iMyanmarHouse.com - Best Property Website for Myanmar
×


အသည္းကြဲေနတယ္၊ လြမ္းဆြတ္ေနတယ္ ဆိုပါစို႔။ မင္းကေတာ့ အရမ္းကိုဖီးလ္ေနတာပဲလို႔ ေဘာ္ဒါေတြက ေျပာၾကတယ္။ အသည္းကြဲၿပီး ဘာမွမလုပ္ဘဲ တမွိုင္မွိုင္တေတြေတြ ေၾကကြဲလြန္း၊ ဖီးလ္လြန္းတာေတြက ကိုယ့္ဘဝကိုယ္ဖ်က္ဆီးေနတာပဲ။ ကိုယ့္ပတ္ဝန္းက်င္ကလူေတြကအစ ကိုယ့္ကိုပါ ေလွာင္ေျပာင္လာၾကနိုင္တယ္။အသည္းကြဲတဲ့အခါ ခံစားခ်က္ေတြကလည္း ရွုပ္ေထြးေနတာပဲ။ ဒါေတြကို ထိန္းခ်ဳပ္နိုင္မွျဖစ္မယ္။ အရမ္းခံစားလြန္းေနရင္ မေကာင္းဘူး။ ဒီနည္းေတြနဲ႔ ကိုယ့္ခံစားခ်က္ေတြကို ထိန္းခ်ဳပ္ၾကည့္ပါ။

၁။ အျပစ္ရွိတယ္လို႔ခံစားေနရတာကို စြန႔္လႊတ္လိုက္

ကိုယ့္ကို သူကထားသြားတာျဖစ္ျဖစ္ ကိုယ္က ထားခဲ့ရတာျဖစ္ျဖစ္ မဆုံနိုင္လို႔ ေဝးသြားရတာ။ အဲ့ဒီအခါက်ေတာ့ ကိုယ့္အျပစ္ေတြေၾကာင့္ ေဝးရပါတယ္ဆိုၿပီး ႀကံဖန္ေတြးမိတတ္ၾကတယ္။ ကိုယ္ပဲ ေၾကကြဲဝမ္းနည္းစိတ္ပုံလာေရာ။
ဘယ္သူ႔အျပစ္မွမဟုတ္ဘူး ေရစက္မပါေတာ့လို႔ သူနဲ႔ေဝးရတာ ကိုယ့္အျပစ္လို႔လည္း မေတြးေၾကး။

၂။ ကိုယ့္ကိုယ္ကိုယ္သနားမိ “ငါေလးဟာ သနားစရာေကာင္းလိုက္ေလျခင္း”

ေခါင္းထဲမွာ ဒါပဲေတြးမိတယ္။ ကိုယ္က ခ်စ္ပါလ်က္၊ ဂ႐ုစိုက္ပါလ်က္နဲ႔ ထားရစ္ခံရတယ္ ဆိုၿပီးေတာ့လည္း ေတြးမိတယ္။ ကိုယ့္ကိုယ္ကိုယ္ သနားလို႔ကိုမဆုံးနိုင္ဘူး။အဲ့ဒါက ေထာင္ေခ်ာက္တစ္ခုလို ကိုယ့္ကိုပိတ္ေလွာင္ေနမိေစတာ။ဒီခံစားခ်က္ကို မရအရ ဖယ္ရွားပါ။ ကိုယ္ဒီေလာက္ေကာင္းတာေတာင္ သူက ထားသြားတယ္ဆိုရင္ သူနဲ႔မတန္လို႔ေပါ့။

၃။ အဆင္ေျပေနတဲ့အေပၚ ကိုယ့္ကိုယ္ကိုယ္မေဝဖန္နဲ႔

ဘယ္လိုမွ အဆင္မေျပေတာ့တဲ့ အခ်စ္ေရးကို ကိုယ့္ဘက္ကအရင္ အဆုံးသတ္လိုက္တယ္။ ဒါေၾကာင့္လည္း စိတ္ထဲမွာ သက္ေတာင့္သက္သာရွိသြားတယ္။ ဒါမွမဟုတ္ အသည္းကြဲေနတယ္ဆိုၿပီး ေဘာ္ဒါေတြနဲ႔ KTV သြားၿပီး ဟဲပလိုက္လိုက္လို႔ စိတ္ေပါ့သြားတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ကိုယ့္စိတ္ခံစားခ်က္ ေကာင္းေနဖို႔က အေရးႀကီးတယ္။ ဒါကိုပဲ ျဖစ္သင့္လား၊ မျဖစ္သင့္ဘူးလားဆိုၿပီး ကိုယ့္ကိုယ္ကိုယ္ ေဝဖန္ပိုင္းျခားတာေတြ မွတ္ခ်က္ခ်တာေတြ မလုပ္မိနဲ႔။ အဲ့ဒီစိတ္ဝင္လာတာနဲ႔ လူက ေၾကကြဲမိလာလိမ့္မယ္။

၄။ ေဒါသေတြ တစ္ခါတစ္ခါမွာလည္း အသည္းကြဲျခင္းအေပၚ ေဒါသေတြျဖစ္မိတယ္

ဒင္းလိုလူမ်ိဳး ငါနဲ႔မတန္ဘူး၊ သူက ဘယ္လိုလူမ်ိဳးမို႔လို႔ ငါ့ကိုအသည္းခြဲတာလဲ စတဲ့ေဒါသေတြ ထြက္လာမိေသးတယ္။ ထြက္ပေလ့ေစ။ ေဒါသကို အတင္းမ်ိဳသိပ္မထားနဲ႔။ တစ္ခုေတာ့ရွိတယ္။ေဒါသထြက္ေနခ်ိန္မွာ သူငယ္ခ်င္းေတြနဲ႔မေတြ႕နဲ႔၊ စကားမေျပာနဲ႔။စိတ္ထဲကျဖစ္ေနတာေတြကို စာရြက္ေပၚခ်ေရးၿပီး မီးရွို႔ပစ္လိုက္။ခြင့္လႊတ္ဖို႔လိုတဲ့လူေတြကို ခြင့္လႊတ္ရမယ့္အထဲမွာ ကိုယ္တိုင္လည္းပါဝင္တယ္။ကိုယ့္ေဒါသေတြ ေပါက္ကြဲမိတဲ့အေပၚ ကိုယ့္ကိုယ္ကိုယ္လည္း ခြင့္လႊတ္ေပးလိုက္ပါ။ေဒါသကိုမ်ိဳသိပ္ထားရင္ လူက အိုစာလာတယ္ေလ။

Credit: Burmese.asia

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

အသည်းကွဲနေတယ်၊ လွမ်းဆွတ်နေတယ် ဆိုပါစို့။ မင်းကတော့ အရမ်းကိုဖီးလ်နေတာပဲလို့ ဘော်ဒါတွေက ပြောကြတယ်။ အသည်းကွဲပြီး ဘာမှမလုပ်ဘဲ တမှိုင်မှိုင်တတွေတွေ ကြေကွဲလွန်း၊ ဖီးလ်လွန်းတာတွေက ကိုယ့်ဘဝကိုယ်ဖျက်ဆီးနေတာပဲ။ ကိုယ့်ပတ်ဝန်းကျင်ကလူတွေကအစ ကိုယ့်ကိုပါ လှောင်ပြောင်လာကြနိုင်တယ်။အသည်းကွဲတဲ့အခါ ခံစားချက်တွေကလည်း ရှုပ်ထွေးနေတာပဲ။ ဒါတွေကို ထိန်းချုပ်နိုင်မှဖြစ်မယ်။ အရမ်းခံစားလွန်းနေရင် မကောင်းဘူး။ ဒီနည်းတွေနဲ့ ကိုယ့်ခံစားချက်တွေကို ထိန်းချုပ်ကြည့်ပါ။

၁။ အပြစ်ရှိတယ်လို့ခံစားနေရတာကို စွန့်လွှတ်လိုက်

ကိုယ့်ကို သူကထားသွားတာဖြစ်ဖြစ် ကိုယ်က ထားခဲ့ရတာဖြစ်ဖြစ် မဆုံနိုင်လို့ ဝေးသွားရတာ။ အဲ့ဒီအခါကျတော့ ကိုယ့်အပြစ်တွေကြောင့် ဝေးရပါတယ်ဆိုပြီး ကြံဖန်တွေးမိတတ်ကြတယ်။ ကိုယ်ပဲ ကြေကွဲဝမ်းနည်းစိတ်ပုံလာရော။
ဘယ်သူ့အပြစ်မှမဟုတ်ဘူး ရေစက်မပါတော့လို့ သူနဲ့ဝေးရတာ ကိုယ့်အပြစ်လို့လည်း မတွေးကြေး။

၂။ ကိုယ့်ကိုယ်ကိုယ်သနားမိ “ငါလေးဟာ သနားစရာကောင်းလိုက်လေခြင်း”

ခေါင်းထဲမှာ ဒါပဲတွေးမိတယ်။ ကိုယ်က ချစ်ပါလျက်၊ ဂရုစိုက်ပါလျက်နဲ့ ထားရစ်ခံရတယ် ဆိုပြီးတော့လည်း တွေးမိတယ်။ ကိုယ့်ကိုယ်ကိုယ် သနားလို့ကိုမဆုံးနိုင်ဘူး။အဲ့ဒါက ထောင်ချောက်တစ်ခုလို ကိုယ့်ကိုပိတ်လှောင်နေမိစေတာ။ဒီခံစားချက်ကို မရအရ ဖယ်ရှားပါ။ ကိုယ်ဒီလောက်ကောင်းတာတောင် သူက ထားသွားတယ်ဆိုရင် သူနဲ့မတန်လို့ပေါ့။

၃။ အဆင်ပြေနေတဲ့အပေါ် ကိုယ့်ကိုယ်ကိုယ်မဝေဖန်နဲ့

ဘယ်လိုမှ အဆင်မပြေတော့တဲ့ အချစ်ရေးကို ကိုယ့်ဘက်ကအရင် အဆုံးသတ်လိုက်တယ်။ ဒါကြောင့်လည်း စိတ်ထဲမှာ သက်တောင့်သက်သာရှိသွားတယ်။ ဒါမှမဟုတ် အသည်းကွဲနေတယ်ဆိုပြီး ဘော်ဒါတွေနဲ့ KTV သွားပြီး ဟဲပလိုက်လိုက်လို့ စိတ်ပေါ့သွားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်စိတ်ခံစားချက် ကောင်းနေဖို့က အရေးကြီးတယ်။ ဒါကိုပဲ ဖြစ်သင့်လား၊ မဖြစ်သင့်ဘူးလားဆိုပြီး ကိုယ့်ကိုယ်ကိုယ် ဝေဖန်ပိုင်းခြားတာတွေ မှတ်ချက်ချတာတွေ မလုပ်မိနဲ့။ အဲ့ဒီစိတ်ဝင်လာတာနဲ့ လူက ကြေကွဲမိလာလိမ့်မယ်။

၄။ ဒေါသတွေ တစ်ခါတစ်ခါမှာလည်း အသည်းကွဲခြင်းအပေါ် ဒေါသတွေဖြစ်မိတယ်

ဒင်းလိုလူမျိုး ငါနဲ့မတန်ဘူး၊ သူက ဘယ်လိုလူမျိုးမို့လို့ ငါ့ကိုအသည်းခွဲတာလဲ စတဲ့ဒေါသတွေ ထွက်လာမိသေးတယ်။ ထွက်ပလေ့စေ။ ဒေါသကို အတင်းမျိုသိပ်မထားနဲ့။ တစ်ခုတော့ရှိတယ်။ဒေါသထွက်နေချိန်မှာ သူငယ်ချင်းတွေနဲ့မတွေ့နဲ့၊ စကားမပြောနဲ့။စိတ်ထဲကဖြစ်နေတာတွေကို စာရွက်ပေါ်ချရေးပြီး မီးရှို့ပစ်လိုက်။ခွင့်လွှတ်ဖို့လိုတဲ့လူတွေကို ခွင့်လွှတ်ရမယ့်အထဲမှာ ကိုယ်တိုင်လည်းပါဝင်တယ်။ကိုယ့်ဒေါသတွေ ပေါက်ကွဲမိတဲ့အပေါ် ကိုယ့်ကိုယ်ကိုယ်လည်း ခွင့်လွှတ်ပေးလိုက်ပါ။ဒေါသကိုမျိုသိပ်ထားရင် လူက အိုစာလာတယ်လေ။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top