iMyanmarHouse.com - Best Property Website for Myanmar
×


သင္ဟာ ဝိတ္ေလွ်ာ့ဖို႔ ႀကိဳးစားေနသူတဦးဆိုရင္ေတာ့ သင့္အေနနဲ႔ ညေနစာ စားေရး၊ မစားေရးဟာ တကယ္ေတာ့ ေခါင္းခဲစရာကိစၥတခုပဲ ျဖစ္ပါတယ္။လူအမ်ားေျပာေနၾကသလို ညေနစာစားတာဟာ တကယ္ပဲ ဝိတ္တက္ လာေစႏိုင္သလား၊ မစားဘဲေနေတာ့ေရာ က်န္းမာေရးကို ထိခိုက္ေစႏိုင္သလားဆိုတဲ့ ေမးခြန္းေတြၾကား ဗ်ာမမ်ားရေအာင္လို႔ က်န္းမာေရး ဗဟုသုတအေနနဲ႔ ေဖာ္ျပေပးလိုက္ရပါတယ္။

(၁) ေလ့လာခ်က္ေတြအရဆိုရင္ေတာ့ ညေနစာဟာ မနက္စာေလာက္ အမ်ားႀကီး မစားသင့္သလို ညေနစာကို မ်ားမ်ားစားတဲ့အခါ ကာဗိုဟိုက္ဒရိတ္ျမင့္တက္လာၿပီး ခႏၶာကိုယ္အေလးခ်ိန္ကို ျမင့္တက္ေစႏိုင္တယ္လို႔ ဆိုပါတယ္။ ကယ္လိုရီမ်ားတဲ့ အစားအစာေတြအစား အသီးအ႐ြက္သုပ္နဲ႔ စြပ္ျပဳတ္လိုအစားအစာေတြကေတာ့ ဝိတ္ေလွ်ာ့ေနသူေတြအတြက္ အသင့္ေတာ္ဆုံးအစားအစာေတြပဲ ျဖစ္ပါတယ္။

(၂) ေနာက္ထပ္ အေရးႀကီးတာတခုကေတာ့ ညေနစာစားတဲ့အခါ မိမိစားေနတဲ့ အစားအစာေပၚ အာ႐ုံံစိုက္ထားဖို႔ပဲ ျဖစ္ပါတယ္။ တီဗီၾကည့္ရင္း အစာစားတာမ်ိဳးနဲ႔ စကားေျပာရင္း အစာစားတာမ်ိဳးေတြဟာ ပုံမွန္ထက္ပိုၿပီး စားမိေစတာေၾကာင့္ စားေနတဲ့ အစားအစာေပၚအာ႐ုံစိုက္ကာ ျဖည္းျဖည္းခ်င္းဝါးၿပီးမွ စားသင့္ပါတယ္။

(၃) အျပည္ျပည္ဆိုင္ရာ ျပည္သူ႔က်န္းမာေရးတကၠသိုလ္ရဲ႕ သုေတသနေလ့လာခ်က္ေတြအရ ခႏၶာကိုယ္ရဲ႕ ဇီဝျဖစ္စဥ္ဟာ မနက္ပိုင္းနဲ႔ ေန႔လည္ပိုင္းမွာ အစားအစာကေန စြမ္းအင္သုံးစြဲဖို႔လိုအပ္တာေၾကာင့္ အစားအစာပိုမိုစားသုံးဖို႔လိုအပ္ၿပီး ညေနပိုင္းမွာေတာ့ အနားယူအိပ္စက္ခ်ိန္သာ ပိုမိုလိုအပ္တာေၾကာင့္ အစားအစာကို မ်ားမ်ားစားသုံးဖို႔ မလိုအပ္ဘူးလို႔ ဆိုပါတယ္။

(၄) ညေနစာကို လုံးဝမစားသုံးဘဲ ေနျခင္းဟာလည္း အစာအိမ္ထဲမွာ အက္ဆစ္ဓာတ္ေတြမ်ားလာရာကေန အစာအိမ္ ေရာင္ျခင္း၊ ပ်ိဳ႕အန္ျခင္းနဲ႔ မူးေမာ္ျခင္းေတြကို ျဖစ္ေစႏိုင္တာေၾကာင့္ မစားသုံးဘဲလည္း မေနသင့္ပါဘူး။

ဝိတ္ေလွ်ာ့ေနသူေတြအတြက္ေရာ က်န္းမာေရးလိုက္စားသူေတြအတြက္ပါ အေကာင္းဆုံးကေတာ့ ညေနစာကို အခ်ိန္ခပ္ေစာေစာ စားေသာက္ျခင္းပဲ ျဖစ္ပါတယ္။ ဒါမွသာ အစာအိမ္ရဲ႕အစာေျခစနစ္ဟာလည္း ေကာင္းမြန္စြာ လည္ပတ္ႏိုင္မွာျဖစ္ၿပီး စားလိုက္တဲ့ အစားအစာေတြဆီက အဆီဓာတ္ကိုလည္း အိပ္ရာမဝင္ခင္ အခ်ိန္ၾကားမွာ ေခ်ဖ်က္ေပးႏိုင္မွာပဲ ျဖစ္ပါတယ္။

Credit: Irrawaddy

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

သင်ဟာ ဝိတ်လျှော့ဖို့ ကြိုးစားနေသူတဦးဆိုရင်တော့ သင့်အနေနဲ့ ညနေစာ စားရေး၊ မစားရေးဟာ တကယ်တော့ ခေါင်းခဲစရာကိစ္စတခုပဲ ဖြစ်ပါတယ်။လူအများပြောနေကြသလို ညနေစာစားတာဟာ တကယ်ပဲ ဝိတ်တက် လာစေနိုင်သလား၊ မစားဘဲနေတော့ရော ကျန်းမာရေးကို ထိခိုက်စေနိုင်သလားဆိုတဲ့ မေးခွန်းတွေကြား ဗျာမများရအောင်လို့ ကျန်းမာရေး ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ရပါတယ်။

(၁) လေ့လာချက်တွေအရဆိုရင်တော့ ညနေစာဟာ မနက်စာလောက် အများကြီး မစားသင့်သလို ညနေစာကို များများစားတဲ့အခါ ကာဗိုဟိုက်ဒရိတ်မြင့်တက်လာပြီး ခန္ဓာကိုယ်အလေးချိန်ကို မြင့်တက်စေနိုင်တယ်လို့ ဆိုပါတယ်။ ကယ်လိုရီများတဲ့ အစားအစာတွေအစား အသီးအရွက်သုပ်နဲ့ စွပ်ပြုတ်လိုအစားအစာတွေကတော့ ဝိတ်လျှော့နေသူတွေအတွက် အသင့်တော်ဆုံးအစားအစာတွေပဲ ဖြစ်ပါတယ်။

(၂) နောက်ထပ် အရေးကြီးတာတခုကတော့ ညနေစာစားတဲ့အခါ မိမိစားနေတဲ့ အစားအစာပေါ် အာရုံံစိုက်ထားဖို့ပဲ ဖြစ်ပါတယ်။ တီဗီကြည့်ရင်း အစာစားတာမျိုးနဲ့ စကားပြောရင်း အစာစားတာမျိုးတွေဟာ ပုံမှန်ထက်ပိုပြီး စားမိစေတာကြောင့် စားနေတဲ့ အစားအစာပေါ်အာရုံစိုက်ကာ ဖြည်းဖြည်းချင်းဝါးပြီးမှ စားသင့်ပါတယ်။

(၃) အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်ရဲ့ သုတေသနလေ့လာချက်တွေအရ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်ဟာ မနက်ပိုင်းနဲ့ နေ့လည်ပိုင်းမှာ အစားအစာကနေ စွမ်းအင်သုံးစွဲဖို့လိုအပ်တာကြောင့် အစားအစာပိုမိုစားသုံးဖို့လိုအပ်ပြီး ညနေပိုင်းမှာတော့ အနားယူအိပ်စက်ချိန်သာ ပိုမိုလိုအပ်တာကြောင့် အစားအစာကို များများစားသုံးဖို့ မလိုအပ်ဘူးလို့ ဆိုပါတယ်။

(၄) ညနေစာကို လုံးဝမစားသုံးဘဲ နေခြင်းဟာလည်း အစာအိမ်ထဲမှာ အက်ဆစ်ဓာတ်တွေများလာရာကနေ အစာအိမ် ရောင်ခြင်း၊ ပျို့အန်ခြင်းနဲ့ မူးမော်ခြင်းတွေကို ဖြစ်စေနိုင်တာကြောင့် မစားသုံးဘဲလည်း မနေသင့်ပါဘူး။

ဝိတ်လျှော့နေသူတွေအတွက်ရော ကျန်းမာရေးလိုက်စားသူတွေအတွက်ပါ အကောင်းဆုံးကတော့ ညနေစာကို အချိန်ခပ်စောစော စားသောက်ခြင်းပဲ ဖြစ်ပါတယ်။ ဒါမှသာ အစာအိမ်ရဲ့အစာခြေစနစ်ဟာလည်း ကောင်းမွန်စွာ လည်ပတ်နိုင်မှာဖြစ်ပြီး စားလိုက်တဲ့ အစားအစာတွေဆီက အဆီဓာတ်ကိုလည်း အိပ်ရာမဝင်ခင် အချိန်ကြားမှာ ချေဖျက်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top