iMyanmarHouse.com - Best Property Website for Myanmar
×





Source:Phway Phway

Credit: Celefamily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

# Unicode Version ဖြင့် ဖတ်ပါ #


ပရိတ်သတ်ကြီးရေ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ထပ်ဆင့်အကယ်ဒမီဖွေးဖွေးကတော့ အနုပညာလောကထဲကို သူမရဲ့လူငယ်ဘဝကတည်းက ဝင်ရောက်လာခဲ့တဲ့ ငယ်ငယ်လေးနဲ့ အောင်မြင်ခဲ့တဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။ကိုရီးယားမလေးလို့ ဖြူဖွေးနုဖတ်ပြီး အရမ်းချစ်စရာကောင်းတဲ့ ဖွေးဖွေးက ကိုရီးယားဘာသာနဲ့ကျောင်းပြီးထားတာဖြစ်ပါတယ်။ဖွေးက အနုပညာလောကထဲကို စတင်ခြေလှမ်းစခဲ့တဲ့အချိန်မှာ ကြိုးစားပမ်းစားနဲ့ အလုပ်ကိုလုပ်ကိုင်ခဲ့သူတစ်ယောက်ဖြစ်လို့ ဆရာသမားတွေ အနုပညာမောင်နှမတွေက သူမကို ချစ်ကြပါတယ်နော်။


ဖွေးဖွေးက အခုနောက်ပိုင်းမှာ အနုပညာအလုပ်တွေကို တစ်စိုက်မက်မက် လုပ်ဆောင်နေပြီး အိုင်တင်တွေကလည်း အရမ်းကောင်းလို့ ဝါရင့်အနုပညာရှင်ကြီးတစ်ယောက်ဖြစ်နေပါပြီ။ဖွေးဖွေးက ရုပ်ရှင်ကားကြီးတွေကိုလည်း အများအပြားရိုက်ကူးနေပြီး ပရိတ်သတ်တွေအတွက် မရိုးနိုင်တဲ့ အသစ်အဆန်းတွေက ကြိုးစားပေးနေတဲ့ ပြည်သူချစ်မင်းသမီးလေးပါ။အခုဆိုရင် ဖွေးဖွေးက အသက် ၃၀ကိုရောက်နေတဲ့ မိန်းမပျိုတစ်ယောက်ဖြစ်ပေမယ့် သူမရဲ့ငယ်ရွယ်နုနယ်ပျိုမျစ်မှုတွေက လူငယ်လေးတွေအလား အရမ်းကို လှပနေဆဲဖြစ်ပါတယ်နော်။


ဖွေးဖွေး ရုပ်ရှင်ဇာတ်ကားတွေဆိုလည်း ပရိတ်သတ်တွေက အားပေးကြမ်းကြလွန်းလို့ ရုံပြည့်ရုံလျှံဖြစ်တဲ့အထိ အောင်မြင်ခဲ့ပါတယ်နော်။နောက်ထပ်လည်း ရုံတင်ဖို့ကျန်နေသေးတဲ့ ကားတွေအများကြီးလည်း ရှိနေသေးတာဖြစ်လို့ ပရိတ်သတ်ကြီးအတွက် နောက်ထပ် အသစ်တွေမြင်တွေ့နေရဦးမှာပါ။ဖွေးဖွေးကတော့ ဇာတ်ကားတွေလည်း ရိုက်ရင်း ဖိတ်ကြားတဲ့ ပွဲတွေကိုလည်း တတ်ရောက်ဖြစ်နေပါတယ်။အခုဆိုရင်လည်း မနက်ဖြန်မှာ ကျင်းပမယ့် ဝိန့်စိန် အဆင့်မြင့်စိန်ရတနာရွှေဆိုင်ဖွင့်ပွဲကို တတ်ရောက်ဖို့အတွက် ဖွေးလေးကတော့ လေယာဉ်ပျံကြီးစီးပြီး မိတ္ထီလာကို သွားတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။
Source:Phway Phway
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top