iMyanmarHouse.com - Best Property Website for Myanmar
×


လူတစ္ေယာက္ရဲ႕ သြင္ျပင္မွာ အေရးအၾကီးဆံုးအစိတ္အပိုင္းတစ္ခုကေတာ့ မ်က္ႏွာပါ။ မ်က္ႏွာလွလွေလးနဲ႔ ၾကည့္ေကာင္းတဲ့ သြင္ျပင္ကို လူတိုင္းလိုလားၾကပါတယ္။ မ်က္ႏွာမွာ အဆီပိုေတြ အေရးအေၾကာင္းေတြျဖစ္ေနမယ္ဆိုရင္ေတာ္ေတ္ာေလးစိတ္ပ်က္စရာေကာင္းတာပါ။ ဒီေတာ့ အခုတစ္ေခါက္ မ်က္ႏွာေပၚက အဆီပိုေတြေၾကာင့္ စိတ္ညစ္ေနတဲ့ ပရိသတ္ၾကီးအတြက္ နည္းလမး္ေကာင္းေလးေတြ ေဝမွ်ေပးပါရေစ။

ေခါင္းေမာ့မယ္

ဒီေလ့က်င့္ခန္းမွာ ေခါင္းကို အေပၚကိုေမာ့ႏိုင္သမွ်ေမာ့ရမွာပါ။ မ်က္လံုးက မ်က္ႏွာၾကတ္ကိုျမင္ရတဲ့အထိ ေခါင္းကို အေပၚကိုျဖည္းျဖည္းခ်င္းေမာ့ရမွာပါ။ ျပီးရင္ေတာ့ ေအာက္ႏႈတ္ခမ္းကို အေပၚႏႈတ္ခမ္းကိုအုပ္သြားတဲ့အထိ ေထာ္ေပးရမွာပါ။ ဒါမွ ေမးေစ့ကို အေပၚဘက္ကို ဆြဲတင္သလိုျဖစ္မွာပါ။ တစ္ခါလုပ္ရင္ ၁၀ စကၠန္႔ၾကာနဲ႔  ၁၀ၾကိမ္လုပ္ေပးပါ။ ဒီလိုလုပ္ေပးတာက ေမးႏွစ္ထပ္ျဖစ္ေနတာနဲ႔ အဆီေၾကာင့္ လည္ပင္းမေပၚဘဲေပ်ာက္ေနတာကို သက္သာေစမွာပါ။

ပါးေဖာင္းမယ္

ငယ္ငယ္က ကစားဖူးတယ္ဟုတ္။ ေလေဖာင္းတာမ်ိဳးေလ။ေလကို ပါးတစ္ဖက္မွာ ၅ စကၠန္႕ၾကာေအာင္ေဖာင္းေပးရပါမယ္။ တစ္ဖက္ျပီး တစ္ဖက္လုပ္ေပးရမွာပါ။ ျပီးရင္ေတာ့ ေလကို ျပန္ထုတ္တဲ့အခါ ပါးစပ္ကိုက်ယ္က်ယ္ဟျပီးထုတ္ေပးပါ။ ဒီလိုလုပ္ေပးတာက ပါးက အဆီပိုေတြကို ဖယ္ရွားေပးႏိုင္မွာပါ။ ပါးသားေတြကိုလည္း က်စ္လ်စ္ေစႏိုင္ပါတယ္။

ငါးမ်က္ႏွာလုပ္မယ္

ပါးေတြကို အတြင္းဘက္ဆီကို ခပ္တင္းတင္းစုပ္သြင္းျပီး ႏႈတ္ခမ္းကို ငါးပါးစပ္ပံုစံျဖစ္ေအာင္လုပ္ရမွာပါ။ တစ္ခါလုပ္ရင္ ၅ စကၠန္႔ႏႈန္းနဲ႔ ၁၀ ၾကိမ္လုပ္ေပးရပါမယ္။ ပါးက အဆီပိုေတြကိုဖယ္ရွားႏိုင္မွာပါ။

မ်က္လံုးေအာက္ၾကြက္သားဆြဲဆန္႔ေလ့က်င့္ခန္း

မွန္ထဲကိုၾကည့္ျပီး မ်က္လံုးေအာက္ဘက္က ၾကြက္သားေတြကို လက္ညိႈးေတြသံုးလို႔ ေဘးဘက္ကို ဆြဲဆန္႔ေပးပါ။ ဒီလိုဆြဲဆန္႔ခ်ိိန္မွာ မ်က္လံုးကို မွိတ္ပါ။ ဒီလိုလုပ္ေပးတာက မ်က္လံုးေအာက္ဘက္က အဆီပိုေတြကို ဖယ္ရွားေပးႏိုင္မွာပါ။ မ်က္လံုးတဝိုက္ ေသြးစီးဆင္းမႈေကာင္းမြန္ေစျပီး မ်က္ကြင္းညိဳတာကိုပါ သက္သာေစႏိုင္ပါတယ္။

ပလုတ္က်င္းပါ

အစားစားျပီးတိုင္း ေရငံုလို႔ ပလုတ္က်င္းတာကို ၂ မိနစ္ၾကာလုပ္ေပးပါ။ ဒီလိုလုပ္တာက သြားနဲ႔ခံတြင္းက်န္းမာေစသလို ပါးက အဆီပိုေတြကိုပါဖယ္ရွားႏိုင္ပါတယ္။

ေဘာလံုးမႈတ္ပါ

ဒါကလည္း မ်က္ႏွာေပၚက အဆီပိုေတြဖယ္ရွားဖို႔နဲ႔ မ်က္ႏွာၾကြက္သားေတြ သန္မာေစဖို႔ လုပ္သင့္တဲ့ေလ့က်င့္ခန္းတစ္ခုပါ။

ရယ္ေမာပါ

ရယ္ေမာတာက မ်က္ႏွာၾကြက္သားေတြအတြက္ ေကာင္းမြန္တဲ့ေလ့က်င့္ခန္းတစ္ရပ္ပါ။ ရယ္ေမာေလေလ မ်က္ႏွာၾကြက္သားေတြမွာ ေသြးစီးဆင္းေရာက္ရွိမႈေကာင္းမြန္ေလေလျဖစ္ျပီး မ်က္ႏွာၾကြက္သားေတြကို သန္မာေစႏိုင္ပါတယ္။ အဆီပိုေတြကိုလည္း အေကာင္းဆံုးဖယ္ရွားႏိုင္မွာပါ။

ပီေကဝါးပါ

 ေန႔တိုင္း မိနစ္ ၂၀ ၾကာ ပီေကဝါးေပးမယ္ဆိုရင္မ်က္ႏွာရဲ႕ ေမးေစ့နဲ႔ ပါးႏွစ္ဖက္က အဆီပိုေတြကို ဖယ္ရွားဖို႔ အေထာက္အပံ့့ျဖစ္ေစမွာပါ။ ဒါေၾကာင့္ မ်က္ႏွာေပၚက အဆီပိုေတြကို ဖယ္ရွားမယ္ဆိုရင္ ပီေကဝါးတာကလည္း ေမ့ထားလို႔မျဖစ္တဲ့ မ်က္ႏွာေလ့က်င့္ခန္းေလးတစ္ခုေပါ့။

Credit:Hellosayarwon

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

လူတစ်ယောက်ရဲ့ သွင်ပြင်မှာ အရေးအကြီးဆုံးအစိတ်အပိုင်းတစ်ခုကတော့ မျက်နှာပါ။ မျက်နှာလှလှလေးနဲ့ ကြည့်ကောင်းတဲ့ သွင်ပြင်ကို လူတိုင်းလိုလားကြပါတယ်။ မျက်နှာမှာ အဆီပိုတွေ အရေးအကြောင်းတွေဖြစ်နေမယ်ဆိုရင်တော်တေ်ာလေးစိတ်ပျက်စရာကောင်းတာပါ။ ဒီတော့ အခုတစ်ခေါက် မျက်နှာပေါ်က အဆီပိုတွေကြောင့် စိတ်ညစ်နေတဲ့ ပရိသတ်ကြီးအတွက် နည်းလမ်းကောင်းလေးတွေ ဝေမျှပေးပါရစေ။

ခေါင်းမော့မယ်

ဒီလေ့ကျင့်ခန်းမှာ ခေါင်းကို အပေါ်ကိုမော့နိုင်သမျှမော့ရမှာပါ။ မျက်လုံးက မျက်နှာကြတ်ကိုမြင်ရတဲ့အထိ ခေါင်းကို အပေါ်ကိုဖြည်းဖြည်းချင်းမော့ရမှာပါ။ ပြီးရင်တော့ အောက်နှုတ်ခမ်းကို အပေါ်နှုတ်ခမ်းကိုအုပ်သွားတဲ့အထိ ထော်ပေးရမှာပါ။ ဒါမှ မေးစေ့ကို အပေါ်ဘက်ကို ဆွဲတင်သလိုဖြစ်မှာပါ။ တစ်ခါလုပ်ရင် ၁၀ စက္ကန့်ကြာနဲ့  ၁၀ကြိမ်လုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက မေးနှစ်ထပ်ဖြစ်နေတာနဲ့ အဆီကြောင့် လည်ပင်းမပေါ်ဘဲပျောက်နေတာကို သက်သာစေမှာပါ။

ပါးဖောင်းမယ်

ငယ်ငယ်က ကစားဖူးတယ်ဟုတ်။ လေဖောင်းတာမျိုးလေ။လေကို ပါးတစ်ဖက်မှာ ၅ စက္ကန့်ကြာအောင်ဖောင်းပေးရပါမယ်။ တစ်ဖက်ပြီး တစ်ဖက်လုပ်ပေးရမှာပါ။ ပြီးရင်တော့ လေကို ပြန်ထုတ်တဲ့အခါ ပါးစပ်ကိုကျယ်ကျယ်ဟပြီးထုတ်ပေးပါ။ ဒီလိုလုပ်ပေးတာက ပါးက အဆီပိုတွေကို ဖယ်ရှားပေးနိုင်မှာပါ။ ပါးသားတွေကိုလည်း ကျစ်လျစ်စေနိုင်ပါတယ်။

ငါးမျက်နှာလုပ်မယ်

ပါးတွေကို အတွင်းဘက်ဆီကို ခပ်တင်းတင်းစုပ်သွင်းပြီး နှုတ်ခမ်းကို ငါးပါးစပ်ပုံစံဖြစ်အောင်လုပ်ရမှာပါ။ တစ်ခါလုပ်ရင် ၅ စက္ကန့်နှုန်းနဲ့ ၁၀ ကြိမ်လုပ်ပေးရပါမယ်။ ပါးက အဆီပိုတွေကိုဖယ်ရှားနိုင်မှာပါ။

မျက်လုံးအောက်ကြွက်သားဆွဲဆန့်လေ့ကျင့်ခန်း

မှန်ထဲကိုကြည့်ပြီး မျက်လုံးအောက်ဘက်က ကြွက်သားတွေကို လက်ညှိုးတွေသုံးလို့ ဘေးဘက်ကို ဆွဲဆန့်ပေးပါ။ ဒီလိုဆွဲဆန့်ချိန်မှာ မျက်လုံးကို မှိတ်ပါ။ ဒီလိုလုပ်ပေးတာက မျက်လုံးအောက်ဘက်က အဆီပိုတွေကို ဖယ်ရှားပေးနိုင်မှာပါ။ မျက်လုံးတဝိုက် သွေးစီးဆင်းမှုကောင်းမွန်စေပြီး မျက်ကွင်းညိုတာကိုပါ သက်သာစေနိုင်ပါတယ်။

ပလုတ်ကျင်းပါ

အစားစားပြီးတိုင်း ရေငုံလို့ ပလုတ်ကျင်းတာကို ၂ မိနစ်ကြာလုပ်ပေးပါ။ ဒီလိုလုပ်တာက သွားနဲ့ခံတွင်းကျန်းမာစေသလို ပါးက အဆီပိုတွေကိုပါဖယ်ရှားနိုင်ပါတယ်။

ဘောလုံးမှုတ်ပါ

ဒါကလည်း မျက်နှာပေါ်က အဆီပိုတွေဖယ်ရှားဖို့နဲ့ မျက်နှာကြွက်သားတွေ သန်မာစေဖို့ လုပ်သင့်တဲ့လေ့ကျင့်ခန်းတစ်ခုပါ။

ရယ်မောပါ

ရယ်မောတာက မျက်နှာကြွက်သားတွေအတွက် ကောင်းမွန်တဲ့လေ့ကျင့်ခန်းတစ်ရပ်ပါ။ ရယ်မောလေလေ မျက်နှာကြွက်သားတွေမှာ သွေးစီးဆင်းရောက်ရှိမှုကောင်းမွန်လေလေဖြစ်ပြီး မျက်နှာကြွက်သားတွေကို သန်မာစေနိုင်ပါတယ်။ အဆီပိုတွေကိုလည်း အကောင်းဆုံးဖယ်ရှားနိုင်မှာပါ။

ပီကေဝါးပါ

 နေ့တိုင်း မိနစ် ၂၀ ကြာ ပီကေဝါးပေးမယ်ဆိုရင်မျက်နှာရဲ့ မေးစေ့နဲ့ ပါးနှစ်ဖက်က အဆီပိုတွေကို ဖယ်ရှားဖို့ အထောက်အပံ့ဖြစ်စေမှာပါ။ ဒါကြောင့် မျက်နှာပေါ်က အဆီပိုတွေကို ဖယ်ရှားမယ်ဆိုရင် ပီကေဝါးတာကလည်း မေ့ထားလို့မဖြစ်တဲ့ မျက်နှာလေ့ကျင့်ခန်းလေးတစ်ခုပေါ့။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top