iMyanmarHouse.com - Best Property Website for Myanmar
×


က်န္းမာေရးကို အလြယ္တကူထိခိုက္ေစႏိုင္တဲ့ အခ်က္ေတြထဲမွာ ျခင္ေၾကာင့္ျဖစ္တဲ့ ေရာဂါေတြဟာလည္း အပါအဝင္ပဲ ျဖစ္ပါတယ္။ ျခင္ကိုက္ခံရျခင္းဟာ သာမန္အေရျပားယားယံျခင္းကေန ေသြးလြန္တုပ္ေကြး၊ငွက္ဖ်ား၊ ဆင္ေျခေထာက္ ေရာဂါနဲ႔ တျခားေသာက်န္းမာေရးျပသာနာေတြအထိ ျဖစ္ေပၚေစႏိုင္တာေၾကာင့္ မေပါ့ဆသင့္ပါဘူး။ ျခင္ေျပးေစတဲ့ ျခင္ေဆးေခြေတြမွာလည္း ဓာတုပစၥည္းေတြ အလြန္အကြၽံပါဝင္ေနတာေၾကာင့္ သဘာဝအတိုင္းျခင္ေျပးေစမယ့္ နည္းလမ္းေကာင္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) ၾကက္သြန္ျဖဴဟာ ျခင္ေတြကို ေဝးေဝးေျပးေစႏိုင္တဲ့ သဘာဝပစၥည္း တမ်ိဳးျဖစ္ပါတယ္။ ၾကက္သြန္ျဖဴစားျခင္းျဖင့္ ျခင္ေတြရဲ႕အေႏွာင့္အယွက္ကေန ကင္းေဝးေစႏိုင္သလို ၾကက္သြန္ျဖဴကို မႀကိဳက္ႏွစ္သက္သူေတြအတြက္ေတာ့ အနီးအနားမွာ ထားရွိျခင္းျဖင့္ ျခင္ေတြရဲ႕အႏၲရာယ္ကေန ကာကြယ္ႏိုင္မွာျဖစ္ပါတယ္။

(၂) ပန္းကန္ေဆးဆပ္ျပာဆီ တစက္ႏွစ္စက္ခန႔္ သင့္အနီးအနားမွာ ညႇစ္ခ်ထားျဖင့္လည္း ျခင္ကိုက္ခံရျခင္းကေန ကာကြယ္ႏိုင္မွာျဖစ္ပါတယ္။ ပန္းကန္ေဆးဆပ္ျပာမွာ ပါဝင္တဲ့ ဓာတုပစၥည္းေတြဟာ ျခင္ေတြအနားမလာႏိုင္ေအာင္ လုပ္ေဆာင္ေပးမွာျဖစ္ပါတယ္။

(၃) လာဗင္ဒါအဆီကို အသုံးျပဳျခင္းဟာလည္း ျခင္ႏိုင္ေဆးေတြလိုပဲ အသုံးဝင္တာကို ေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။ လာဗင္ဒါအနံ႔ဟာ ျခင္ေတြအတြက္ အရမ္းကို ျပင္းထန္လွတဲ့အတြက္ ရႈထုတ္လိုက္တဲ့ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ကို ေျခရာခံႏိုင္ေတာ့မွာ မဟုတ္ပါဘူး။

(၄) ပူစီနံအ႐ြက္နဲ႔ ပူစီနံအ႐ြက္ကေန ထုတ္လုပ္ထားတဲ့ ပူစီနံအဆီဟာလည္း ျခင္ေတြကို အနားမကပ္ႏိုင္ေအာင္ ျပဳလုပ္ေပးႏိုင္ပါတယ္။ ပူစီနံအဆီကို အေရျပားေပၚမွာ ခပ္ပါးပါးသုတ္လိမ္းေပးထားျခင္းအားျဖင့္ ျခင္ေတြရဲ႕ အႏၲရာယ္ကေန ကာကြယ္ေပးႏိုင္မွာ ျဖစ္ပါတယ္။

(၅) သံပုရာသီးတလုံးကို တျခမ္းျခမ္းၿပီး ျခမ္းထားတဲ့သံံပုရာျခမ္းေတြေပၚမွာ ေလးညႇင္းပြင့္ေလးေတြကို စိုက္ထားကာ အနီးအနားမွာထားေပး႐ုံနဲ႔လည္း ျခင္ေတြကို ေဝးေဝးေျပးေစမွာ ျဖစ္ပါတယ္။

Credit: Irrawaddy

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

ကျန်းမာရေးကို အလွယ်တကူထိခိုက်စေနိုင်တဲ့ အချက်တွေထဲမှာ ခြင်ကြောင့်ဖြစ်တဲ့ ရောဂါတွေဟာလည်း အပါအဝင်ပဲ ဖြစ်ပါတယ်။ ခြင်ကိုက်ခံရခြင်းဟာ သာမန်အရေပြားယားယံခြင်းကနေ သွေးလွန်တုပ်ကွေး၊ငှက်ဖျား၊ ဆင်ခြေထောက် ရောဂါနဲ့ တခြားသောကျန်းမာရေးပြသာနာတွေအထိ ဖြစ်ပေါ်စေနိုင်တာကြောင့် မပေါ့ဆသင့်ပါဘူး။ ခြင်ပြေးစေတဲ့ ခြင်ဆေးခွေတွေမှာလည်း ဓာတုပစ္စည်းတွေ အလွန်အကျွံပါဝင်နေတာကြောင့် သဘာဝအတိုင်းခြင်ပြေးစေမယ့် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ကြက်သွန်ဖြူဟာ ခြင်တွေကို ဝေးဝေးပြေးစေနိုင်တဲ့ သဘာဝပစ္စည်း တမျိုးဖြစ်ပါတယ်။ ကြက်သွန်ဖြူစားခြင်းဖြင့် ခြင်တွေရဲ့အနှောင့်အယှက်ကနေ ကင်းဝေးစေနိုင်သလို ကြက်သွန်ဖြူကို မကြိုက်နှစ်သက်သူတွေအတွက်တော့ အနီးအနားမှာ ထားရှိခြင်းဖြင့် ခြင်တွေရဲ့အန္တရာယ်ကနေ ကာကွယ်နိုင်မှာဖြစ်ပါတယ်။

(၂) ပန်းကန်ဆေးဆပ်ပြာဆီ တစက်နှစ်စက်ခန့် သင့်အနီးအနားမှာ ညှစ်ချထားဖြင့်လည်း ခြင်ကိုက်ခံရခြင်းကနေ ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ပန်းကန်ဆေးဆပ်ပြာမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ ခြင်တွေအနားမလာနိုင်အောင် လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။

(၃) လာဗင်ဒါအဆီကို အသုံးပြုခြင်းဟာလည်း ခြင်နိုင်ဆေးတွေလိုပဲ အသုံးဝင်တာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ လာဗင်ဒါအနံ့ဟာ ခြင်တွေအတွက် အရမ်းကို ပြင်းထန်လှတဲ့အတွက် ရှုထုတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ခြေရာခံနိုင်တော့မှာ မဟုတ်ပါဘူး။

(၄) ပူစီနံအရွက်နဲ့ ပူစီနံအရွက်ကနေ ထုတ်လုပ်ထားတဲ့ ပူစီနံအဆီဟာလည်း ခြင်တွေကို အနားမကပ်နိုင်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ ပူစီနံအဆီကို အရေပြားပေါ်မှာ ခပ်ပါးပါးသုတ်လိမ်းပေးထားခြင်းအားဖြင့် ခြင်တွေရဲ့ အန္တရာယ်ကနေ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

(၅) သံပုရာသီးတလုံးကို တခြမ်းခြမ်းပြီး ခြမ်းထားတဲ့သံံပုရာခြမ်းတွေပေါ်မှာ လေးညှင်းပွင့်လေးတွေကို စိုက်ထားကာ အနီးအနားမှာထားပေးရုံနဲ့လည်း ခြင်တွေကို ဝေးဝေးပြေးစေမှာ ဖြစ်ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top