iMyanmarHouse.com - Best Property Website for Myanmar
×

အံဆံုးသြားကိုက္တဲ့အခါ ခံစားရတဲ့ နာက်င္ေဝဒနာကို ႀကံဳေတြ႕ဖူးသူမ်ားသာလွ်င္ ကိုယ္ခ်င္းစာတတ္ႀကမွာပါ။ အသက္ ၁၈ ႏွစ္ႏွင့္ ၂၅ ႏွစ္ႀကားမွာ ျဖစ္ေပၚလာတတ္တဲ့ အံဆံုးသြားနဲ႕ပတ္သက္လို႕ ခံစားရသူေတြရွိေပမယ့္လည္း အခ်ိဳ႕သူမ်ားကေတာ့ ကံေကာင္းေထာက္မစြာျဖင့္ပင္ မႀကံဳေတြ႕ႀကပါဘူး။

ဒီလိုမ်ိဳး ခံရခက္တဲ့ အံဆံုးသြားေပါက္တဲ့ဒဏ္ကို သက္သာေစဖို႕ရာ ေဆးဝါးေတြမလိုဘဲ လုပ္ေဆာင္ႏိုင္မယ့္ နည္းလမ္းေကာင္းေလးေတြကို ျပန္လည္မွ်ေဝေပးလိုက္ရပါတယ္။

ဆားေရေႏြးေႏြး

ဆားဟာ သဘာဝအတိုင္း ေရာဂါပိုးေတြကို ေသေစႏိုင္တာေႀကာင့္ ေရေႏြးေႏြးတစ္ခြက္ထဲမွာ ဆားထည့္ေရာၿပီး ပလုတ္က်င္းေပးပါ။ သြားကိုက္တာကို ခ်က္ခ်င္းသက္သာသြားေစမွာျဖစ္ၿပီး မိနစ္အနည္းငယ္ေလာက္လုပ္ေပးရပါမယ္။ လြယ္ကူရံုသာမက တကယ္ထိေရာက္တဲ့ နည္းလမ္းတစ္ခုျဖစ္ပါတယ္။

မုန္႕ဖုတ္ဆိုဒါအႏွစ္

အံဆံုးေပါက္လို႕ နာက်င္ေဝဒနာသာမက ေရာင္ရမ္းျခင္းကလည္း ေနာက္ဆက္တြဲလိုက္လာတတ္ပါတယ္။ ဒီလိုအခ်ိန္မွာ မုန္႕ဖုတ္ဆိုဒါက ကူညီေပးႏိုင္ပါတယ္။ မုန္႕ဖုတ္ဆိုဒါကို သြားတိုက္ေဆးနဲ႕ေရာၿပီးေတာ့ အံဆံုးသြားေပၚကို တိုက္ရိုက္တိုက္ေပးပါ။ မိနစ္အနည္းငယ္အတြင္းမွာပဲ နာက်င္မႈကို သက္သာေစႏိုင္မွာပါ။

ေရခဲကပ္ျခင္း

ဘယ္လိုေရာင္ရမ္းမႈမ်ိဳးကိုမဆို ေရခဲကသက္သာေအာင္ ျပဳလုပ္ေပးႏိုင္တယ္ဆိုတာ လူတိုင္းနီးပါး သိထားႀကပါတယ္။ ေရခဲႀကပ္ထုပ္ကို သြားကိုက္ေနတဲ့ ပါးမွာကပ္ေပးၿပီး ၁၅ မိနစ္ထားပါ။ အခ်ိန္ျပည့္ရင္ ခြာလိုက္ၿပီး ၁၅ မိနစ္နားေပးပါ။ တစ္ေန႕လွ်င္ ခဏခဏျပဳလုပ္ေပးရမွာျဖစ္ၿပီး ေရာင္ရမ္းကိုက္ခဲျခင္းတို႕အတြက္ အထူးေကာင္းမြန္ပါတယ္။

လက္ဖက္ရည္ႀကမ္းအိတ္မ်ား

အံဆံုးသြားကိုက္တဲ့ နာက်င္မႈကို သက္သာေစဖို႕အတြက္ လက္ဖက္ရည္ႀကမ္းအိတ္အစုံကိုလည္း အသံုးျပဳေပးႏိုင္ပါေသးတယ္။ လက္ဖက္ရည္ႀကမ္းပူေငြ႕ေငြ႕ေလးကို ေရာင္ရမ္းမႈကို ေလ်ာ့က်ေစရံုသာမက ကိုက္ေနတဲ့သြားအေပၚကို တင္ေပးျခင္းကလည္း နာက်င္မႈကို အေတာ္အသင့္ သက္သာေစပါတယ္။

ေလးညွင္းပြင့္

အဖိုးအဖြားေတြ ေခတ္ကတည္းက အသံုးျပဳလာတဲ့ ေလးညွင္းပြင့္ကို ကိုက္ေနတဲ့သြားအေပၚမွာတင္ေပးထားျခင္းျဖင့္ ပိုးေတြကိုေသေစၿပီး ထံုက်င္ေနတာေတြကိုလည္း သက္သာေစမွာပါ။ ေလးညွင့္ပြင့္ကို ဂြမ္းထဲထည့္ၿပီး အသံုးျပဳႏိုင္သလို အရသာျပင္းတယ္လို႕ ထင္ပါက သံလြင္ဆီနဲ႕ေရာစပ္ႏိုင္ပါတယ္။

နႏြင္းပလုတ္က်င္းရည္

နႏြင္းမွာပါဝင္တဲ့ သဘာဝအစြမ္းေတြဟာ အံဆံုးေပါက္တဲ့ျပႆနာေတြကို ေျဖရွင္းေပးႏိုင္ပါတယ္။ နႏြင္းအနည္းငယ္ကို ေရထဲထည့္ေဖ်ာ္ၿပီး ပလုတ္က်င္းေပးလိုက္ပါ။

အေအးခံထားသည့္ သခြားသီး

သခြားသီးကို ပါးပါးလွီးကာ အေအးခံထားၿပီး ကိုက္ေနတဲ့သြားမွာ ကပ္ေပးထားလိုက္မယ္ဆိုရင္ နာက်င္ေဝဒနာကို သက္သာေပ်ာက္ကင္းေစမွာျဖစ္ပါတယ္။

ႀကက္သြန္နီ

ႀကက္သြန္နီက အနံ႕ျပင္းေပမယ့္လည္း သြားကိုက္တာကို ကုသရာမွာေတာ့ ဆရာတစ္ဆူပါပဲ။ ႀကက္သြန္နီကို အကြင္းလိုက္လွီးကာ သြားမွာကပ္ေပးထားမယ္ဆိုရင္ ပါးစပ္အတြင္းက ဘက္တီးရီးယားမ်ားကို ဖယ္ရွားေပးၿပီး နာက်င္မႈကို သက္သာေစမွာပါ။

Credit:myhealthmyanmar

က်န္းမာေရး ၊ အလွအပ

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

အံဆုံးသွားကိုက်တဲ့အခါ ခံစားရတဲ့ နာကျင်ဝေဒနာကို ကြုံတွေ့ဖူးသူများသာလျှင် ကိုယ်ချင်းစာတတ်ကြမှာပါ။ အသက် ၁၈ နှစ်နှင့် ၂၅ နှစ်ကြားမှာ ဖြစ်ပေါ်လာတတ်တဲ့ အံဆုံးသွားနဲ့ပတ်သက်လို့ ခံစားရသူတွေရှိပေမယ့်လည်း အချို့သူများကတော့ ကံကောင်းထောက်မစွာဖြင့်ပင် မကြုံတွေ့ကြပါဘူး။

ဒီလိုမျိုး ခံရခက်တဲ့ အံဆုံးသွားပေါက်တဲ့ဒဏ်ကို သက်သာစေဖို့ရာ ဆေးဝါးတွေမလိုဘဲ လုပ်ဆောင်နိုင်မယ့် နည်းလမ်းကောင်းလေးတွေကို ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

ဆားရေနွေးနွေး

ဆားဟာ သဘာဝအတိုင်း ရောဂါပိုးတွေကို သေစေနိုင်တာကြောင့် ရေနွေးနွေးတစ်ခွက်ထဲမှာ ဆားထည့်ရောပြီး ပလုတ်ကျင်းပေးပါ။ သွားကိုက်တာကို ချက်ချင်းသက်သာသွားစေမှာဖြစ်ပြီး မိနစ်အနည်းငယ်လောက်လုပ်ပေးရပါမယ်။ လွယ်ကူရုံသာမက တကယ်ထိရောက်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။

မုန့်ဖုတ်ဆိုဒါအနှစ်

အံဆုံးပေါက်လို့ နာကျင်ဝေဒနာသာမက ရောင်ရမ်းခြင်းကလည်း နောက်ဆက်တွဲလိုက်လာတတ်ပါတယ်။ ဒီလိုအချိန်မှာ မုန့်ဖုတ်ဆိုဒါက ကူညီပေးနိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါကို သွားတိုက်ဆေးနဲ့ရောပြီးတော့ အံဆုံးသွားပေါ်ကို တိုက်ရိုက်တိုက်ပေးပါ။ မိနစ်အနည်းငယ်အတွင်းမှာပဲ နာကျင်မှုကို သက်သာစေနိုင်မှာပါ။

ရေခဲကပ်ခြင်း

ဘယ်လိုရောင်ရမ်းမှုမျိုးကိုမဆို ရေခဲကသက်သာအောင် ပြုလုပ်ပေးနိုင်တယ်ဆိုတာ လူတိုင်းနီးပါး သိထားကြပါတယ်။ ရေခဲကြပ်ထုပ်ကို သွားကိုက်နေတဲ့ ပါးမှာကပ်ပေးပြီး ၁၅ မိနစ်ထားပါ။ အချိန်ပြည့်ရင် ခွာလိုက်ပြီး ၁၅ မိနစ်နားပေးပါ။ တစ်နေ့လျှင် ခဏခဏပြုလုပ်ပေးရမှာဖြစ်ပြီး ရောင်ရမ်းကိုက်ခဲခြင်းတို့အတွက် အထူးကောင်းမွန်ပါတယ်။

လက်ဖက်ရည်ကြမ်းအိတ်များ

အံဆုံးသွားကိုက်တဲ့ နာကျင်မှုကို သက်သာစေဖို့အတွက် လက်ဖက်ရည်ကြမ်းအိတ်အစုံကိုလည်း အသုံးပြုပေးနိုင်ပါသေးတယ်။ လက်ဖက်ရည်ကြမ်းပူငွေ့ငွေ့လေးကို ရောင်ရမ်းမှုကို လျော့ကျစေရုံသာမက ကိုက်နေတဲ့သွားအပေါ်ကို တင်ပေးခြင်းကလည်း နာကျင်မှုကို အတော်အသင့် သက်သာစေပါတယ်။

လေးညှင်းပွင့်

အဖိုးအဖွားတွေ ခေတ်ကတည်းက အသုံးပြုလာတဲ့ လေးညှင်းပွင့်ကို ကိုက်နေတဲ့သွားအပေါ်မှာတင်ပေးထားခြင်းဖြင့် ပိုးတွေကိုသေစေပြီး ထုံကျင်နေတာတွေကိုလည်း သက်သာစေမှာပါ။ လေးညှင့်ပွင့်ကို ဂွမ်းထဲထည့်ပြီး အသုံးပြုနိုင်သလို အရသာပြင်းတယ်လို့ ထင်ပါက သံလွင်ဆီနဲ့ရောစပ်နိုင်ပါတယ်။

နနွင်းပလုတ်ကျင်းရည်

နနွင်းမှာပါဝင်တဲ့ သဘာဝအစွမ်းတွေဟာ အံဆုံးပေါက်တဲ့ပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။ နနွင်းအနည်းငယ်ကို ရေထဲထည့်ဖျော်ပြီး ပလုတ်ကျင်းပေးလိုက်ပါ။

အအေးခံထားသည့် သခွားသီး

သခွားသီးကို ပါးပါးလှီးကာ အအေးခံထားပြီး ကိုက်နေတဲ့သွားမှာ ကပ်ပေးထားလိုက်မယ်ဆိုရင် နာကျင်ဝေဒနာကို သက်သာပျောက်ကင်းစေမှာဖြစ်ပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီက အနံ့ပြင်းပေမယ့်လည်း သွားကိုက်တာကို ကုသရာမှာတော့ ဆရာတစ်ဆူပါပဲ။ ကြက်သွန်နီကို အကွင်းလိုက်လှီးကာ သွားမှာကပ်ပေးထားမယ်ဆိုရင် ပါးစပ်အတွင်းက ဘက်တီးရီးယားများကို ဖယ်ရှားပေးပြီး နာကျင်မှုကို သက်သာစေမှာပါ။

Credit:myhealthmyanmar

ကျန်းမာရေး ၊ အလှအပ

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top