iMyanmarHouse.com - Best Property Website for Myanmar
×

နာမည္ႀကီး အႏုပညာရွင္ေတြက ေရာင္စုံ မ်က္ကပ္မွန္ တပ္ရတာကို အရမ္းသေဘာက်တတ္ပါတယ္။ အေၾကာင္းကေတာ့ ေရာင္စုံမ်က္ကပ္မွန္ေတြက လူတစ္ေယာက္ရဲ႕ မ်က္ႏွာကို အလြယ္ကူဆုံး ေျပာင္းလဲ ေစႏိုင္တဲ့ အတြက္ပဲ ျဖစ္ပါတယ္။ ဒါေပမဲ့ ေရာင္စုံမ်က္ကပ္မွန္ တပ္မယ္ဆိုရင္ ဘယ္လို အက်ိဳး၊ အျပစ္ေတြ ရွိႏိုင္မလဲဆိုတာ သိၿပီးမွ တပ္မယ္ဆိုရင္ ပိုေကာင္းမယ္လို႔ ထင္ပါတယ္။ ဒါေၾကာင့္ ေရာင္စုံမ်က္ကပ္မွန္ေတြ အေၾကာင္း အသိေပးခ်င္ပါတယ္။

ေရာင္စုံ မ်က္ကပ္မွန္ေတြက ပုံမွန္မ်က္ကပ္မွန္ေတြနဲ႔ အေျခခံအားျဖင့္ အတူတူပါပဲ။

သူတို႔မွာ အေရာင္ပါတာကလြဲရင္ ဘာမွထူးထူးျခားျခား ကြာျခားမႈမရွိပါဘူး။ ပုံမွန္မ်က္ကပ္မွန္ ဝတ္ေနက် လူတစ္ေယာက္ဆိုရင္ ေရာင္စုံမ်က္ကပ္မွန္ကို လုံးဝအဆင္ေျပေျပ တပ္ႏိုင္မွာပဲ ျဖစ္ပါတယ္။ မ်က္ကပ္မွန္ တပ္ထားလို႔ရတဲ့၊ တပ္ထားသင့္တဲ့ ၾကာခ်ိန္ကလည္း အတူတူပဲ ျဖစ္ပါတယ္။

ေရာင္စုံမ်က္ကပ္မွန္ေတြက ပုံမွန္မ်က္ကပ္မွန္ေတြထက္ အနည္းငယ္ပိုထူပါတယ္။

ပုံမွန္မ်က္ကပ္မွန္ေတြထက္ သူတို႔က အနည္းငယ္ပိုထူေပမဲ့ အခ်ိန္နည္းနည္းေပးလိုက္တာနဲ႔ က်င့္သားရသြားမွာပါ။ ပိုထူတဲ့ မွန္ဘီလူးျဖစ္တဲ့အတြက္ သူက တပ္ရျဖဳတ္ရတာ ပိုၿပီး လြယ္ကူေစပါတယ္။
သင္က မ်က္မွန္တပ္စရာမလိုေအာင္ အျမင္အာ႐ုံေကာင္းတဲ့သူတစ္ဦး ျဖစ္ေနရင္ေတာင္ ေရာင္စုံ မ်က္ကပ္မွန္တပ္လို႔ ရပါတယ္။
ဘာေၾကာင့္လဲဆိုေတာ့ ေရာင္စုံမ်က္ကပ္မွန္ေတြကို ပါဝါ လုံးဝ မရွိသူေတြကေန ပါဝါအမ်ားႀကီးရွိတဲ့လူေတြအထိ တပ္လို႔ရေအာင္ အမ်ိဳးမ်ိဳးထုတ္လုပ္ထားပါတယ္။ဒါေပမဲ့ ကိုယ့္အျမင္အာ႐ုံကို အတိအက်သိႏိုင္ဖို႔အတြက္ မ်က္စိဆရာဝန္နဲ႔ တိုင္ပင္ေဆြးေႏြးၿပီးမွ တပ္ဆင္ဖို႔ အႀကံျပဳလိုပါတယ္။

သင္က ပါဝါ သုညပဲရွိတဲ့ ေရာင္စုံမ်က္ကပ္မွန္ကို တပ္မယ္ဆိုရင္ေတာင္ ဆရာဝန္နဲ႔ ေဆြးေႏြးဖို႔လိုပါတယ္။

မ်က္ကပ္မွန္ေတြ၊ ရွင္းလင္းျပတ္သားမႈ၊ အေရာင္ စတာေတြက မ်က္လုံးကို လုံးဝ ထိခိုက္ေစႏိုင္တဲ့အတြက္ ျဖစ္ပါတယ္။သင့္ဆရာဝန္က သင့္ကို မ်က္ကပ္မွန္တပ္ဖို႔ အဆင္ေျပတယ္လို႔ဆိုခဲ့ရင္ စတိုးဆိုင္တို႔ အြန္လိုင္းတို႔ကေန မဝယ္သင့္ပါဘူး။ မ်က္စိဆရာဝန္ရဲ႕ ေဆးၫႊန္းအတိုင္း ျပဳလုပ္ေပးႏိုင္တဲ့ မ်က္ကပ္မွန္အထူးျပဳေရာင္းတဲ့ ဆိုင္ေတြမွာပဲ ဝယ္ယူသင့္ပါတယ္။
ပုံမွန္ မ်က္ကပ္မွန္ေတြလိုပဲ ေရာင္စုံမ်က္ကပ္မွန္ေတြကို သူမ်ားကို ေပးမသုံးရပါဘူး။

မ်က္ကပ္မွန္ဆိုတာ မိတ္ကပ္လို မဟုတ္ပါဘူး။ အထူးသျဖင့္ ပါဝါ သုညပဲရွိတဲ့သူေတြဟာ မ်က္ကပ္မွန္တပ္သူအခ်င္းခ်င္း လဲၿပီးတပ္ဆင္တာမ်ိဳးကို လုပ္ေလ့ရွိၾကပါတယ္။ ဒါမ်ိဳး လုံးဝမလုပ္သင့္ပါဘူး။အေၾကာင္းက မ်က္လုံးထဲက ပိုးမႊားေတြေၾကာင့္ ကူးစက္ပိုးဝင္ေစၿပီး မ်က္စိကို ထိခိုက္မႈျဖစ္ေစတတ္လို႔ပဲ ျဖစ္ပါတယ္။

Credit:trend

အလွအပ
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

နာမည်ကြီး အနုပညာရှင်တွေက ရောင်စုံ မျက်ကပ်မှန် တပ်ရတာကို အရမ်းသဘောကျတတ်ပါတယ်။ အကြောင်းကတော့ ရောင်စုံမျက်ကပ်မှန်တွေက လူတစ်ယောက်ရဲ့ မျက်နှာကို အလွယ်ကူဆုံး ပြောင်းလဲ စေနိုင်တဲ့ အတွက်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ရောင်စုံမျက်ကပ်မှန် တပ်မယ်ဆိုရင် ဘယ်လို အကျိုး၊ အပြစ်တွေ ရှိနိုင်မလဲဆိုတာ သိပြီးမှ တပ်မယ်ဆိုရင် ပိုကောင်းမယ်လို့ ထင်ပါတယ်။ ဒါကြောင့် ရောင်စုံမျက်ကပ်မှန်တွေ အကြောင်း အသိပေးချင်ပါတယ်။

ရောင်စုံ မျက်ကပ်မှန်တွေက ပုံမှန်မျက်ကပ်မှန်တွေနဲ့ အခြေခံအားဖြင့် အတူတူပါပဲ။

သူတို့မှာ အရောင်ပါတာကလွဲရင် ဘာမှထူးထူးခြားခြား ကွာခြားမှုမရှိပါဘူး။ ပုံမှန်မျက်ကပ်မှန် ဝတ်နေကျ လူတစ်ယောက်ဆိုရင် ရောင်စုံမျက်ကပ်မှန်ကို လုံးဝအဆင်ပြေပြေ တပ်နိုင်မှာပဲ ဖြစ်ပါတယ်။ မျက်ကပ်မှန် တပ်ထားလို့ရတဲ့၊ တပ်ထားသင့်တဲ့ ကြာချိန်ကလည်း အတူတူပဲ ဖြစ်ပါတယ်။

ရောင်စုံမျက်ကပ်မှန်တွေက ပုံမှန်မျက်ကပ်မှန်တွေထက် အနည်းငယ်ပိုထူပါတယ်။

ပုံမှန်မျက်ကပ်မှန်တွေထက် သူတို့က အနည်းငယ်ပိုထူပေမဲ့ အချိန်နည်းနည်းပေးလိုက်တာနဲ့ ကျင့်သားရသွားမှာပါ။ ပိုထူတဲ့ မှန်ဘီလူးဖြစ်တဲ့အတွက် သူက တပ်ရဖြုတ်ရတာ ပိုပြီး လွယ်ကူစေပါတယ်။
သင်က မျက်မှန်တပ်စရာမလိုအောင် အမြင်အာရုံကောင်းတဲ့သူတစ်ဦး ဖြစ်နေရင်တောင် ရောင်စုံ မျက်ကပ်မှန်တပ်လို့ ရပါတယ်။
ဘာကြောင့်လဲဆိုတော့ ရောင်စုံမျက်ကပ်မှန်တွေကို ပါဝါ လုံးဝ မရှိသူတွေကနေ ပါဝါအများကြီးရှိတဲ့လူတွေအထိ တပ်လို့ရအောင် အမျိုးမျိုးထုတ်လုပ်ထားပါတယ်။ဒါပေမဲ့ ကိုယ့်အမြင်အာရုံကို အတိအကျသိနိုင်ဖို့အတွက် မျက်စိဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီးမှ တပ်ဆင်ဖို့ အကြံပြုလိုပါတယ်။

သင်က ပါဝါ သုညပဲရှိတဲ့ ရောင်စုံမျက်ကပ်မှန်ကို တပ်မယ်ဆိုရင်တောင် ဆရာဝန်နဲ့ ဆွေးနွေးဖို့လိုပါတယ်။

မျက်ကပ်မှန်တွေ၊ ရှင်းလင်းပြတ်သားမှု၊ အရောင် စတာတွေက မျက်လုံးကို လုံးဝ ထိခိုက်စေနိုင်တဲ့အတွက် ဖြစ်ပါတယ်။သင့်ဆရာဝန်က သင့်ကို မျက်ကပ်မှန်တပ်ဖို့ အဆင်ပြေတယ်လို့ဆိုခဲ့ရင် စတိုးဆိုင်တို့ အွန်လိုင်းတို့ကနေ မဝယ်သင့်ပါဘူး။ မျက်စိဆရာဝန်ရဲ့ ဆေးညွှန်းအတိုင်း ပြုလုပ်ပေးနိုင်တဲ့ မျက်ကပ်မှန်အထူးပြုရောင်းတဲ့ ဆိုင်တွေမှာပဲ ဝယ်ယူသင့်ပါတယ်။
ပုံမှန် မျက်ကပ်မှန်တွေလိုပဲ ရောင်စုံမျက်ကပ်မှန်တွေကို သူများကို ပေးမသုံးရပါဘူး။

မျက်ကပ်မှန်ဆိုတာ မိတ်ကပ်လို မဟုတ်ပါဘူး။ အထူးသဖြင့် ပါဝါ သုညပဲရှိတဲ့သူတွေဟာ မျက်ကပ်မှန်တပ်သူအချင်းချင်း လဲပြီးတပ်ဆင်တာမျိုးကို လုပ်လေ့ရှိကြပါတယ်။ ဒါမျိုး လုံးဝမလုပ်သင့်ပါဘူး။အကြောင်းက မျက်လုံးထဲက ပိုးမွှားတွေကြောင့် ကူးစက်ပိုးဝင်စေပြီး မျက်စိကို ထိခိုက်မှုဖြစ်စေတတ်လို့ပဲ ဖြစ်ပါတယ်။

Credit:trend

အလှအပ
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top