iMyanmarHouse.com - Best Property Website for Myanmar
×

ေန႕စဥ္ေန႕တိုင္း လုပ္ေဆာင္ေနႀကတဲ့ လုပ္ငန္းေဆာင္တာေတြမွာ လက္တစ္စံုက မျဖစ္မေနကို အသံုးျပဳျဖစ္ႀကပါတယ္။ မႀကာခဏလက္ေဆးျခင္း၊ ျပင္းထန္တဲ့ဓာတုဓာတ္ပစၥည္းေတြ၊ အစြန္းအထင္းေတြနဲ႕လည္း အၿမဲလိုလို ထိေတြ႕ေနပါတယ္။ ဒီလိုမ်ိဳးေတြ ထိေတြ႕ေနရေပမယ့္လည္း လူအခ်ိဳ႕ကေတာ့ အထူးဂရုတစိုက္မရွိႀကလို႕ လက္ေတြမွာ ေျခာက္ေသြ႕၊ ႀကမ္းတမ္းမႈေတြ ျဖစ္လာရတာပါ။

ဒါေႀကာင့္ ကိုယ့္ရဲ႕လက္ကေလးေတြ ျပန္လည္ႏုပ်ိဳစိုေျပလာေစဖို႕ လုပ္ေဆာင္ႏိုင္မယ့္ အိမ္တြင္းနည္းလမ္းေကာင္းေလးေတြကို ေဖာ္ျပေပးလိုက္ရပါတယ္။

၁။ သံလြင္ဆီ

သံလြင္ဆီထဲက Antioxidants ေတြနဲ႕ က်န္းမာညီညြတ္တဲ့ ဖက္တီးအက္စစ္ေတြက ေျခာက္ေသြ႕တဲ့လက္ေတြကို ျပန္လည္စိုေျပလာေစပါတယ္။ အသားအေရကို ႏူးညံ့အိစက္လာေစၿပီး ရင့္ေရာ္တဲ့လကၡဏာေတြကို ေလ်ာ့က်ေစပါတယ္။

သံလြင္ဆီအနည္းငယ္ကို အပူေပးၿပီး လက္ေပၚမွာ ငါးမိနစ္ႀကာ ညွင္သာစြာ ပြတ္လိမ္းေပးပါ။ တေန႕လွ်င္ ႏွစ္ႀကိမ္လုပ္ေပးဖို႕လိုအပ္ပါတယ္။

၂။ ပ်ားရည္

ပ်ားရည္နဲ႕ဂလစ္စရင္း ပမာဏ အညီအမွ်ကို ေရာစပ္ၿပီး လက္ေပၚမွာ သုတ္လိမ္းေပးပါ။ ၁၅ မိနစ္ႀကာေအာင္ ထားေပးၿပီးသည္ႏွင့္ ေရေႏြးေႏြးေလးနဲ႕ သန္႕စင္ေဆးေႀကာေပးၿပီးေနာက္ ေျခာက္ေအာင္သုတ္ေပးပါ။ ေန႕စဥ္မွန္မွန္လုပ္ေပးပါက ရလဒ္ေကာင္းေလးေတြကို ျမင္ေတြ႕ႏိုင္မွာပါ။

၃။ အုတ္ဂ်ံဳမႈန္႕

ႀကိတ္ထားတဲ့ အုတ္ဂ်ံဳမႈန္႕ လက္ဖက္ရည္ဇြန္း ၂ ဇြန္းကို ပ်ားရည္ လက္ဖက္ရည္ဇြန္း ၁ ဇြန္းနဲ႕ ပန္းကန္လံုးထဲေရာေပးပါ။ သံပယိုရည္အစက္ အနည္းငယ္ကိုလည္း ေရာထည့္ေပးပါ။ ေရသင့္တင့္ရံုထည့္ၿပီး ေသခ်ာေမႊေပးပါ။ လက္ေပၚမွာ မိနစ္အနည္းငယ္ႀကာေအာင္ ပြတ္လိမ္းေပးၿပီး ၁၀ မိနစ္ႀကာသည့္ေနာက္ ေရေႏြးေလးနဲ႕ ေဆးေႀကာသန္႕စင္ႏိုင္ပါတယ္။

တပတ္လွ်င္ တစ္ႀကိမ္ မွန္မွန္လုပ္ေဆာင္ေပးပါ။

၄။ သံပယိုရည္

Lemon Drink

လက္ႏွစ္ဖက္ကို ဆပ္ျပာ၊ ေရေႏြးေႏြးတို႕ႏွင့္ ေဆးေပးၿပီး တဘက္ႏုႏုေလးနဲ႕ သုတ္ေပးပါ။ မုန္႕ဖုတ္ဆိုဒါ၊ ပ်ားရည္၊ သံပယိုရည္တုိ႕ကို အခ်ိဳးအစားညီမွ်စြာ ေပါင္းစပ္ၿပီး မိနစ္အနည္းငယ္ေလာက္ လက္မွာ ညွင္သာစြာ ပြတ္လိမ္းေပးပါ။ ၁၀ မိနစ္ထားေပးၿပီးရင္ ေရေႏြးေႏြးေလးနဲ႕ ေဆးေႀကာသန္႕စင္ႏိုင္ပါတယ္။

ေျခာက္ေအာင္သုတ္ေပးၿပီးရင္ Moisturizer ပါးပါးေလးကို လိမ္းေပးပါ။ တပတ္လွ်င္ ၂ ႀကိမ္မွ ၃ ႀကိမ္ မွန္မွန္လုပ္ေဆာင္ေပးရန္ လိုအပ္ပါတယ္။

၅။ ဒိန္ခ်ဥ္

မုန္႕ညက္ လက္ဖက္ရည္ဇြန္း ၁ ဇြန္းကို အခ်ိဳမပါသည့္ ဒိန္ခ်ဥ္ လက္ဖက္ရည္ဇြန္း ၃ ဇြန္းနဲ႕ ေရာစပ္ၿပီး ပ်စ္ႏွစ္သည္အထိ ေမႊေပးပါ။ လက္ေပၚမွာ မိနစ္အနည္းငယ္ေလာက္ ညွင္သာစြာ သုတ္လိမ္းေပးၿပီးရင္ မိနစ္အနည္းငယ္အေျခာက္ခံကာ ေရေႏြးေႏြးေလးနဲ႕ သန္႕စင္ေပးႏုိင္ပါတယ္။

တပတ္လွ်င္ ၁ ႀကိမ္မွ ၂ ႀကိမ္ မွန္မွန္လုပ္ေပးမယ္ဆိုရင္ ရလဒ္ေကာင္းေတြကို ျမင္ေတြ႕ႏုိင္မွာပါ။

Credit: MyHealth Myanmar
က်န္းမာေရး , အလွအပ

ဤစာဖတ္သူမ်ားအားလုံးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

နေ့စဉ်နေ့တိုင်း လုပ်ဆောင်နေကြတဲ့ လုပ်ငန်းဆောင်တာတွေမှာ လက်တစ်စုံက မဖြစ်မနေကို အသုံးပြုဖြစ်ကြပါတယ်။ မကြာခဏလက်ဆေးခြင်း၊ ပြင်းထန်တဲ့ဓာတုဓာတ်ပစ္စည်းတွေ၊ အစွန်းအထင်းတွေနဲ့လည်း အမြဲလိုလို ထိတွေ့နေပါတယ်။ ဒီလိုမျိုးတွေ ထိတွေ့နေရပေမယ့်လည်း လူအချို့ကတော့ အထူးဂရုတစိုက်မရှိကြလို့ လက်တွေမှာ ခြောက်သွေ့၊ ကြမ်းတမ်းမှုတွေ ဖြစ်လာရတာပါ။

ဒါကြောင့် ကိုယ့်ရဲ့လက်ကလေးတွေ ပြန်လည်နုပျိုစိုပြေလာစေဖို့ လုပ်ဆောင်နိုင်မယ့် အိမ်တွင်းနည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ သံလွင်ဆီ

သံလွင်ဆီထဲက Antioxidants တွေနဲ့ ကျန်းမာညီညွတ်တဲ့ ဖက်တီးအက်စစ်တွေက ခြောက်သွေ့တဲ့လက်တွေကို ပြန်လည်စိုပြေလာစေပါတယ်။ အသားအရေကို နူးညံ့အိစက်လာစေပြီး ရင့်ရော်တဲ့လက္ခဏာတွေကို လျော့ကျစေပါတယ်။

သံလွင်ဆီအနည်းငယ်ကို အပူပေးပြီး လက်ပေါ်မှာ ငါးမိနစ်ကြာ ညှင်သာစွာ ပွတ်လိမ်းပေးပါ။ တနေ့လျှင် နှစ်ကြိမ်လုပ်ပေးဖို့လိုအပ်ပါတယ်။

၂။ ပျားရည်

ပျားရည်နဲ့ဂလစ်စရင်း ပမာဏ အညီအမျှကို ရောစပ်ပြီး လက်ပေါ်မှာ သုတ်လိမ်းပေးပါ။ ၁၅ မိနစ်ကြာအောင် ထားပေးပြီးသည်နှင့် ရေနွေးနွေးလေးနဲ့ သန့်စင်ဆေးကြောပေးပြီးနောက် ခြောက်အောင်သုတ်ပေးပါ။ နေ့စဉ်မှန်မှန်လုပ်ပေးပါက ရလဒ်ကောင်းလေးတွေကို မြင်တွေ့နိုင်မှာပါ။

၃။ အုတ်ဂျုံမှုန့်

ကြိတ်ထားတဲ့ အုတ်ဂျုံမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်းကို ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ ပန်းကန်လုံးထဲရောပေးပါ။ သံပယိုရည်အစက် အနည်းငယ်ကိုလည်း ရောထည့်ပေးပါ။ ရေသင့်တင့်ရုံထည့်ပြီး သေချာမွှေပေးပါ။ လက်ပေါ်မှာ မိနစ်အနည်းငယ်ကြာအောင် ပွတ်လိမ်းပေးပြီး ၁၀ မိနစ်ကြာသည့်နောက် ရေနွေးလေးနဲ့ ဆေးကြောသန့်စင်နိုင်ပါတယ်။

တပတ်လျှင် တစ်ကြိမ် မှန်မှန်လုပ်ဆောင်ပေးပါ။

၄။ သံပယိုရည်

Lemon Drink

လက်နှစ်ဖက်ကို ဆပ်ပြာ၊ ရေနွေးနွေးတို့နှင့် ဆေးပေးပြီး တဘက်နုနုလေးနဲ့ သုတ်ပေးပါ။ မုန့်ဖုတ်ဆိုဒါ၊ ပျားရည်၊ သံပယိုရည်တို့ကို အချိုးအစားညီမျှစွာ ပေါင်းစပ်ပြီး မိနစ်အနည်းငယ်လောက် လက်မှာ ညှင်သာစွာ ပွတ်လိမ်းပေးပါ။ ၁၀ မိနစ်ထားပေးပြီးရင် ရေနွေးနွေးလေးနဲ့ ဆေးကြောသန့်စင်နိုင်ပါတယ်။

ခြောက်အောင်သုတ်ပေးပြီးရင် Moisturizer ပါးပါးလေးကို လိမ်းပေးပါ။ တပတ်လျှင် ၂ ကြိမ်မှ ၃ ကြိမ် မှန်မှန်လုပ်ဆောင်ပေးရန် လိုအပ်ပါတယ်။

၅။ ဒိန်ချဉ်

မုန့်ညက် လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို အချိုမပါသည့် ဒိန်ချဉ် လက်ဖက်ရည်ဇွန်း ၃ ဇွန်းနဲ့ ရောစပ်ပြီး ပျစ်နှစ်သည်အထိ မွှေပေးပါ။ လက်ပေါ်မှာ မိနစ်အနည်းငယ်လောက် ညှင်သာစွာ သုတ်လိမ်းပေးပြီးရင် မိနစ်အနည်းငယ်အခြောက်ခံကာ ရေနွေးနွေးလေးနဲ့ သန့်စင်ပေးနိုင်ပါတယ်။

တပတ်လျှင် ၁ ကြိမ်မှ ၂ ကြိမ် မှန်မှန်လုပ်ပေးမယ်ဆိုရင် ရလဒ်ကောင်းတွေကို မြင်တွေ့နိုင်မှာပါ။

Credit: MyHealth Myanmar
ကျန်းမာရေး , အလှအပ

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top