iMyanmarHouse.com - Best Property Website for Myanmar
×

ပ်ိဳေမအမာရြတ္ေတြဟာ တကယ္ကုိစိတ္အေႏွာက္အယွက္ျဖစ္စရာေကာင္းပါတယ္။ ေျခေထာက္မွာ အမာရြတ္ေတြရွိေနတဲ့အခါ ကုိယ့္ကိုယ္ကို ယံုၾကည္မႈလည္းေလ်ာ့နည္းသလို စိတ္က်ဥ္းက်ပ္ျပီး ရွက္ရြံ႕သလိုလည္း ခံစားရပါတယ္။ ဒီလိုစိတ္အေႏွာက္အယွက္ျဖစ္စရာေကာင္းလြနး္တဲ့ အမာရြတ္ေတြကို သက္သာေပ်ာက္ကင္းသြားေစမယ့္ နည္းလမ္းေကာင္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) ဗီတာမင္ E အဆီ

ဗီတာမင္ E ေဆးေတာင့္ေလးမွာ ပါဝင္တဲ့ အဆီေလးကို ေဖာက္ထုတ္လိုက္ပါ။ ရလာတဲ့အဆီေလးကို အမာရြတ္ေတြကို လိမ္းေပးကာ ႏွိပ္နယ္ေပးကာ ၁၅ မိနစ္ခန္႔ထားလိုက္ပါ။ ျပီးရင္ေတာ့ ေရေႏြးေလးနဲ႔ ေဆးေၾကာသန္႔စင္လိုက္ပါ။ ဗီတာမင္ E ဟာ တစ္ခ်ိဳ႕လူေတြဆီမွာ ဓာတ္မတည့္တာမ်ိဳးလည္း ရွိတတ္လို႔ အဆင္မေျပရင္ေတာ့ ဆက္မသံုးဖို႔ အၾကံေပးလိုက္ပါတယ္။

(၂) သံပုယိုရည္

သံပုယိုရည္ကို ေရအနည္းငယ္ေရာျပီး ဂြမး္စေလးနဲ႔တို႔ကာ အမာရြတ္ရွိတဲ့အေရျပားေပၚကို ညအိပ္ရာမဝင္ခင္တိုင္းလိမ္းေပးျခငး္ျဖင့္ လပိုင္းမွာ အမာရြတ္ေတြ ေလ်ာ့နည္းျပီး ပါးသြားတာကို ေတြ႕ရမွာျဖစ္ပါတယ္။

(၃) ရွားေစာင္းလက္ပပ္

ရွားေစာင္းလက္ပပ္ကို ျဖတ္ျပီး အထဲက အႏွစ္ကိုထုတ္ယူလိုက္ပါ။ ရလာတဲ့အနွစ္ကုိ အမာရြတ္ေတြအေပၚ တိုက္ရိုက္လိမ္းေပးလိုက္ပါ။ ေန႔စဥ္ပံုမွန္လိမ္းေပးျခင္းျဖင့္ အမာရြတ္ေတြ ေပ်ာက္ကင္းသက္သာသြားမွာျဖစ္ပါတယ္။

(၄) သခြားသီး

သခြားသီးကို ၾကိတ္ျပီး ရလာတဲ့အႏွစ္ကုိ သံပုယိုအနည္းငယ္ေရာျပီး အမာရြတ္ျဖစ္တဲ့ အေရျပားေပၚလိမ္းေပးလိုက္ပါ။ ေန႔စဥ္ပံုမွန္ ဒီနည္းလမ္းေလးကို ျပဳလုပ္ေပးျခင္းျဖင့္ အမာရြတ္ေတြ ေပ်ာက္ကင္းသြားမွာျဖစ္ပါတယ္။

(၅) သံလြင္ဆီ

သံလြင္ဆီကို အနည္းငယ္အပူေပးျပီး ရလာတဲ့ ဆီေႏြးေႏြးကုိ အမာရြတ္ေတြေပၚကိုလိမ္းေပးကာ စက္ဝိုင္းပံုသ႑ာန္ ႏွိပ္နယ္ေပးပါ။ ညအိပ္ရာဝင္ခါနီးတုိင္း ျပဳလုပ္ေပးျခငး္ျဖင့္ အမာရြတ္ေတြ အျမန္ဆံုး ေပ်ာက္ကင္းသြားမွာျဖစ္ပါတယ္။

Credit:Em Em

က်န္းမာေရး ၊ အလွအပ

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

ပျိုမေအမာရွတ်တွေဟာ တကယ်ကိုစိတ်အနှောက်အယှက်ဖြစ်စရာကောင်းပါတယ်။ ခြေထောက်မှာ အမာရွတ်တွေရှိနေတဲ့အခါ ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်းလျော့နည်းသလို စိတ်ကျဉ်းကျပ်ပြီး ရှက်ရွံ့သလိုလည်း ခံစားရပါတယ်။ ဒီလိုစိတ်အနှောက်အယှက်ဖြစ်စရာကောင်းလွန်းတဲ့ အမာရွတ်တွေကို သက်သာပျောက်ကင်းသွားစေမယ့် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ဗီတာမင် E အဆီ

ဗီတာမင် E ဆေးတောင့်လေးမှာ ပါဝင်တဲ့ အဆီလေးကို ဖောက်ထုတ်လိုက်ပါ။ ရလာတဲ့အဆီလေးကို အမာရွတ်တွေကို လိမ်းပေးကာ နှိပ်နယ်ပေးကာ ၁၅ မိနစ်ခန့်ထားလိုက်ပါ။ ပြီးရင်တော့ ရေနွေးလေးနဲ့ ဆေးကြောသန့်စင်လိုက်ပါ။ ဗီတာမင် E ဟာ တစ်ချို့လူတွေဆီမှာ ဓာတ်မတည့်တာမျိုးလည်း ရှိတတ်လို့ အဆင်မပြေရင်တော့ ဆက်မသုံးဖို့ အကြံပေးလိုက်ပါတယ်။

(၂) သံပုယိုရည်

သံပုယိုရည်ကို ရေအနည်းငယ်ရောပြီး ဂွမ်းစလေးနဲ့တို့ကာ အမာရွတ်ရှိတဲ့အရေပြားပေါ်ကို ညအိပ်ရာမဝင်ခင်တိုင်းလိမ်းပေးခြင်းဖြင့် လပိုင်းမှာ အမာရွတ်တွေ လျော့နည်းပြီး ပါးသွားတာကို တွေ့ရမှာဖြစ်ပါတယ်။

(၃) ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ်ကို ဖြတ်ပြီး အထဲက အနှစ်ကိုထုတ်ယူလိုက်ပါ။ ရလာတဲ့အနှစ်ကို အမာရွတ်တွေအပေါ် တိုက်ရိုက်လိမ်းပေးလိုက်ပါ။ နေ့စဉ်ပုံမှန်လိမ်းပေးခြင်းဖြင့် အမာရွတ်တွေ ပျောက်ကင်းသက်သာသွားမှာဖြစ်ပါတယ်။

(၄) သခွားသီး

သခွားသီးကို ကြိတ်ပြီး ရလာတဲ့အနှစ်ကို သံပုယိုအနည်းငယ်ရောပြီး အမာရွတ်ဖြစ်တဲ့ အရေပြားပေါ်လိမ်းပေးလိုက်ပါ။ နေ့စဉ်ပုံမှန် ဒီနည်းလမ်းလေးကို ပြုလုပ်ပေးခြင်းဖြင့် အမာရွတ်တွေ ပျောက်ကင်းသွားမှာဖြစ်ပါတယ်။

(၅) သံလွင်ဆီ

သံလွင်ဆီကို အနည်းငယ်အပူပေးပြီး ရလာတဲ့ ဆီနွေးနွေးကို အမာရွတ်တွေပေါ်ကိုလိမ်းပေးကာ စက်ဝိုင်းပုံသဏ္ဍာန် နှိပ်နယ်ပေးပါ။ ညအိပ်ရာဝင်ခါနီးတိုင်း ပြုလုပ်ပေးခြင်းဖြင့် အမာရွတ်တွေ အမြန်ဆုံး ပျောက်ကင်းသွားမှာဖြစ်ပါတယ်။

Credit:Em Em

ကျန်းမာရေး ၊ အလှအပ

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top