iMyanmarHouse.com - Best Property Website for Myanmar
×


မနက္အိပ္ရာကေန ႏိုးၿပီဆိုတာနဲ႔ တေန႔တာကို ေကာ္ဖီေသာက္သုံးျခင္းနဲ႔ စတတ္သူေတြ၊ ေကာ္ဖီကို စြဲစြဲလန္းလန္း ေသာက္သုံးတတ္ၾကသူေတြအေနနဲ႔ ကဖင္းဓာတ္ကို ျဖတ္ေတာက္လိုက္တဲ့အခါ ရရွိလာမယ့္ က်န္းမာေရး အက်ိဳးေက်းဇူးေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(၁) စိုးရိမ္ ပူပန္မႈေတြကို ေလ်ာ့က်ေစမယ္

ခႏၶာကိုယ္မွာ ကဖင္းဓာတ္ေတြ မ်ားျပားေနတဲ့အခါ စိတ္ကို အေျပာင္းအလဲ ျမန္ေစၿပီး စိုးရိမ္ ပူပန္မႈကိုမ်ားေစတဲ့ ေဟာ္မုန္းေတြဟာ ပိုမိုထြက္ရွိတတ္ပါတယ္။ ကဖင္းဓာတ္ဟာ စိတ္ကို လန္းဆန္းတက္ႂကြေစတာ မွန္ေပမယ့္ ဒါဟာ ခဏတာ အတြက္သာျဖစ္ၿပီး ေလ့လာခ်က္ေတြအရဆိုရင္ေတာ့ ဆယ္ေက်ာ္သက္အ႐ြယ္ေတြမွာ စိတ္က်ေရာဂါျဖစ္ပြားျခင္းဟာ ေကာ္ဖီအလြန္အကြၽံ ေသာက္သုံးမႈနဲ႔ ဆက္စပ္ေနတယ္လို႔ ဆိုပါတယ္။

(၂) ေကာင္းေကာင္း အိပ္ေပ်ာ္ေစမယ္

သုေတသန ေလ့လာခ်က္ေတြ အရဆိုရင္ေတာ့ ကဖင္းဓာတ္ဟာ အိပ္စက္ျခင္းဆိုင္ရာ စက္ဝန္းကို အေႏွာင့္အယွက္ျဖစ္ေစၿပီး အိပ္ရာဝင္ခါနီး ေကာ္ဖီေသာက္သုံးမွ မဟုတ္ဘဲ အိပ္ရာဝင္ခ်ိန္ မတိုင္ခင္ ၆ နာရီအလိုခန႔္က ေသာက္သုံးခဲ့တဲ့ ကဖင္းဓာတ္ဟာ အိပ္စက္မႈကို အေႏွာင့္အယွက္ျဖစ္ေစတာ ျဖစ္ပါတယ္။

(၃) အာဟာရဓာတ္ေတြကို ခႏၶာကိုယ္က ပိုမိုစုပ္ယူႏိုင္မယ္

သင္ဟာ ေကာ္ဖီကို စြဲစြဲလန္းလန္း ေသာက္သုံးတတ္သူ တဦးဆိုရင္ေတာ့ သင့္ခႏၶာကိုယ္ဟာ ေကာ္ဖီမေသာက္သုံးသူေတြထက္ ကယ္လ္ဆီယမ္၊ သံဓာတ္နဲ႔ ဗီတာမင္ဘီဓာတ္ေတြကို စုပ္ယူႏိုင္မႈ အားနည္းေနမွာ ျဖစ္ပါတယ္။ စားလိုက္တဲ့ အစားအစာေတြဆီက လိုအပ္တဲ့ အာဟာရဓာတ္ေတြကို စုပ္ယူႏိုင္မႈအားနည္းေစတာေၾကာင့္ ေကာ္ဖီအလြန္အကြၽံ ေသာက္သုံးမႈကို သတိျပဳသင့္ပါတယ္။

(၄) အမ်ိဳးသမီးေတြမွာဆိုရင္ ေဟာ္မုန္း Level ညီမွ်ေစမယ္

လက္ဖက္ရည္၊ေကာ္ဖီ အစရွိတဲ့ ကဖင္းဓာတ္ပါဝင္တဲ့ ေသာက္သုံးစရာေတြဟာ အမ်ိဳးသမီးေတြရဲ႕ Estogen ေဟာ္မုန္း Level ကို မညီမမွ် ျဖစ္ေစၿပီး Estrogen ေဟာ္မုန္း level ေျပာင္းလဲျခင္းဟာ ရင္သားကင္ဆာ၊ မ်ိဳးဥအိမ္ကင္ဆာ ျဖစ္ႏိုင္ေျခေတြကို ျမင့္တက္ေစပါတယ္။

(၅) အေရးအေၾကာင္းေတြကို ေလ်ာ့က်ေစမယ္

ေကာ္ဖီမွာပါဝင္တဲ့ ကဖင္းဓာတ္ဟာ မ်က္ႏွာအသားအေရကို တင္းရင္းေစတဲ့ Collagen ထုတ္လုပ္မႈကို ေလ်ာ့နည္းေစတာေၾကာင့္ အိုမင္းရင့္ေရာ္တဲ့ အသြင္ေပါက္ေစပါတယ္။ Collagen ဟာ မ်က္ႏွာအသားအေရ၊ ခႏၶာကိုယ္အေရျပား၊ ေျခသည္းလက္သည္း အစရွိတာတို႔နဲ႔ တိုက္႐ိုက္ဆက္စပ္ေနၿပီး အေရးအေၾကာင္းေတြ ျဖစ္ေပၚလာျခင္းနဲ႔လည္း ဆက္စပ္ေနပါတယ္။

Credit: Irrawaddy

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

မနက်အိပ်ရာကနေ နိုးပြီဆိုတာနဲ့ တနေ့တာကို ကော်ဖီသောက်သုံးခြင်းနဲ့ စတတ်သူတွေ၊ ကော်ဖီကို စွဲစွဲလန်းလန်း သောက်သုံးတတ်ကြသူတွေအနေနဲ့ ကဖင်းဓာတ်ကို ဖြတ်တောက်လိုက်တဲ့အခါ ရရှိလာမယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) စိုးရိမ် ပူပန်မှုတွေကို လျော့ကျစေမယ်

ခန္ဓာကိုယ်မှာ ကဖင်းဓာတ်တွေ များပြားနေတဲ့အခါ စိတ်ကို အပြောင်းအလဲ မြန်စေပြီး စိုးရိမ် ပူပန်မှုကိုများစေတဲ့ ဟော်မုန်းတွေဟာ ပိုမိုထွက်ရှိတတ်ပါတယ်။ ကဖင်းဓာတ်ဟာ စိတ်ကို လန်းဆန်းတက်ကြွစေတာ မှန်ပေမယ့် ဒါဟာ ခဏတာ အတွက်သာဖြစ်ပြီး လေ့လာချက်တွေအရဆိုရင်တော့ ဆယ်ကျော်သက်အရွယ်တွေမှာ စိတ်ကျရောဂါဖြစ်ပွားခြင်းဟာ ကော်ဖီအလွန်အကျွံ သောက်သုံးမှုနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။

(၂) ကောင်းကောင်း အိပ်ပျော်စေမယ်

သုတေသန လေ့လာချက်တွေ အရဆိုရင်တော့ ကဖင်းဓာတ်ဟာ အိပ်စက်ခြင်းဆိုင်ရာ စက်ဝန်းကို အနှောင့်အယှက်ဖြစ်စေပြီး အိပ်ရာဝင်ခါနီး ကော်ဖီသောက်သုံးမှ မဟုတ်ဘဲ အိပ်ရာဝင်ချိန် မတိုင်ခင် ၆ နာရီအလိုခန့်က သောက်သုံးခဲ့တဲ့ ကဖင်းဓာတ်ဟာ အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေတာ ဖြစ်ပါတယ်။

(၃) အာဟာရဓာတ်တွေကို ခန္ဓာကိုယ်က ပိုမိုစုပ်ယူနိုင်မယ်

သင်ဟာ ကော်ဖီကို စွဲစွဲလန်းလန်း သောက်သုံးတတ်သူ တဦးဆိုရင်တော့ သင့်ခန္ဓာကိုယ်ဟာ ကော်ဖီမသောက်သုံးသူတွေထက် ကယ်လ်ဆီယမ်၊ သံဓာတ်နဲ့ ဗီတာမင်ဘီဓာတ်တွေကို စုပ်ယူနိုင်မှု အားနည်းနေမှာ ဖြစ်ပါတယ်။ စားလိုက်တဲ့ အစားအစာတွေဆီက လိုအပ်တဲ့ အာဟာရဓာတ်တွေကို စုပ်ယူနိုင်မှုအားနည်းစေတာကြောင့် ကော်ဖီအလွန်အကျွံ သောက်သုံးမှုကို သတိပြုသင့်ပါတယ်။

(၄) အမျိုးသမီးတွေမှာဆိုရင် ဟော်မုန်း Level ညီမျှစေမယ်

လက်ဖက်ရည်၊ကော်ဖီ အစရှိတဲ့ ကဖင်းဓာတ်ပါဝင်တဲ့ သောက်သုံးစရာတွေဟာ အမျိုးသမီးတွေရဲ့ Estogen ဟော်မုန်း Level ကို မညီမမျှ ဖြစ်စေပြီး Estrogen ဟော်မုန်း level ပြောင်းလဲခြင်းဟာ ရင်သားကင်ဆာ၊ မျိုးဥအိမ်ကင်ဆာ ဖြစ်နိုင်ခြေတွေကို မြင့်တက်စေပါတယ်။

(၅) အရေးအကြောင်းတွေကို လျော့ကျစေမယ်

ကော်ဖီမှာပါဝင်တဲ့ ကဖင်းဓာတ်ဟာ မျက်နှာအသားအရေကို တင်းရင်းစေတဲ့ Collagen ထုတ်လုပ်မှုကို လျော့နည်းစေတာကြောင့် အိုမင်းရင့်ရော်တဲ့ အသွင်ပေါက်စေပါတယ်။ Collagen ဟာ မျက်နှာအသားအရေ၊ ခန္ဓာကိုယ်အရေပြား၊ ခြေသည်းလက်သည်း အစရှိတာတို့နဲ့ တိုက်ရိုက်ဆက်စပ်နေပြီး အရေးအကြောင်းတွေ ဖြစ်ပေါ်လာခြင်းနဲ့လည်း ဆက်စပ်နေပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top