iMyanmarHouse.com - Best Property Website for Myanmar
×







Credit:Burmese.asia

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

# Unicode Version ဖြင့် ဖတ်ပါ #


မြတ်ကေသီအောင်ဟာ တခေတ်ခါတုန်းက ကျော်ကြားအောင်မြင်ခဲ့တဲ့ မင်းသမီးဖြစ်ခဲ့ပြီး သူမရိုက်ကူးထားတဲ့ ဗီဒီယိုဇာတ်ကားတွေ များပြားခဲ့ပါတယ်။ အပိုအလိုမရှိတဲ့ သရုပ်ဆောင်ချက်တွေနဲ့ ကျရာဇာတ်ရုပ်ကို အံဝင်ဂွင်ကျဖြစ်အောင် သရုပ်ဆောင်နိုင်တာကလည်း သူမရဲ့ အရည်အချင်းတစ်ခုပါပဲ။

ထပ်ဆင့်အကယ်ဒမီဆုရှင်အဖြစ် ပရိသတ်တွေက ပေးတဲ့ ဆုကို ထိုက်ထိုက်တန်တန်ရယူနိုင်ခဲ့တဲ့ မြတ်ကေသီအောင်ဟာ ယနေ့ချိန်မှာတော့ ကော်ဖီဆိုင်လေးတစ်ဆိုင်ဖွင့်ထားပြီး စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်နေပြီဖြစ်ပါတယ်။


မြတ်ကေသိအောင်ကတော့ အိမ်အပြန်လမ်းမှာ တက္ကစီသမားတစ်ယောက်ရဲ့ စော်ကားပြောဆိုမှုကို ခံလိုက်ရတဲ့အကြောင်းကို ပရိသတ်ကိုပြောပြလာခဲ့ပါတယ်။ မြတ်ကေသီအောင်က “ဆိုင်နဲ့အိမ်က သိပ်မဝေးပါဘူး။ အစ်မရဲ့အစ်ကိုကိုလည်း လာကြိုခိုင်းထားတယ်။

အစ်မလည်း တစ်ယောက်တည်းပြန်ရဲတယ်။ ဒါပေမယ့်တစ်ရက်မှာ Taxi သမားတစ်ယောက်က အစ်မနားကို ကား ထိုးရပ်လာပြီးတော့ အစ်မကိုလိုက်မလားပေါ့ ။ တစ်ခါလောက်ဆိုပြီးပြောတယ်။ စိတ်ကအရမ်းတိုသွားတယ်” ဆိုပြီးတော့ တက္ကစီသမားရဲ့ မိုက်ရိုင်းမှုကိုပြောပြလာခဲ့ပါတယ်။
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top