iMyanmarHouse.com - Best Property Website for Myanmar
×

ဟင္းသီးဟင္းရြက္ ေဖ်ာ္ရည္ေတြရဲ႕ အက်ိဳး ၁၀ ခု

ဟင္းသီးဟင္းရြက္ ေဖ်ာ္ရည္ေတြမွာ က်န္းမာေရး အက်ိဳးေက်းဇူး အေျမာက္အမ်ား ပါဝင္ၿပီး ေဂၚဖီ၊ ပန္းေဂၚဖီ၊ ဘ႐ိုကိုလီ၊ ဆလတ္နဲ႔ တျခား အစိမ္းေရာင္ ဟင္းသီးဟင္းရြက္ေတြ ပါဝင္ပါတယ္။ သင္ ႀကိဳက္တဲ့ ဟင္းသီးဟင္းရြက္ေတြကိုပါ ထည့္ၿပီး ေဖ်ာ္စပ္ေသာက္သံုးႏိုင္ပါတယ္။ ငွက္ေပ်ာ၊ ပန္းသီး၊ ေထာပါတ္သီး၊ သရက္သီး၊ သစ္ေတာ္သီးေတြကိုပါ ထည့္ ေသာက္သံုးႏိုင္ပါတယ္။ ဟင္းသီးဟင္းရြက္ ေဖ်ာ္ရည္ ေန႔စဥ္ေသာက္သံုးျခင္းရဲ႕ ေျမာက္မ်ားစြာေသာ အက်ိဳးေတြထဲက အခ်ိဳ႕ကေတာ့

၁. ဟင္းသီးဟင္းရြက္ ေဖ်ာ္ရည္ေတြမွာ အာဟာရဓာတ္ခ်ည္းပဲ သီးသန္႔ ပါဝင္ပါတယ္။ ထည့္သြင္းေသာက္သံုးမယ့္ အသီးအရြက္ကို လိုက္ၿပီး ဗိုက္တာမင္ ပါဝင္မႈ ကြဲျပားသြားႏိုင္ေပမယ့္ ဗိုက္တာမင္ ေအနဲ႔ စီ တို႔ကေတာ့ အေျမာက္အမ်ား ပါဝင္မွာ မလြဲပါဘူး။ မာလကာသီးမွာ ေဖာလိတ္ဓာတ္ ပါဝင္ၿပီး ေထာပါတ္သီးမွာေတာ့ ပိုတက္ဆီယမ္နဲ႔ မန္းဂနိစ္ အေျမာက္အမ်ားပါဝင္ပါတယ္။

၂. ဟင္းသီးဟင္းရြက္ ေဖ်ာ္ရည္ေတြဟာ အခ်ိဳရည္ေတြထက္ ပိုၿပီး က်န္းမာေရးနဲ႔ ကိုက္ညီပါတယ္။ အခ်ိဳရည္မွာ ဗီတာမင္နဲ႔ သတၳဳဓာတ္ေတြ ပါဝင္ေပမယ့္ အမ်ွင္ဓာတ္ မပါပါဘူး။ ေဖ်ာ့ရည္ေတြကေတာ့ ဟင္းသီးဟင္းရြက္ အကုန္ အသံုးျပဳထားလို႔ အမ်ွင္ဓာတ္ေတြပါ ပါဝင္မွာပါ။

၃. ဟင္းသီးဟင္းရြက္ ေဖ်ာ္ရည္ေတြဟာ သင့္ကို ဟင္းသီးဟင္းရြက္ စားျဖစ္ေစပါတယ္။ လူေတာ္ေတာ္မ်ားမ်ားဟာ ဟင္းသီးဟင္းရြက္ သိပ္မစားျဖစ္ပါဘူး။ ဟင္းသီးဟင္းရြက္ ေဖ်ာ္ရည္မွာ အရြက္ေတြရဲ႕ အရသာဟာ အသီးအရသာထဲမွာ ဖံုးကြယ္ေနလို႔ အရြက္ေတြပါေနမွန္း သတိေတာင္ ထားမိမွာ မဟုတ္ပါဘူး။

၄. ဟင္းသီးဟင္းရြက္ ေဖ်ာ္ရည္ေတြဟာ လုပ္ရလြယ္ကူပါတယ္။ Blender တစ္ခု႐ွိရင္ ရပါၿပီ။

၅. အိမ္လုပ္ ဟင္းသီးဟင္းရြက္ေဖ်ာ္ရည္ေတြဟာ ေငြကုန္သက္သာပါတယ္။ Bar တစ္ခုမွာ အသီးေဖ်ာ္ရည္ မွာရင္ ၅၀၀၀ ေလာက္ ေပးရေပမယ့္ အိမ္မွာလုပ္ရင္ေတာ့ ၅၀၀ ေတာင္ မကုန္ပါဘူး။ အားေဆးေတြ ေစ်းႀကီးေပးဝယ္ေသာက္တာထက္ေတာင္ အာဟာရ ပိုပါပါေသးတယ္။

၆. ဟင္းသီးဟင္းရြက္ ေဖ်ာ္ရည္ေတြဟာ ကေလးေတြကို ဟင္းသီးဟင္းရြက္ စေကြၽးဖို႔ အေကာင္းဆံုး နည္းလမ္းပါ။ အစပိုင္းမွာ အသီးမ်ားမ်ား ထည့္ေဖ်ာ္ဖို႔ လိုအပ္ၿပီး သူတို႔ အရသာ ယဥ္သြားတဲ့အခါမွ ပံုမွန္ ျပန္ေဖ်ာ္ပါ။

၇. ဟင္းသီးဟင္းရြက္ေဖ်ာ္ရည္ေတြက ရတဲ့ စြမ္းအင္ဟာ တာ႐ွည္ခံပါတယ္။ အသီးေဖ်ာ္ရည္ေတြကလဲ စြမ္းအင္ေပးေပမယ့္ ခဏေလးပဲ ေပးတာပါ။ အသီးေတြမွာ ပါဝင္တဲ့ သၾကားဟာ ျမန္ျမန္ေလာင္ကြၽမ္းပါတယ္။ ဟင္းသီးဟင္းရြက္ကေတာ့ ဒီေလာက္မျမန္ပါဘူး။

၈. ဟင္းသီးဟင္းရြက္ ေဖ်ာ္ရည္ေတြဟာ ကယ္လိုရီနည္းနည္းနဲ႔ ဗိုက္ျပည့္ေစပါတယ္။ အမ်ွင္နဲ႔ ေရေတြ အမ်ားႀကီးပါလို႔ တစ္ခြင္ေသာက္လိုက္တာနဲ႔ ထမင္း တစ္နပ္စားရသလို ခံစားရေစပါတယ္။ ကိုယ္အေလးခ်ိန္ေလ်ာ့လိုသူေတြအတြက္ ဟင္းသီးဟင္းရြက္ ေဖ်ာ္ရည္ေတြဟာ ေပါင္မတက္ပဲ ဗိုက္ဆာေျပေစပါတယ္။

၉. ဟင္းသီးဟင္းရြက္ေဖ်ာ္ရည္ေတြဟာ အစာေခ်ဖ်က္ရ လြယ္ကူပါတယ္။ အစာစားၿပီး အစာမေက်မႈကို ခံစားရတဲ့လူေတြဟာ ဟင္းသီးဟင္းရြက္ေဖ်ာ္ရည္ ေသာက္သံုးသင့္ပါတယ္။

၁၀. ဟင္းသီးဟင္းရြက္ ေဖ်ာ္ရည္ေတြဟာ သင့္ကို ေရဓာတ္ ျပည့္တင္းေစပါတယ္။ ေရတစ္ေန႔ကို ၈ ခြက္ေသာက္သူဆိုတာ ခပ္႐ွား႐ွားပါ။ ေရရဲ႕ အရသာ မႀကိဳက္လို႔ မေသာက္တာ မ်ားပါတယ္။ သင္သာ အဲလိုလူထဲ ပါရင္ ဟင္းသီးဟင္းရြက္ ေဖ်ာ္ရည္ ေဖ်ာ္တဲ့အခါ ေရမ်ားမ်ား ထည့္ေဖ်ာ္လိုက္ပါ။ သင္ကိုယ္တိုင္္မသိပဲ ေရမ်ားမ်ား ေသာက္ၿပီး ျဖစ္သြားပါလိမ့္မယ္။

Credit:mmgentleman

က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

ဟင်းသီးဟင်းရွက် ဖျော်ရည်တွေရဲ့ အကျိုး ၁၀ ခု

ဟင်းသီးဟင်းရွက် ဖျော်ရည်တွေမှာ ကျန်းမာရေး အကျိုးကျေးဇူး အမြောက်အများ ပါဝင်ပြီး ဂေါ်ဖီ၊ ပန်းဂေါ်ဖီ၊ ဘရိုကိုလီ၊ ဆလတ်နဲ့ တခြား အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ ပါဝင်ပါတယ်။ သင် ကြိုက်တဲ့ ဟင်းသီးဟင်းရွက်တွေကိုပါ ထည့်ပြီး ဖျော်စပ်သောက်သုံးနိုင်ပါတယ်။ ငှက်ပျော၊ ပန်းသီး၊ ထောပါတ်သီး၊ သရက်သီး၊ သစ်တော်သီးတွေကိုပါ ထည့် သောက်သုံးနိုင်ပါတယ်။ ဟင်းသီးဟင်းရွက် ဖျော်ရည် နေ့စဉ်သောက်သုံးခြင်းရဲ့ မြောက်များစွာသော အကျိုးတွေထဲက အချို့ကတော့


၁. ဟင်းသီးဟင်းရွက် ဖျော်ရည်တွေမှာ အာဟာရဓာတ်ချည်းပဲ သီးသန့် ပါဝင်ပါတယ်။ ထည့်သွင်းသောက်သုံးမယ့် အသီးအရွက်ကို လိုက်ပြီး ဗိုက်တာမင် ပါဝင်မှု ကွဲပြားသွားနိုင်ပေမယ့် ဗိုက်တာမင် အေနဲ့ စီ တို့ကတော့ အမြောက်အများ ပါဝင်မှာ မလွဲပါဘူး။ မာလကာသီးမှာ ဖောလိတ်ဓာတ် ပါဝင်ပြီး ထောပါတ်သီးမှာတော့ ပိုတက်ဆီယမ်နဲ့ မန်းဂနိစ် အမြောက်အများပါဝင်ပါတယ်။

၂. ဟင်းသီးဟင်းရွက် ဖျော်ရည်တွေဟာ အချိုရည်တွေထက် ပိုပြီး ကျန်းမာရေးနဲ့ ကိုက်ညီပါတယ်။ အချိုရည်မှာ ဗီတာမင်နဲ့ သတ္ထုဓာတ်တွေ ပါဝင်ပေမယ့် အမျှင်ဓာတ် မပါပါဘူး။ ဖျော့ရည်တွေကတော့ ဟင်းသီးဟင်းရွက် အကုန် အသုံးပြုထားလို့ အမျှင်ဓာတ်တွေပါ ပါဝင်မှာပါ။

၃. ဟင်းသီးဟင်းရွက် ဖျော်ရည်တွေဟာ သင့်ကို ဟင်းသီးဟင်းရွက် စားဖြစ်စေပါတယ်။ လူတော်တော်များများဟာ ဟင်းသီးဟင်းရွက် သိပ်မစားဖြစ်ပါဘူး။ ဟင်းသီးဟင်းရွက် ဖျော်ရည်မှာ အရွက်တွေရဲ့ အရသာဟာ အသီးအရသာထဲမှာ ဖုံးကွယ်နေလို့ အရွက်တွေပါနေမှန်း သတိတောင် ထားမိမှာ မဟုတ်ပါဘူး။

၄. ဟင်းသီးဟင်းရွက် ဖျော်ရည်တွေဟာ လုပ်ရလွယ်ကူပါတယ်။ Blender တစ်ခုရှိရင် ရပါပြီ။

၅. အိမ်လုပ် ဟင်းသီးဟင်းရွက်ဖျော်ရည်တွေဟာ ငွေကုန်သက်သာပါတယ်။ Bar တစ်ခုမှာ အသီးဖျော်ရည် မှာရင် ၅၀၀၀ လောက် ပေးရပေမယ့် အိမ်မှာလုပ်ရင်တော့ ၅၀၀ တောင် မကုန်ပါဘူး။ အားဆေးတွေ ဈေးကြီးပေးဝယ်သောက်တာထက်တောင် အာဟာရ ပိုပါပါသေးတယ်။

၆. ဟင်းသီးဟင်းရွက် ဖျော်ရည်တွေဟာ ကလေးတွေကို ဟင်းသီးဟင်းရွက် စကျွေးဖို့ အကောင်းဆုံး နည်းလမ်းပါ။ အစပိုင်းမှာ အသီးများများ ထည့်ဖျော်ဖို့ လိုအပ်ပြီး သူတို့ အရသာ ယဉ်သွားတဲ့အခါမှ ပုံမှန် ပြန်ဖျော်ပါ။

၇. ဟင်းသီးဟင်းရွက်ဖျော်ရည်တွေက ရတဲ့ စွမ်းအင်ဟာ တာရှည်ခံပါတယ်။ အသီးဖျော်ရည်တွေကလဲ စွမ်းအင်ပေးပေမယ့် ခဏလေးပဲ ပေးတာပါ။ အသီးတွေမှာ ပါဝင်တဲ့ သကြားဟာ မြန်မြန်လောင်ကျွမ်းပါတယ်။ ဟင်းသီးဟင်းရွက်ကတော့ ဒီလောက်မမြန်ပါဘူး။

၈. ဟင်းသီးဟင်းရွက် ဖျော်ရည်တွေဟာ ကယ်လိုရီနည်းနည်းနဲ့ ဗိုက်ပြည့်စေပါတယ်။ အမျှင်နဲ့ ရေတွေ အများကြီးပါလို့ တစ်ခွင်သောက်လိုက်တာနဲ့ ထမင်း တစ်နပ်စားရသလို ခံစားရစေပါတယ်။ ကိုယ်အလေးချိန်လျော့လိုသူတွေအတွက် ဟင်းသီးဟင်းရွက် ဖျော်ရည်တွေဟာ ပေါင်မတက်ပဲ ဗိုက်ဆာပြေစေပါတယ်။

၉. ဟင်းသီးဟင်းရွက်ဖျော်ရည်တွေဟာ အစာချေဖျက်ရ လွယ်ကူပါတယ်။ အစာစားပြီး အစာမကျေမှုကို ခံစားရတဲ့လူတွေဟာ ဟင်းသီးဟင်းရွက်ဖျော်ရည် သောက်သုံးသင့်ပါတယ်။

၁၀. ဟင်းသီးဟင်းရွက် ဖျော်ရည်တွေဟာ သင့်ကို ရေဓာတ် ပြည့်တင်းစေပါတယ်။ ရေတစ်နေ့ကို ၈ ခွက်သောက်သူဆိုတာ ခပ်ရှားရှားပါ။ ရေရဲ့ အရသာ မကြိုက်လို့ မသောက်တာ များပါတယ်။ သင်သာ အဲလိုလူထဲ ပါရင် ဟင်းသီးဟင်းရွက် ဖျော်ရည် ဖျော်တဲ့အခါ ရေများများ ထည့်ဖျော်လိုက်ပါ။ သင်ကိုယ်တိုင်မသိပဲ ရေများများ သောက်ပြီး ဖြစ်သွားပါလိမ့်မယ်။

Credit:mmgentleman

ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top