iMyanmarHouse.com - Best Property Website for Myanmar
×


မၾကာခင္မွာ ေႏြရာသီကို ေရာက္ရွိပါေတာ့မယ္။ ကမာၻႀကီး ပူေႏြးလာတာေၾကာင့္ ရာသီဥတုဟာ သာမန္ထက္ပိုၿပီးေတာ့ ပူတာကို အားလုံးပဲ သိၾကမွာပါ။ ဒါေၾကာင့္ ေႏြရာသီမွာ ရာသီဥတုပူျပင္းတာကို အံတုၿပီး လွလွပပေနႏိုင္ဖို႔ ဘာေတြ ဝတ္ရမလဲဆိုတာကို ေဖာ္ျပေပးခ်င္ပါတယ္။


(၁) ၂၀၁၉ ေႏြရာသီမွာ ေခတ္စားႏိုင္ေခ်အရွိဆုံးကေတာ့ Crop Top ေတြနဲ႔ စကပ္ အတိုကို တြဲၿပီး ဝတ္ဆင္ရတဲ့ Two-Piece ေတြပဲ ျဖစ္ပါတယ္။ အေရာင္ခပ္ေဖ်ာ့ေဖ်ာ့ေတြကို ေ႐ြးခ်ယ္ဝတ္ဆင္သင့္ၿပီး All Star ဘြတ္ဖိနပ္ကို စီးလိုက္ရင္ပဲ သင့္ပုံစံက ျပည့္စုံေနေလာက္ပါၿပီ။


(၂) ခရီးသြားရင္းဝတ္ဖို႔ ဒါမွမဟုတ္ ေႏြရာသီမွာ ျပဳလုပ္တဲ့ ပါတီေတြကို တက္ဖို႔ ဆိုရင္ အေရာင္ေဖ်ာ့ေဖ်ာ့နဲ႔ Crop Top ကို ေခါင္းေလာင္းပုံစံ ေဘာင္းဘီကို ဝတ္ဆင္ၿပီး ကြင္းထိုးဖိနပ္ကို စီးဖို႔ တိုက္တြန္းခ်င္ပါတယ္။


(၃) ကမ္းေျခကို သြားခ်င္သူေတြကေတာ့ ဂ်က္စတင္ဘီဘာရဲ႕ ဇနီးျဖစ္တဲ့ Hailey Baldwin ရဲ႕ ဖက္ရွင္ေတြကို လိုက္ၿပီး ဝတ္သင့္ပါတယ္။ ကမ္းေျခဟာ သာမန္အခ်ိန္မွာေတာင္ ေနျပင္းတာေၾကာင့္ အေရာင္ေဖ်ာ့တာေတြ ဝတ္ဖို႔ လိုအပ္ပါတယ္။ တကိုယ္လုံးအျပည့္ ေရကူးဝတ္စုံအေပၚကို အမ်ိဳးသားဝတ္ရွပ္အက်ႌ ခပ္ပြပြ ထပ္ဝတ္သင့္ပါတယ္။ သင့္ရဲ႕ အလွအပကို ပိုမိုေပၚလြင္သြားခ်င္တယ္ဆိုရင္ေတာ့ နားကြင္း ခပ္ႀကီးႀကီးကို ဝတ္ဖို႔ တိုက္တြန္းခ်င္ပါတယ္။ ဒါဆိုရင္ေတာ့ ကမ္းေျခမွာ အလွဓာတ္ပုံေတြ ႐ိုက္မယ္ဆိုရင္လည္း သင္က လွပေနမွာ ေသခ်ာပါတယ္။


(၄) ေႏြရာသီမွာ မဂၤလာေဆာင္ေတြကို သြားမယ္ဆိုရင္ ခ်ည္ဂါဝန္ခပ္ရွည္ရွည္ေလးကို ဝတ္ၾကည့္ပါ။ ခ်ိဳင္းျပတ္ခ်ည္ဂါဝန္ကို နားဆြဲအရွည္နဲ႔ တြဲဖက္ဝတ္ဆင္ၿပီး ပိုက္ဆံအိတ္ခပ္ေသးေသးတလုံးကို လက္မွာ ကိုင္လိုက္မယ္ဆိုရင္ သက္ေသာင့္သက္သာနဲ႔ လွပေနမွာ အေသအခ်ာပါပဲ။


(၅) သာမန္ထသြားထလာ အခ်ိန္ေတြမွာေတာ့ အက်ႌခပ္ပြပြေတြကိုဂ်င္း ေဘာင္းဘီ အတိုဒါမွမဟုတ္ အရွည္နဲ႔ တြဲဖက္ဝတ္ဆင္သင့္ပါတယ္။ ေနျပင္းတဲ့ ေနရာေတြကို ထြက္မယ္ဆိုရင္ အေပၚက ရွပ္အပါးတထည္ကို ထပ္ဝတ္ထားမယ္ဆိုရင္ အပူဒဏ္ကို ကာကြယ္ၿပီးသားျဖစ္သြားပါၿပီ။ အဓိကထားၿပီး တိုက္တြန္းခ်င္တာကေတာ့ အမည္းေရာင္လိုမ်ိဳး ကိုယ့္အေပၚေနေရာင္ တိုက္႐ိုက္က်ေရာက္မယ့္ အေရာင္ေတြကို ေရွာင္ၿပီး ဝတ္ဖို႔ပါပဲ။

Credit:Irrawaddy

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

မကြာခင်မှာ နွေရာသီကို ရောက်ရှိပါတော့မယ်။ ကမ္ဘာကြီး ပူနွေးလာတာကြောင့် ရာသီဥတုဟာ သာမန်ထက်ပိုပြီးတော့ ပူတာကို အားလုံးပဲ သိကြမှာပါ။ ဒါကြောင့် နွေရာသီမှာ ရာသီဥတုပူပြင်းတာကို အံတုပြီး လှလှပပနေနိုင်ဖို့ ဘာတွေ ဝတ်ရမလဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။

(၁) ၂၀၁၉ နွေရာသီမှာ ခေတ်စားနိုင်ချေအရှိဆုံးကတော့ Crop Top တွေနဲ့ စကပ် အတိုကို တွဲပြီး ဝတ်ဆင်ရတဲ့ Two-Piece တွေပဲ ဖြစ်ပါတယ်။ အရောင်ခပ်ဖျော့ဖျော့တွေကို ရွေးချယ်ဝတ်ဆင်သင့်ပြီး All Star ဘွတ်ဖိနပ်ကို စီးလိုက်ရင်ပဲ သင့်ပုံစံက ပြည့်စုံနေလောက်ပါပြီ။

(၂) ခရီးသွားရင်းဝတ်ဖို့ ဒါမှမဟုတ် နွေရာသီမှာ ပြုလုပ်တဲ့ ပါတီတွေကို တက်ဖို့ ဆိုရင် အရောင်ဖျော့ဖျော့နဲ့ Crop Top ကို ခေါင်းလောင်းပုံစံ ဘောင်းဘီကို ဝတ်ဆင်ပြီး ကွင်းထိုးဖိနပ်ကို စီးဖို့ တိုက်တွန်းချင်ပါတယ်။

(၃) ကမ်းခြေကို သွားချင်သူတွေကတော့ ဂျက်စတင်ဘီဘာရဲ့ ဇနီးဖြစ်တဲ့ Hailey Baldwin ရဲ့ ဖက်ရှင်တွေကို လိုက်ပြီး ဝတ်သင့်ပါတယ်။ ကမ်းခြေဟာ သာမန်အချိန်မှာတောင် နေပြင်းတာကြောင့် အရောင်ဖျော့တာတွေ ဝတ်ဖို့ လိုအပ်ပါတယ်။ တကိုယ်လုံးအပြည့် ရေကူးဝတ်စုံအပေါ်ကို အမျိုးသားဝတ်ရှပ်အင်္ကျီ ခပ်ပွပွ ထပ်ဝတ်သင့်ပါတယ်။ သင့်ရဲ့ အလှအပကို ပိုမိုပေါ်လွင်သွားချင်တယ်ဆိုရင်တော့ နားကွင်း ခပ်ကြီးကြီးကို ဝတ်ဖို့ တိုက်တွန်းချင်ပါတယ်။ ဒါဆိုရင်တော့ ကမ်းခြေမှာ အလှဓာတ်ပုံတွေ ရိုက်မယ်ဆိုရင်လည်း သင်က လှပနေမှာ သေချာပါတယ်။

(၄) နွေရာသီမှာ မင်္ဂလာဆောင်တွေကို သွားမယ်ဆိုရင် ချည်ဂါဝန်ခပ်ရှည်ရှည်လေးကို ဝတ်ကြည့်ပါ။ ချိုင်းပြတ်ချည်ဂါဝန်ကို နားဆွဲအရှည်နဲ့ တွဲဖက်ဝတ်ဆင်ပြီး ပိုက်ဆံအိတ်ခပ်သေးသေးတလုံးကို လက်မှာ ကိုင်လိုက်မယ်ဆိုရင် သက်သောင့်သက်သာနဲ့ လှပနေမှာ အသေအချာပါပဲ။

(၅) သာမန်ထသွားထလာ အချိန်တွေမှာတော့ အင်္ကျီခပ်ပွပွတွေကိုဂျင်း ဘောင်းဘီ အတိုဒါမှမဟုတ် အရှည်နဲ့ တွဲဖက်ဝတ်ဆင်သင့်ပါတယ်။ နေပြင်းတဲ့ နေရာတွေကို ထွက်မယ်ဆိုရင် အပေါ်က ရှပ်အပါးတထည်ကို ထပ်ဝတ်ထားမယ်ဆိုရင် အပူဒဏ်ကို ကာကွယ်ပြီးသားဖြစ်သွားပါပြီ။ အဓိကထားပြီး တိုက်တွန်းချင်တာကတော့ အမည်းရောင်လိုမျိုး ကိုယ့်အပေါ်နေရောင် တိုက်ရိုက်ကျရောက်မယ့် အရောင်တွေကို ရှောင်ပြီး ဝတ်ဖို့ပါပဲ။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top