iMyanmarHouse.com - Best Property Website for Myanmar
×

ျမန္မာစကား မပီကလာ ပီကလာေလးနဲ႔ ပရိသတ္ေတြရဲ့ အခ်စ္ကို ရရွိထားတဲ့ ဂ်ာမနီႏိုင္ငံသားေလး မစ္ကီကေတာ့ သူ႔အေနနဲ႔ လက္ရွိမွာ ေပ်ာ္ရႊင္စရာေကာင္းတ့ဲ အခ်စ္ေရးကို ပိုင္ဆိုင္ထားျပီ ျဖစ္ပါတယ္။ သူ႔ခ်စ္သူေကာင္မေလး ဆုဆုကလည္း သူ႔ကုိဂရုစိုက္ျပီး သူ႔အေပၚေကာင္းတာေၾကာင့္ သူအရာရာ ေျပာင္းလဲလာေၾကာင္းကို အင္တာဗ်ဴးမွာ ေျပာၾကားသြား ခဲ့ပါတယ္။

MC နဲ႔ အင္တာဗ်ဴးမွာေတာ့ ကိုယ္ခ်စ္သူေလးေၾကာင့္ ဘာေတြေျပာင္းလဲသြားလဲဆိုတဲ့ အေပၚမွာေတာ့ မစ္ကီက “ကိုယ့္ကိုကိုယ္ အံ့ၾသတယ္ တခါတေလက်ရင္ သူနဲ႔ေတြ႔ကတည္းက ကြ်န္ေတာ္အမ်ားၾကီး ေျပာင္းသြားတယ္။ ဥပမာ ကြ်န္ေတာ္နဂိုက ထမင္းမခ်က္တတ္ဘူး အခုသူနဲ႔ေတြ႔ေတ့ာမွ ကြ်န္ေတာ္ထမင္းေတြ ခ်က္ခ်င္လာတယ္။ အခုေတာင္ေတာ္ေတာ္ေလး ခ်က္တတ္ေနျပီ။ ဘာလို႔လဲဆိုေတာ့ သူမနက္အလုပ္မသြားခင္ သူ႔ကို ထမင္းဟင္းေလးလုပ္ေပးခ်င္တယ္။ အဲ့ဒီစိတ္က အရင္တုန္းက မရွိေသးဘူး။ သူ႔ေၾကာင့္ ကြ်န္ေတာ္ေကာင္းတဲ့အရာေတြ ျဖစ္လာတယ္ေပါ့”

မစ္ကီရဲ့ ခ်စ္သူကေတာ့ “အရင္တုန္းက ထားခဲ့ဖူးတ့ဲ ရည္းစားဆိုရင္ကြာ ပြင့္ပြင့္လင္းလင္း ေျပာရရင္ သူ႔လို ကိုယ့္ကို ျပန္ျပီး ဂရုစိုက္ေပးတာေတြ မေတြ႔ရဘူးေပါ့။ အခုသူန႔ဲက်ေတာ့ ေသးေသးေလးက အစဂရုစိုက္ေပးတာေတြ ေတြ႔ရတယ္။ ေသးေသးေလးကေန စျပီးေတာ့ အၾကီးၾကီး ျဖစ္လာတာေလ။ တကယ္သူတို႔ေတြက်ေတာ့ေလ မခ်စ္ေသးတဲ့သူ တေယာက္ကို I Love You လို႔ မသံုးၾကဘူး။ သူကိုယ့္ကို ခ်စ္ရင္ လံုးဝကို စိတ္ခ်လို႔ရသြားျပီ။ တျခားမိန္းမေတြနဲ႔ ေတြ႔မွာကို ပူစရာမလိုေတာ့ဘူး။ ယံုၾကည္မႈေပါ့”

တေယာက္နဲ႔ တေယာက္ နားလည္မႈေတြ ဘယ္လိုတည္ေဆာက္ၾကလဲဆိုတဲ့ အေပၚမွာေတာ့ မစ္ကီက “တေယာက္နဲ႔ တေယာက္ အမွတ္တရေလးေတြ ဖန္တီးတယ္။ သူလိုခ်င္တာေတြ လိုအပ္တာေတြ ဝယ္ေပးတယ္။ ေသးေသးေလးေတြက အစ ဂရုစိုက္တာက ပိုျပီးေတာ့ နားလည္မႈရွိပါတယ္”

မစ္ကီခ်စ္သူ ဆုဆု ကေတာ့ “ေသးေသးေလးေတြက အစ ဂရုစိုက္လိုက္တာကေတာ့ အၾကီးၾကီးေတြကို ေထြေထြထူးထူး ဂရုစိုက္စရာ မလုိေတာ့ဘူး။ ဘာသာေရးနဲ႔ ပတ္သက္လို႔လည္းသူ႔ကို ဘုရားစာေလးေတြ တင္ေပးတတ္ပါတယ္။ ေထြေထြထူးထူးေတာ့ သင္ေပးစရာမလုိပါဘူး။ အရင္ကတည္းက သူက ဗုဒၶဘာသာေတြလို စိတ္ေအးေအးခ်မ္းခ်မ္းေလး ထားတတ္ျပီးသားေလ။ ျပီးရင္ လိုတဲ့ ဂုဏ္ေတာ္ေလးေတြေတာ့ သင္ေပးတာေပါ့။ သူ႔ကို ျမန္မာဝတ္စံုနဲ႔ဆိုရင္လည္း အရမ္းသေဘာက်တယ္။ ကုိယ္ကိုယ္တိုင္ကလည္း ျမန္မာေယာက်ာ္းေလး တေယာက္ဆို လည္ကတံုးေလးနဲ႔ ပုဆိုးေလးန႔ဲဆို အရမ္းက်က္သေရရွိတယ္။ အဲ့ခ်ိန္မွာ မတူညီတဲ့လူတေယာက္က အဲ့လိုေလး ဝတ္ထားေတာ့ ပိုျပီးၾကည့္ေကာင္းတယ္။ ခ်စ္ဖို႔ေကာင္းတယ္” ဟု ေျဖၾကားသြား ခဲ့ပါတယ္။

Credit:BurmeseAsia
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#


မြန်မာစကား မပီကလာ ပီကလာလေးနဲ့ ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားတဲ့ ဂျာမနီနိုင်ငံသားလေး မစ်ကီကတော့ သူ့အနေနဲ့ လက်ရှိမှာ ပျော်ရွှင်စရာကောင်းတဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားပြီ ဖြစ်ပါတယ်။ သူ့ချစ်သူကောင်မလေး ဆုဆုကလည်း သူ့ကိုဂရုစိုက်ပြီး သူ့အပေါ်ကောင်းတာကြောင့် သူအရာရာ ပြောင်းလဲလာကြောင်းကို အင်တာဗျူးမှာ ပြောကြားသွား ခဲ့ပါတယ်။

MC နဲ့ အင်တာဗျူးမှာတော့ ကိုယ်ချစ်သူလေးကြောင့် ဘာတွေပြောင်းလဲသွားလဲဆိုတဲ့ အပေါ်မှာတော့ မစ်ကီက “ကိုယ့်ကိုကိုယ် အံ့သြတယ် တခါတလေကျရင် သူနဲ့တွေ့ကတည်းက ကျွန်တော်အများကြီး ပြောင်းသွားတယ်။ ဥပမာ ကျွန်တော်နဂိုက ထမင်းမချက်တတ်ဘူး အခုသူနဲ့တွေ့တေ့ာမှ ကျွန်တော်ထမင်းတွေ ချက်ချင်လာတယ်။ အခုတောင်တော်တော်လေး ချက်တတ်နေပြီ။ ဘာလို့လဲဆိုတော့ သူမနက်အလုပ်မသွားခင် သူ့ကို ထမင်းဟင်းလေးလုပ်ပေးချင်တယ်။ အဲ့ဒီစိတ်က အရင်တုန်းက မရှိသေးဘူး။ သူ့ကြောင့် ကျွန်တော်ကောင်းတဲ့အရာတွေ ဖြစ်လာတယ်ပေါ့”

မစ်ကီရဲ့ ချစ်သူကတော့ “အရင်တုန်းက ထားခဲ့ဖူးတဲ့ ရည်းစားဆိုရင်ကွာ ပွင့်ပွင့်လင်းလင်း ပြောရရင် သူ့လို ကိုယ့်ကို ပြန်ပြီး ဂရုစိုက်ပေးတာတွေ မတွေ့ရဘူးပေါ့။ အခုသူနဲ့ကျတော့ သေးသေးလေးက အစဂရုစိုက်ပေးတာတွေ တွေ့ရတယ်။ သေးသေးလေးကနေ စပြီးတော့ အကြီးကြီး ဖြစ်လာတာလေ။ တကယ်သူတို့တွေကျတော့လေ မချစ်သေးတဲ့သူ တယောက်ကို I Love You လို့ မသုံးကြဘူး။ သူကိုယ့်ကို ချစ်ရင် လုံးဝကို စိတ်ချလို့ရသွားပြီ။ တခြားမိန်းမတွေနဲ့ တွေ့မှာကို ပူစရာမလိုတော့ဘူး။ ယုံကြည်မှုပေါ့”

တယောက်နဲ့ တယောက် နားလည်မှုတွေ ဘယ်လိုတည်ဆောက်ကြလဲဆိုတဲ့ အပေါ်မှာတော့ မစ်ကီက “တယောက်နဲ့ တယောက် အမှတ်တရလေးတွေ ဖန်တီးတယ်။ သူလိုချင်တာတွေ လိုအပ်တာတွေ ဝယ်ပေးတယ်။ သေးသေးလေးတွေက အစ ဂရုစိုက်တာက ပိုပြီးတော့ နားလည်မှုရှိပါတယ်”

မစ်ကီချစ်သူ ဆုဆု ကတော့ “သေးသေးလေးတွေက အစ ဂရုစိုက်လိုက်တာကတော့ အကြီးကြီးတွေကို ထွေထွေထူးထူး ဂရုစိုက်စရာ မလိုတော့ဘူး။ ဘာသာရေးနဲ့ ပတ်သက်လို့လည်းသူ့ကို ဘုရားစာလေးတွေ တင်ပေးတတ်ပါတယ်။ ထွေထွေထူးထူးတော့ သင်ပေးစရာမလိုပါဘူး။ အရင်ကတည်းက သူက ဗုဒ္ဓဘာသာတွေလို စိတ်အေးအေးချမ်းချမ်းလေး ထားတတ်ပြီးသားလေ။ ပြီးရင် လိုတဲ့ ဂုဏ်တော်လေးတွေတော့ သင်ပေးတာပေါ့။ သူ့ကို မြန်မာဝတ်စုံနဲ့ဆိုရင်လည်း အရမ်းသဘောကျတယ်။ ကိုယ်ကိုယ်တိုင်ကလည်း မြန်မာယောကျာ်းလေး တယောက်ဆို လည်ကတုံးလေးနဲ့ ပုဆိုးလေးနဲ့ဆို အရမ်းကျက်သရေရှိတယ်။ အဲ့ချိန်မှာ မတူညီတဲ့လူတယောက်က အဲ့လိုလေး ဝတ်ထားတော့ ပိုပြီးကြည့်ကောင်းတယ်။ ချစ်ဖို့ကောင်းတယ်” ဟု ဖြေကြားသွား ခဲ့ပါတယ်။

Credit:BurmeseAsia

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top