iMyanmarHouse.com - Best Property Website for Myanmar
×

ေလာကမွာ အေျပာင္းအလဲအျမန္ဆံုးက လူ႔စိတ္ပါ။ ခုေဖာ္ျပေပးမွာကေတာ့ သင့္ခ်စ္သူက သင့္ကိုမခ်စ္ေတာ့လို႔ပဲျဖစ္ျဖစ္၊

ဒါမွမဟုတ္ သင္ခ်စ္တဲ့သူက သင့္ကိုျပန္မခ်စ္တာပဲျဖစ္ျဖစ္ ဒီလိုျပႆနာေလးေတြ ၾကံဳေနရျပီဆိုရင္ ဆက္ျပီးေတာ့ မတြယ္ကပ္သင့္ေတာ့ပါဘူး။

အေၾကာင္းကေတာ့ ဆက္ျပီးတြယ္ကပ္ေလေလ သင္နာက်င္ရေလေလ ျဖစ္ေနမွာမို႔ပါ။ ဒါေၾကာင့္ ခုေဖာ္ျပေပးတဲ့နည္းလမ္းေလးေတြကိို အသံုးျပဳျပီး သူ႔ကိုစြန္႔လႊတ္လိုက္ပါ

(၁) အျဖစ္မွန္ကိုလက္ခံပါ

သင့္ခ်စ္သူဟာ သင့္ကိိုမခ်စ္ေတာ့ဘူး။ သူ႔မွာသင့္ကိုမခ်စ္ေတာ့တဲ့ အေၾကာင္းျပခ်က္ေတြ အမ်ားၾကီးရွိမယ္၊ မရွိတာလည္း ျဖစ္ႏိုင္တယ္။

ဒါေပမယ့္ ဘယ္လိုပဲျဖစ္ျဖစ္ သင့္ကိုမခ်စ္ေတာ့တာက မခ်စ္ေတာ့တာပါပဲ။ ဒါေၾကာင့္ သူ႔စိတ္ျပန္လည္လာမယ့္အခ်ိန္ကိုုေစာင့္ေနတာမ်ိဳး၊

သင့္ကိုျပန္ခ်စ္လာေအာင္ၾကိဳးစားတာမ်ိဳးေတြကိုလုပ္ျပီး အပင္ပန္းမခံသင့္ေတာ့ပါဘူး။ ဒါထက္စာရင္ အျဖစ္မွန္ကိုလက္ခံျပီး ကိုိုယ့္ကိုိုယ္မခ်စ္ေတာ့တဲ့သူကို စြန္႔လႊတ္ဖို႔သာ ၾကိဳးစားရေတာ့မွာပါ

(၂) အာရံုလႊဲပါ

သင့္ရဲ႕အာရံုကိိုစျပီးလႊဲရေတာ့မွာပါ။ သူနဲ႔မေတြ႕ေအာင္၊ သူနဲ႔မဆက္သြယ္မိေအာင္ၾကိဳးစားပါ။ ေနာက္တစ္ခုကေတာ့ သင့္ရဲ႕စိတ္တံခါးေပါက္ကို သူ႔အတြက္ မဖြင့္ပါနဲ႔ေတာ့။

သူ႔အေၾကာင္းေတြးေနတာေတြ ရပ္လိုက္ပါ၊ သူ႔အေၾကာင္းကို သင့္ေခါငး္ထဲလံုးဝ အဝင္မခံပါနဲ႔။

သူ႔အေၾကာင္းေတြးမိေတာ့မယ္ဆိုတာနဲ႔ တျခားအေၾကာင္းနဲ႔အာရံုလႊဲလိုက္ဖုိ႔ ၾကိဳးစားပါ။

ဒီလိုၾကိဳးစားရင္းၾကိဳးစားရင္းကေန ၾကာလာတဲ့အခါ သူ႔အေၾကာင္းေတြးဖို႔ကိုေတာင္ လံုးဝေမ့သြားပါလိမ့္မယ္

အရပ္ပုပုေကာင္မေလးေတြနဲ႔ ခ်စ္သူျဖစ္မွသာ ပိုင္ဆိုင္ခြင့္ရမယ့္ ထူးျခားတဲ့ခံစားခ်က္ (၆)မ်ိဳး

(၃) ဘဝတူသူငယ္ခ်င္းရွာပါ

ဒီလိုအခ်ိန္မွာ အေရးၾကီးဆံုးက ဘဝတူသူငယ္ခ်င္းရွိဖို႔ပါပဲ။ အသညး္ကြဲဖူးတဲ့သူငယ္ခ်င္း၊ ဒီလိုအျဖစ္မ်ိဳးကို ၾကံဳဖူးတဲ့သူငယ္ခ်င္းကို ရွာပါ။

ျပီးရင္သူ႔ဆီမွာ ရင္ဖြင့္ပါ၊ အၾကံဥာဏ္ေတာင္းပါ။

ဒီလိုသူငယ္ခ်င္းမ်ိဳးကလြဲရင္ သင့္ကိုဘယ္သူမွ စာနာနားလည္ေပးႏိုင္မွာမဟုတ္သလို၊ အၾကံဥာဏ္ေကာင္းလည္း ေပးႏိုင္မွာမဟုတ္ပါဘူး။

ဘဝတူသူငယ္ခ်င္းမ်ိဳးကိုသာေတြ႕ရင္ ခံစားရတာ တစ္ဝက္ေလာက္ေတာ့ သက္သာသြားမွာပါ

(၄) ကိုယ့္ကိုယ္ကိုဂရုစိုက္ပါ

ဒီလိုအခ်ိန္မွာ သင့္ကိုသင္ဂရုစိုက္ရမွာပါ။ အလွျပင္တာ၊ ဆံပင္ပံုစံေျပာင္းတာ၊ စတိုင္သစ္ေျပာင္းတာမ်ိဳးေတြလုပ္ေပးပါ။

အေၾကာင္းကေတာ့ ဒီအခ်ိန္ဟာ ေျပာငး္လဲရမယ့္အခ်ိန္ျဖစ္ျပီး စိတ္သစ္ကိုယ္သစ္နဲ႔ ဘဝသစ္ကိုအစျပဳရမယ့္ အခ်ိန္ျဖစ္ေနလို႔ပါ။

ဒါေၾကာင့္ကိုယ့္ကိုယ္ကိို ဂရုစိုက္ပါ။ ဒီလိုအခ်ိန္မွာ ဖိုသီဖပ္သီနဲ႔ ေပ်ာ့တိေပ်ာ့ဖတ္ပံုစံ မေနပဲ စိတ္ဓာတ္ၾကံ့ခိုင္ျပီး လွပထက္ျမက္တဲ့မိန္းကေလးတစ္ေယာက္၊

ကိုယ့္ကိုယ္ကုိတန္ဖိုးထားရေကာင္းမွန္းသိတဲ့ မိန္းကေလးတစ္ေယာက္ျဖစ္တယ္ဆိုတာ လူတိုင္းကိုိုျမင္ေစပါ။

(၅) စိတ္မဆိုးပါနဲ႔

သင့္ခ်စ္သူကို ေနာက္ထပ္အသစ္တစ္ေယာက္ဒါမွမဟုတ္ ေကာင္မေလးေတြနဲ႔ ေတြ႕ခဲ့ရင္လညး္ စိတ္မဆိုးပါနဲ႔။

သူ႔မွာသူ႔စိတ္ၾကိဳက္ေရြးခ်ယ္ပိိုင္ခြင့္ရွိပါတယ္။ သင့္ကိုမေရြးခ်ယ္ခဲ့တာ သူ႔အမွားမဟုတ္သလို၊ သူမေရြးခ်ယ္တာေၾကာင့္ သင့္တန္ဖိုးကလည္း က်မသြားပါဘူး။

ပတ္ဝန္းက်င္အျမင္၊ လူေတြရဲ႕ေဝဖန္မႈကုိ ေၾကာက္မေနပါနဲ႔။ အခ်ိန္တန္ရင္ အရာအားလံုးအသစ္ကျပန္ျဖစ္သြားမွာမို႔လို႔အခ်ိန္နညး္နည္းေလးေတာ့ ေစာင့္လိုက္ပါေနာ္။

Credit: thadinyatkwat

ခ်စ္ေရးခ်စ္ရာ
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

လောကမှာ အပြောင်းအလဲအမြန်ဆုံးက လူ့စိတ်ပါ။ ခုဖော်ပြပေးမှာကတော့ သင့်ချစ်သူက သင့်ကိုမချစ်တော့လို့ပဲဖြစ်ဖြစ်၊

ဒါမှမဟုတ် သင်ချစ်တဲ့သူက သင့်ကိုပြန်မချစ်တာပဲဖြစ်ဖြစ် ဒီလိုပြဿနာလေးတွေ ကြုံနေရပြီဆိုရင် ဆက်ပြီးတော့ မတွယ်ကပ်သင့်တော့ပါဘူး။

အကြောင်းကတော့ ဆက်ပြီးတွယ်ကပ်လေလေ သင်နာကျင်ရလေလေ ဖြစ်နေမှာမို့ပါ။ ဒါကြောင့် ခုဖော်ပြပေးတဲ့နည်းလမ်းလေးတွေကို အသုံးပြုပြီး သူ့ကိုစွန့်လွှတ်လိုက်ပါ

(၁) အဖြစ်မှန်ကိုလက်ခံပါ

သင့်ချစ်သူဟာ သင့်ကိုမချစ်တော့ဘူး။ သူ့မှာသင့်ကိုမချစ်တော့တဲ့ အကြောင်းပြချက်တွေ အများကြီးရှိမယ်၊ မရှိတာလည်း ဖြစ်နိုင်တယ်။

ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် သင့်ကိုမချစ်တော့တာက မချစ်တော့တာပါပဲ။ ဒါကြောင့် သူ့စိတ်ပြန်လည်လာမယ့်အချိန်ကိုစောင့်နေတာမျိုး၊

သင့်ကိုပြန်ချစ်လာအောင်ကြိုးစားတာမျိုးတွေကိုလုပ်ပြီး အပင်ပန်းမခံသင့်တော့ပါဘူး။ ဒါထက်စာရင် အဖြစ်မှန်ကိုလက်ခံပြီး ကိုယ့်ကိုယ်မချစ်တော့တဲ့သူကို စွန့်လွှတ်ဖို့သာ ကြိုးစားရတော့မှာပါ

(၂) အာရုံလွှဲပါ

သင့်ရဲ့အာရုံကိုစပြီးလွှဲရတော့မှာပါ။ သူနဲ့မတွေ့အောင်၊ သူနဲ့မဆက်သွယ်မိအောင်ကြိုးစားပါ။ နောက်တစ်ခုကတော့ သင့်ရဲ့စိတ်တံခါးပေါက်ကို သူ့အတွက် မဖွင့်ပါနဲ့တော့။

သူ့အကြောင်းတွေးနေတာတွေ ရပ်လိုက်ပါ၊ သူ့အကြောင်းကို သင့်ခေါင်းထဲလုံးဝ အဝင်မခံပါနဲ့။

သူ့အကြောင်းတွေးမိတော့မယ်ဆိုတာနဲ့ တခြားအကြောင်းနဲ့အာရုံလွှဲလိုက်ဖို့ ကြိုးစားပါ။

ဒီလိုကြိုးစားရင်းကြိုးစားရင်းကနေ ကြာလာတဲ့အခါ သူ့အကြောင်းတွေးဖို့ကိုတောင် လုံးဝမေ့သွားပါလိမ့်မယ်

အရပ်ပုပုကောင်မလေးတွေနဲ့ ချစ်သူဖြစ်မှသာ ပိုင်ဆိုင်ခွင့်ရမယ့် ထူးခြားတဲ့ခံစားချက် (၆)မျိုး

(၃) ဘဝတူသူငယ်ချင်းရှာပါ

ဒီလိုအချိန်မှာ အရေးကြီးဆုံးက ဘဝတူသူငယ်ချင်းရှိဖို့ပါပဲ။ အသည်းကွဲဖူးတဲ့သူငယ်ချင်း၊ ဒီလိုအဖြစ်မျိုးကို ကြုံဖူးတဲ့သူငယ်ချင်းကို ရှာပါ။

ပြီးရင်သူ့ဆီမှာ ရင်ဖွင့်ပါ၊ အကြံဉာဏ်တောင်းပါ။

ဒီလိုသူငယ်ချင်းမျိုးကလွဲရင် သင့်ကိုဘယ်သူမှ စာနာနားလည်ပေးနိုင်မှာမဟုတ်သလို၊ အကြံဉာဏ်ကောင်းလည်း ပေးနိုင်မှာမဟုတ်ပါဘူး။

ဘဝတူသူငယ်ချင်းမျိုးကိုသာတွေ့ရင် ခံစားရတာ တစ်ဝက်လောက်တော့ သက်သာသွားမှာပါ

(၄) ကိုယ့်ကိုယ်ကိုဂရုစိုက်ပါ

ဒီလိုအချိန်မှာ သင့်ကိုသင်ဂရုစိုက်ရမှာပါ။ အလှပြင်တာ၊ ဆံပင်ပုံစံပြောင်းတာ၊ စတိုင်သစ်ပြောင်းတာမျိုးတွေလုပ်ပေးပါ။

အကြောင်းကတော့ ဒီအချိန်ဟာ ပြောင်းလဲရမယ့်အချိန်ဖြစ်ပြီး စိတ်သစ်ကိုယ်သစ်နဲ့ ဘဝသစ်ကိုအစပြုရမယ့် အချိန်ဖြစ်နေလို့ပါ။

ဒါကြောင့်ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။ ဒီလိုအချိန်မှာ ဖိုသီဖပ်သီနဲ့ ပျော့တိပျော့ဖတ်ပုံစံ မနေပဲ စိတ်ဓာတ်ကြံ့ခိုင်ပြီး လှပထက်မြက်တဲ့မိန်းကလေးတစ်ယောက်၊

ကိုယ့်ကိုယ်ကိုတန်ဖိုးထားရကောင်းမှန်းသိတဲ့ မိန်းကလေးတစ်ယောက်ဖြစ်တယ်ဆိုတာ လူတိုင်းကိုမြင်စေပါ။

(၅) စိတ်မဆိုးပါနဲ့

သင့်ချစ်သူကို နောက်ထပ်အသစ်တစ်ယောက်ဒါမှမဟုတ် ကောင်မလေးတွေနဲ့ တွေ့ခဲ့ရင်လည်း စိတ်မဆိုးပါနဲ့။

သူ့မှာသူ့စိတ်ကြိုက်ရွေးချယ်ပိုင်ခွင့်ရှိပါတယ်။ သင့်ကိုမရွေးချယ်ခဲ့တာ သူ့အမှားမဟုတ်သလို၊ သူမရွေးချယ်တာကြောင့် သင့်တန်ဖိုးကလည်း ကျမသွားပါဘူး။

ပတ်ဝန်းကျင်အမြင်၊ လူတွေရဲ့ဝေဖန်မှုကို ကြောက်မနေပါနဲ့။ အချိန်တန်ရင် အရာအားလုံးအသစ်ကပြန်ဖြစ်သွားမှာမို့လို့အချိန်နည်းနည်းလေးတော့ စောင့်လိုက်ပါနော်။

Credit: thadinyatkwat

ချစ်ရေးချစ်ရာ
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top