iMyanmarHouse.com - Best Property Website for Myanmar
×


အျဖစ္မ်ားတဲ့ ေရာဂါေတြထဲမွာ ပါဝင္တဲ့ ေက်ာက္ကပ္မွာေက်ာက္တည္ျခင္းဟာ မ်ိဳး႐ိုးနဲ႔ဆိုင္သလို စားေသာက္ ေနထိုင္မႈပုံစံေတြေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင့္မို႔လို႔ ေက်ာက္ကပ္မွာ ေက်ာက္တည္လာရင္ သိႏိုင္မယ့္ ေရွ႕ေျပး လကၡဏာေတြကို ဧရာဝတီ စာဖတ္ ပရိသတ္ေတြအတြက္ ဗဟုသတ အေနနဲ႔ သိရွိႏိုင္ေအာင္ ေဖာ္ျပေပးလိုက္ပါတယ္။

(၁) ဆီးသြားနည္းတာနဲ႔ ဆီးသြားတဲ့အခါ မခံမရပ္ႏိုင္ေအာင္ နာက်င္တာဟာ ေက်ာက္ကပ္မွာ ေက်ာက္တည္ေနေၾကာင္း သိႏိုင္တဲ့ လကၡဏာတရပ္ပဲျဖစ္ပါတယ္။ ဆီးလမ္းေၾကာင္းထဲကို ပိုးဝင္တဲ့အခါမွာလည္း ေဖာ္ျပထားတဲ့ လကၡဏာမ်ိဳးကို ခံစားရႏိုင္ပါတယ္။

(၂) ခါးနာျခင္းဟာ ႐ိုး႐ိုးသာမန္က်န္းမာေရးျပႆနာတခုလို႔ ေျပာလို႔ရေပမယ့္ မၾကာခဏ ဆိုသလို ခါးနာက်င္မႈ ျဖစ္ေနၿပီ ဆိုရင္ေတာ့ ေက်ာက္ကပ္တြင္း ေက်ာက္တည္ျခင္းေၾကာင့္ ျဖစ္ႏိုင္တာေၾကာင့္ မေပါ့ဆသင့္ပါဘူး။

(၃) ေက်ာက္ကပ္မွာ ေက်ာက္တည္ေနတဲ့အခါ ဆီးအေရာင္ဟာ ပုံမွန္ထက္ပိုရင့္ၿပီး လိေမၼာ္ေရာင္ဘက္ သမ္းေနတတ္ ပါတယ္။ ဆီးအနံ႔ဟာ သာမန္ထက္ပိုၿပီး ဆိုးဆိုးဝါးဝါး အနံ႔မ်ိဳး ျဖစ္ေနတဲ့အခါမွာလည္း ေက်ာက္ကပ္မွာ ေက်ာက္တည္ျခင္း ေၾကာင့္ ျဖစ္ႏိုင္ပါေသးတယ္။

(၄) ဆီးထဲမွာ ေသြးတစြန္းတစပါလာၿပီဆိုရင္ေတာ့ ဒါဟာ ေက်ာက္ကပ္မွာ ေက်ာက္တည္တာေၾကာင့္လည္း ျဖစ္ႏိုင္သလို ေက်ာက္ကပ္နဲ႔ဆိုင္တဲ့ က်န္းမာေရးျပႆနာ တခုခုလည္း ျဖစ္ႏိုင္တာေၾကာင့္ ဆရာဝန္နဲ႔ အျမန္ဆုံးသြားေရာက္ျပသသင့္ ပါတယ္။

(၅) ဝမ္းဗိုက္နဲ႔ ခါးေအာက္ပိုင္းေတြ မၾကာခဏဆိုသလို နာက်င္ေနတာဟာလည္း ေက်ာက္ကပ္တြင္း ေက်ာက္တည္ျခင္းရဲ႕ လကၡဏာတရပ္ျဖစ္ပါတယ္။

(၆) ေက်ာက္ကပ္တြင္း ေက်ာက္တည္ျခင္းေၾကာင့္ ခႏၶာကိုယ္တြင္းက အညစ္အေၾကးေတြကို မဖယ္ရွားေပးႏိုင္တဲ့အခါ မအီမသာျဖစ္ၿပီး ပ်ိဳ႕အန္ျခင္းေတြကိုလည္း ခံစားရႏိုင္ပါတယ္။

(၇) ကိုယ္အဂါအၤစိတ္အပိုင္းေတြ ေရာင္ရမ္းျခင္းဟာလည္း ေက်ာက္ကပ္နဲ႔သက္ဆိုင္တဲ့ က်န္းမာေရး ျပႆနာေတြ ျဖစ္ေပၚတဲ့အခါ ျပေလ့ရွိတဲ့ လကၡဏာတရပ္ျဖစ္တာေၾကာင့္ မေပါ့ဆသင့္ပါဘူး။

Credit:Irrawaddy

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

အဖြစ်များတဲ့ ရောဂါတွေထဲမှာ ပါဝင်တဲ့ ကျောက်ကပ်မှာကျောက်တည်ခြင်းဟာ မျိုးရိုးနဲ့ဆိုင်သလို စားသောက် နေထိုင်မှုပုံစံတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့်မို့လို့ ကျောက်ကပ်မှာ ကျောက်တည်လာရင် သိနိုင်မယ့် ရှေ့ပြေး လက္ခဏာတွေကို ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် ဗဟုသတ အနေနဲ့ သိရှိနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

(၁) ဆီးသွားနည်းတာနဲ့ ဆီးသွားတဲ့အခါ မခံမရပ်နိုင်အောင် နာကျင်တာဟာ ကျောက်ကပ်မှာ ကျောက်တည်နေကြောင်း သိနိုင်တဲ့ လက္ခဏာတရပ်ပဲဖြစ်ပါတယ်။ ဆီးလမ်းကြောင်းထဲကို ပိုးဝင်တဲ့အခါမှာလည်း ဖော်ပြထားတဲ့ လက္ခဏာမျိုးကို ခံစားရနိုင်ပါတယ်။

(၂) ခါးနာခြင်းဟာ ရိုးရိုးသာမန်ကျန်းမာရေးပြဿနာတခုလို့ ပြောလို့ရပေမယ့် မကြာခဏ ဆိုသလို ခါးနာကျင်မှု ဖြစ်နေပြီ ဆိုရင်တော့ ကျောက်ကပ်တွင်း ကျောက်တည်ခြင်းကြောင့် ဖြစ်နိုင်တာကြောင့် မပေါ့ဆသင့်ပါဘူး။

(၃) ကျောက်ကပ်မှာ ကျောက်တည်နေတဲ့အခါ ဆီးအရောင်ဟာ ပုံမှန်ထက်ပိုရင့်ပြီး လိမ္မော်ရောင်ဘက် သမ်းနေတတ် ပါတယ်။ ဆီးအနံ့ဟာ သာမန်ထက်ပိုပြီး ဆိုးဆိုးဝါးဝါး အနံ့မျိုး ဖြစ်နေတဲ့အခါမှာလည်း ကျောက်ကပ်မှာ ကျောက်တည်ခြင်း ကြောင့် ဖြစ်နိုင်ပါသေးတယ်။

(၄) ဆီးထဲမှာ သွေးတစွန်းတစပါလာပြီဆိုရင်တော့ ဒါဟာ ကျောက်ကပ်မှာ ကျောက်တည်တာကြောင့်လည်း ဖြစ်နိုင်သလို ကျောက်ကပ်နဲ့ဆိုင်တဲ့ ကျန်းမာရေးပြဿနာ တခုခုလည်း ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ အမြန်ဆုံးသွားရောက်ပြသသင့် ပါတယ်။

(၅) ဝမ်းဗိုက်နဲ့ ခါးအောက်ပိုင်းတွေ မကြာခဏဆိုသလို နာကျင်နေတာဟာလည်း ကျောက်ကပ်တွင်း ကျောက်တည်ခြင်းရဲ့ လက္ခဏာတရပ်ဖြစ်ပါတယ်။

(၆) ကျောက်ကပ်တွင်း ကျောက်တည်ခြင်းကြောင့် ခန္ဓာကိုယ်တွင်းက အညစ်အကြေးတွေကို မဖယ်ရှားပေးနိုင်တဲ့အခါ မအီမသာဖြစ်ပြီး ပျို့အန်ခြင်းတွေကိုလည်း ခံစားရနိုင်ပါတယ်။

(၇) ကိုယ်အဂါင်္အစိတ်အပိုင်းတွေ ရောင်ရမ်းခြင်းဟာလည်း ကျောက်ကပ်နဲ့သက်ဆိုင်တဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်ပေါ်တဲ့အခါ ပြလေ့ရှိတဲ့ လက္ခဏာတရပ်ဖြစ်တာကြောင့် မပေါ့ဆသင့်ပါဘူး။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top