iMyanmarHouse.com - Best Property Website for Myanmar
×


အခုေနာက္ပိုင္းအမ်ိဳးသမီးေတြၾကားမွာ ေခတ္စားလာတာ ေခ်ာေမြ႕တဲ့ အသားအေရထက္ ေတာက္ပတဲ့ အသားအေရပါ။ Glow Skin လို႔ေျပာၾကၿပီး အလွကုန္ပစၥည္းမ်ိဳးစုံသုံးကာ ဒီလို အသားအေရမ်ိဳးရဖို႔ ဖန္တီးလာၾကပါတယ္။ ဒါဆိုရင္ အခ်ိန္ရွိတုန္းေလး ေပါင္းတင္ၿပီး ေတာက္ပတဲ့မ်က္ႏွာေလး ဖန္တီးႏိုင္မယ့္ နည္းလမ္းေတြေျပာျပေပးပါမယ္။

သခြားသီးအေသး ၁ လုံးနဲ႔ ဒိန္ခ်ဥ္ ၂ ဇြန္း၊ ၃ ဇြန္းေလာက္ကို ေရာေခ်ၿပီးမ်က္ႏွာနဲ႔ လည္ပင္းတဝိုက္လိမ္းေပးႏိုင္ပါတယ္။ ေျခာက္လာတဲ့အထိ ထားၿပီးေနာက္ ေရေအးနဲ႔ ေဆးခ်ႏိုင္ပါတယ္။ သခြားသီးက အသားအေရကိုေအးျမေစၿပီး ေျခာက္ေသြ႕ေနတဲ့ အေရျပားကို အစိုဓာတ္ျပည့္ဝေစတာေၾကာင့္ ၄ရက္ ၁ ခါေလာက္ ေပါင္းတင္ၾကည့္ႏိုင္ ပါတယ္။

 ငါးႀကီးဆီေတာင့္ကိုေဖာက္ပါ။ အဆီေတြကို မ်က္ႏွာနဲ႔ လည္ပင္းတဝိုက္လိမ္းေပးပါ။ ႏွိပ္နယ္ၿပီး ၁၀ မိနစ္ခန႔္ထားပါ။ ၿပီးရင္ေတာ့ေရေဆးခ်ပါ။ ငါးႀကီးဆီက ဖက္တီးအက္ဆစ္နဲ႔ ဗီတာမင္ A, D ႂကြယ္ဝစြာပါဝင္ၿပီး ပ်က္စီးေနတဲ့မ်က္ႏွာကဆဲလ္ေတြကို ျပန္လည္ ေကာင္းမြန္ေစပါတယ္။ တပတ္ကို ၁ ခါေလာက္လုပ္ေပးပါ။

ရွားေစာင္းလက္ပတ္ ၁ ဇြန္း၊ နႏြင္းအနည္းငယ္၊ ပ်ားရည္နဲ႔ ႏြားႏို႔ ၁ ဇြန္း ကို ေရာေႏွာၿပီး မ်က္ႏွာကို လိမ္းေပးပါ။ မိနစ္ ၂၀ ေလာက္ထားၿပီး ေရေႏြးနဲ႔ေဆးခ်ပါ။ ရွားေစာင္း လက္ပတ္က အသားကိုေအးေစၿပီး မ်က္ႏွာကို ဝင္းလက္ေစပါတယ္။

မုန႔္ဖုတ္ဆိုဒါ ၁ ဇြန္း၊ သံလြင္ဆီ ၁ ဇြန္း၊ ပ်ားရည္ဇြန္းဝက္ကို ခြက္တခြက္ထဲ ထည့္ေရာေမႊပါ။ မ်က္ႏွာကိုညင္သာစြာႏွိပ္နယ္ၿပီး ၁၀ မိနစ္ၾကာတဲ့အခါ ေရေအးနဲ႔ေဆးခ်ပါ။ မုန႔္ဖုတ္ဆိုဒါက ဆဲလ္အေသေတြကို ေသေစပါတယ္။

သံပ႐ိုသီး ၂ ဇြန္း၊ သၾကားညိဳ ၂ ဇြန္းေရာေမႊၿပီးမ်က္ႏွာကို လိမ္းေပးပါ။ စက္ဝိုင္းပုံစံ ႏွိပ္နယ္ေပးၿပီး ၁၀ မိနစ္ခန႔္ထားပါ။ ေရေႏြးနဲ႔ေဆးခ်ၿပီး အစိုဓာတ္ေလးျပည့္ေနဖို႔ moisturizer ျပန္သုံးေပးပါ။ တပတ္ကို ၂ ႀကိမ္ေလာက္စမ္းၾကည့္ႏိုင္ပါတယ္။

 သေဘၤာသီးမွည့္စိတ္အနည္းငယ္၊ စႏၵကူးမႈန႔္ ၁ ဇြန္း၊ ပ်ားရည္ ၁ ဇြန္းလိုအပ္ပါတယ္။ သေဘာသႌးကို အတုံးေသးေသးေလးေတြတုံးၿပီး စႏၵကူးမႈန႔္၊ ပ်ားရည္တို႔နဲ႔ ေရာေမႊကာ အႏွစ္ျဖစ္ေအာင္ လုပ္ၿပီးၿပီဆိုရင္ မ်က္ႏွာတဝိုက္လိမ္းႏိုင္ပါတယ္။ မိနစ္၂၀ ေလာက္ ထားၿပီးေရေအးနဲ႔ေဆးခ်ေပးပါ။

ညဘက္မအိပ္ခင္ ဒီလိုေပါင္းတင္ၿပီး အစိုဓာတ္ျပန္ျဖည့္ေပးပါ။ ဒါဆိုရင္ ေတာက္ပ ဝင္းလက္တဲ့မ်က္ႏွာေလး ပိုင္ဆိုင္မွာျဖစ္ပါတယ္။

Credit: Irrawaddy

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

အခုနောက်ပိုင်းအမျိုးသမီးတွေကြားမှာ ခေတ်စားလာတာ ချောမွေ့တဲ့ အသားအရေထက် တောက်ပတဲ့ အသားအရေပါ။ Glow Skin လို့ပြောကြပြီး အလှကုန်ပစ္စည်းမျိုးစုံသုံးကာ ဒီလို အသားအရေမျိုးရဖို့ ဖန်တီးလာကြပါတယ်။ ဒါဆိုရင် အချိန်ရှိတုန်းလေး ပေါင်းတင်ပြီး တောက်ပတဲ့မျက်နှာလေး ဖန်တီးနိုင်မယ့် နည်းလမ်းတွေပြောပြပေးပါမယ်။

သခွားသီးအသေး ၁ လုံးနဲ့ ဒိန်ချဉ် ၂ ဇွန်း၊ ၃ ဇွန်းလောက်ကို ရောချေပြီးမျက်နှာနဲ့ လည်ပင်းတဝိုက်လိမ်းပေးနိုင်ပါတယ်။ ခြောက်လာတဲ့အထိ ထားပြီးနောက် ရေအေးနဲ့ ဆေးချနိုင်ပါတယ်။ သခွားသီးက အသားအရေကိုအေးမြစေပြီး ခြောက်သွေ့နေတဲ့ အရေပြားကို အစိုဓာတ်ပြည့်ဝစေတာကြောင့် ၄ရက် ၁ ခါလောက် ပေါင်းတင်ကြည့်နိုင် ပါတယ်။

 ငါးကြီးဆီတောင့်ကိုဖောက်ပါ။ အဆီတွေကို မျက်နှာနဲ့ လည်ပင်းတဝိုက်လိမ်းပေးပါ။ နှိပ်နယ်ပြီး ၁၀ မိနစ်ခန့်ထားပါ။ ပြီးရင်တော့ရေဆေးချပါ။ ငါးကြီးဆီက ဖက်တီးအက်ဆစ်နဲ့ ဗီတာမင် A, D ကြွယ်ဝစွာပါဝင်ပြီး ပျက်စီးနေတဲ့မျက်နှာကဆဲလ်တွေကို ပြန်လည် ကောင်းမွန်စေပါတယ်။ တပတ်ကို ၁ ခါလောက်လုပ်ပေးပါ။

ရှားစောင်းလက်ပတ် ၁ ဇွန်း၊ နနွင်းအနည်းငယ်၊ ပျားရည်နဲ့ နွားနို့ ၁ ဇွန်း ကို ရောနှောပြီး မျက်နှာကို လိမ်းပေးပါ။ မိနစ် ၂၀ လောက်ထားပြီး ရေနွေးနဲ့ဆေးချပါ။ ရှားစောင်း လက်ပတ်က အသားကိုအေးစေပြီး မျက်နှာကို ဝင်းလက်စေပါတယ်။

မုန့်ဖုတ်ဆိုဒါ ၁ ဇွန်း၊ သံလွင်ဆီ ၁ ဇွန်း၊ ပျားရည်ဇွန်းဝက်ကို ခွက်တခွက်ထဲ ထည့်ရောမွှေပါ။ မျက်နှာကိုညင်သာစွာနှိပ်နယ်ပြီး ၁၀ မိနစ်ကြာတဲ့အခါ ရေအေးနဲ့ဆေးချပါ။ မုန့်ဖုတ်ဆိုဒါက ဆဲလ်အသေတွေကို သေစေပါတယ်။

သံပရိုသီး ၂ ဇွန်း၊ သကြားညို ၂ ဇွန်းရောမွှေပြီးမျက်နှာကို လိမ်းပေးပါ။ စက်ဝိုင်းပုံစံ နှိပ်နယ်ပေးပြီး ၁၀ မိနစ်ခန့်ထားပါ။ ရေနွေးနဲ့ဆေးချပြီး အစိုဓာတ်လေးပြည့်နေဖို့ moisturizer ပြန်သုံးပေးပါ။ တပတ်ကို ၂ ကြိမ်လောက်စမ်းကြည့်နိုင်ပါတယ်။

 သင်္ဘောသီးမှည့်စိတ်အနည်းငယ်၊ စန္ဒကူးမှုန့် ၁ ဇွန်း၊ ပျားရည် ၁ ဇွန်းလိုအပ်ပါတယ်။ သဘောင်္သီးကို အတုံးသေးသေးလေးတွေတုံးပြီး စန္ဒကူးမှုန့်၊ ပျားရည်တို့နဲ့ ရောမွှေကာ အနှစ်ဖြစ်အောင် လုပ်ပြီးပြီဆိုရင် မျက်နှာတဝိုက်လိမ်းနိုင်ပါတယ်။ မိနစ်၂၀ လောက် ထားပြီးရေအေးနဲ့ဆေးချပေးပါ။

ညဘက်မအိပ်ခင် ဒီလိုပေါင်းတင်ပြီး အစိုဓာတ်ပြန်ဖြည့်ပေးပါ။ ဒါဆိုရင် တောက်ပ ဝင်းလက်တဲ့မျက်နှာလေး ပိုင်ဆိုင်မှာဖြစ်ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top