iMyanmarHouse.com - Best Property Website for Myanmar
×

ကစ္နဲ႔ ေဒါင္းဟာ အခုေနာက္ပုိင္းမွာ ပရိသတ္ေတြၾကားထဲမွာ ေရပန္းစားေနျပီး အရမ္းကုိသေဘာတူတာခံေနရတဲ့ အတြဲေလးပါ။ ဝတ္မႈန္ေရႊရည္ဟာ ျမန္မာနိုင္ငံရဲ႕ထိပ္တန္းမင္းသမီးတစ္ဦးျဖစ္သလို ေဒါင္းဟာလည္း ပရိသတ္ေကာင္မေလးေတြရဲ႕အသည္းကုိသိမ္းပုိက္ထားတဲ့ မင္းသားတစ္လက္ျဖစ္ပါတယ္။ မၾကာေသးမီက ေဒါင္းနဲ႔ကစ္ကုိ လိပ္ျပာစံအိမ္ရုပ္ရွင္အထူးပြဲမွာ အတူတြဲေတြ႕ခဲ့ရျပီးအဲဒီမတုိင္ခင္မွာလည္း ေဒါင္းနဲ႔ကစ္နဲ႔အက်ႌဆင္တူဝတ္ေနတယ္တိုိ႔၊ခ်စ္သူေတြျဖစ္ေနၾကျပီလားတို႔ဆိုတဲ့ ေကာလဟလေတြကပ်ံ႕နွံ႕ေနခဲ့ျပီး အဲဒါေတြကုိ ေလာင္စာျဖည့္ေပးလိုက္တာကေတာ့ ကစ္နဲ႔အတူတူရွိေနခ်ိန္တုိင္းမွာ ကစ္ရဲ႕မ်က္နွာနုနုေလးဆီမွာပဲအျမဲတမ္းတဝဲလည္လည္ေရာက္ရွိေနတဲ့ မင္းသားေခ်ာ ေဒါင္းရဲ႕ရင္ခုန္စရာအသည္းယားစရာအၾကည့္ေတြပဲျဖစ္ပါတယ္။ အစကတည္းက သို႔ေလာသို႔ေလာျဖစ္ေနၾကတဲ့ပရိသတ္ၾကီးဟာ ေဒါင္းရဲ႕အၾကင္နာအၾကည့္ေတြကုိျမင္လိုက္ရခ်ိန္မွာေတာ့ ကစ္နဲ႔အရမ္းကုိသေဘာတူသြားၾကေတာ့တာပါပဲ။

အခ်ိဳ႕ပရိသတ္ေတြကေတာ့ ေဒါင္းကသာအရိပ္တၾကည့္ၾကည့္ျဖစ္ေနတာ ကစ္ကေတာ့ ဂရုမစုိက္သလိုပါပဲဆိုျပီး စိတ္မေကာင္းျဖစ္ေနၾကသူေတြလည္းရွိပါတယ္။ ဒါေပမယ့္ ကစ္က အဲဒီလိုမဟုတ္ပါဘူးဆုိတာ သက္ေသျပလိုက္ပါျပီ။ ကစ္က မၾကာေသးမီက Instagram မွာ လိပ္ျပာစံအိမ္ ပရီမီယာတုန္းက ဓာတ္ပံုေတြကုိတင္လာခဲ့ပါတယ္။ ဒါေပမယ့္ဘယ္ပြဲမဆိုတစ္ေယာက္တည္းဓာတ္ပံုလွလွေလးေတြပဲတင္ေလ့ရွိတဲ့ ကစ္ေလးက အခုေတာ့ ေဒါင္းနဲ႔အတူတြဲရိုက္ထားတဲ့ဓာတ္ပံုေလးေတြကုိလည္းတင္လာခဲ့တာမို႔ ပရိသတ္ေတြကေတာ့အရမ္းကုိအသည္းယားေနၾကပါျပီ။

နုိင္ငံတကာမွာဆို ခ်စ္သူေတြျဖစ္ေနျပီလားလို႔ေကာလဟလေတြထြက္ေနတဲ့ အနုပညာရွင္ေတြက Instagram မွာ ဓာတ္ပံုေတြအတူတြဲတင္ျပီးခ်စ္သူေတြတကယ္ျဖစ္ေနျပီဆိုတဲ့အေၾကာင္း Dating News ေတြကုိ comfirm ေပးေလ့ရွိတာမို႔ အခုလည္း ေရႊကစ္ေလးကေဒါင္းနဲ႔ပံုေတြကုိ Instagram မွာတင္လိုက္တဲ့အခါ တကယ္ၾကီးခ်စ္သူေတြျဖစ္ေနၾကျပီလားဆိုျပီး ပရိသတ္ေတြက စိတ္လႈပ္ရွားကုန္ၾကပါတယ္။အခုထိေတာ့ ကစ္နဲ႔ေဒါင္းက အနုပညာေမာင္နွမဆက္ဆံေရးပဲရွိတယ္ဆိုေပမယ့္ ေဒါင္းရဲ႕အၾကင္နာအၾကည့္ေတြက ကစ္တစ္ေယာက္သတိမျပဳမိပဲမေနနိုင္ေလာက္ေအာင္ကုိ ခ်စ္ဖို႔ေကာင္းလြန္းေနတယ္ဆုိတာေတာ့ မျငင္းနုိင္ပါဘူး။

႔ပရိသတ္ၾကီးေရာ ကစ္နဲ႔ေဒါင္းနဲ႔ တကယ္ပဲခ်စ္သူေတြျဖစ္ေနၾကတယ္ထင္လား။အခုမျဖစ္ေသးရင္ေတာင္အေနွးနဲ႔အျမန္ခ်စ္သြားၾကေတာ့မယ္ထင္လား။ ကစ္နဲ႔ေဒါင္းကုိသေဘာတူၾကလား။ လိပ္ျပာစံအိမ္ဇာတ္ကားၾကီးကိုေရာ သြားၾကည့္ျပီးၾကျပီလား။ ေျပာခဲ့ၾကပါဦး။

Credit:Can’t Wait To Say
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#


ကစ်နဲ့ ဒေါင်းဟာ အခုနောက်ပိုင်းမှာ ပရိသတ်တွေကြားထဲမှာ ရေပန်းစားနေပြီး အရမ်းကိုသဘောတူတာခံနေရတဲ့ အတွဲလေးပါ။ ဝတ်မှုန်ရွှေရည်ဟာ မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတစ်ဦးဖြစ်သလို ဒေါင်းဟာလည်း ပရိသတ်ကောင်မလေးတွေရဲ့အသည်းကိုသိမ်းပိုက်ထားတဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။ မကြာသေးမီက ဒေါင်းနဲ့ကစ်ကို လိပ်ပြာစံအိမ်ရုပ်ရှင်အထူးပွဲမှာ အတူတွဲတွေ့ခဲ့ရပြီးအဲဒီမတိုင်ခင်မှာလည်း ဒေါင်းနဲ့ကစ်နဲ့အင်္ကျီဆင်တူဝတ်နေတယ်တို့၊ချစ်သူတွေဖြစ်နေကြပြီလားတို့ဆိုတဲ့ ကောလဟလတွေကပျံ့နှံ့နေခဲ့ပြီး အဲဒါတွေကို လောင်စာဖြည့်ပေးလိုက်တာကတော့ ကစ်နဲ့အတူတူရှိနေချိန်တိုင်းမှာ ကစ်ရဲ့မျက်နှာနုနုလေးဆီမှာပဲအမြဲတမ်းတဝဲလည်လည်ရောက်ရှိနေတဲ့ မင်းသားချော ဒေါင်းရဲ့ရင်ခုန်စရာအသည်းယားစရာအကြည့်တွေပဲဖြစ်ပါတယ်။ အစကတည်းက သို့လောသို့လောဖြစ်နေကြတဲ့ပရိသတ်ကြီးဟာ ဒေါင်းရဲ့အကြင်နာအကြည့်တွေကိုမြင်လိုက်ရချိန်မှာတော့ ကစ်နဲ့အရမ်းကိုသဘောတူသွားကြတော့တာပါပဲ။

အချို့ပရိသတ်တွေကတော့ ဒေါင်းကသာအရိပ်တကြည့်ကြည့်ဖြစ်နေတာ ကစ်ကတော့ ဂရုမစိုက်သလိုပါပဲဆိုပြီး စိတ်မကောင်းဖြစ်နေကြသူတွေလည်းရှိပါတယ်။ ဒါပေမယ့် ကစ်က အဲဒီလိုမဟုတ်ပါဘူးဆိုတာ သက်သေပြလိုက်ပါပြီ။ ကစ်က မကြာသေးမီက Instagram မှာ လိပ်ပြာစံအိမ် ပရီမီယာတုန်းက ဓာတ်ပုံတွေကိုတင်လာခဲ့ပါတယ်။ ဒါပေမယ့်ဘယ်ပွဲမဆိုတစ်ယောက်တည်းဓာတ်ပုံလှလှလေးတွေပဲတင်လေ့ရှိတဲ့ ကစ်လေးက အခုတော့ ဒေါင်းနဲ့အတူတွဲရိုက်ထားတဲ့ဓာတ်ပုံလေးတွေကိုလည်းတင်လာခဲ့တာမို့ ပရိသတ်တွေကတော့အရမ်းကိုအသည်းယားနေကြပါပြီ။

နိုင်ငံတကာမှာဆို ချစ်သူတွေဖြစ်နေပြီလားလို့ကောလဟလတွေထွက်နေတဲ့ အနုပညာရှင်တွေက Instagram မှာ ဓာတ်ပုံတွေအတူတွဲတင်ပြီးချစ်သူတွေတကယ်ဖြစ်နေပြီဆိုတဲ့အကြောင်း Dating News တွေကို comfirm ပေးလေ့ရှိတာမို့ အခုလည်း ရွှေကစ်လေးကဒေါင်းနဲ့ပုံတွေကို Instagram မှာတင်လိုက်တဲ့အခါ တကယ်ကြီးချစ်သူတွေဖြစ်နေကြပြီလားဆိုပြီး ပရိသတ်တွေက စိတ်လှုပ်ရှားကုန်ကြပါတယ်။အခုထိတော့ ကစ်နဲ့ဒေါင်းက အနုပညာမောင်နှမဆက်ဆံရေးပဲရှိတယ်ဆိုပေမယ့် ဒေါင်းရဲ့အကြင်နာအကြည့်တွေက ကစ်တစ်ယောက်သတိမပြုမိပဲမနေနိုင်လောက်အောင်ကို ချစ်ဖို့ကောင်းလွန်းနေတယ်ဆိုတာတော့ မငြင်းနိုင်ပါဘူး။

့ပရိသတ်ကြီးရော ကစ်နဲ့ဒေါင်းနဲ့ တကယ်ပဲချစ်သူတွေဖြစ်နေကြတယ်ထင်လား။အခုမဖြစ်သေးရင်တောင်အနှေးနဲ့အမြန်ချစ်သွားကြတော့မယ်ထင်လား။ ကစ်နဲ့ဒေါင်းကိုသဘောတူကြလား။ လိပ်ပြာစံအိမ်ဇာတ်ကားကြီးကိုရော သွားကြည့်ပြီးကြပြီလား။ ပြောခဲ့ကြပါဦး။

Credit:Can’t Wait To Say

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top