iMyanmarHouse.com - Best Property Website for Myanmar
×




Credit:Nanmalgyi
#Unicode Version#
 တစ်ခေတ်တစ်ခါက လျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြားခဲ့တဲ့ အကယ်ဒမီများရှင် နိုင်ငံကျော်မင်းသမီးကြီး မို့မို့မြင့်အောင်တော့ အနုပညာလောကမှာ သူကိုယ်တိုင်မွေးထုတ်ပေးထားတဲ့ မင်းသားတွေထဲမှာ သူထူးစံက အခုမင်္ဂလာဆောင်နေပြီဖြစ်ပြီး သူထူးစံရဲ့ မင်္ဂလာပွဲမှာ မူးယစ်ဆေးဝါးအမှုနဲ့ ထောင်၁၇နှစ်ကျခံနေရတဲ့ မိုးအောင်ရင်ကိုလည်း ရှိနေစေချင်လို့ အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

မို့မို့မြင့်အောင် “မို့ရဲ့ သားပေါ့နော် သားအရင်းလိုပဲ အရမ်းချစ်ခဲ့ရတာပါ တပည့်ဆိုပေမယ့် သားအရင်းလိုချစ်တာပါ။ မို့သားလေး ကောင်းသောမိန်းကလေး မိကောင်းဖခင်သမီးလေးကို ရလိုက်တဲ့အတွက် မို့အရမ်းဝမ်းသာပါတယ်။ သူ့ကို တော်ရုံတန်ရုံ မိန်းမဆိုးတွေနဲ့ရသွားမှာ အရမ်းကြောက်တယ်။ အခုခေတ်က မိန်းမဆိုးတွေက ပေါကြတယ်လေ။ ဒါကတော့သိကြတဲ့အတိုင်းပဲနော် အဲ့လိုကျသွားမှာလည်း ကြောက်တယ်။ အခုတော့ မိကောင်းဖခင် သမီးလေးနဲ့ ရလိုက်တဲ့ အတွက်ကြောင့် ဝမ်းသာပါတယ် ဘာဖြစ်လို့လဲဆိုတော့ သူကလေ အအကြီးသိလား လည်မယောင်နဲ့ အအကြီး သူထူးစံက အင်မတန်အပါတယ်။ ထူတဲ့ထဲမှာလည်း သူပါပါတယ် မသိရင် သူ့ရုပ်ကြီးက လည်မယ်လို့ထင်ရတယ်ပေါ့နော် အမှန်တော့ လုံးဝ သူထူးစံက လည်မယ့်အထဲမှာ မပါဘူး။ အင်မတန်တုံးတုံးအအထဲမှာ ပါတာပါ။ ဒါကြောင့် ရိုးသားတဲ့ သတို့သမီးလေးရလိုက်တဲ့အတွက်ကြောင့် မို့အင်မတန် ဝမ်းသာပါတယ်။”လို့ သူထူးစံမင်္ဂလာဆောင်နဲ့ ပတ်သက်ပြီးတော့ ပြောသွားခဲ့ပါတယ်။

မိုးအောင်ရင်နဲ့သူထူးစံဆိုရင် ဘာတွေကွာလဲလို့ မေးမြန်းရာ ” ဟိုကောင်လေးက ပါးနပ်တယ်လည်တယ်။ အဲ့အကြောင်းပြောတော့လည်း စိတ်မကောင်းဖြစ်ရတယ် ဒီသားတစ်ယောက် မင်္ဂလာယူတဲ့အချိန်မှာ ဟိုသားတစ်ယောက်အကြောင်းလေးတော့ စိတ်မကောင်းဖြစ်တယ်။ ဟိုသားလေးလည်း ဘာပဲ ဖြစ်ဖြစ်လေ မမို့စိတ်မကာင်းတာလေး တစ်ခုက သားရယ် မင်းသတို့သား အရံမထည့်ဘူးလားလို့ မမို့က သူ့ကို မေးတယ် သူထူးစံကို သူက ဘာပြန်ပြောလဲဆိုတော့ အစ်မရယ်တဲ့ ကျွန်တော့်ညီလေးမှ မရှိတာတဲ့ မို့တော်တော်ရင်ထဲမှာ ခံစားရတယ်။ ဟိုသားအတွက်လည်း ခံစားရတာပေါ့နော် ကျွန်တော့်ညီလေးမှ မရှိတာ ကျွန်တော့်ညီလေးရှိမယ်ဆိုရင် ကျွန်တော် သတို့သားအရံ လုပ်ခိုင်းချင်တယ်တဲ့ ညီလေးမရှိတော့ ကျွန်တော် မလုပ်ဖြစ်တော့ဘူးတဲ့။ အဲ့အတွက် မို့ရင်ထဲမှာ တော်တော်လေးနစ်နစ်ခံစားလိုက်ရတယ်။ ဒီသားနှစ်ယောက်ပေါ့ သုံးယောက်ပေါ့လေ ရဝေအောင်ပါထည့် သုံးယောက်ပေါ့။

Credit:Nanmalgyi

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top