iMyanmarHouse.com - Best Property Website for Myanmar
×


ႏိုင္းႏိုင္းက ‘’ဒုဌဝတီကို လြန္၍’’ ႐ုပ္ရွင္ကားႀကီးကို ဘန္ေကာက္မွာ ျပသမွာျဖစ္လို႔ ဘန္ေကာက္မွာရွိတဲ့ ပရိသတ္ေတြနဲ႔ ေပ်ာ္ေပ်ာ္ပါးပါးေတြ႕ဆုံခဲ့တယ္လို႔ ဆိုပါတယ္။ သူဟာ အႏုပညာအလုပ္ေတြလည္း ေဆာင္႐ြက္ေနသလို မိသားစုကိုလည္း အခ်ိန္ေပးေနသူပါ။

သ႐ုပ္ေဆာင္ ႏိုင္းႏိုင္း ပါဝင္တဲ့ ‘’ဒုဌဝတီကို လြန္၍’’ ႐ုပ္ရွင္အဖြဲ႕သားေတြဟာ ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ကို ေရာက္ရွိေနၾကတာျဖစ္ပါတယ္။ ‘’ဒုဌဝတီကို လြန္၍’’ ဇာတ္ကားကို ဘန္ေကာက္မွာရွိတဲ့ ႐ုပ္ရွင္႐ုံေတြမွာ ႐ုံတင္ျပသသြားမယ္လို႔ ႏိုင္းႏိုင္းက ေျပာပါတယ္။

‘’ဘန္ေကာက္ က ျမန္မာ ပရိသတ္မ်ား ႏွင့္ေတြ႕။ အရမ္းခ်စ္ဖို႔ေကာင္းေသာ ေ႐ႊျမန္မာမ်ား ဘန္ေကာက္မွာ ပထမဆုံး ႐ုံတင္ျပသေသာ ႐ုပ္ရွင္ဇာတ္ကား’’ ဆိုၿပီးေတာ့ ဘန္ေကာက္မွာရွိတဲ့ ျမန္မာပရိသတ္ေတြနဲ႔႐ိုက္ကူးထားတဲ့ အမွတ္တရ ဓာတ္ပုံေတြကို ေဖေဖာ္ဝါရီလ ၂၄ ရက္ေန႔ ညေန ၆ နာရီေက်ာ္က သူ႔ရဲ႕ Actor 99 Facebookpage မွာ ေရးသားခဲ့တာျဖစ္ပါတယ္။


‘’ဒုဌဝတီကို လြန္၍’’ ႐ုပ္ရွင္ကားဟာ ျမန္မာႏိုင္ငံမွာသာမက စကၤာပူႏိုင္ငံမွာပါ ပရိသတ္ေတြရဲ႕ အႀကိဳက္နဲ႔ ထပ္တူက်ခဲ့တဲ့ ဇာတ္ကားျဖစ္ပါတယ္။ ဒီဇာတ္ကားဟာ စြန႔္စားခန္းေတြကို ႀကိဳက္တဲ့ ပရိသတ္ေတြအတြက္ တကယ္ကို အားရစရာေကာင္းတဲ့ စကားတစ္ကားျဖစ္ခဲ့ပါတယ္။ ဒီဇာတ္ကားကို ဒါ႐ိုက္တာ အာကာ က ႐ိုက္ကူးတာျဖစ္ၿပီး ႏိုင္းႏိုင္း၊ ေဇာ္ေဇာ္ေအာင္၊ ေနာ္ေအာင္၊ Joe Moreira နဲ႔ အမြန္းတို႔က ပါဝင္သ႐ုပ္ေဆာင္ခဲ့တာပါ။

ႏိုင္းႏိုင္းဟာ ျမန္မာႏိုင္ငံမွာရွိတဲ့ အႏုပညာအလုပ္ေတြကိုလည္း လုပ္ကိုင္လ်က္ရွိသလို အေမရိကန္ႏိုင္ငံ နယူးေယာ့ခ္ ၿမိဳ႕မွာရွိတဲ့ မိသားစုေတြကိုလည္း မွ်မွ်တတ အခ်ိန္ေပးေလ့ရွိပါတယ္။ ႏိုင္းႏိုင္းနဲ႔ ဇနီးျဖစ္သူ စႏၵီခ်ိဳတို႔ဟာ ၂၀၀၈ ခုႏွစ္မွာ လက္ထပ္ခဲ့ၾကတာျဖစ္ၿပီး အခုဆိုရင္ သားသမီး ၄ ေယာက္ကို ပိုင္ဆိုင္ထားတာျဖစ္ပါတယ္။

ႏိုင္းႏိုင္းရဲ႕ဇနီးျဖစ္သူ စႏၵီခ်ိဳ တို႔ဟာ ၂၀၁၉ ခုႏွစ္ ဇန္နဝါရီလ ၉ ရက္ေန႔က အိမ္ေထာင္သက္တမ္း ၁၁ ႏွစ္ျပည့္ၿပီးခဲ့ၿပီျဖစ္ပါတယ္။ ႏိုင္ းႏိုင္းကေတာ့ ဇာတ္ကားေတြ ႐ိုက္ကူးဖို႔ရွိရင္ေတာ့ ျမန္မာႏိုင္ငံကို ေရာက္ရွိေနတတ္ပါတယ္။ အႏုပညာအလုပ္တစ္ဖက္နဲ႔ ျဖစ္တဲ့အတြက္ မိသားစုဆီကို တစ္ႏွစ္ကို ႏွစ္ေခါက္သာ ျပန္ျဖစ္တယ္လို႔ ဆိုပါတယ္။

Credit:Duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

နိုင်းနိုင်းက ‘’ဒုဌဝတီကို လွန်၍’’ ရုပ်ရှင်ကားကြီးကို ဘန်ကောက်မှာ ပြသမှာဖြစ်လို့ ဘန်ကောက်မှာရှိတဲ့ ပရိသတ်တွေနဲ့ ပျော်ပျော်ပါးပါးတွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ အနုပညာအလုပ်တွေလည်း ဆောင်ရွက်နေသလို မိသားစုကိုလည်း အချိန်ပေးနေသူပါ။


သရုပ်ဆောင် နိုင်းနိုင်း ပါဝင်တဲ့ ‘’ဒုဌဝတီကို လွန်၍’’ ရုပ်ရှင်အဖွဲ့သားတွေဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိနေကြတာဖြစ်ပါတယ်။ ‘’ဒုဌဝတီကို လွန်၍’’ ဇာတ်ကားကို ဘန်ကောက်မှာရှိတဲ့ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမယ်လို့ နိုင်းနိုင်းက ပြောပါတယ်။

‘’ဘန်ကောက် က မြန်မာ ပရိသတ်များ နှင့်တွေ့။ အရမ်းချစ်ဖို့ကောင်းသော ရွှေမြန်မာများ ဘန်ကောက်မှာ ပထမဆုံး ရုံတင်ပြသသော ရုပ်ရှင်ဇာတ်ကား’’ ဆိုပြီးတော့ ဘန်ကောက်မှာရှိတဲ့ မြန်မာပရိသတ်တွေနဲ့ရိုက်ကူးထားတဲ့ အမှတ်တရ ဓာတ်ပုံတွေကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ညနေ ၆ နာရီကျော်က သူ့ရဲ့ Actor 99 Facebookpage မှာ ရေးသားခဲ့တာဖြစ်ပါတယ်။


‘’ဒုဌဝတီကို လွန်၍’’ ရုပ်ရှင်ကားဟာ မြန်မာနိုင်ငံမှာသာမက စင်္ကာပူနိုင်ငံမှာပါ ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကျခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ စွန့်စားခန်းတွေကို ကြိုက်တဲ့ ပရိသတ်တွေအတွက် တကယ်ကို အားရစရာကောင်းတဲ့ စကားတစ်ကားဖြစ်ခဲ့ပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ အာကာ က ရိုက်ကူးတာဖြစ်ပြီး နိုင်းနိုင်း၊ ဇော်ဇော်အောင်၊ နော်အောင်၊ Joe Moreira နဲ့ အမွန်းတို့က ပါဝင်သရုပ်ဆောင်ခဲ့တာပါ။

နိုင်းနိုင်းဟာ မြန်မာနိုင်ငံမှာရှိတဲ့ အနုပညာအလုပ်တွေကိုလည်း လုပ်ကိုင်လျက်ရှိသလို အမေရိကန်နိုင်ငံ နယူးယော့ခ် မြို့မှာရှိတဲ့ မိသားစုတွေကိုလည်း မျှမျှတတ အချိန်ပေးလေ့ရှိပါတယ်။ နိုင်းနိုင်းနဲ့ ဇနီးဖြစ်သူ စန္ဒီချိုတို့ဟာ ၂၀၀၈ ခုနှစ်မှာ လက်ထပ်ခဲ့ကြတာဖြစ်ပြီး အခုဆိုရင် သားသမီး ၄ ယောက်ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

နိုင်းနိုင်းရဲ့ဇနီးဖြစ်သူ စန္ဒီချို တို့ဟာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့က အိမ်ထောင်သက်တမ်း ၁၁ နှစ်ပြည့်ပြီးခဲ့ပြီဖြစ်ပါတယ်။ နိုင် းနိုင်းကတော့ ဇာတ်ကားတွေ ရိုက်ကူးဖို့ရှိရင်တော့ မြန်မာနိုင်ငံကို ရောက်ရှိနေတတ်ပါတယ်။ အနုပညာအလုပ်တစ်ဖက်နဲ့ ဖြစ်တဲ့အတွက် မိသားစုဆီကို တစ်နှစ်ကို နှစ်ခေါက်သာ ပြန်ဖြစ်တယ်လို့ ဆိုပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top