iMyanmarHouse.com - Best Property Website for Myanmar
×

ကန္ဇြန္းဥကို မီးဖုတ္ (သို႕) မီးကင္ၿပီးစားစား၊ ျပဳတ္ၿပီးစားစား အရသာရွိလွပါတယ္။ အေရာင္အမ်ိဳးမ်ိဳးရွိတဲ့ ကန္ဇြန္းဥကိုလည္း ေစ်းကြက္မွာ ၀ယ္ယူစားသံုးႏိုင္ပါတယ္။

ကန္ဇြန္းဥကို စားသံုးရင္ က်န္းမာေရးအက်ိဳးေက်းဇူးေတြ ဘယ္လိုရႏိုင္မလဲ။

၁။ ဆီးခ်ိဳ

ဆီးခ်ိဳေ၀ဒနာရွင္ေတြအတြက္ ကန္ဇြန္းဥကို ေရြးခ်ယ္စားသံုးသင့္ပါတယ္။ ကန္ဇြန္းဥမွာ သဘာ၀သၾကားဓါတ္ပါ၀င္ၿပီး ဆီးခ်ိဳျဖစ္ေစဖို႔ အေထာက္အပံ့ျဖစ္ေစတဲ့ အင္ဆူလင္ဓါတ္ကို ထိန္းခ်ဳပ္ေပးပါတယ္။ ဒါ့အျပင္ ေသြးတြင္းသၾကားဓါတ္ကိုလည္း ထိန္းညွိေပးႏိုင္ပါတယ္။

၂။ အစာေခ်စနစ္

ကန္ဇြန္းဥမွာ အမွ်င္ဓါတ္ေတြပါ၀င္ၿပီး အစာေခ်စနစ္ကိုေကာင္းမြန္ေစပါတယ္။ ဒါ့အျပင္ အူမႀကီးကင္ဆာျဖစ္ပြားမႈကို ထိန္းခ်ဳပ္ေပးႏိုင္ၿပီး ၀မ္းခ်ဳပ္တာကိုလည္း ေပ်ာက္ကင္းေစပါတယ္။

၃။ အသက္ရႈလမ္းေၾကာင္းဆိုင္ရာျပႆနာမ်ား

ေဆးလိပ္ေသာက္သံုးတဲ့ သူေတြအထူးသျဖင့္ ကန္ဇြန္းဥကို မ်ားမ်ားစားသံုးေပးသင့္ပါတယ္။ ကန္ဇြန္းဥမွာ ဗီတာမင္ A ထုတ္လုပ္မႈကိုကူညီေပးႏိုင္တဲ့ ဓါတ္တစ္မ်ိဳးပါ၀င္ပါတယ္။

၄။ ႏွလံုးနဲ႔ တျခားက်န္းမာေရး

ကန္ဇြန္းဥမွာ ဗီတာမင္ D ၾကြယ္၀စြာပါ၀င္လို႔ ႏွလံုး၊ သြား၊ အေရျပား၊ အရိုး စတာေတြအတြက္ ေကာင္းမြန္ေစၿပီး သိုင္းရြိဳက္ဂလင္းရဲ့ လုပ္ေဆာင္မႈကိုလည္း ပံုမွန္အတိုင္းျဖစ္ေစပါတယ္။

၅။ နွလံုးေရာဂါ

ကန္ဇြန္းဥမွာ ဗီတာမင္ B6 ပါ၀င္လို႔ ႏွလံုးေရာဂါျဖစ္ပြားမႈကို ကာကြယ္ေပးႏိုင္ပါတယ္။ ဒါ့အျပင္ ေလျဖတ္တာနဲ႔ တျခားေရာဂါေတြအတြက္လည္းေကာင္းမြန္ပါတယ္။

၆။ ကိုယ္၀န္ေဆာင္မိခင္ေတြ

ကန္ဇြန္းဥမွာ ေဖာလစ္ (Folid) အက္ဆစ္ဓါတ္ပါ၀င္တာေၾကာင့္ ကိုယ္၀န္ေဆာင္မိခင္ေတြ အထူးစားသံုးေပးသင့္ပါတယ္။

၇။ ဆံပင္ကၽြတ္ျခင္း

ဆံပင္ကၽြတ္တာ ဆံသားပ်က္ဆီးတာမ်ိဳးျဖစ္ေနလား။ ကန္ဇြန္းဥမွာ ဗီတာကယ္လိုတင္းဓါတ္ပါ၀င္လို႔ ဆံပင္ကၽြတ္တာ ဆံသားပ်က္ဆီးတာမ်ိဳးကို ရပ္တန္႔ေစၿပီး ဆံပင္သန္ေစပါတယ္။

Credit: Myhealthymyanmar
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
  ကန်ဇွန်းဥကို မီးဖုတ် (သို့) မီးကင်ပြီးစားစား၊ ပြုတ်ပြီးစားစား အရသာရှိလှပါတယ်။ အရောင်အမျိုးမျိုးရှိတဲ့ ကန်ဇွန်းဥကိုလည်း ဈေးကွက်မှာ ဝယ်ယူစားသုံးနိုင်ပါတယ်။

ကန်ဇွန်းဥကို စားသုံးရင် ကျန်းမာရေးအကျိုးကျေးဇူးတွေ ဘယ်လိုရနိုင်မလဲ။

၁။ ဆီးချို

ဆီးချိုဝေဒနာရှင်တွေအတွက် ကန်ဇွန်းဥကို ရွေးချယ်စားသုံးသင့်ပါတယ်။ ကန်ဇွန်းဥမှာ သဘာဝသကြားဓါတ်ပါဝင်ပြီး ဆီးချိုဖြစ်စေဖို့ အထောက်အပံ့ဖြစ်စေတဲ့ အင်ဆူလင်ဓါတ်ကို ထိန်းချုပ်ပေးပါတယ်။ ဒါ့အပြင် သွေးတွင်းသကြားဓါတ်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။

၂။ အစာချေစနစ်

ကန်ဇွန်းဥမှာ အမျှင်ဓါတ်တွေပါဝင်ပြီး အစာချေစနစ်ကိုကောင်းမွန်စေပါတယ်။ ဒါ့အပြင် အူမကြီးကင်ဆာဖြစ်ပွားမှုကို ထိန်းချုပ်ပေးနိုင်ပြီး ဝမ်းချုပ်တာကိုလည်း ပျောက်ကင်းစေပါတယ်။

၃။ အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာများ

ဆေးလိပ်သောက်သုံးတဲ့ သူတွေအထူးသဖြင့် ကန်ဇွန်းဥကို များများစားသုံးပေးသင့်ပါတယ်။ ကန်ဇွန်းဥမှာ ဗီတာမင် A ထုတ်လုပ်မှုကိုကူညီပေးနိုင်တဲ့ ဓါတ်တစ်မျိုးပါဝင်ပါတယ်။

၄။ နှလုံးနဲ့ တခြားကျန်းမာရေး

ကန်ဇွန်းဥမှာ ဗီတာမင် D ကြွယ်ဝစွာပါဝင်လို့ နှလုံး၊ သွား၊ အရေပြား၊ အရိုး စတာတွေအတွက် ကောင်းမွန်စေပြီး သိုင်းရွိုက်ဂလင်းရဲ့ လုပ်ဆောင်မှုကိုလည်း ပုံမှန်အတိုင်းဖြစ်စေပါတယ်။

၅။ နှလုံးရောဂါ

ကန်ဇွန်းဥမှာ ဗီတာမင် B6 ပါဝင်လို့ နှလုံးရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် လေဖြတ်တာနဲ့ တခြားရောဂါတွေအတွက်လည်းကောင်းမွန်ပါတယ်။

၆။ ကိုယ်ဝန်ဆောင်မိခင်တွေ

ကန်ဇွန်းဥမှာ ဖောလစ် (Folid) အက်ဆစ်ဓါတ်ပါဝင်တာကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေ အထူးစားသုံးပေးသင့်ပါတယ်။

၇။ ဆံပင်ကျွတ်ခြင်း

ဆံပင်ကျွတ်တာ ဆံသားပျက်ဆီးတာမျိုးဖြစ်နေလား။ ကန်ဇွန်းဥမှာ ဗီတာကယ်လိုတင်းဓါတ်ပါဝင်လို့ ဆံပင်ကျွတ်တာ ဆံသားပျက်ဆီးတာမျိုးကို ရပ်တန့်စေပြီး ဆံပင်သန်စေပါတယ်။

Credit: Myhealthymyanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top