iMyanmarHouse.com - Best Property Website for Myanmar
×













Credit: thadinyatkwat

ကြီးပွားရေး


#Unicode Version# ဖြင့်ဖတ်ပါ ။

ပရိသတ်ကြီးရေ.. မော်လ်ဒယ်သရုပ်ဆောင် မင်းသမီးချောလေး စူးရှထက်ကတော့ အနုပညာလောကမှာ ပရိသတ်တွေအခိုင်အမာနဲ့ အောင်မြင်မှုတွေရရှိထားပြီး ယောင်္ကျားလေးပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အများဆုံးရရှိထားသူပဲ ဖြစ်ပါတယ်..။

ချစ်စရာကောင်းတဲ့ မျက်နှာလေးအပြင် ပွင့်လင်းတဲ့ အပြုအမူလေးတွေနဲ့ အချိုးအစားကျပြီး ဆွဲဆောင်မှုရှိတဲ့ အမိုက်စားခန္ဓာကောက်ကြောင်းအလှတွေကို ပိုင်ဆိုင်ထားသူမို့လည်း ပုရိသပရိသတ်တွေတိုင်းရဲ့ အသည်းနှလုံးတွေကို သိမ်းပိုက်ထားသူလေးဆိုလည်း မမှားပါဘူး..။

ပရိသတ်တွေရဲ့ အချစ်တော်လေး စူးရှထက်ကတော့ ဒီကနေ့မှာ ကျရောက်လာခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အသက်(၁၀၄)နှစ်ပြည့် မွေးနေ့လေးမှာ ရပ်ကွက်ထဲ ပဲပြုတ်နံပြားနဲ့ ကော်ဖီလက်ဖက်ရည်တို့ကို စတုဒီသာအလှူလေး ပြုလုပ်နေတာ တွေ့ရပါတယ်..။

မနက်(၅)နာရီ အစောကြီးထပြီး သနားခါးပါးကွက်ကြားလေးနဲ့ ရပ်ကွက်ထဲဆင်းကာ မြင်တွေ့သူဧည့်ပရိသတ်တွေတိုင်းကို ပဲပြုတ်နံပြားနဲ့ ကော်ဖီကို အဝစားစတုဒီသာ အလှူလေးပြုလုပ်ပြီး ပျော်နေတဲ့သူမရဲ့ ပုံရိပ်လေးတွေကလည်း တွေ့သူတိုင်းကို တကယ်ကိုအချစ်ပိုစေပါတယ်နော်..။

“စူးရှရေ ထတော့ အလှူကျွေးတော့မယ်ဟေ့တဲ့

ကိုယ့်ကလဲ နေမကောင်းတော့

ညထဲက အိပ်ဆေးသောက်အိပ်ရတော့

အင်္ကျီကို ဝတ်အိပ်လိုက်တယ် မနက်ကြတော့၅နာရီထ

သနပ်ခါးတွေ ကွက်ပြီးအောက်ထပ်ကို

ပြေးဆင်းရပါလေရော အရမ်းကိုလှူရပါတယ် အဝစားအဝသောက် လူတွေမှ အများကြီး

အဲ့လိုလှူရတဲ့အလှူကို အရမ်းကျေနပ်မိပါတယ်..” ဆိုပြီး ပျော်စရာကောင်းတဲ့ စတုဒီသာအလှူလေးအကြောင်းနဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေကို ပြန်လည်မျှဝေထားပါသေးတယ်..။

ဒီနေ့လေးမှာတော့ မော်လ်ဒယ်သရုပ်ဆောင် မင်းသမီးချောလေးစူးရှထက်ရဲ့ ကြည်နူးပျော်စရာကောင်းလွန်းတဲ့ အလှူပုံရိပ်လေးတွေနဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Credit: thadinyatkwat

ကြီးပွားရေး

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top