iMyanmarHouse.com - Best Property Website for Myanmar
×


သမီးရည္းစားေတြ အိမ္ေထာင္ရွင္ေတြဆိုတာ လူႏွစ္ဦးရဲ႕ ခံစားခ်က္ကို အေျချပဳထားရတဲ့ ဆက္ဆံေရးျဖစ္လို႔ စကားမ်ားရန္ျဖစ္တာေတြေတာ့ ရွိမွာပါပဲ။ ရန္ျဖစ္တဲ့ အခ်ိန္မွာ တဖက္သားကို နာၾကင္ေအာင္ စကားနဲ႔ ေျပာမိတာေတြ ရွိတတ္ပါတယ္။အခုေဖာ္ျပေပးမယ့္ အခ်က္ေတြက ရန္ျဖစ္ေနတဲ့အခ်ိန္မွာ ေရွာင္ၾကဥ္ရမယ့္ အခ်က္ေတြပဲ ျဖစ္ပါတယ္။

(၁) မိသားစုဝင္ေတြကို ဆြဲမထည့္ပါနဲ႔

စကားမ်ားရန္ျဖစ္တယ္ဆိုတာ သင္တို႔ ႏွစ္ေယာက္ၾကားက ကိစၥျဖစ္ပါတယ္။ မိဘနဲ႔ ေဆြမ်ိဳးေတြကို တိုင္တာဟာ ႀကီးမားတဲ့ မိသားစု ျပႆနာေတြကို ဦးတည္ေစပါတယ္။ သင္တို႔ႏွစ္ေယာက္ညႇိဳႏႈိင္းၿပီး အဆင္ေျပသြားၾကတဲ့ အခ်ိန္မွာ မိသားစုဝင္ ေတြက ရန္ျဖစ္ခဲ့တဲ့ ကိစၥကို မွတ္ထားၿပီး သင့္ရဲ႕ လက္တြဲေဖာ္ကို အျမင္မၾကည္တာေတြ ျဖစ္တတ္ပါတယ္။

(၂) လက္မပါ ပါနဲ႔

ရန္ျဖစ္တဲ့ အခ်ိန္ဟာ လူေတြရဲ႕ မေကာင္းတဲ့ အက်င့္ဆိုးေတြ အေပၚလြင္ဆုံးအခ်ိန္ပဲ ျဖစ္ပါတယ္။ ဘယ္ေလာက္ပဲ စိတ္တိုေနေစဦးေတာ့ သင္ကိုယ္တိုင္ေရာ သင့္ရဲ႕ လက္တြဲေဖာ္ပါ လက္မပါဖို႔ လိုပါတယ္။ ကိုယ္ထိလက္ေရာက္ က်ဴးလြန္တာမ်ိဳးဟာ လူတဖက္သားကို အခ်စ္ေလ်ာ့ေစပါတယ္။ ဒါ့အျပင္ သင့္ကို တျဖည္းျဖည္း ေရွာင္လာႏိုင္ပါတယ္။

(၃) ျပတ္ဆဲမယ့္အေၾကာင္း မေျပာပါနဲ႔

ရန္ျဖစ္စကားမ်ားတိုင္း ျပတ္မယ္လို႔ ေျပာျခင္းဟာ သင့္ရဲ႕ လက္တြဲေဖာ္ကို ေစာ္ကားေနသလိုပါပဲ။ ဒီလို ေျပာျခင္းဟာ သင့္ရဲ႕ လက္တြဲေဖာ္ကို စိတ္ထိခိုက္ေစပါတယ္။ မၾကာခဏ ျပတ္ဆဲမယ္ ေျပာရင္းကေန အမွန္တကယ္ ျပတ္ဆဲဖို႔အထိ ျဖစ္လာႏိုင္ပါတယ္။ သင့္ရဲ႕ လက္တြဲေဖာ္ကို အမွန္တကယ္ ခ်စ္တယ္ဆိုရင္ ျပတ္ဆဲမယ္ဆိုတဲ့ စကားကို မေျပာမိဖို႔ သတိထားပါ။

(၄) ထြက္မသြားပါနဲ႔

ရန္ျဖစ္ေနရင္းနဲ႔ တေနရာကို ထထြက္သြားတာမ်ိဳး ဘယ္ေတာ့မွ မလုပ္ပါနဲ႔။ တေယာက္တည္း ေနခ်င္ရင္ ေနလို႔ ရေပမယ့္ သင့္လက္တြဲေဖာ္နဲ႔ အနီးဆုံးမွာသာ ေနပါ။ အိမ္ကေန ထထြက္သြားတာ၊ ထြက္ေျပးတာ၊ စကားကို တဝက္တပ်က္ထားခဲ့ တာဟာ သင့္လက္တြဲေဖာ္ကို ဝမ္းနည္းေစတတ္သလို သင့္ကိုလည္း ရင့္က်က္တဲ့သူ မဟုတ္ဘူးလို႔ ထင္သြားႏိုင္ပါတယ္။ ျပႆနာကို တခါတည္း ၿပီးေအာင္ေျဖရွင္းဖို႔ အႀကံေပးခ်င္ပါတယ္။

(၅) ဘယ္ေတာ့မွ အိပ္ရာခြဲမအိပ္ပါနဲ႔

ရန္ျဖစ္တဲ့ အခ်ိန္ေတြမွာ အိပ္ရာခြဲအိပ္ဖို႔ ဆုံးျဖတ္တာဟာ ျပန္အဆင္မေျပခ်င္ဘူးဆိုတဲ့ သေဘာကို သက္ေရာက္ ေစပါတယ္။ စကားမေျပာျဖစ္ဦးေတာ့ အိပ္ရာအတူတူပဲ အိပ္သင့္ပါတယ္။ အိပ္ရာအတူတူအိပ္ျခင္းေၾကာင့္ ေကာင္းက်ိဳးေတြ ရလာႏိုင္တာကို မေမ့ပါနဲ႔။

ေနာက္ထပ္အေရးႀကီးတာ တခုကေတာ့ လူျမင္ကြင္းမွာ ရန္မျဖစ္ဖိုပါပဲ။ လူျမင္ကြင္းမွာ ရန္ျဖစ္တာဟာ သင္တို႔ ႏွစ္ေယာက္ တေယာက္ကို တေယာက္ မေလးစားသလို ျဖစ္တဲ့ အျပင္ ပတ္ဝန္းက်င္က လူေတြကိုလည္း မေလးစာရာေရာက္ပါတယ္။

Credit:Irrawaddy

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

သမီးရည်းစားတွေ အိမ်ထောင်ရှင်တွေဆိုတာ လူနှစ်ဦးရဲ့ ခံစားချက်ကို အခြေပြုထားရတဲ့ ဆက်ဆံရေးဖြစ်လို့ စကားများရန်ဖြစ်တာတွေတော့ ရှိမှာပါပဲ။ ရန်ဖြစ်တဲ့ အချိန်မှာ တဖက်သားကို နာကြင်အောင် စကားနဲ့ ပြောမိတာတွေ ရှိတတ်ပါတယ်။အခုဖော်ပြပေးမယ့် အချက်တွေက ရန်ဖြစ်နေတဲ့အချိန်မှာ ရှောင်ကြဉ်ရမယ့် အချက်တွေပဲ ဖြစ်ပါတယ်။

(၁) မိသားစုဝင်တွေကို ဆွဲမထည့်ပါနဲ့

စကားများရန်ဖြစ်တယ်ဆိုတာ သင်တို့ နှစ်ယောက်ကြားက ကိစ္စဖြစ်ပါတယ်။ မိဘနဲ့ ဆွေမျိုးတွေကို တိုင်တာဟာ ကြီးမားတဲ့ မိသားစု ပြဿနာတွေကို ဦးတည်စေပါတယ်။ သင်တို့နှစ်ယောက်ညှိုနှိုင်းပြီး အဆင်ပြေသွားကြတဲ့ အချိန်မှာ မိသားစုဝင် တွေက ရန်ဖြစ်ခဲ့တဲ့ ကိစ္စကို မှတ်ထားပြီး သင့်ရဲ့ လက်တွဲဖော်ကို အမြင်မကြည်တာတွေ ဖြစ်တတ်ပါတယ်။

(၂) လက်မပါ ပါနဲ့

ရန်ဖြစ်တဲ့ အချိန်ဟာ လူတွေရဲ့ မကောင်းတဲ့ အကျင့်ဆိုးတွေ အပေါ်လွင်ဆုံးအချိန်ပဲ ဖြစ်ပါတယ်။ ဘယ်လောက်ပဲ စိတ်တိုနေစေဦးတော့ သင်ကိုယ်တိုင်ရော သင့်ရဲ့ လက်တွဲဖော်ပါ လက်မပါဖို့ လိုပါတယ်။ ကိုယ်ထိလက်ရောက် ကျူးလွန်တာမျိုးဟာ လူတဖက်သားကို အချစ်လျော့စေပါတယ်။ ဒါ့အပြင် သင့်ကို တဖြည်းဖြည်း ရှောင်လာနိုင်ပါတယ်။

(၃) ပြတ်ဆဲမယ့်အကြောင်း မပြောပါနဲ့

ရန်ဖြစ်စကားများတိုင်း ပြတ်မယ်လို့ ပြောခြင်းဟာ သင့်ရဲ့ လက်တွဲဖော်ကို စော်ကားနေသလိုပါပဲ။ ဒီလို ပြောခြင်းဟာ သင့်ရဲ့ လက်တွဲဖော်ကို စိတ်ထိခိုက်စေပါတယ်။ မကြာခဏ ပြတ်ဆဲမယ် ပြောရင်းကနေ အမှန်တကယ် ပြတ်ဆဲဖို့အထိ ဖြစ်လာနိုင်ပါတယ်။ သင့်ရဲ့ လက်တွဲဖော်ကို အမှန်တကယ် ချစ်တယ်ဆိုရင် ပြတ်ဆဲမယ်ဆိုတဲ့ စကားကို မပြောမိဖို့ သတိထားပါ။

(၄) ထွက်မသွားပါနဲ့

ရန်ဖြစ်နေရင်းနဲ့ တနေရာကို ထထွက်သွားတာမျိုး ဘယ်တော့မှ မလုပ်ပါနဲ့။ တယောက်တည်း နေချင်ရင် နေလို့ ရပေမယ့် သင့်လက်တွဲဖော်နဲ့ အနီးဆုံးမှာသာ နေပါ။ အိမ်ကနေ ထထွက်သွားတာ၊ ထွက်ပြေးတာ၊ စကားကို တဝက်တပျက်ထားခဲ့ တာဟာ သင့်လက်တွဲဖော်ကို ဝမ်းနည်းစေတတ်သလို သင့်ကိုလည်း ရင့်ကျက်တဲ့သူ မဟုတ်ဘူးလို့ ထင်သွားနိုင်ပါတယ်။ ပြဿနာကို တခါတည်း ပြီးအောင်ဖြေရှင်းဖို့ အကြံပေးချင်ပါတယ်။

(၅) ဘယ်တော့မှ အိပ်ရာခွဲမအိပ်ပါနဲ့

ရန်ဖြစ်တဲ့ အချိန်တွေမှာ အိပ်ရာခွဲအိပ်ဖို့ ဆုံးဖြတ်တာဟာ ပြန်အဆင်မပြေချင်ဘူးဆိုတဲ့ သဘောကို သက်ရောက် စေပါတယ်။ စကားမပြောဖြစ်ဦးတော့ အိပ်ရာအတူတူပဲ အိပ်သင့်ပါတယ်။ အိပ်ရာအတူတူအိပ်ခြင်းကြောင့် ကောင်းကျိုးတွေ ရလာနိုင်တာကို မမေ့ပါနဲ့။

နောက်ထပ်အရေးကြီးတာ တခုကတော့ လူမြင်ကွင်းမှာ ရန်မဖြစ်ဖိုပါပဲ။ လူမြင်ကွင်းမှာ ရန်ဖြစ်တာဟာ သင်တို့ နှစ်ယောက် တယောက်ကို တယောက် မလေးစားသလို ဖြစ်တဲ့ အပြင် ပတ်ဝန်းကျင်က လူတွေကိုလည်း မလေးစာရာရောက်ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top