iMyanmarHouse.com - Best Property Website for Myanmar
×







Credit: Burmese.asia

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

# Unicode Version ဖြင့် ဖတ်ပါ #

လာမယ့် (၈) ရက်နေ့မှာ ရုံတင်ပြသတော့မယ့် မြင့်မြတ်ပါဝင်ထားတဲ့ ဂျင်းကောင်ဇာတ်ကားအတွက် သူငယ်ချုင်းအရင်းတွေဖြစ်ကြတဲ့ ယုန်လေးနဲ့ ကေညီတို့က အထူးတလည်ဝန်းရံပေးခဲ့ကြတာတွေ့ရပါတယ်။ အမြဲလိုလို အချစ်ဆုံးသူငယ်ချင်းတွေအဖြစ် တွေ့ရလေ့ရှိတဲ့ သူတို့ (၃) ဦးရဲ့ သူငယ်ချင်းဆက်ဆံမှုကိုလည်းပရိသတ်တွေက အားကျခဲ့ရတာတွေ့ရပါတယ်။ ဘော်ဒါစိတ်ဓာတ်အပြည့်ရှိကြပြီးတော့ ပွင့်ပွင့်လင်းလင်းနဲ့ ပရိသတ်တွေကိုလည်း အမြဲပျော်ရွှင်အောင် ဖန်တီးပေးတတ်ကြသူတွေပါ။


မြင့်မြတ်ပါဝင်ထားတဲ့ ဂျင်းကောင် ရုပ်ရှင်ဇာတ်ကားဟာ လာမယ့် (၈) ရက်နေ့မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ မြင့်မြတ်ရဲ့ ဇာတ်ကားကို သူငယ်ချင်းတွေဖြစ်ကြတဲ့ ယုန်လေးနဲ့ ကေညီတို့က အခွီပုံစံဗီဒီယိုဖန်တီးပြီးတော့ ဝန်းရံအားပေးခဲ့ကြတာတွေ့ရပါတယ်။

ယုန်လေးကတော့ “ဒီထက်ရင်းတဲ့ လူတွေမရှိတော့ ဝန်းရံပြီလေကွာ ဟေ့ရောင် .အခုလာမယ့် သောကြာ ၈ရက်နေ့ ဂျင်းကောင် ရုပ်ရှင်ကား တစ်နိုင်ငံလုံး မှာပြပါပြီ” ဆိုပြီးတော့ အခွီဇာတ်လမ်းဗီဒီယိုလေးနဲ့ ပြောပြခဲ့တာပါ။ပရိသတ်ကြီးရေ အားလုံးကို ပျော်ရွှင်စေတဲ့ မြင့်မြတ်ပါဝင်ထားတဲ့ ဂျင်းကောင်ရုပ်ရှင်ကားကြီးကိုသွားရောက်အားပေးလိုက်ကြပါဦး
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top