iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ်အလေးချိန်ကျဖို့ဝိတ်ကျဖို့ဆိုတာ များစွာသော သက်လတ်ပိုင်းအမျိုးသမီးတွေအမျိုးသားတွေရဲ့စိတ်ကူးအိပ်မက်ပါ။ အမျိုးမျိုးသော ဝိတ်ကျစေတဲ့ Program တွေ Diet Plan တွေဆိုသည်မှာလည်းခဏသာကျပြီိး ဒီနေ့ကျနက်ဖြန်ပြန်တက်ဆိုတာမျိုးတွေဆိုတော့ အပြီးတိုင်ဝိတ်ကျဖို့ဆိုတာကြီးကမဖြစ်နိုင်သလိုကြီးကိုဖြစ်နေပါတယ်။Gymကိုလည်းစွဲစွဲမြဲမြဲမဆော့နိုင်ကြ အဆီကျဆေးတွေဆိုပြန်တော့ ကလီစာတွေပြတ်ကျမှာစိုးကြနဲ့ကိုယ်အလေးချိန်ကျဖို့ရာ ဒီတောင်ကိုမကျော်နိုင်ပါလားဖြစ်နေကြသူတွေအတွက် Emory University of Medicine က ဆရာဝန်တွေနဲ့ ဆေးသိပ္ပံပညာရှင်တွေပေါင်းပြီိး ကိုယ်အလေးချိန်ကျစေတဲ့နည်းလမ်းအသစ်ကိုတီထွင်နိုင်လိုက်ပါပြီ။


Credit:San Wadi Hnin

ကျန်းမာရေး ၊ အလှအပ


#Unicode Version# ဖြင့်ဖတ်ပါ ။

ကိုယ်အလေးချိန်ကျဖို့ဝိတ်ကျဖို့ိဆိုတာ များစွာသော သက်လတ်ပိုင်းအမျိုးသမီးတွေအမျိုးသားတွေရဲ့စိတ်ကူးအိပ်မက်ပါ။ အမျိုးမျိုးသော ဝိတ်ကျစေတဲ့ Program တွေ Diet Plan တွေဆိုသည်မှာလည်းခဏသာကျပြီး ဒီနေ့ကျနက်ဖြန်ပြန်တက်ဆိုတာမျိုးတွေဆိုတော့ အပြီးတိုင်ဝိတ်ကျဖို့ဆိုတာကြီးကမဖြစ်နိုင်သလိုကြီးကိုဖြစ်နေပါတယ်။Gymကိုလည်းစွဲစွဲမြဲမြဲမဆော့နိုင်ကြ အဆီကျဆေးတွေဆိုပြန်တော့ ကလီစာတွေပြတ်ကျမှာစိုးကြနဲ့ကိုယ်အလေးချိန်ကျဖို့ရာ ဒီတောင်ကိုမကျော်နိုင်ပါလားဖြစ်နေကြသူတွေအတွက် Emory University of Medicine က ဆရာဝန်တွေနဲ့ ဆေးသိပ္ပံပညာရှင်တွေပေါင်းပြီး ကိုယ်အလေးချိန်ကျစေတဲ့နည်းလမ်းအသစ်ကိုတီထွင်နိုင်လိုက်ပါပြီ။

အဲ့ဒါကတော့ ဆာလောင်မှုကိုဦးနှောက်ကိုပို့ဆောင်ပေးတဲ့သွေးကြောကိုခဏတာအလုပ်မလုပ်စေပဲပိတ်ထားတဲ့သဘောမျိုးလုပ်ဆောင်မှုပါ။ လူနာရဲ့ကျောဘက်မှာ အပ်တစ်ချောင်းကိုနှစ်မိနစ်လောက်ခွဲစိတ်ထည့်သွင်းထားပြီးခန္ဓာကိုယ်အတွင်းပိုင်းကိုကြည့်တဲ့ CT scans တွေကနေlive images တွေကိုကြည့်ပြီး ဆာလောင်မှုကိုဦးနှောက်ကိုအချက်ပြပေးတဲ့ သွေးကြောကို အလုပ်လုပ်မှုရပ်ဆိုင်းစေတာပဲဖြစ်ပါတယ်။လူနာဆယ်ဦးကိုစမ်းသပ်ပြုလုပ်ပေးထားတဲ့ ရလဒ်တွေအရ အကျိုးသက်ရောက်မှုကောင်းကြောင်းလည်းသိရပါတယ်။ခွဲစိတ်မှုလုပ်အပြီး 45 ရက်မှ ရက် 90 အထိ စောင့်ကြည့်ရသမျှကတော့ လူနာဆယ်ဦးထဲမှ ခုနစ်ဦးဟာအစာစားချင်စိတ်လျော့နည်းသွားပြီး ကိုယ်အလေးချိန်လည်း သိသိသာသာလျော့ကျသွားကြောင်းသိရပါတယ်။ဒါပေမယ့် ဆရာဝန်တွေရဲ့ ပြောကြားချက်အရ ဒီလိုခွဲစိတ်ကုသမှုကို အဝလွန်နေတဲ့သူတွေနဲ့ အတန်အသင့်ဝနေသူတွေကိုသာပြုလုပ်ပေးမှာဖြစ်ပြီးအလှအပအတွက်တော့ဘယ်နည်းနဲ့မျှကုသပေးမှာမဟုတ်ပါဘူး။

Credit:San Wadi Hnin

ကျန်းမာရေး ၊ အလှအပ

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top