iMyanmarHouse.com - Best Property Website for Myanmar
×

အေရျပားဟာ စပါးလံုးတစ္ေထာက္စာေလာက္သာ႐ိွ႕တယ္လို႔ ေ႐ွးလူႀကီးေတြေျပာစကားအရၾကားခဲ့ဖူးသလို။အသားမည္းတဲ့သူေတြဆိုလည္း လူေတာ္ေတာ္မ်ားမ်ားကေလွာင္ေျပာင္ခ်င္ၾကပါတယ္။ ဒါေပမယ့္ သင့္အသားေရမည္းေန႐ံုေလာက္နဲ႔ေတာ့ ဘဝမွာစိတ္ပ်က္အားငယ္စြာနဲ႔ဘဝကို ျဖတ္သန္းမသြားပါနဲ႔။ အသားမည္းျခင္းမွာလည္းေကာင္းက်ိဳး ေလးေတြ႐ိွပါတယ္။ အဲ့ဒီေကာင္းက်ိဳးေတြကို ေျပာခ်င္လြန္းလို႔ ပရိသတ္ႀကီးသိေအာင္ ေျပာျပလိုက္ပါတယ္။

ေနေလာင္ဒဏ္ခံရမႈမွသက္သာျခင္း
ပံုမွန္အသားေရ႐ိွတဲ့သူတစ္ေယာက္သာ ေနေလာင္ခံရၿပီဆိုရင္ေတာ့ အသားေရာင္ဟာ ခရမ္းခ်ဥ္သီးေရာင္လိုလို၊ မုန္႔လာဥနီေရာင္လိုလိုျဖစ္သြားၾက႐ံုမကဘဲ တခ်ိဳ႕ဆို အေရျပားအထူးကုဆရာဝန္ေတြဆီမွာ ကုသမႈခံယူရတဲ့အထိ ျဖစ္သြားၾကပါတယ္။ဒါေပမယ့္ အသားမည္းတဲ့လူေတြကေတာ့ အဲဒီလိုဒဏ္ေတြကေန ေဝါင္ေဝါင္ေ႐ႊး ေဝးေဝးေရွာင္ႏိုင္မွာျဖစ္ပါတယ္။

အိုမင္းရင့္ေရာ္မႈေႏွးျခင္း
မ်ားေသာအားျဖင့္အျဖဴေရာင္အသားေရ႐ိွတဲ့သူေတြဟာခရမ္းလြန္ေရာင္ျခည္ေၾကာင့္ အသက္ရြယ္အနည္းငယ္ရလာတဲ့အခါ မ်က္ႏွာေပၚမွာ အစက္အေျပာက္ေတြ၊အဖုအထစ္ေတြ၊ အေရးအေၾကာင္းေတြဟာ ပါးျပင္၊ႏွာေခါင္းစတဲ့ေနရာမွာ ေပၚလာတတ္တယ္ဆိုၿပီးေတြရတာေတြကိုေတာ့ အိုမင္းရင့္ေရာလြယ္ျခင္း လို႔ေခၚရပါမယ္။ အမည္းေရာင္အသားေရ႐ိွတဲ့သူေတြကေတာ့ တူညီတဲ့ ေနရာင္ဒဏ္ထိထားတယ္ဆိုရင္ေတာင္ သဘာဝႀကီးကေပးစြမ္းထားတဲ့ အသားေရာင္ေၾကာင့္ အေရးအေၾကာင္းျဖစ္တာနည္းၿပီး အသားေရဟာ ေခ်ာေမြ႕ေနဦးမွာပါ။

အေရျပားကင္ဆာျဖစ္ႏိုင္ေျခနည္းျခင္း
အျဖဴေရာင္အသားေရဟာ ခရမ္းလြန္ေရာင္ျခည္ကို အေရျပားေအာက္ပိုင္းအလႊာထိ ထိုးေဖာက္ဝင္ေရာက္သြားႏိုင္ပါတယ္။အဲ့ဒီလိုထိုးေဖာက္ဝင္ေရာက္မႈဟာ အေရျပားဆဲလ္ေတြကိုဗီဇေျပာင္းလဲေစၿပီး ကင္ဆာျဖစ္တဲ့အထိေတာင္ဆိုးရြားႏင္ေပမယ့္ အမည္းေရာင္အသားေရ ကေတာ့ သဘာဝႀကီးကေပးထားတဲ့ ထီးတစ္ေခ်ာင္းလို အဲ့ဒီခရမ္းလြန္ေရာင္ျခည္ ထိုးေဖာက္ဝင္ေရာက္မႈကိုတားဆီးထားပါလိမ့္မယ္။

ဘယ္လိ္ုပဲျဖစ္ျဖစ္ပါ အသားမည္းတာ စိတ္ပ်က္အားငယ္စရာမေကာင္းဘဲ ဂုဏ္ယူစရာတစ္ခုရယ္လို႔ေတာင္ သင္ထင္သြားၿပီး အသားမည္းျခင္းကို ေပ်ာ္႐ႊင္စြာ ဂုဏ္ယူလိုက္ပါ။

Credit:nanmalgyi

အလွအပ
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

အရေပြားဟာ စပါးလုံးတစ်ထောက်စာလောက်သာရှိ့တယ်လို့ ရှေးလူကြီးတွေပြောစကားအရကြားခဲ့ဖူးသလို။အသားမည်းတဲ့သူတွေဆိုလည်း လူတော်တော်များများကလှောင်ပြောင်ချင်ကြပါတယ်။ ဒါပေမယ့် သင့်အသားရေမည်းနေရုံလောက်နဲ့တော့ ဘဝမှာစိတ်ပျက်အားငယ်စွာနဲ့ဘဝကို ဖြတ်သန်းမသွားပါနဲ့။ အသားမည်းခြင်းမှာလည်းကောင်းကျိုး လေးတွေရှိပါတယ်။ အဲ့ဒီကောင်းကျိုးတွေကို ပြောချင်လွန်းလို့ ပရိသတ်ကြီးသိအောင် ပြောပြလိုက်ပါတယ်။

နေလောင်ဒဏ်ခံရမှုမှသက်သာခြင်း
ပုံမှန်အသားရေရှိတဲ့သူတစ်ယောက်သာ နေလောင်ခံရပြီဆိုရင်တော့ အသားရောင်ဟာ ခရမ်းချဉ်သီးရောင်လိုလို၊ မုန့်လာဥနီရောင်လိုလိုဖြစ်သွားကြရုံမကဘဲ တချို့ဆို အရေပြားအထူးကုဆရာဝန်တွေဆီမှာ ကုသမှုခံယူရတဲ့အထိ ဖြစ်သွားကြပါတယ်။ဒါပေမယ့် အသားမည်းတဲ့လူတွေကတော့ အဲဒီလိုဒဏ်တွေကနေ ဝေါင်ဝေါင်ရွှေး ဝေးဝေးရှောင်နိုင်မှာဖြစ်ပါတယ်။

အိုမင်းရင့်ရော်မှုနှေးခြင်း
များသောအားဖြင့်အဖြူရောင်အသားရေရှိတဲ့သူတွေဟာခရမ်းလွန်ရောင်ခြည်ကြောင့် အသက်ရွယ်အနည်းငယ်ရလာတဲ့အခါ မျက်နှာပေါ်မှာ အစက်အပြောက်တွေ၊အဖုအထစ်တွေ၊ အရေးအကြောင်းတွေဟာ ပါးပြင်၊နှာခေါင်းစတဲ့နေရာမှာ ပေါ်လာတတ်တယ်ဆိုပြီးတွေရတာတွေကိုတော့ အိုမင်းရင့်ရောလွယ်ခြင်း လို့ခေါ်ရပါမယ်။ အမည်းရောင်အသားရေရှိတဲ့သူတွေကတော့ တူညီတဲ့ နေရာင်ဒဏ်ထိထားတယ်ဆိုရင်တောင် သဘာဝကြီးကပေးစွမ်းထားတဲ့ အသားရောင်ကြောင့် အရေးအကြောင်းဖြစ်တာနည်းပြီး အသားရေဟာ ချောမွေ့နေဦးမှာပါ။

အရေပြားကင်ဆာဖြစ်နိုင်ခြေနည်းခြင်း
အဖြူရောင်အသားရေဟာ ခရမ်းလွန်ရောင်ခြည်ကို အရေပြားအောက်ပိုင်းအလွှာထိ ထိုးဖောက်ဝင်ရောက်သွားနိုင်ပါတယ်။အဲ့ဒီလိုထိုးဖောက်ဝင်ရောက်မှုဟာ အရေပြားဆဲလ်တွေကိုဗီဇပြောင်းလဲစေပြီး ကင်ဆာဖြစ်တဲ့အထိတောင်ဆိုးရွားနင်ပေမယ့် အမည်းရောင်အသားရေ ကတော့ သဘာဝကြီးကပေးထားတဲ့ ထီးတစ်ချောင်းလို အဲ့ဒီခရမ်းလွန်ရောင်ခြည် ထိုးဖောက်ဝင်ရောက်မှုကိုတားဆီးထားပါလိမ့်မယ်။

ဘယ်လိုပဲဖြစ်ဖြစ်ပါ အသားမည်းတာ စိတ်ပျက်အားငယ်စရာမကောင်းဘဲ ဂုဏ်ယူစရာတစ်ခုရယ်လို့တောင် သင်ထင်သွားပြီး အသားမည်းခြင်းကို ပျော်ရွှင်စွာ ဂုဏ်ယူလိုက်ပါ။

Credit:nanmalgyi

အလှအပ
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top