iMyanmarHouse.com - Best Property Website for Myanmar
×

ငယ္ငယ္တုန္းက သြားပုိးစားျပီး သြားကိုက္တဲ့ ေဝဒနာေတြ ခံစားဖူးၾကမွာပါ။ ဒါေတြက ကေလးတုိင္းနီးပါးေလာက္ၾကံဳေတြ႕တတ္ၾကတဲ့ ကိစၥတစ္ခုပါ။ ဒီလိုအခ်ိန္မ်ိဳးမွာဆို မိဘေတြဘက္က သြားပုိုးစားတာနဲ႔ ပက္သက္ျပီး ကေလးေတြကို ဆိုဆံုးမေလ့ရွိပါတယ္။ ဒါဆို ငယ္ငယ္တည္းက သင္ၾကားဖူးတဲ့ သြားပိုးစားတာနဲ႔ ပက္သက္တဲ့ ဆိုရိုးစကားေတြက အမွန္ပဲလား ။  ။
သြားမွန္မွန္တုိက္ရင္ သြားပိုးမစားေတာ့ဘူး ။ ။

သြားတုိက္ရံုတစ္ခုတည္းက သင့္ကို သြားပိုးစားေစတဲ့ ဘက္တီးရီးယားေတြရဲ႕ရန္ကေန ကာကြယ္ေပးႏိုင္မွာ မဟုတ္ပါဘူး။ သြားပိုးစားတယ္ဆုိတဲ့ ျဖစ္စဥ္က အရမး္ကို ရႈပ္ေထြးတဲ့ ျဖစ္စဥ္ေတြထဲက တစ္ခုပါ။ သြားပိုးစားျခင္းကို ျဖစ္ေစတဲ့ ဘက္တီးရီးယားေတြက အက္ဆစ္တစ္မ်ိဳးထုတ္ျပီး သြားရဲ႕ ေၾကြလႊာေတြကို ဖ်က္ဆီးပစ္တာေၾကာင့္ သြားပိုးစားရတာျဖစ္ပါတယ္။ သြားတိုက္တာ တစ္မ်ိဳးတည္းနဲ႔ကေတာ့ ဘက္တီးရီးယားပိုးတစ္ခ်ိဳ႕ကိုသာဖယ္ရွားေပးႏုိင္ျပီး အက္ဆစ္ထုတ္ႏႈနး္ကိုေတာ့ ေလွ်ာ့ခ်ေပးႏုိင္မွာ မဟုတ္ပါဘူး။
အခ်ိဳစားမ်ားရင္ သြားပိုးစားတယ္ ။  ။

အခ်ိဳစားမ်ားတာနဲ႔ သြားပိုးစားတာက တုိက္ရိုက္ၾကီးဆက္စပ္ေနတာေတာ့ မဟုတ္ပါဘူး။ သြားထဲမွာရွိတဲ့ သြားပိုးလို႕ေခၚတဲ့ ဘက္တီးရီးယားေတြက စားလိုက္တဲ့ အစားအေသာက္ေတြထဲက ကာဘိုဟိုက္ဒရိတ္ အနည္းငယ္ေလာက္ကို စားသံုးျပီး အညစ္အေၾကး အျဖစ္ သြားပိုးစားတာကိုျဖစ္ေစတဲ့ အက္ဆစ္ေတြကို ျပန္စြန္႕ထုတ္ပါတယ္။ သၾကားပါတဲ့ အခ်ိဳမုန္႕ေတြဟာ ကာဘိုဟိုက္ဒရိတ္ျဖစ္ေပမယ့္ သူ႕ေၾကာင့္ တုိက္ရိုက္ၾကီးေတာ့ သြားပိုးစားတာမ်ိဳးကို မျဖစ္ေစပါဘူး။
သြားပိုးစားတာက ကူးစက္တတ္တဲ့ ေရာဂါ မဟုတ္ဘူး ။ ။

သြားပိုးစားတာက ကူးစက္တတ္တဲ့ ေရာဂါတစ္ခုဆိုတာကို မသိတဲ့သူေတြ အမ်ားၾကီးပါ။ သြားပိုးစားတာကို ျဖစ္ေစတဲ့ ဘက္တီးရီးယားေတြဟာ သြားထဲမွာ  အေျခကုပ္ျပီး ေနရာယူထားတတ္ၾကတဲ့အတြက္္ တစ္ဇြန္းထဲ ထမင္းတူတူစားမိရင္ျဖစ္ျဖစ္ မိဘေတြကေန ကေလးကို ထမင္း ဝါးေကၽြးရင္ပဲ ျဖစ္ျဖစ္ သြားပိုးစားေစတဲ့ ဘက္တီးရီးယားေတြဟာ တစ္ေယာက္ဆီကေန ေနာက္တစ္ေယာက္ဆီကို ကူးစက္သြားတတ္ပါတယ္။
သြားပိုးစားတာက အျမစ္ျပတ္ကုသလို႕ ရတဲ့ ေရာဂါတစ္မ်ိဳးျဖစ္တယ္ ။

စိတ္မေကာင္းစရာတစ္ခုက တစ္ခါ သြားပိုးစားဖူးလို႕ရွိရင္ အဲဒီ ဘက္တီးရီးယားေတြက သင့္ဆီမွာ တစ္သက္လံုးရွိေနတတ္ပါတယ္။ ဒါေၾကာင့္ ငယ္ငယ္ေလးထဲက သြားပိုးမစားခဲ့ေအာင္ ခံတြင္းက်န္းမာေရးကို ေသခ်ာ ဂရုစိုက္ဖို႕လိုအပ္ပါတယ္။
ဖလိုရိုက္ပါဝင္တဲ့ သြားတုိက္ေဆးေတြကသာ သြားပိုးစားျခင္းကို အထိေရာက္ဆံုး ကာကြယ္ကုသႏုိင္တဲ့ အေျဖပါ ။ ။

ဖလိုရုိက္ပါဝင္တဲ့ သြားတိုက္ေဆးေတြက သင့္ပိုးစားေနတဲ့ သြားေတြကိ ုသက္သာေစတာမွန္ေစေပမယ့္ သြားပိုးစားတာကို တိုက္ထုတ္ဖို႕အတြက္ကေတာ့ သူတစ္ခုတည္းကသာ အေျဖမဟုတ္ပါဘူး။
သြားရဲ႕ ေၾကြလႊာေတြ အားနည္းတာေၾကာင့္ သြားပုိးစားရတာျဖစ္တယ္ ။ ။

သြားပိုးစားတာကိုျဖစ္ေစတဲ့ ဘက္တီးရီးယားကေန ထုတ္လိုက္တဲ့  အက္ဆစ္ေတြေၾကာင့္ သြားရဲ႕ ေၾကြလႊာေတြပ်က္စီးျပီး သြားပိုးစားရတာ ျဖစ္ပါတယ္။ သင့္သြားရဲ႕ ေၾကြလႊာအားနည္းတာေၾကာင့္ သြားပိုးစားရတယ္ဆိုတာ မမွန္ပါဘူး။ သြားပိုးစားဖုိ႕အတြက္ ဘက္တီးရီးယားရဲ႕ အက္ဆစ္ေတြထြက္ေနဖို႕ လိုပါတယ္။
သြားပိုးစားတဲ့ေနရာကို ဖာလိုက္ရင္ သြားပိုးစားတာကို ကာကြယ္ျပီးသား ျဖစ္သြားမယ္ ။ ။

သြားပိုးစားတာကို တုိက္ထုတ္ဖို႕အတြက္က ေဆးပိုင္းဆုိင္ရာ အကူအညီေတြလိုပါတယ္။ သြားပိုးစားတာေၾကာင့္ ျဖစ္ေနတဲ့ အေပါက္ကို ဖာတာဟာ တစ္ခုတည္းနဲ႕ေတာ့ သြားပိုးစားတာကို ကုသလို႕ မေပ်ာက္ပါဘူး။ သြားပိုးစားတဲ့အေပါက္ကို ဖာရမယ့္ အျပင္ သြားကို အစြပ္စြပ္ေပးဖို႕လည္းလိုပါေသးတယ္ ။  ။

Credit:Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#


ငယ်ငယ်တုန်းက သွားပိုးစားပြီး သွားကိုက်တဲ့ ဝေဒနာတွေ ခံစားဖူးကြမှာပါ။ ဒါတွေက ကလေးတိုင်းနီးပါးလောက်ကြုံတွေ့တတ်ကြတဲ့ ကိစ္စတစ်ခုပါ။ ဒီလိုအချိန်မျိုးမှာဆို မိဘတွေဘက်က သွားပိုးစားတာနဲ့ ပက်သက်ပြီး ကလေးတွေကို ဆိုဆုံးမလေ့ရှိပါတယ်။ ဒါဆို ငယ်ငယ်တည်းက သင်ကြားဖူးတဲ့ သွားပိုးစားတာနဲ့ ပက်သက်တဲ့ ဆိုရိုးစကားတွေက အမှန်ပဲလား ။  ။
သွားမှန်မှန်တိုက်ရင် သွားပိုးမစားတော့ဘူး ။ ။

သွားတိုက်ရုံတစ်ခုတည်းက သင့်ကို သွားပိုးစားစေတဲ့ ဘက်တီးရီးယားတွေရဲ့ရန်ကနေ ကာကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။ သွားပိုးစားတယ်ဆိုတဲ့ ဖြစ်စဉ်က အရမ်းကို ရှုပ်ထွေးတဲ့ ဖြစ်စဉ်တွေထဲက တစ်ခုပါ။ သွားပိုးစားခြင်းကို ဖြစ်စေတဲ့ ဘက်တီးရီးယားတွေက အက်ဆစ်တစ်မျိုးထုတ်ပြီး သွားရဲ့ ကြွေလွှာတွေကို ဖျက်ဆီးပစ်တာကြောင့် သွားပိုးစားရတာဖြစ်ပါတယ်။ သွားတိုက်တာ တစ်မျိုးတည်းနဲ့ကတော့ ဘက်တီးရီးယားပိုးတစ်ချို့ကိုသာဖယ်ရှားပေးနိုင်ပြီး အက်ဆစ်ထုတ်နှုန်းကိုတော့ လျှော့ချပေးနိုင်မှာ မဟုတ်ပါဘူး။
အချိုစားများရင် သွားပိုးစားတယ် ။  ။

အချိုစားများတာနဲ့ သွားပိုးစားတာက တိုက်ရိုက်ကြီးဆက်စပ်နေတာတော့ မဟုတ်ပါဘူး။ သွားထဲမှာရှိတဲ့ သွားပိုးလို့ခေါ်တဲ့ ဘက်တီးရီးယားတွေက စားလိုက်တဲ့ အစားအသောက်တွေထဲက ကာဘိုဟိုက်ဒရိတ် အနည်းငယ်လောက်ကို စားသုံးပြီး အညစ်အကြေး အဖြစ် သွားပိုးစားတာကိုဖြစ်စေတဲ့ အက်ဆစ်တွေကို ပြန်စွန့်ထုတ်ပါတယ်။ သကြားပါတဲ့ အချိုမုန့်တွေဟာ ကာဘိုဟိုက်ဒရိတ်ဖြစ်ပေမယ့် သူ့ကြောင့် တိုက်ရိုက်ကြီးတော့ သွားပိုးစားတာမျိုးကို မဖြစ်စေပါဘူး။
သွားပိုးစားတာက ကူးစက်တတ်တဲ့ ရောဂါ မဟုတ်ဘူး ။ ။

သွားပိုးစားတာက ကူးစက်တတ်တဲ့ ရောဂါတစ်ခုဆိုတာကို မသိတဲ့သူတွေ အများကြီးပါ။ သွားပိုးစားတာကို ဖြစ်စေတဲ့ ဘက်တီးရီးယားတွေဟာ သွားထဲမှာ  အခြေကုပ်ပြီး နေရာယူထားတတ်ကြတဲ့အတွက် တစ်ဇွန်းထဲ ထမင်းတူတူစားမိရင်ဖြစ်ဖြစ် မိဘတွေကနေ ကလေးကို ထမင်း ဝါးကျွေးရင်ပဲ ဖြစ်ဖြစ် သွားပိုးစားစေတဲ့ ဘက်တီးရီးယားတွေဟာ တစ်ယောက်ဆီကနေ နောက်တစ်ယောက်ဆီကို ကူးစက်သွားတတ်ပါတယ်။
သွားပိုးစားတာက အမြစ်ပြတ်ကုသလို့ ရတဲ့ ရောဂါတစ်မျိုးဖြစ်တယ် ။

စိတ်မကောင်းစရာတစ်ခုက တစ်ခါ သွားပိုးစားဖူးလို့ရှိရင် အဲဒီ ဘက်တီးရီးယားတွေက သင့်ဆီမှာ တစ်သက်လုံးရှိနေတတ်ပါတယ်။ ဒါကြောင့် ငယ်ငယ်လေးထဲက သွားပိုးမစားခဲ့အောင် ခံတွင်းကျန်းမာရေးကို သေချာ ဂရုစိုက်ဖို့လိုအပ်ပါတယ်။
ဖလိုရိုက်ပါဝင်တဲ့ သွားတိုက်ဆေးတွေကသာ သွားပိုးစားခြင်းကို အထိရောက်ဆုံး ကာကွယ်ကုသနိုင်တဲ့ အဖြေပါ ။ ။

ဖလိုရိုက်ပါဝင်တဲ့ သွားတိုက်ဆေးတွေက သင့်ပိုးစားနေတဲ့ သွားတွေကိ ုသက်သာစေတာမှန်စေပေမယ့် သွားပိုးစားတာကို တိုက်ထုတ်ဖို့အတွက်ကတော့ သူတစ်ခုတည်းကသာ အဖြေမဟုတ်ပါဘူး။
သွားရဲ့ ကြွေလွှာတွေ အားနည်းတာကြောင့် သွားပိုးစားရတာဖြစ်တယ် ။ ။

သွားပိုးစားတာကိုဖြစ်စေတဲ့ ဘက်တီးရီးယားကနေ ထုတ်လိုက်တဲ့  အက်ဆစ်တွေကြောင့် သွားရဲ့ ကြွေလွှာတွေပျက်စီးပြီး သွားပိုးစားရတာ ဖြစ်ပါတယ်။ သင့်သွားရဲ့ ကြွေလွှာအားနည်းတာကြောင့် သွားပိုးစားရတယ်ဆိုတာ မမှန်ပါဘူး။ သွားပိုးစားဖို့အတွက် ဘက်တီးရီးယားရဲ့ အက်ဆစ်တွေထွက်နေဖို့ လိုပါတယ်။
သွားပိုးစားတဲ့နေရာကို ဖာလိုက်ရင် သွားပိုးစားတာကို ကာကွယ်ပြီးသား ဖြစ်သွားမယ် ။ ။

သွားပိုးစားတာကို တိုက်ထုတ်ဖို့အတွက်က ဆေးပိုင်းဆိုင်ရာ အကူအညီတွေလိုပါတယ်။ သွားပိုးစားတာကြောင့် ဖြစ်နေတဲ့ အပေါက်ကို ဖာတာဟာ တစ်ခုတည်းနဲ့တော့ သွားပိုးစားတာကို ကုသလို့ မပျောက်ပါဘူး။ သွားပိုးစားတဲ့အပေါက်ကို ဖာရမယ့် အပြင် သွားကို အစွပ်စွပ်ပေးဖို့လည်းလိုပါသေးတယ် ။  ။

Credit:Hellosayarwon

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top