iMyanmarHouse.com - Best Property Website for Myanmar
×

ကုိရီးယားရဲ႕အထင္ကရမင္းသားတစ္လက္ျဖစ္တဲ့ အျပံဳးခ်ိဳခ်ိဳနဲ႔ တစ္ကမၻာလံုးက မိန္းကေလးေတာ္ေတာ္မ်ားမ်ားရဲ႕ အသည္းကုိဖမ္းစားထားခဲ့တဲ့ ေဆာင္ဂြ်န္ကီဟာ သိပ္မၾကာေသးတဲ့ နွစ္အနည္းငယ္ကပဲ နာမည္ၾကီးမင္းသမီး ေဆာင္းေဟကို (အြန္ေစာ) နဲ႔လက္ထပ္လိုက္တဲ့အခ်ိန္မွာ တစ္ကမၻာလံုးက ပရိသတ္ေတြနွေမ်ာတသဝမ္းနည္းအသည္းကြဲခဲ့ရသလို သူတို႔ကုိ song song couple ဆိုျပီးခ်စ္ၾကတဲ့ပရိသတ္ေတြကလည္း အမ်ားၾကီးရွိလာခဲ့ပါတယ္။

အခုသိပ္မၾကာေသးခင္ရက္ပုိင္းကထြက္လာတဲ့သတင္းေတြအရ ပရိသတ္ေတြအရမ္းခ်စ္ၾကတဲ့ song song couple ဟာ အဆင္မေျပမႈေတြေၾကာင့္ကြာရွင္းလုိက္ၾကျပီလို႔ China Press Online Media က ေဖာ္ျပလာခဲ့ပါတယ္။ song song couple ဟာ နဂိုကတည္းက အသက္အရမ္းကြာေနတာေၾကာင့္ေရာ ခ်စ္သူသက္တမ္းသိပ္မၾကာခင္လက္ထပ္လိုက္တာေတြေၾကာင့္ေရာ သိပ္အၾကာၾကီးလက္တြဲနုိင္ပါ့မလားလို႔ ပရိသတ္ေတြက သံသယရွိခဲ့ၾကေပမယ့္ လက္ထပ္ျပီးတစ္နွစ္ေက်ာ္မွာ ျမန္ျမန္ၾကီးလမ္းခြဲလိုက္ၾကမယ္လုိ႔ေတာ့ဘယ္သူမွထင္မထားခဲ့ၾကပါဘူး။

ဒီသတင္းကုိတင္တဲ့ China Media က ေဆာင္းေဟကုိတစ္ေယာက္ အလုပ္ကိစၥနဲ႔ နုိင္ငံတကာေလဆိပ္ကုိေရာက္ခ်ိန္မွာ ပါပါရာဇီေတြက အမိအရရုိက္လာတဲ့ဓာတ္ပံုေတြအရ ေဆာင္းေဟကုိရဲ႕လက္မွာ လက္ထပ္လက္စြပ္ဝတ္မထားတာကုိေတြ႕ရပါတယ္။ ေဆာင္းေဟကုိရဲ႕ Instagram မွာလည္း ေဆာင္ဂြ်န္ကီနဲ႔ေနာက္ဆံုးတင္ထားတဲ့ဓာတ္ပံုကုိဖ်က္ထားတာေတြ႕ရပါတယ္တဲ့။ဒါေပမယ့္ မဂၤလာေဆာင္ဓာတ္ပံုေတြကေတာ့ ရွိေနတုန္းပါ။ ဒါေၾကာင့္ပရိသတ္ေတာ္ေတာ္မ်ားမ်ားကေတာ့ ေဆာင္ဂြ်န္ကီနဲ႔ခဏတာရန္ျဖစ္ထားလို႔ လက္စြပ္ခြ်တ္ထားတာျဖစ္နုိင္ျပီး ကြာရွင္းလိုက္တာေတာ့မဟုတ္နုိင္ေၾကာင္းမွတ္ခ်က္ေတြေပးထားၾကပါတယ္။ ဒါေပမယ့္ ေမာင္ေလးကုိဒီေလာက္တုန္ေနေအာင္ခ်စ္တဲ့ မမက လက္ထပ္လက္စြပ္ပါခြ်တ္ထားျပီးတစ္ေယာက္တည္းေလွ်ာက္သြားေနတာဆိုေတာ့ ကေတာက္ကဆျဖစ္ထားတာဆိုရင္ေတာင္ ျပႆနာကေတာ္ေတာ္နဲ႔မေျပလည္မယ့္ပံုပဲလို႔ ေကာက္ခ်က္ခ်သူေတြလည္းရွိေနပါတယ္။
 
ပရိသတ္ၾကီးေရာ ေဆာင္ဂြ်န္ကီနဲ႔ေဆာင္းေဟကုိကုိ ခ်စ္ၾကလား။ Song Song Couple ေလးအျမန္ဆံုးျပန္အဆင္ေျပေစခ်င္ၾကလား။ ဒါမွမဟုတ္ Song Joong Ki လူလြတ္ျပန္ျဖစ္သြားတာကုိေစာင့္စားေနတဲ့ ပရိသတ္မိန္းကေလးေတြထဲမွာပါလား။ ေျပာခဲ့ၾကပါဦး။

Credit:Can’t Wait To Say
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
  ကိုရီးယားရဲ့အထင်ကရမင်းသားတစ်လက်ဖြစ်တဲ့ အပြုံးချိုချိုနဲ့ တစ်ကမ္ဘာလုံးက မိန်းကလေးတော်တော်များများရဲ့ အသည်းကိုဖမ်းစားထားခဲ့တဲ့ ဆောင်ဂျွန်ကီဟာ သိပ်မကြာသေးတဲ့ နှစ်အနည်းငယ်ကပဲ နာမည်ကြီးမင်းသမီး ဆောင်းဟေကို (အွန်စော) နဲ့လက်ထပ်လိုက်တဲ့အချိန်မှာ တစ်ကမ္ဘာလုံးက ပရိသတ်တွေနှမျောတသဝမ်းနည်းအသည်းကွဲခဲ့ရသလို သူတို့ကို song song couple ဆိုပြီးချစ်ကြတဲ့ပရိသတ်တွေကလည်း အများကြီးရှိလာခဲ့ပါတယ်။

အခုသိပ်မကြာသေးခင်ရက်ပိုင်းကထွက်လာတဲ့သတင်းတွေအရ ပရိသတ်တွေအရမ်းချစ်ကြတဲ့ song song couple ဟာ အဆင်မပြေမှုတွေကြောင့်ကွာရှင်းလိုက်ကြပြီလို့ China Press Online Media က ဖော်ပြလာခဲ့ပါတယ်။ song song couple ဟာ နဂိုကတည်းက အသက်အရမ်းကွာနေတာကြောင့်ရော ချစ်သူသက်တမ်းသိပ်မကြာခင်လက်ထပ်လိုက်တာတွေကြောင့်ရော သိပ်အကြာကြီးလက်တွဲနိုင်ပါ့မလားလို့ ပရိသတ်တွေက သံသယရှိခဲ့ကြပေမယ့် လက်ထပ်ပြီးတစ်နှစ်ကျော်မှာ မြန်မြန်ကြီးလမ်းခွဲလိုက်ကြမယ်လို့တော့ဘယ်သူမှထင်မထားခဲ့ကြပါဘူး။

ဒီသတင်းကိုတင်တဲ့ China Media က ဆောင်းဟေကိုတစ်ယောက် အလုပ်ကိစ္စနဲ့ နိုင်ငံတကာလေဆိပ်ကိုရောက်ချိန်မှာ ပါပါရာဇီတွေက အမိအရရိုက်လာတဲ့ဓာတ်ပုံတွေအရ ဆောင်းဟေကိုရဲ့လက်မှာ လက်ထပ်လက်စွပ်ဝတ်မထားတာကိုတွေ့ရပါတယ်။ ဆောင်းဟေကိုရဲ့ Instagram မှာလည်း ဆောင်ဂျွန်ကီနဲ့နောက်ဆုံးတင်ထားတဲ့ဓာတ်ပုံကိုဖျက်ထားတာတွေ့ရပါတယ်တဲ့။ဒါပေမယ့် မင်္ဂလာဆောင်ဓာတ်ပုံတွေကတော့ ရှိနေတုန်းပါ။ ဒါကြောင့်ပရိသတ်တော်တော်များများကတော့ ဆောင်ဂျွန်ကီနဲ့ခဏတာရန်ဖြစ်ထားလို့ လက်စွပ်ချွတ်ထားတာဖြစ်နိုင်ပြီး ကွာရှင်းလိုက်တာတော့မဟုတ်နိုင်ကြောင်းမှတ်ချက်တွေပေးထားကြပါတယ်။ ဒါပေမယ့် မောင်လေးကိုဒီလောက်တုန်နေအောင်ချစ်တဲ့ မမက လက်ထပ်လက်စွပ်ပါချွတ်ထားပြီးတစ်ယောက်တည်းလျှောက်သွားနေတာဆိုတော့ ကတောက်ကဆဖြစ်ထားတာဆိုရင်တောင် ပြဿနာကတော်တော်နဲ့မပြေလည်မယ့်ပုံပဲလို့ ကောက်ချက်ချသူတွေလည်းရှိနေပါတယ်။

ပရိသတ်ကြီးရော ဆောင်ဂျွန်ကီနဲ့ဆောင်းဟေကိုကို ချစ်ကြလား။ Song Song Couple လေးအမြန်ဆုံးပြန်အဆင်ပြေစေချင်ကြလား။ ဒါမှမဟုတ် Song Joong Ki လူလွတ်ပြန်ဖြစ်သွားတာကိုစောင့်စားနေတဲ့ ပရိသတ်မိန်းကလေးတွေထဲမှာပါလား။ ပြောခဲ့ကြပါဦး။

Credit:Can’t Wait To Say

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top