iMyanmarHouse.com - Best Property Website for Myanmar
×
Credit:nanmalgyi
အနုပညာ
#Unicode Version# ဖြင့်ဖတ်ပါ ။
စူပါဟီးရိုးဝတ်စုံတွေ Anime ဇာတ်ကောင်တွေရဲ့ဝတ်စုံတွေ တစ်စုံပြီးတစ်စုံဝတ်ပြီးပွဲတွေတက်နေတဲ့ သရုပ်ဆောင်စည်သူပလပ်ကျွတ်ကတော့ သူ့ရဲ့ကြီးမားတဲ့အစီစဉ်တစ်ခုကို Myanmar Celebrity နဲ့အင်တာဗျူးတစ်ခုမှာပြောပြသွားပါတယ်။ သူပြောပြသွားတဲ့သူရဲ့အစီစဉ်တစ်ခုအကြောင်းကိုပြောချင်လွန်းလို့ပရိသတ်ကြီးသိအောင်ပြောပြလိုက်ပါတယ်နော်။
ကျွန်တော်ဝတ်စုံ၁၀စုံပြည့်ရင် ကျနော်Show ပွဲတစ်ပွဲလုပ်မယ်။ Marvelသီချင်းရယ် Dc သီချင်းရယ် စပ်ထားတာရှိတယ်။ အဲ့တာက ကချင်ပြည်နယ်က အလွမ်းဆိုတဲ့တေးရေးဆရာပြီးတော့ ကျနော်တို့ဒိုး ကျနော့်ကိုတေးရေးလုပ်ပေးတဲ့ဒိုဒ သူနဲ့အတူသီချင်းတွေလုပ်နေတယ်။ သီချင်းတွေပြီးတာနဲ့ ဟီးရိုးကြီးစူပါဟီးရိုးကြီးဝတ်စုံတွေဝတ်ပြီး ဟီးရိုးShow ပွဲကြီးဆိုပြချင်တယ်။ Super Hero ဝတ်စုံတွေဝတ်ပြီးတော့ Dancer တွေနဲ့အဲ့ဒီလိုလုပ်ချင်တာ။ သြင်္ကန်ပြီးတဲ့အချိန်မှာSponsor ရတာနဲ့ကျနော်လုပ်တော့မယ် မျှော်စင်ကျွန်းထဲမှာ ။ မျှော်စင်ကျွန်းShowပွဲကြီးပေါ့။ အဓိကကတော့ ကျနော် ဘဘစိုင်းကိုသဘောကျလို့ပါသူရဲ့Show ပွဲ Birthday ပွဲတွေကြည့်ပြီးအားကျလို့ ။ ဒါပေမယ့် ကျနော်ကတော့ ကျနော့်အတိုင်းအတာလေးနဲ့ပေါ့နော်။ ဝင်သလောက်ပေါ့ လူလေးလာသလောက်ကိုကျနော်ဖျော်ဖြေပါ့မယ်။ ပြီးတော့ Super Hero ဖန်တွေကိုလည်းဖိတ်ပါ့မယ်လို့ ဒါကကျနော်ကလျှောက်ထားရတာပေါ့။
သီချင်းခွေလုပ်ဖို့ရှိမရှိကိုလည်း “ သီချင်းက ကျနော် ၇ပုဒ်လုပ်ထားတယ်။ ကျနော်ဟီးရိုးသီချင်းနဲ့ဆို၈ပုဒ်ရှိတယ်။ Marvel ကိုလည်းချစ်တယ် DCကိုလည်းချစ်တယ်အဲ့တာမျိုးပေါ့နော် ။ DC က Marvel ကလူတွေအကုန်လုံးကို ချစ်တယ်ဆိုတဲ့အကြောင်း DC HeroတွေရောMarvel Hero တွေရောချစ်တယ်ဆိုတဲ့အကြောင်း Naruto အဖွဲ့ကိုလည်းချစ်တယ်ဆိုတဲ့အကြောင်း သီချင်းလေးပါ အဲ့ဒီသီချင်းလေးကို Rap နဲ့ ဟိုဟာနဲ့စပ်ထားပါတယ်။ စပ်ထားတဲ့သူရှိတယ်ပေါ့နော် ။ အဲ့တာတွေကိုကျနော်ကဆိုပြပေးမယ်။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။ ကဲပြောချင်လွန်းလို့ပရိသတ်ကြီးရော သူ့Show ပွဲကြီးလုပ်ရင် သွားပြီးအားပေးကြဦးမှာလား
Credit:nanmalgyi
အနုပညာ
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top