iMyanmarHouse.com - Best Property Website for Myanmar
×

မူးယစ္ေဆးဝါး လက္ဝယ္ေတြ႕ရွိမႈနဲ႔ ေထာင္ဒဏ္ ၁၇ ႏွစ္ က်ခံထားရတဲ့ မိုးေအာင္ရင္ရဲ႕ အမႈကို ရန္ကုန္အေရွ႕ပိုင္း တရားရံုးမွာ ေဖေဖာ္ဝါရီ ၈ ရက္ေန႔က အယူခံေလွ်ာက္လြဲခ်က္ ၾကားနာခဲ့ပါတယ္။ ျပီးခဲ့တဲ့ ဒီဇင္ဘာလ ၂၇ ရက္ေန႔က အယူခံ ဝင္ခဲ့တာ ျဖစ္ျပီး ဒီေန႔ ေဖေဖာ္ဝါရီလ ၈ ရက္ေန႕မွာ လာေရာက္ၾကားနာခဲ့တာ ျဖစ္ပါတယ္။ အမိန္႔ခ်မွတ္ဖို႔ကိုေတာ့ ေဖေဖာ္ဝါရီ ၂၇ ရက္ေန႔မွာ ျပန္ခ်ိန္းခဲ့တယ္လို႔ သိရပါတယ္။

မိုးေအာင္ရင္ဘက္ကေန တရားလႊတ္ေတာ္ေနေရွ႕ေန ဦးခင္ေမာင္တင့္က တာဝန္ယူ ေဆာင္ရြက္ေပးမွာ ျဖစ္ျပီး ေမွ်ာ္လင့္ခ်က္ ရွိႏုိင္ေၾကာင္း ခုလို ေျပာသြားပါတယ္။

“ဒီေန႔ကေလ မုိးေအာင္ရင္ကို ျပစ္ဒဏ္အေပၚ အယူခံမႈအတြက္ ေလွ်ာက္လႊဲခ်က္ တင္တာေပါ့ေနာ္။ ေလွ်ာက္လႊဲခ်က္မွာေတာ့ အခ်က္က မမ်ားေတာ့ေလ အေသးစိပ္ မေျပာေတာ့ဘူး။ ျမိဳ႕နယ္ရံုးက အယူခံတက္ခြင့္ ရွိတဲ့အတြက္ ခရိုင္ရံုးကို အယူခံတက္ျပီးေတာ့ သူ႔အခြင့္အေရး ေတာင္းဆိုတာ။ အေၾကာင္းျပခ်က္ကေတာ့ သူ႔အေပၚမွာ ခ်ထားတဲ့ ျပစ္ဒဏ္ကို စဥ္းစားေပးဖို႔ ေနာက္တစ္ခါ အခြင့္အေရး ေတာင္းတာေပါ့။ အခြင့္အေရးကေတာ့ လိုရင္းေျပာရရင္ ျပစ္ဒဏ္လႊတ္ေပးဖို႔ပါ။ ခရိုင္ကအမႈကို သီးျခား တိုင္းေဒသၾကီး လႊတ္ေတာ္ဆီ အယူခံ တက္ထားတယ္။ အယူခံ ၁/၂၀၁၉ နဲ႔ တက္ထားတယ္။ ဒီဇင္ဘာ ၂၇ ေလာက္ ျဖစ္မယ္ထင္တယ္။

အမႈအေပၚ မူတည္ျပီး ေမွ်ာ္လင့္ခ်က္ ရွိႏိုင္ပါတယ္။ ရွိႏိုင္လို႔လည္း တက္တာေပါ့။ ပံုမွန္ကေလ အခုလ ၂၂ ရက္ေန႕မွာ တင္ထားတဲ့ အယူခံအမႈကို လက္ခံသင့္ မသင့္ဆိုတာ ၾကားနာဖို႔ ခ်ိန္းထားတယ္။ အမိန္႕ခ်တာကေတာ့ ၂၇ ရက္ေန႔ အျပီးသတ္ အမိန္႔ခ်မယ္။” ဆိုျပီး ေျပာျပသြားပါတယ္။

ပရိသတ္ေတြကေတာ့ မိုးေအာင္ရင္ရဲ႕ အမႈကို ျပစ္ဒဏ္ေလွ်ာ့ေပါ့ ေပးဖို႕ လိုလားေတာင့္တၾကသလို တရားေသာစီရင္မႈ ျဖစ္ပါေစလို႕လည္း ဆုေတာင္းေနၾကပါတယ္။

Credit:Nanmalgyi
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#


မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ ထောင်ဒဏ် ၁၇ နှစ် ကျခံထားရတဲ့ မိုးအောင်ရင်ရဲ့ အမှုကို ရန်ကုန်အရှေ့ပိုင်း တရားရုံးမှာ ဖေဖော်ဝါရီ ၈ ရက်နေ့က အယူခံလျှောက်လွဲချက် ကြားနာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ ရက်နေ့က အယူခံ ဝင်ခဲ့တာ ဖြစ်ပြီး ဒီနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ လာရောက်ကြားနာခဲ့တာ ဖြစ်ပါတယ်။ အမိန့်ချမှတ်ဖို့ကိုတော့ ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ပြန်ချိန်းခဲ့တယ်လို့ သိရပါတယ်။

မိုးအောင်ရင်ဘက်ကနေ တရားလွှတ်တော်နေရှေ့နေ ဦးခင်မောင်တင့်က တာဝန်ယူ ဆောင်ရွက်ပေးမှာ ဖြစ်ပြီး မျှော်လင့်ချက် ရှိနိုင်ကြောင်း ခုလို ပြောသွားပါတယ်။

“ဒီနေ့ကလေ မိုးအောင်ရင်ကို ပြစ်ဒဏ်အပေါ် အယူခံမှုအတွက် လျှောက်လွှဲချက် တင်တာပေါ့နော်။ လျှောက်လွှဲချက်မှာတော့ အချက်က မများတော့လေ အသေးစိပ် မပြောတော့ဘူး။ မြို့နယ်ရုံးက အယူခံတက်ခွင့် ရှိတဲ့အတွက် ခရိုင်ရုံးကို အယူခံတက်ပြီးတော့ သူ့အခွင့်အရေး တောင်းဆိုတာ။ အကြောင်းပြချက်ကတော့ သူ့အပေါ်မှာ ချထားတဲ့ ပြစ်ဒဏ်ကို စဉ်းစားပေးဖို့ နောက်တစ်ခါ အခွင့်အရေး တောင်းတာပေါ့။ အခွင့်အရေးကတော့ လိုရင်းပြောရရင် ပြစ်ဒဏ်လွှတ်ပေးဖို့ပါ။ ခရိုင်ကအမှုကို သီးခြား တိုင်းဒေသကြီး လွှတ်တော်ဆီ အယူခံ တက်ထားတယ်။ အယူခံ ၁/၂၀၁၉ နဲ့ တက်ထားတယ်။ ဒီဇင်ဘာ ၂၇ လောက် ဖြစ်မယ်ထင်တယ်။

အမှုအပေါ် မူတည်ပြီး မျှော်လင့်ချက် ရှိနိုင်ပါတယ်။ ရှိနိုင်လို့လည်း တက်တာပေါ့။ ပုံမှန်ကလေ အခုလ ၂၂ ရက်နေ့မှာ တင်ထားတဲ့ အယူခံအမှုကို လက်ခံသင့် မသင့်ဆိုတာ ကြားနာဖို့ ချိန်းထားတယ်။ အမိန့်ချတာကတော့ ၂၇ ရက်နေ့ အပြီးသတ် အမိန့်ချမယ်။” ဆိုပြီး ပြောပြသွားပါတယ်။

ပရိသတ်တွေကတော့ မိုးအောင်ရင်ရဲ့ အမှုကို ပြစ်ဒဏ်လျှော့ပေါ့ ပေးဖို့ လိုလားတောင့်တကြသလို တရားသောစီရင်မှု ဖြစ်ပါစေလို့လည်း ဆုတောင်းနေကြပါတယ်။

Credit:Nanmalgyi

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top