iMyanmarHouse.com - Best Property Website for Myanmar
×


သရုပ္ေဆာင္ အဆိုေတာ္ ေမာ္ဒယ္ ဆန္းသစ္လက ဝါရင့္ သရုပ္ေဆာင္ႀကီး ဝါးခယ္မ ရဲေမာင္ ရဲ႕ ေျမး ျဖစ္သလို အဆုိေတာ္ ေမရြက္ဝါရဲ႕ သမီး လည္း ျဖစ္ပါတယ္။ အႏုပညာ လႈပ္ရွားမႈ အေနနဲ႕ သီခ်င္းေတြ ဆိုျဖစ္ေနသလို ဓာတ္ပံုေတြလည္း ရိုက္ျဖစ္ေနတဲ့ ဆန္းသစ္လရဲ႕ မဂၤလာသတင္းကိုေတာ့ မၾကာခင္ ၾကားသိရေတာ့မွာ ျဖစ္ပါတယ္။

ခ်စ္သူ ကိုဝင္းျမတ္နဲ႕ ခ်စ္သူသက္တမ္း(၂)ႏွစ္ေက်ာ္ တြဲလာခဲ့ျပီး မတ္လမွာ မဂၤလာေဆာင္ေတာ့မယ့္ ဆန္းသစ္လက ခ်စ္သူနဲ႕အတူ မႏၱေလးမွာ ရိုက္ကူးထားတဲ့ Pre Wedding ဓာတ္ပံုေတြကို ေဖ့စ္ဘြတ္မွာ တင္ထားျပီး ပရိသတ္ေတြကို အသိေပးခဲ့ပါတယ္။ မဂၤလာသတင္း အတိအက်ကိုေတာ့ ဆန္းသစ္လက ခုလို ေျဖၾကားေပးသြားပါတယ္။

“မဂၤလာပြဲေလးကေတာ့ စီစဥ္ေနျပီ။ Pre-wedding လည္း ရိုက္ျပီးသြားျပီဆိုေတာ့ အားလံုးကလည္း ကူညီၾကတယ္။ ဒီပြဲၾကီးမွာေတာ့ ဝတ္စံုဆိုလည္း ကိုေက်ာ္ထက္ေအာင္ မိတ္ကပ္ဆိုလည္း ေမဦးေမာင္ေပါ့ေနာ္။ အားလံုးက ဝိုင္းျပီး စီစဥ္ေပးတဲ့အတြက္ အရမ္းေပ်ာ္ပါတယ္။ မတ္လထဲမွာပါ။

သစ္လက လွ်ိဳထားတာေတာ့ မရွိပါဘူး။ ေဖ့စ္ဘြတ္မွာ ပံုေလးေတြ share ေပးပါတယ္။ ကိုယ္ေပ်ာ္သလို ကိုယ့္ရဲ႕ ခ်စ္တဲ့သူေတြလည္း ေပ်ာ္ေစခ်င္တယ္ေပါ့ေနာ္။ ” ဆိုျပီး ေျပာျပသြားပါတယ္။

ဆန္းသစ္လရဲ႕ pre-wedding ပံုရိပ္ေလးေတြကို ေျပာခ်င္လြန္းလို႕ ပရိသတ္ၾကီး အတြက္ ေဝမ်ွေပးလိုက္ပါတယ္။

Credit:nanmalgyi

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

သရုပ်ဆောင် အဆိုတော် မော်ဒယ် ဆန်းသစ်လက ဝါရင့် သရုပ်ဆောင်ကြီး ဝါးခယ်မ ရဲမောင် ရဲ့ မြေး ဖြစ်သလို အဆိုတော် မေရွက်ဝါရဲ့ သမီး လည်း ဖြစ်ပါတယ်။ အနုပညာ လှုပ်ရှားမှု အနေနဲ့ သီချင်းတွေ ဆိုဖြစ်နေသလို ဓာတ်ပုံတွေလည်း ရိုက်ဖြစ်နေတဲ့ ဆန်းသစ်လရဲ့ မင်္ဂလာသတင်းကိုတော့ မကြာခင် ကြားသိရတော့မှာ ဖြစ်ပါတယ်။

ချစ်သူ ကိုဝင်းမြတ်နဲ့ ချစ်သူသက်တမ်း(၂)နှစ်ကျော် တွဲလာခဲ့ပြီး မတ်လမှာ မင်္ဂလာဆောင်တော့မယ့် ဆန်းသစ်လက ချစ်သူနဲ့အတူ မန္တလေးမှာ ရိုက်ကူးထားတဲ့ Pre Wedding ဓာတ်ပုံတွေကို ဖေ့စ်ဘွတ်မှာ တင်ထားပြီး ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ မင်္ဂလာသတင်း အတိအကျကိုတော့ ဆန်းသစ်လက ခုလို ဖြေကြားပေးသွားပါတယ်။

“မင်္ဂလာပွဲလေးကတော့ စီစဉ်နေပြီ။ Pre-wedding လည်း ရိုက်ပြီးသွားပြီဆိုတော့ အားလုံးကလည်း ကူညီကြတယ်။ ဒီပွဲကြီးမှာတော့ ဝတ်စုံဆိုလည်း ကိုကျော်ထက်အောင် မိတ်ကပ်ဆိုလည်း မေဦးမောင်ပေါ့နော်။ အားလုံးက ဝိုင်းပြီး စီစဉ်ပေးတဲ့အတွက် အရမ်းပျော်ပါတယ်။ မတ်လထဲမှာပါ။

သစ်လက လျှိုထားတာတော့ မရှိပါဘူး။ ဖေ့စ်ဘွတ်မှာ ပုံလေးတွေ share ပေးပါတယ်။ ကိုယ်ပျော်သလို ကိုယ့်ရဲ့ ချစ်တဲ့သူတွေလည်း ပျော်စေချင်တယ်ပေါ့နော်။ ” ဆိုပြီး ပြောပြသွားပါတယ်။

ဆန်းသစ်လရဲ့ pre-wedding ပုံရိပ်လေးတွေကို ပြောချင်လွန်းလို့ ပရိသတ်ကြီး အတွက် ဝေမျှပေးလိုက်ပါတယ်။

Credit:nanmalgyi

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top