iMyanmarHouse.com - Best Property Website for Myanmar
×


မၾကာေသးခင္ကမွ ျပည္သူ႔အခ်စ္ေတာ္ ပရဟိတမင္းသားၾကီး ေဝဠဳေက်ာ္ကို ကာမလိမ္လည္မႈနဲ႔ တရားစြဲထားတဲ့ ခ်စ္သူေဟာင္း အလွမယ္သင္းသင္းအေၾကာင္းကိုေတာ့ လက္ရွိခ်ိန္မွာ Social Media ေတြမွာ အေျပာမ်ားေနတာလည္း ျဖစ္ပါတယ္။ အေျပာမ်ားေနသလို ေဝဖန္မႈေတြကလည္း ေတာ္ေတ္ာေလးကို မ်ားျပားေနတာ ေတြ႔ရပါတယ္။ မတူညီတဲ့အျမင္ေတြနဲ႔ တေယာက္ခ်င္းဆီက အလွမယ္သင္းသင္းကို ေဝဖန္တာေတြ မ်ားေနတာေၾကာင့္ မင္းသားၾကီး ေဝဠဳေက်ာ္ရဲ့ ရည္းစားေဟာင္း သင္းသင္းက ယခုလိုပဲ ေျပာဆိုသြားခဲ့ပါတယ္။

အလွမယ္သင္းသင္းကေတာ့ “ကိုယ္ကိုယ္တိုင္ ခံစားဖူးမွ လူတေယာက္ရဲ့ ခံစားခ်က္ကို သိပါလိမ့္မယ္လို႔ ထင္ပါတယ္။ ကာမလိမ္လည္မႈဆိုတာကေတာ့ ဆက္ဆံတဲ့အခါမွာ ျပည့္တန္ဆာေတာင္ သူတို႔ မၾကည္ျဖဴတဲ့အခါ တရားစြဲလို႔ ရပါတယ္။ မိန္းမေတြရဲ့ ဥပေဒအခြင့္အေရးဆိုတာ ရွိပါတယ္။ ေလ့လာပါလို႔လည္း ေျပာခ်င္တယ္။ စိတ္တိုလို႔ ေျပာတာမဟုတ္ဘူးေနာ္။ တခ်ိဳ႔မန္႔ေတြဆိုရင္ သတၱိရွိရင္ အေကာင့္အစစ္ေတြနဲ႔ ဝင္ေရးပစ္လိုက္ အတုေတနဲ႔ လုပ္မေနနဲ႔။ အတုဆိုတာကေတာ့ အခုေခတ္မွာ တေယာက္ထဲနဲ႔ အမ်ားၾကီး သံုးလို႔ရတယ္ေလ။ မိန္းကေလးတေယာက္အေနနဲ႔ ကိုယ့္ကိုကိုယ္ နာတာ ကိုယ္ပဲ သိတယ္။

အဲ့ေတာ့ သူမ်ားေတြလိုမ်ိဳးေတာ့ ဂုဏ္သိကၡာက်မွာပဲ ဆိုျပီး ေမွးျပီးေနတဲ့ မိန္းမထဲမွာ ကြ်န္မ မပါပါဘူး။ အဲ့ေၾကာင့္ မဟုတ္မခံတဲ့စိတ္နဲ႔ လုပ္တယ္။ အဲ့ဒါေၾကာင့္ၾကိဳက္တာ လုပ္ပါ။ သူတို႔ေျပာသလိုပဲ ေငြေၾကာင့္လား ဘာေၾကာင့္လားဆိုတာကိုေတာ့ အခ်ိန္က စကားေျပာသြားပါလိမ့္မယ္။ ကြ်န္မ ဘယ္လို မိန္းမလဲဆိုတာကို ေနာက္ျပီး ဥပေဒကိုပဲ အရင္ေလ့လာပါ။ ျပည့္တန္ဆာလို မိန္းမေတာင္မွပဲ သူတို႔မေက်နပ္လို႔ရွိရင္ အမႈလုပ္လို႔ရပါတယ္။ အဲ့ဥပေဒေလးကိုပဲ ေသခ်ာစံုစမ္းပါဦး။ ကြ်န္မကိုယ္တိုင္လည္း ဘြဲ႔ရပညာတတ္ တေယာက္မဟုတ္ပါဘူး။ သာမန္လူတေယာက္ပါ။ အဲ့ေတာ့ အရွင္းဆံုးေျပာပါမယ္။ ဥပေဒကို ၾကားဖူးနားဝါရွိတာကို ေျပာတာပါ။ ကြ်န္မကလည္း ျပည့္တန္ဆာ မဟုတ္ဘူးေလ”


“အဆင့္တန္းဆိုတဲ့ စကားမွာ ကိုယ္က သူတို႔ထက္ အစစအရာရာ နိမ့္က်ေနတာေၾကာင့္ သာမန္လူတေယာက္ပဲေလ။ အဲ့ဒါကို အဆင့္တန္းပဲလို႔ ရည္စူးထားပါတယ္။ ကိုယ့္အသိုင္းအဝိုင္းနဲ႔ အက်င့္သိကၡာနဲ႔ မိန္းကေလးတေယာက္က ဘာလို႔အဲ့လိုလုပ္လည္းဆုိတာကို ထမင္းစားေနတဲ့သူတိုင္း သိေစခ်င္ပါတယ္။ ကိုယ္ခ်င္းစာ တရားနဲ႔ သိေစခ်င္ပါတယ္။ ေလာကၾကီးမွာ အားလံုးလိုက္ခံစားေနရင္ေသသြားလိမ့္မယ္။ ဒါေၾကာင့္ ၾကိဳက္တဲ့သူ ဝင္ေရးပါ၊ ၾကိဳက္တဲ့သူ ေျပာပါ။ ကြ်န္မကို ဘယ္လိုပဲ ေျပာေျပာပါ။ ကြ်န္မ နဲ႔ ေဝဠဳေက်ာ္က ကာယကံရွင္ အခ်ိန္တန္ရင္ အမွန္ေပၚသြားလိ္မ့္မယ္”

“အစီအစဥ္အကုန္လံုးကိုလုပ္ေနပါျပီ။ ကိုယ္က အိမ္မွာအၾကီးဆံုး အခုထိလည္း ရွာေကြ်းေနပါတယ္။ လူတိုင္းကိုလည္း ေႏြးေထြးတဲ့ရင္ခြင္နဲ႔ပဲ ဆက္ဆံပါတယ္။ ေဝဠဳေက်ာ္ကိုလည္း ေႏြးေထြးတဲ့ ရင္ခြင္နဲ႔ပဲ ပတ္သက္လာတာပါ။ ဘာအကန္႔မွ မပါဘူး။ သူမ်ားေတြက ဆယ္လီျဖစ္ခ်င္လို႔ လုပ္တာလားလို႔ ေျပာေနၾကတဲ့အေပၚ ကြ်န္မက ၁၅ ႏွစ္ ၁၆ ႏွစ္အရြယ္မဟုတ္ဘူး။ ကိုယ့္သိကၡာကိုယ့္အသိုင္းဝိုင္းရွိတယ္ေလ။ ကြ်န္မကားလည္း မစီးခ်င္ဘူး ကိုယ္ပိုင္တိုက္န႔ဲလည္း မေနခ်င္ဘူး။ အဲ့လိုမ်ိဳးလုပ္ခ်င္မွျဖစ္ ဒီလိုမ်ိဳး အရွက္ကြဲေနစရာ မလိုပါဘူး။ ရွင္းရွင္းေျပာရရင္ေတာ့ ကိုယ္နဲ႔ လက္ရွိမွာေတာင္မျပတ္ေသးဘူး။ တူတူေနေနတယ္။ တူတူသြားေနတယ္။ အဲ့ဒါၾကီးကို ကိုယ့္ကို လွည့္သြားတာ။ အဲ့လိုမ်ိဳးအၾကိမ္ေရ မ်ားသြားေတာ့ စိတ္နာသြားတာေပါ့”

Credit: Burmese.asia

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

မကြာသေးခင်ကမှ ပြည်သူ့အချစ်တော် ပရဟိတမင်းသားကြီး ဝေဠုကျော်ကို ကာမလိမ်လည်မှုနဲ့ တရားစွဲထားတဲ့ ချစ်သူဟောင်း အလှမယ်သင်းသင်းအကြောင်းကိုတော့ လက်ရှိချိန်မှာ Social Media တွေမှာ အပြောများနေတာလည်း ဖြစ်ပါတယ်။ အပြောများနေသလို ဝေဖန်မှုတွေကလည်း တော်တေ်ာလေးကို များပြားနေတာ တွေ့ရပါတယ်။ မတူညီတဲ့အမြင်တွေနဲ့ တယောက်ချင်းဆီက အလှမယ်သင်းသင်းကို ဝေဖန်တာတွေ များနေတာကြောင့် မင်းသားကြီး ဝေဠုကျော်ရဲ့ ရည်းစားဟောင်း သင်းသင်းက ယခုလိုပဲ ပြောဆိုသွားခဲ့ပါတယ်။

အလှမယ်သင်းသင်းကတော့ “ကိုယ်ကိုယ်တိုင် ခံစားဖူးမှ လူတယောက်ရဲ့ ခံစားချက်ကို သိပါလိမ့်မယ်လို့ ထင်ပါတယ်။ ကာမလိမ်လည်မှုဆိုတာကတော့ ဆက်ဆံတဲ့အခါမှာ ပြည့်တန်ဆာတောင် သူတို့ မကြည်ဖြူတဲ့အခါ တရားစွဲလို့ ရပါတယ်။ မိန်းမတွေရဲ့ ဥပဒေအခွင့်အရေးဆိုတာ ရှိပါတယ်။ လေ့လာပါလို့လည်း ပြောချင်တယ်။ စိတ်တိုလို့ ပြောတာမဟုတ်ဘူးနော်။ တချို့မန့်တွေဆိုရင် သတ္တိရှိရင် အကောင့်အစစ်တွေနဲ့ ဝင်ရေးပစ်လိုက် အတုတေနဲ့ လုပ်မနေနဲ့။ အတုဆိုတာကတော့ အခုခေတ်မှာ တယောက်ထဲနဲ့ အများကြီး သုံးလို့ရတယ်လေ။ မိန်းကလေးတယောက်အနေနဲ့ ကိုယ့်ကိုကိုယ် နာတာ ကိုယ်ပဲ သိတယ်။

အဲ့တော့ သူများတွေလိုမျိုးတော့ ဂုဏ်သိက္ခာကျမှာပဲ ဆိုပြီး မှေးပြီးနေတဲ့ မိန်းမထဲမှာ ကျွန်မ မပါပါဘူး။ အဲ့ကြောင့် မဟုတ်မခံတဲ့စိတ်နဲ့ လုပ်တယ်။ အဲ့ဒါကြောင့်ကြိုက်တာ လုပ်ပါ။ သူတို့ပြောသလိုပဲ ငွေကြောင့်လား ဘာကြောင့်လားဆိုတာကိုတော့ အချိန်က စကားပြောသွားပါလိမ့်မယ်။ ကျွန်မ ဘယ်လို မိန်းမလဲဆိုတာကို နောက်ပြီး ဥပဒေကိုပဲ အရင်လေ့လာပါ။ ပြည့်တန်ဆာလို မိန်းမတောင်မှပဲ သူတို့မကျေနပ်လို့ရှိရင် အမှုလုပ်လို့ရပါတယ်။ အဲ့ဥပဒေလေးကိုပဲ သေချာစုံစမ်းပါဦး။ ကျွန်မကိုယ်တိုင်လည်း ဘွဲ့ရပညာတတ် တယောက်မဟုတ်ပါဘူး။ သာမန်လူတယောက်ပါ။ အဲ့တော့ အရှင်းဆုံးပြောပါမယ်။ ဥပဒေကို ကြားဖူးနားဝါရှိတာကို ပြောတာပါ။ ကျွန်မကလည်း ပြည့်တန်ဆာ မဟုတ်ဘူးလေ”

“အဆင့်တန်းဆိုတဲ့ စကားမှာ ကိုယ်က သူတို့ထက် အစစအရာရာ နိမ့်ကျနေတာကြောင့် သာမန်လူတယောက်ပဲလေ။ အဲ့ဒါကို အဆင့်တန်းပဲလို့ ရည်စူးထားပါတယ်။ ကိုယ့်အသိုင်းအဝိုင်းနဲ့ အကျင့်သိက္ခာနဲ့ မိန်းကလေးတယောက်က ဘာလို့အဲ့လိုလုပ်လည်းဆိုတာကို ထမင်းစားနေတဲ့သူတိုင်း သိစေချင်ပါတယ်။ ကိုယ်ချင်းစာ တရားနဲ့ သိစေချင်ပါတယ်။ လောကကြီးမှာ အားလုံးလိုက်ခံစားနေရင်သေသွားလိမ့်မယ်။ ဒါကြောင့် ကြိုက်တဲ့သူ ဝင်ရေးပါ၊ ကြိုက်တဲ့သူ ပြောပါ။ ကျွန်မကို ဘယ်လိုပဲ ပြောပြောပါ။ ကျွန်မ နဲ့ ဝေဠုကျော်က ကာယကံရှင် အချိန်တန်ရင် အမှန်ပေါ်သွားလိမ့်မယ်”

“အစီအစဉ်အကုန်လုံးကိုလုပ်နေပါပြီ။ ကိုယ်က အိမ်မှာအကြီးဆုံး အခုထိလည်း ရှာကျွေးနေပါတယ်။ လူတိုင်းကိုလည်း နွေးထွေးတဲ့ရင်ခွင်နဲ့ပဲ ဆက်ဆံပါတယ်။ ဝေဠုကျော်ကိုလည်း နွေးထွေးတဲ့ ရင်ခွင်နဲ့ပဲ ပတ်သက်လာတာပါ။ ဘာအကန့်မှ မပါဘူး။ သူများတွေက ဆယ်လီဖြစ်ချင်လို့ လုပ်တာလားလို့ ပြောနေကြတဲ့အပေါ် ကျွန်မက ၁၅ နှစ် ၁၆ နှစ်အရွယ်မဟုတ်ဘူး။ ကိုယ့်သိက္ခာကိုယ့်အသိုင်းဝိုင်းရှိတယ်လေ။ ကျွန်မကားလည်း မစီးချင်ဘူး ကိုယ်ပိုင်တိုက်နဲ့လည်း မနေချင်ဘူး။ အဲ့လိုမျိုးလုပ်ချင်မှဖြစ် ဒီလိုမျိုး အရှက်ကွဲနေစရာ မလိုပါဘူး။ ရှင်းရှင်းပြောရရင်တော့ ကိုယ်နဲ့ လက်ရှိမှာတောင်မပြတ်သေးဘူး။ တူတူနေနေတယ်။ တူတူသွားနေတယ်။ အဲ့ဒါကြီးကို ကိုယ့်ကို လှည့်သွားတာ။ အဲ့လိုမျိုးအကြိမ်ရေ များသွားတော့ စိတ်နာသွားတာပေါ့”
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top