iMyanmarHouse.com - Best Property Website for Myanmar
×

မုန္႕ဖုတ္ဆိုဒါဟာ သြားေတြ ဝါက်င္ျခင္းအတြက္ ေပ်ာက္ကင္းေစႏုိင္တဲ့အရာျဖစ္ပါတယ္။ဒါကို အုန္းဆီနဲ႕ ပ်စ္ပ်စ္ေလးေဖာ္ျပီး သြားေတါကို တိုက္ေပးမယ္ဆို ျဖဴေဖြးေတာက္ေျပာင္လာေစမွာျဖစ္ပါတယ္။သြားေတြၾကားမွာ အစာေဟာင္းောကာင့္ ေပါက္ဖြားတဲ့ ဘက္တီးရီးယားေတြကိုလည္း ေပ်ာက္ကင္းသက္သာေစပါတယ္။ဒါတင္မဟုတ္ပဲ မုန္႕ဖုတ္ဆိုဒါကို ရွာလကာရည္ ၊ ဟိုက္ဒဂ်င္ပါေအာက္ဆိုဒ္၊သံပရာရည္ အစရွိတာ တမ်ိဳးမ်ိဳးနဲ႕ ေ၇ေနြးေလး အနည္းငယ္ေ၇ာကာ တပတ္ကို ႏွစ္ၾကိမ္တုိက္သင့္ပါတယ္။

လိေမၼာ္ခြံေတြကလည္း သြားရဲ႕ ေၾကြလႊာကို ေတာက္ေျပာင္ေအာင္ ကုသေပးတဲ့ေနရာမွာ အင္မတန္ အသံုးတည့္ပါတယ္။လိေမာ္ခြံမွာပါတဲ့ အမ်ွင္ဓာတ္က သြားမွာ ရွိတဲ့ အညစ္အေၾကးေတြကိုတိုက္စားေပးႏိုင္တာျဖစ္ပါတယ္။ဒါဟာ လတ္ဆတ္တဲ့ လိေမၼာ္ခြံျဖစ္ဖို႕ လိုအပ္ျပီး သြားကို ဗီတာမင္စီနဲ႕ ကယ္လ္ဆီယမ္ ေထာက္ပံ့ေပးလို႕ သြားေတြကိုပါ ခိုင္မာေစပါတယ္။

သြားကိုက္တာနဲ႕ သြားဝါက်င္တာကို ေဖ်ာက္ႏိုင္တဲ့ အထိေရာက္ဆံုးအိမ္သံုးနည္းမ်ား 2

စေတာ္ဘယ္ရီေတြကလည္း သားအတြက္ ေကာင္းမြန္တဲ့ ဗီတာမင္စီကို မ်ားစြာ ေထာက္ပံ့ႏိုင္တာျဖစ္ပါတယ္။သြားေတြ ဝါက်င္မႈကိုပါ ေပ်ာက္ကင္းေစျပီး စေတာ္ဘယ္ရီကို ၾကိတ္ကာ သြားတိုက္ေဆးမွာ ေရာျပီး တုိက္သင့္ပါတယ္။ဒါဟာ တရက္ကို ႏွစ္ၾကိမ္တိုက္ႏုိင္ျပီး တကယ့္ကို ပုလဲလို ဝင္းလက္လာေစတာျဖစ္ပါတယ္။သြားကို ျခစ္စရာမလို ဂ်ိဳးတက္သူေတြပါ လုပ္ေဆာင္သင့္တဲ့ နည္းလမး္ျဖစ္ပါတယ္။

Hydrogen Peroxide ကေတာ့ ေစ်းအနည္းၾကီးႏုိင္ပါတယ္။ဒါေပမယ့္ သြားကို ျဖဴစင္ေအာင္ လုပ္တဲ့ေနရာမွာ သူက ဆရာၾကီးျဖစ္ျပီး အျမဲလိုလို အခ်ိဳနဲ႕ ေကာ္ဖီေတြစားျပီး သြားဝါက်င္တတ္သူေတြ ေဆာင္ထားသင့္ပါတယ္။ပလုတ္က်င္းတဲ့ ေဆးေတြထဲမွာလည္း Hydrogen Peroxide ကို အမ်ားဆံုးထည့္ထားတာျဖစ္ျပီးေတာ့ သြားက်င္တာနဲ႕ သြားကိုက္တာဆို Hydrogen Peroxide ပါတဲ့ သြားတိုက္ေဆးကို သံုးသင့္ပါတယ္။

သံပရာသီးက အထက္က ေဖာ္ျပခဲ့တဲ့အတိုင္း မုန္႕ဖုတ္ဆိုဒါနဲ႕လည္း သံုးႏုိင္သလို သူ႕အခြံၾကီးပဲ သြားကိုပြတ္တုိက္ေပးလည္း သြားဝါက်င္တာကို ျဖဴေဖြးသက္သာေစပါတယ္။သဘာဝနည္းနဲ႕ အလြယ္ဆံုးနည္းျဖစ္တာမို႕ ေန႔စဥ္ တၾကိမ္ခံလုပ္ေပးသင့္ျပီး တလအတြင္း ေဟာလိဝုဒ္က သြားေတါလို ျဖဴေဖြးလာေစမွာ ျဖစ္ပါတယ္။

ဆားကေတာ့ သြားတုိက္ရာမွာ လြန္ခဲ့တဲ့ ႏွစ္ရာခ်ီထဲက သံုးခဲ့တာျဖစ္ပါတယ္။ဆားဟာ သြားဝါက်င္တာ ကိုက္တာနဲ႕ အစာေဟာင္းေၾကာင့္ျဖစ္တဲ့ ဘက္တီးရီးယားေတြကိုပါ ေပ်ာက္ကင္းေစပါတယ္။ဆားကို မုန္႕ဖုတ္ဆိုဒါ အနည္းငယ္ေရာျပီးေတာ့ တိုက္ေပးမယ္ဆို ပိုျပီး ေကာင္းမြန္ပါတယ္။

ပူတီနံဟာလည္း သြားအတြက္ေကာင္းမြန္တဲ့ သဘာဝေဆးတမ်ိဳးျဖစ္ပါတယ္။ဒါေၾကာင့္ ေနာက္ပိုင္းသြားတိုက္ေဆးေတြမွာ ပူတီနံကို သံုးလာၾကတာျဖစ္ျပီး သူဟာ သြားပိုးေပါက္ေတြကိုလည္း ကုစားေပးပါတယ္။သြားဝါက်င္ျခင္းအတြက္ ေကာင္းမြန္တာျဖစ္ပါတယ္။ပူတီနံကို ေျခာက္သြားသြားေအာင္ ေနပူလွန္းျပီး အမႈန္႕လုပ္ကာ သြားတုိက္ေဆးနဲ႕ ဒါမွမဟုတ္ သူ႕ခ်ည္း သီးသန္႕တိုက္ႏိုက္တာျဖစ္ပါတယ္။

ပန္းသီးကိုက္ေပးျခင္းက သြားေတါကို ၾကံ႕ခိုင္ေစပါအတယ္။ပန္းသီးကို ဘုရားေပးတဲ့ လက္ေဆာင္လို႕ေတာင္ တင္စားေခၚေဝၚျပီးေတာ့ ခႏၶာကိုယ္က ေရာဂါေတာ္ေတာ္မ်ားမ်ားကို ေပ်ာက္ကင္းသက္သာေစတာျဖစ္ပါတယ္။ပန္းသီးေဖ်ာ္ရည္ေသာက္ေပးျခင္းက သြား ဝါက်င္တာကို ေပ်ာက္ေစသလို သြားကိုလည္း ခိုင္ေစပါတယ္။သြားပိုးေပ်ာက္ကိုလည္း သက္သာေစပါတယ္။

မီးေသြးခဲနဲ႕ သြားတိုက္တာကို တခ်ိန္က ဆရာဝန္ေတြ ကန္႕ကြက္ခဲ့သလို အခုလည္း ဒီလိုတိုက္တာ အေတာ္ေလးရွာလာပါျပီ။မီးေသြးတို႕ ဖြဲျပာတို႕နဲ႕ တိုက္ျခင္းက သြားမွာရွိတဲ့ အညစ္အေၾကးအားလံုးကို သန္႕စင္သြားေစပါတယ္။ဒါေပမယ့္ မိးေသြးခဲက ေရစီးကမ္းျပိဳလိုက္တတ္ျပီး ဖြဲျပာက ပိုသင့္ေတာ္တာျစ္ပါတယ္။

တမာကေတာ့ သြားေတြရဲက ဘုရင္လို႕ဆိုပါတယ္။သြားကိုက္သူတစ္ဦးက တမာဆီစစ္စစ္ကို ထည့္လိုက္ရင္ ခ်က္ခ်င္းေပ်ာက္ကင္းေစႏိုင္သလို တမာရြက္ျပဳတ္ရည္နဲ႕ ပလုတ္က်င္းရင္ အနံ႔ဆိုးေတြ ေပ်ာက္ေစပါတယ္။သြားဈါတာအတြက္ တမာရြက္ တမာကိုင္းတို႕နဲ႕ တိုက္ေပးမယ္ဆိုရင္ သြားေတြကို ျဖဴေဖြးေစပါတယ္။

Credit:  LUCKY MYANMAR

အလွအပ၊

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

မုန့်ဖုတ်ဆိုဒါဟာ သွားတွေ ဝါကျင်ခြင်းအတွက် ပျောက်ကင်းစေနိုင်တဲ့အရာဖြစ်ပါတယ်။ဒါကို အုန်းဆီနဲ့ ပျစ်ပျစ်လေးဖော်ပြီး သွားတေါကို တိုက်ပေးမယ်ဆို ဖြူဖွေးတောက်ပြောင်လာစေမှာဖြစ်ပါတယ်။သွားတွေကြားမှာ အစာဟောင်းောကာင့် ပေါက်ဖွားတဲ့ ဘက်တီးရီးယားတွေကိုလည်း ပျောက်ကင်းသက်သာစေပါတယ်။ဒါတင်မဟုတ်ပဲ မုန့်ဖုတ်ဆိုဒါကို ရှာလကာရည် ၊ ဟိုက်ဒဂျင်ပါအောက်ဆိုဒ်၊သံပရာရည် အစရှိတာ တမျိုးမျိုးနဲ့ ရေနွေးလေး အနည်းငယ်ရောကာ တပတ်ကို နှစ်ကြိမ်တိုက်သင့်ပါတယ်။

လိမ္မော်ခွံတွေကလည်း သွားရဲ့ ကြွေလွှာကို တောက်ပြောင်အောင် ကုသပေးတဲ့နေရာမှာ အင်မတန် အသုံးတည့်ပါတယ်။လိမော်ခွံမှာပါတဲ့ အမျှင်ဓာတ်က သွားမှာ ရှိတဲ့ အညစ်အကြေးတွေကိုတိုက်စားပေးနိုင်တာဖြစ်ပါတယ်။ဒါဟာ လတ်ဆတ်တဲ့ လိမ္မော်ခွံဖြစ်ဖို့ လိုအပ်ပြီး သွားကို ဗီတာမင်စီနဲ့ ကယ်လ်ဆီယမ် ထောက်ပံ့ပေးလို့ သွားတွေကိုပါ ခိုင်မာစေပါတယ်။

သွားကိုက်တာနဲ့ သွားဝါကျင်တာကို ဖျောက်နိုင်တဲ့ အထိရောက်ဆုံးအိမ်သုံးနည်းများ 2

စတော်ဘယ်ရီတွေကလည်း သားအတွက် ကောင်းမွန်တဲ့ ဗီတာမင်စီကို များစွာ ထောက်ပံ့နိုင်တာဖြစ်ပါတယ်။သွားတွေ ဝါကျင်မှုကိုပါ ပျောက်ကင်းစေပြီး စတော်ဘယ်ရီကို ကြိတ်ကာ သွားတိုက်ဆေးမှာ ရောပြီး တိုက်သင့်ပါတယ်။ဒါဟာ တရက်ကို နှစ်ကြိမ်တိုက်နိုင်ပြီး တကယ့်ကို ပုလဲလို ဝင်းလက်လာစေတာဖြစ်ပါတယ်။သွားကို ခြစ်စရာမလို ဂျိုးတက်သူတွေပါ လုပ်ဆောင်သင့်တဲ့ နည်းလမ်းဖြစ်ပါတယ်။

Hydrogen Peroxide ကတော့ ဈေးအနည်းကြီးနိုင်ပါတယ်။ဒါပေမယ့် သွားကို ဖြူစင်အောင် လုပ်တဲ့နေရာမှာ သူက ဆရာကြီးဖြစ်ပြီး အမြဲလိုလို အချိုနဲ့ ကော်ဖီတွေစားပြီး သွားဝါကျင်တတ်သူတွေ ဆောင်ထားသင့်ပါတယ်။ပလုတ်ကျင်းတဲ့ ဆေးတွေထဲမှာလည်း Hydrogen Peroxide ကို အများဆုံးထည့်ထားတာဖြစ်ပြီးတော့ သွားကျင်တာနဲ့ သွားကိုက်တာဆို Hydrogen Peroxide ပါတဲ့ သွားတိုက်ဆေးကို သုံးသင့်ပါတယ်။

သံပရာသီးက အထက်က ဖော်ပြခဲ့တဲ့အတိုင်း မုန့်ဖုတ်ဆိုဒါနဲ့လည်း သုံးနိုင်သလို သူ့အခွံကြီးပဲ သွားကိုပွတ်တိုက်ပေးလည်း သွားဝါကျင်တာကို ဖြူဖွေးသက်သာစေပါတယ်။သဘာဝနည်းနဲ့ အလွယ်ဆုံးနည်းဖြစ်တာမို့ နေ့စဉ် တကြိမ်ခံလုပ်ပေးသင့်ပြီး တလအတွင်း ဟောလိဝုဒ်က သွားတေါလို ဖြူဖွေးလာစေမှာ ဖြစ်ပါတယ်။

ဆားကတော့ သွားတိုက်ရာမှာ လွန်ခဲ့တဲ့ နှစ်ရာချီထဲက သုံးခဲ့တာဖြစ်ပါတယ်။ဆားဟာ သွားဝါကျင်တာ ကိုက်တာနဲ့ အစာဟောင်းကြောင့်ဖြစ်တဲ့ ဘက်တီးရီးယားတွေကိုပါ ပျောက်ကင်းစေပါတယ်။ဆားကို မုန့်ဖုတ်ဆိုဒါ အနည်းငယ်ရောပြီးတော့ တိုက်ပေးမယ်ဆို ပိုပြီး ကောင်းမွန်ပါတယ်။

ပူတီနံဟာလည်း သွားအတွက်ကောင်းမွန်တဲ့ သဘာဝဆေးတမျိုးဖြစ်ပါတယ်။ဒါကြောင့် နောက်ပိုင်းသွားတိုက်ဆေးတွေမှာ ပူတီနံကို သုံးလာကြတာဖြစ်ပြီး သူဟာ သွားပိုးပေါက်တွေကိုလည်း ကုစားပေးပါတယ်။သွားဝါကျင်ခြင်းအတွက် ကောင်းမွန်တာဖြစ်ပါတယ်။ပူတီနံကို ခြောက်သွားသွားအောင် နေပူလှန်းပြီး အမှုန့်လုပ်ကာ သွားတိုက်ဆေးနဲ့ ဒါမှမဟုတ် သူ့ချည်း သီးသန့်တိုက်နိုက်တာဖြစ်ပါတယ်။

ပန်းသီးကိုက်ပေးခြင်းက သွားတေါကို ကြံ့ခိုင်စေပါအတယ်။ပန်းသီးကို ဘုရားပေးတဲ့ လက်ဆောင်လို့တောင် တင်စားခေါ်ဝေါ်ပြီးတော့ ခန္ဓာကိုယ်က ရောဂါတော်တော်များများကို ပျောက်ကင်းသက်သာစေတာဖြစ်ပါတယ်။ပန်းသီးဖျော်ရည်သောက်ပေးခြင်းက သွား ဝါကျင်တာကို ပျောက်စေသလို သွားကိုလည်း ခိုင်စေပါတယ်။သွားပိုးပျောက်ကိုလည်း သက်သာစေပါတယ်။

မီးသွေးခဲနဲ့ သွားတိုက်တာကို တချိန်က ဆရာဝန်တွေ ကန့်ကွက်ခဲ့သလို အခုလည်း ဒီလိုတိုက်တာ အတော်လေးရှာလာပါပြီ။မီးသွေးတို့ ဖွဲပြာတို့နဲ့ တိုက်ခြင်းက သွားမှာရှိတဲ့ အညစ်အကြေးအားလုံးကို သန့်စင်သွားစေပါတယ်။ဒါပေမယ့် မိးသွေးခဲက ရေစီးကမ်းပြိုလိုက်တတ်ပြီး ဖွဲပြာက ပိုသင့်တော်တာြစ်ပါတယ်။

တမာကတော့ သွားတွေရဲက ဘုရင်လို့ဆိုပါတယ်။သွားကိုက်သူတစ်ဦးက တမာဆီစစ်စစ်ကို ထည့်လိုက်ရင် ချက်ချင်းပျောက်ကင်းစေနိုင်သလို တမာရွက်ပြုတ်ရည်နဲ့ ပလုတ်ကျင်းရင် အနံ့ဆိုးတွေ ပျောက်စေပါတယ်။သွားဈါတာအတွက် တမာရွက် တမာကိုင်းတို့နဲ့ တိုက်ပေးမယ်ဆိုရင် သွားတွေကို ဖြူဖွေးစေပါတယ်။

Credit:  LUCKY MYANMAR

အလှအပ၊

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top