက္ကြၽန္ေတာ္တို႔မိသားစုမွ ၂၀၀၀၀၀က်ပ္ လႈတန္းခဲ့ပါတယ္ခင္ဗ်ာ’’ ဆိုၿပီးေတာ့ ဆုပန္ထြာရဲ႕ ခင္ပြန္းျဖစ္သူ ကိုဥကၠာေက်ာ္ရဲ႕ ေဖ့စ္ဘြတ္အေကာင့္မွာ ေဖေဖာ္ဝါရီလ ၂၄ ရက္ေန႔ မနက္ ၁၀ နာရီ ၄၁ မိနစ္က ေရးသားခဲ့တာျဖစ္ပါတယ္။


ထူးအယ္လင္း(Htoo El Lin)ဟာ လက္ရွိမွာ ဂီတအလုပ္ေတြထက္ ပရဟိတအလုပ္ေတြကို စြမ္းစြမ္းတမံ လုပ္ေနသူျဖစ္ပါတယ္။ သူ႔အေနနဲ႔ မီးေဘးသင့္ေဒသေတြသာမက ေရေဘးသင့္ေဒသေတြ၊ မီးသၿဂိဳဟ္စက္ လိုအပ္တဲ့ေနရာေတြ၊ လူနာတင္ယာဥ္ လိုအပ္တဲ့ေနရာေတြမွာလည္း လႉဒါန္းမႈေတြ ျပဳလုပ္ခဲ့ပါေသးတယ္။ သူဟာ အမွန္တကယ္ လိုအပ္မႈရွိေနတဲ့ ေဒသေတြကို စုံစမ္းေလ့လာ လႉဒါန္းေနသူတစ္ေယာက္ပါ။

ကိုဥကၠာေက်ာ္နဲ႔ ဆုပန္ထြာတို႔ ဇနီးေမာင္ႏွံဟာ အလႉအတန္းနဲ႔ ပတ္သက္လာရင္ လက္မေႏွးတတ္ၾကသူေတြ ျဖစ္ပါတယ္။ သူတို႔ မိသားစုေလးဟာ ၾကာသာပေတးေန႔တိုင္း ဆြမ္းေလာက္အလႉေလး ျပဳလုပ္ေလ့ရွိပါတယ္။ ဘုရား၊ တရား အျပင္ ကုသိုလ္ေရးေတြကို ပုံမွန္လုပ္တတ္တဲ့ ဇနီးေခ်ာေလး ဆုပန္ထြာေၾကာင့္ ကိုဥကၠာေက်ာ္လည္း ဘာသာေရးကို အမ်ားႀကီးပိုလုပ္ၿပီး သူကိုယ္တိုင္လည္းအမ်ားႀကီး ေျပာင္းလဲလာတယ္လို႔ Duwun Media ရဲ႕ အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ဖူးပါတယ္။

ကိုဥကၠာေက်ာ္နဲ႔ ဆုပန္ထြာတို႔ ဇနီးေမာင္ႏွံဟာ ၂၀၁၅ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁၄ ရက္ေန႔ က အေမရိကန္ႏိုင္ငံ Santa Monica ကမ္းေျခမွာ မဂၤလာပြဲျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ အဲဒီေနာက္ ၂၀၁၆ ခုႏွစ္အတြက္မွာ သားေလး Roar Roar Kyaw ေလးကို ပိုင္ဆိုင္ခဲ့တာျဖစ္ပါတယ္။ ၂၀၁၉ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁၄ ရက္ေန႔မွာေတာ့ သူတို႔ရဲ႕ မဂၤလာသက္တမ္း၄ ႏွစ္ျပည့္ခဲ့ၿပီ ျဖစ္ပါတယ္။ အခုဆိုရင္ေတာ့ ၾကည္ႏူးေပ်ာ္႐ႊင္စရာေကာင္းတဲ့ မိသားစုဘဝေလးကို ပိုင္ဆိုင္ထားၾကပါတယ္။

Credit:Duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


# Unicode Version ျဖင့္ ဖတ္ပါ #



အဆိုတော် ထူးအယ်လင်း ကိုယ်တိုင်ဆောင်ရွက်တဲ့ ပရဟိတအလှူ၊ ကုသိုလ်ရေးတွေ အတွက် ကိုဥက္ကာကျော်နဲ့ ဆုပန်ထွာ တို့ ဇနီးမောင်နှံက ငွေကြေးအလှူ ထည့်ဝင်အားဖြည့်ခဲ့ပါတယ်။သရုပ်ဆောင် ဆုပန်ထွာနဲ့ ခင်ပွန်းဖြစ်သူ ကိုဥက္ကာကျော်တို့ဟာ အဆိုတော် ထူးအယ်လင်း ဆောင်ရွက်တဲ့ ကုသိုလ်ရေးတွေမှာ ပါဝင်နိုင်ဖို့ ငွေကျပ် ၂ သိန်းလှူခဲ့တယ်လို့ သိရပါတယ်။

‘’ဆိုင်ကယ်ချစ်သူညီအကိုမောင်နှမများမှဦးစီးသည့် (ကိုထူးအယ်လင်းတို့အဖွဲ့) ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ညောင်ပင်သာမြို့ ကျီးရိုးကျေးရွာအုပ်စုတွင် တစ်ဆယ့်ရှစ်တောင်ပြည့်အသစ်တည်ဆောက်မည့် (ရေတွင်းကုန်းရွာစေတီ) အုတ်မြစ်ချမင်္ဂလာ ကျင်းပပြုလုပ်ရန်အတွက်ကျွန်တော်တို့မိသားစုမှ ၂၀၀၀၀၀ကျပ် လှုတန်းခဲ့ပါတယ်ခင်ဗျာ’’ ဆိုပြီးတော့ ဆုပန်ထွာရဲ့ ခင်ပွန်းဖြစ်သူ ကိုဥက္ကာကျော်ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မနက် ၁၀ နာရီ ၄၁ မိနစ်က ရေးသားခဲ့တာဖြစ်ပါတယ်။


ထူးအယ်လင်း(Htoo El Lin)ဟာ လက်ရှိမှာ ဂီတအလုပ်တွေထက် ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံ လုပ်နေသူဖြစ်ပါတယ်။ သူ့အနေနဲ့ မီးဘေးသင့်ဒေသတွေသာမက ရေဘေးသင့်ဒေသတွေ၊ မီးသဂြိုဟ်စက် လိုအပ်တဲ့နေရာတွေ၊ လူနာတင်ယာဉ် လိုအပ်တဲ့နေရာတွေမှာလည်း လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။ သူဟာ အမှန်တကယ် လိုအပ်မှုရှိနေတဲ့ ဒေသတွေကို စုံစမ်းလေ့လာ လှူဒါန်းနေသူတစ်ယောက်ပါ။

ကိုဥက္ကာကျော်နဲ့ ဆုပန်ထွာတို့ ဇနီးမောင်နှံဟာ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးတတ်ကြသူတွေ ဖြစ်ပါတယ်။ သူတို့ မိသားစုလေးဟာ ကြာသာပတေးနေ့တိုင်း ဆွမ်းလောက်အလှူလေး ပြုလုပ်လေ့ရှိပါတယ်။ ဘုရား၊ တရား အပြင် ကုသိုလ်ရေးတွေကို ပုံမှန်လုပ်တတ်တဲ့ ဇနီးချောလေး ဆုပန်ထွာကြောင့် ကိုဥက္ကာကျော်လည်း ဘာသာရေးကို အများကြီးပိုလုပ်ပြီး သူကိုယ်တိုင်လည်းအများကြီး ပြောင်းလဲလာတယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။


ကိုဥက္ကာကျော်နဲ့ ဆုပန်ထွာတို့ ဇနီးမောင်နှံဟာ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ က အမေရိကန်နိုင်ငံ Santa Monica ကမ်းခြေမှာ မင်္ဂလာပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ၂၀၁၆ ခုနှစ်အတွက်မှာ သားလေး Roar Roar Kyaw လေးကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာတော့ သူတို့ရဲ့ မင်္ဂလာသက်တမ်း၄ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ အခုဆိုရင်တော့ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားကြပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top