iMyanmarHouse.com - Best Property Website for Myanmar
×
1.ပန်းသီး
2.ငှက်ပျောသီး
3.Citrus fruits
4.ပင်လယ်စာ
5.ဖရဲသီး
6.မြေပဲနှင့်ဗာဒံစေ့
7.ခရမ်းချဉ်သီး
8.Berries
Credit: Nanmalgyi
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
#Unicode Version#
လှပဖို့တင်မကပဲ ကျန်းမာနေစေဖို့အတွက် သင့်Diet Planမှာ ထည့်သွင်းထားသင့်တဲ့ အစားအစာအချို့ကို အခုလိုဝေမျှပေးလိုက်ပါတယ်။
1.ပန်းသီး
ပန်းသီးဟာ ဗီတာမင်ဓာတ်အပြည့်အဝပါဝင်ပြီး သင့်ဝမ်းဗိုက်တွင်းမှာရှိတဲ့ အဆီတွေကို လောင်ကျွမ်းစေနိုင်ပါတယ်။သိသာထင်ရှားတဲ့ရလဒ်အတွက် တစ်နေ့ကို ပန်းသီး3လုံးစားပေးပါ။
2.ငှက်ပျောသီး
ငှက်ပျောသီးဟာ ပိုတက်ဆီယမ်၊မဂ္ဂနီဆီယမ်၊ကယ်လ်ဆီယမ်နဲ့ဗီတာမင်ဓာတ်တွေရဲ့ အဓိကအရင်းအမြစ်ဖြစ်ပါတယ်။ငှက်ပျောသီး တစ်နေ့တစ်လုံး စားပေးခြင်းအားဖြင့် သင့်ကိုဝိတ်ကျစေနိုင်ပါတယ်။ညနေပိုင်း ထမင်းမစားပဲ ဗိုက်အဖြည့်အနေနဲ့ ငှက်ပျောသီးစားပေးနိုင်သလို အခုဆို ငှက်ပျောသီးအချိုပွဲတွေလည်း ရှိနေပါပြီ။
3.Citrus fruits
Citrus(လိမ္မော်သီး၊စပျစ်သီး၊ဖရဲသီး၊လီမွန်သီး၊စပျစ်သီး၊etc…)လို့ ခေါ်တဲ့အရည်ရွှမ်းတဲ့အသီးအုပ်စုမှာတော့ ဗီတာမင်စီဓာတ်ကြွယ်ဝစွာပါဝင်လို့ အင်ဆူလင်ကိုလျှော့ချပေးနိုင်ပြီး သင့်ခန္ဓာကိုယ်တွင်းမှာရှိတဲ့ အဆီတွေကို လျင်မြန်စွာချေဖျက်ပေးပါတယ်။
4.ပင်လယ်စာ
သင်သာ ပင်လယ်နဲ့နီးတဲ့နေရာမှာ နေတဲ့သူဆိုရင်တော့ ဒီတစ်ကွက်နဲ့တင် ဟန်ကျပြီပေါ့။ပင်လယ်စာဟာ သင့်ကိုယ်တွင်းမှာ မလိုအပ်တဲ့ အဆီပိုတွေစုဆောင်းနေခြင်းမှ ကာကွယ်ပေးပါတယ်။
5.ဖရဲသီး
ပိုတက်ဆီယမ်အပြင် ရေဓာတ်ပါကြွယ်ဝစွာပါဝင်တာမို့ သင့်အသားအရေအတွက်သာမက ကျန်းမာရေးအတွက်ပါ အသုံးဝင်ပါတယ်။
6.မြေပဲနှင့်ဗာဒံစေ့
နှစ်ခုစလုံးမှာ Omega_3နဲ့ပရိုတင်းပါဝင်မှုနှုန်း မြင့်မားကြသလို ဗာဒံစေ့ကတော့ ခန္ဓာကိုယ်တွင်းသကြားဓာတ်ကို ထိန်းညှိပေးသလို ဇီဝဖြစ်စဉ်ကို လှုံ့ဆော်ပေးပါတယ်။မြေပဲကိုတော့ အရွက်သုပ်မှထည့်ပြီးပဲဖြစ်ဖြစ်၊ဗိုက်ဆာတဲ့အခါမျိုးမှာပဲဖြစ်ဖြစ် စားပေးနိုင်ပါတယ်။
7.ခရမ်းချဉ်သီး
ခရမ်းချဉ်သီးကတော့ သင့်Diet Planမှာ ထည့်ကိုထည့်သွင်းထားသင့်တဲ့ အသီးတစ်မျိုးနော်။ဘာလို့ဆို သင့်သွေးထဲမှာရှိတဲ့ အဆီနဲ့ကိုလက်စထရောပမာဏတွေကို လျှော့ချပေးနိုင်လို့ပါ။သင်ခရမ်းချဉ်သီးကိုJuiceအဖြစ် သောက်သုံးနိုင်သလို အရွက်သုပ်တွေမှာလဲ ထည့်သုပ်နိုင်ပါတယ်။နောက် ခရမ်းချဉ်သီးဟာ ဗိုက်ပြည့်စေတဲ့အတွက် သင်ဆာတဲ့အခါမျိုးမှာ သင်နှစ်သက်ရာပုံစံလုပ်စားခြင်းအားဖြင့် အသားအရေလှပ၊အဆီကျစေမယ့်အပြင် ဗိုက်ပြည့်ကျေနပ်စေမှာပါ။
8.Berries
Berriesအနွယ်ဝင်တွေဖြစ်တဲ့ Strawberries,raspberries,blackberriesနဲ့blueberriesတွေကလည်း သင်ဝိတ်ကျဖို့ အထောက်အကူပေးပါတယ်။သူတို့မှာ အဆီနဲ့သကြားကို လျှော့ချပေးနိုင်တဲ့ ဓာတ်ပါဝင်တဲ့အပြင် အရသာရှိ၊ဗိုက်ပြည့်စေပါတယ်။
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top