iMyanmarHouse.com - Best Property Website for Myanmar
×






၃- ဆားမပါသော မုန့်


၎- ကဖိန်းမပါ


၅- အက်ပလီကေးရှင်း


၆- အကိုက်ခဲပျောက်ဆေး


၇- yoga လုပ်ပါ


ကျန်းမာရေး


#Unicode Version# ဖြင့်ဖတ်ပါ ။

ရာသီစက်ဝန်းဆိုတာ မိန်းကလေး တိုင်းသင်ကြားရတဲ့ သင်ခန်းစားတစ်ခုပါ။ အဲ့ဒီအချိန်ရောက်လာတိုင်း နာကျင်ကိုက်ခဲမူတွေသက်သာပြီး ပေါ့ပေါ့ ပါးပါးဖြတ်သန်းချင်ကြပါတယ်။ ဒီနေရာမှာတော့ ရာသီစက်ဝန်းအတွင်းမှာ မိန်းကလေးတိုင်း အဆင်ပြေ အထှာကျကျ ဖြတ်သန်းနိုင်ဖို့ နည်းလမ်းကောင်းလေးတွေစုစည်းဖော်ပြပေးလိုက်ပါတယ်။

၁- ခေါင်းအုံးနွေး၊ လက်အိပ်နွေး

ရာသီးစက်ဝန်းအတွင်း နာကျင်ကိုက်ခဲမူတွေ ဆိုးရွားလာတဲ့အခါ ခေါင်းအုံးနွေး၊ လက်အိပ် နွေးလေးတွေ အသုံးပြုနိုင်ပါတယ်။ ခေါင်းအုံးနွေးကိုတော့ အနည်းငယ်ပူတဲ့ ပုလင်းကို ခေါင်းအုံးထဲထည့်ပြီး ဖန်တီးနိုင်သလို၊ လက်အိပ်နွေးကိုတော့ ထမင်းစေ့များကို အပူပေးပြီး လက်အိပ်ထဲထည့် ပြုလုပ်နိုင်ပါတယ်။

၂- ပိုတက်ဆီယံ များသောအစားစာ

ပိုတက်ဆီယမ်များတဲ့အစားသောက်တွေဟာ နာကျင်ကိုက်ခဲမူတွေကိုသက်သာစေပါတယ်။ ငှပျောသီးဟာ ပိုတက်ဆီယံ ပါဝင်မူများတာကြောင့် ရာသီစက်ဝန်းနဲ့အသင့်တော်ဆုံးဖြစ်နိုင်ပါတယ်။

၃- ဆားမပါသော မုန့်

ဆားများစွာပါဝင်ခြင်းက ရာသီစက်ဝန်းအတွင်း ယောင်းရမ်းခြင်းတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ အသီးနှံနဲ့ ဆားမပါဝင်တဲ့အစားသောက်တွေစားသုံးခြင်းသာအကောင်းဆုံးဖြစ်ပါတယ်။

၄- ကဖိန်းမပါ

ကဖိန် ပါဝင်တဲ့ အစားသောက်တွေက နာကျင်ကိုက်ခဲမူတွေကို ပိုဆိုးစေပါတယ်။ ဆေးပညာတို့သက်သေပြချက်အရ ကဖိန်းမပါဝင်တဲ့ အစားစာ တွေသာ စားသုံးပါလို့ အကြံပြုထားပါတယ်။

၅- အက်ပလီကေးရှင်း

ယနေ့တိုးတက်လာတဲ့ခေတ်ကြီးမှာတော့ ယခင် ခေတ်တွေတုန်းကလို စာရွက်ပေါ်က ပြက္ခဒိန် တွေကို အမှန်သွားခြစ်နေစရာမလိုတော့ပါဘူး။ ကိုယ်နေ့စဉ်သုံးနေတဲ့ဖုန်းထဲမှာ Period app ဆိုတဲ့အက်ပလီကေးရှင်းလေး ထည့်ထားခြင်းက ကိုယ်ပြင်ဆင်စရာတွေကို မမေ့လျော့ဖို့ ကူညီပေးမှာဖြစ်ပါတယ်။

၆- အကိုက်ခဲပျောက်ဆေး

နာကျင်ကိုက်ခဲမူတွေအတွက် ဘာကမှအကူညီမဖြစ်ဘူးဆိုရင် အကိုက်ခဲပျောက်ဆေး တွေကိုသုံးသင့်ပါတယ်။ အကိုက်ခဲပျေက်ဆေးဆိုပေမယ့် တချို့ဆေးတွေက အားပြင်းပြီး အစာအိမ်ကို ထိခိုက်နိုင်တာမို့ ဆေးညွန်းသေချာစစ်ဆေးပြီးမှ သုံးပါလို့အကြံပေးချင်ပါတယ်။

၇- yoga လုပ်ပါ

တချို့မိန်းကလေးတွေက ဆေးမသောက်ချင်ကြပါဘူး။ ဒါဆိုရင်တော့ အားကစားပေါ့ပေါ့ပါးပါးလုပ်ပေးနိုင်ပါတယ်။ Yoga ဆိုတာကတော့ ရာသီစက်ဝန်းအတွင်းမှာ အကောင်းဆုံးဖြစ်ပါတယ်။

Credit:mingalarbarmorning
ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top