iMyanmarHouse.com - Best Property Website for Myanmar
×


Line Walker 2 ႐ုပ္ရွင္ကားႀကီးမွာ ပါဝင္ခြင့္ရခဲ့တဲ့ ေအာင္ျမင့္ျမတ္က သူ႔ရဲ႕ ခံစားခ်က္ေတြကို အခုလို ေျပာျပထားပါတယ္။ သူ႔ရဲ႕ ခ်စ္သူေလး အိမီမီကိုကလည္း ဒီအတြက္ ဂုဏ္ယူမဆုံးျဖစ္ခဲ့ရသူပါ။သ႐ုပ္ေဆာင္ ေအာင္ျမင့္ျမတ္က Line Walker 2 ဇာတ္ကားမွာ ပါဝင္သ႐ုပ္ေဆာင္ခြင့္ရလို႔ ဝမ္းသာဂုဏ္ယူမဆုံး ျဖစ္လို႔ေနပါတယ္။ ဒီဇာတ္ကားမွာ ပါဝင္ခဲ့ရတဲ့ ခံစားခ်က္ကိုလည္း အခုလို ရင္ဖြင့္ေျပာျပလာပါတယ္။

‘’ Line Walker 2 ၂ရက္ပဲ ပါဝင္႐ိုက္ကူးခြင့္ရခဲ့ေပမယ့္ ဘာနဲ႔မွလဲလို႔မရေအာင္ ေက်နပ္တယ္။ အဖက္ဖက္ကကူညီေပးခဲ့ၾကသူမ်ားအားလုံးကို တစ္ကယ္ေက်းဇူးတင္ပါတယ္။အစိတ္အပိုင္းေသးေသးေလး  ပါဝင္ခြင့္ရတာကိုပဲ ဂုဏ္ယူ မဆုံးတာမ်ိဳး’’ ဆိုၿပီးေတာ့ ေဖေဖာ္ဝါရီလ ၁၉ ရက္ေန႔ ည ၇ နာရီခြဲက သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားခဲ့ပါတယ္။

ေအာင္ျမင့္ျမတ္က ကမာၻေက်ာ္ အက္ရွင္ဇာတ္ကား တစ္ကားျဖစ္တဲ့ Line Walker 2 ႐ုပ္ရွင္ဇာတ္ကားမွာ ပါဝင္သ႐ုပ္ေဆာင္ေနရတာျဖစ္ပါတယ္။ ေအာင္ျမင့္ျမတ္ရဲ႕ ဆႏၵေတြ ျဖစ္ေျမာက္လာတဲ့အတြက္ ဝမ္းသာပီတိျဖစ္မိတယ္လို႔ ခ်စ္သူေလး အိမီမီကိုကDuwun Media ရဲ႕ အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ဖူးပါတယ္။ 


‘’သူပါဝင္မယ့္ အခန္းက႑ကို ႐ိုက္မယ့္ေန႔မွ သိရမယ္ေပါ့ေနာ္။ အစ္မလည္း ေသေသခ်ာခ်ာ မသိရေသးပါဘူး။ သူက ဒီလိုမ်ိဳးအေတြ႕အႀကဳံေလးေတြ ရခ်င္ေနတာ ၾကာခဲ့ၿပီေပါ့။ တျခားႏိုင္ငံကို သြားဖို႔ဆိုတာကလည္း မလြယ္ကူေသးဘူးေလ။ ဒီလိုမ်ိဳးေ႐ြးခ်ယ္ခံရတယ္၊ သူေလ့လာခ်င္တဲ့ အပိုင္းေတြကို ထဲထဲဝင္ဝင္ ေလ့လာၿပီး ျမင္ရေတြ႕ရမွာျဖစ္တဲ့အတြက္ အရမ္းဝမ္းသာတယ္။ သူျဖစ္ခ်င္တာေလးေတြ ျဖစ္ခြင့္ရတဲ့အတြက္ ဝမ္းသာမိတယ္’’ လို႔ ဆိုပါတယ္။

Line Walker 2 ဇာတ္ကားကိုေတာ့ ေဖေဖာ္ဝါရီလ ၁၈ ရက္ေန႔မွာ စတင္႐ိုက္ကူးေနၿပီလို႔ သိရပါတယ္။ ဒီဇာတ္ကားဟာ ကမာၻေက်ာ္ ေဟာင္ေကာင္ အက္ရွင္ဇာတ္ကားတစ္ကားျဖစ္ၿပီး ေဟာင္ေကာင္နာမည္ေက်ာ္ သ႐ုပ္ေဆာင္ေတြလည္း ပါဝင္ထားပါတယ္။ ဒီဇာတ္ကားမွာေတာ့ ျမန္မာႏိုင္ငံမွ အႏုပညာရွင္တစ္ဦးအေနနဲ႔ ေအာင္ျမင့္ျမတ္(Aung Myint Myat)က ပါဝင္သ႐ုပ္ေဆာင္ခြင့္ရခဲ့တာ ျဖစ္ပါတယ္။

ေအာင္ျမင့္ျမတ္ကိုေတာ့ ၂၀၁၈ ခုႏွစ္ အတြင္းက ႐ုံတင္ျပသခဲ့တဲ့‘’ဥပါတံမ်ဥ္’’ ႐ုပ္ရွင္ဇာတ္ကားႀကီး ကေန ပရိသတ္ေတြ စတင္သိရွိလာခဲ့ပါတယ္။ ‘’ဥပါတံမ်ဥ္’’ဇာတ္ကားထဲမွာ "သိန္းစိုး" ဇာတ္ေကာင္ေနရာကေန ေအာင္ျမင့္ျမတ္ကပါဝင္သ႐ုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။

Credit: Duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #


Line Walker 2 ရုပ်ရှင်ကားကြီးမှာ ပါဝင်ခွင့်ရခဲ့တဲ့ အောင်မြင့်မြတ်က သူ့ရဲ့ ခံစားချက်တွေကို အခုလို ပြောပြထားပါတယ်။ သူ့ရဲ့ ချစ်သူလေး အိမီမီကိုကလည်း ဒီအတွက် ဂုဏ်ယူမဆုံးဖြစ်ခဲ့ရသူပါ။သရုပ်ဆောင် အောင်မြင့်မြတ်က Line Walker 2 ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခွင့်ရလို့ ဝမ်းသာဂုဏ်ယူမဆုံး ဖြစ်လို့နေပါတယ်။ ဒီဇာတ်ကားမှာ ပါဝင်ခဲ့ရတဲ့ ခံစားချက်ကိုလည်း အခုလို ရင်ဖွင့်ပြောပြလာပါတယ်။

‘’ Line Walker 2 ၂ရက်ပဲ ပါဝင်ရိုက်ကူးခွင့်ရခဲ့ပေမယ့် ဘာနဲ့မှလဲလို့မရအောင် ကျေနပ်တယ်။ အဖက်ဖက်ကကူညီပေးခဲ့ကြသူများအားလုံးကို တစ်ကယ်ကျေးဇူးတင်ပါတယ်။အစိတ်အပိုင်းသေးသေးလေး  ပါဝင်ခွင့်ရတာကိုပဲ ဂုဏ်ယူ မဆုံးတာမျိုး’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ည ၇ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

အောင်မြင့်မြတ်က ကမ္ဘာကျော် အက်ရှင်ဇာတ်ကား တစ်ကားဖြစ်တဲ့ Line Walker 2 ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်နေရတာဖြစ်ပါတယ်။ အောင်မြင့်မြတ်ရဲ့ ဆန္ဒတွေ ဖြစ်မြောက်လာတဲ့အတွက် ဝမ်းသာပီတိဖြစ်မိတယ်လို့ ချစ်သူလေး အိမီမီကိုကDuwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ 

‘’သူပါဝင်မယ့် အခန်းကဏ္ဍကို ရိုက်မယ့်နေ့မှ သိရမယ်ပေါ့နော်။ အစ်မလည်း သေသေချာချာ မသိရသေးပါဘူး။ သူက ဒီလိုမျိုးအတွေ့အကြုံလေးတွေ ရချင်နေတာ ကြာခဲ့ပြီပေါ့။ တခြားနိုင်ငံကို သွားဖို့ဆိုတာကလည်း မလွယ်ကူသေးဘူးလေ။ ဒီလိုမျိုးရွေးချယ်ခံရတယ်၊ သူလေ့လာချင်တဲ့ အပိုင်းတွေကို ထဲထဲဝင်ဝင် လေ့လာပြီး မြင်ရတွေ့ရမှာဖြစ်တဲ့အတွက် အရမ်းဝမ်းသာတယ်။ သူဖြစ်ချင်တာလေးတွေ ဖြစ်ခွင့်ရတဲ့အတွက် ဝမ်းသာမိတယ်’’ လို့ ဆိုပါတယ်။

Line Walker 2 ဇာတ်ကားကိုတော့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ စတင်ရိုက်ကူးနေပြီလို့ သိရပါတယ်။ ဒီဇာတ်ကားဟာ ကမ္ဘာကျော် ဟောင်ကောင် အက်ရှင်ဇာတ်ကားတစ်ကားဖြစ်ပြီး ဟောင်ကောင်နာမည်ကျော် သရုပ်ဆောင်တွေလည်း ပါဝင်ထားပါတယ်။ ဒီဇာတ်ကားမှာတော့ မြန်မာနိုင်ငံမှ အနုပညာရှင်တစ်ဦးအနေနဲ့ အောင်မြင့်မြတ်(Aung Myint Myat)က ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။

အောင်မြင့်မြတ်ကိုတော့ ၂၀၁၈ ခုနှစ် အတွင်းက ရုံတင်ပြသခဲ့တဲ့‘’ဥပါတံမျဉ်’’ ရုပ်ရှင်ဇာတ်ကားကြီး ကနေ ပရိသတ်တွေ စတင်သိရှိလာခဲ့ပါတယ်။ ‘’ဥပါတံမျဉ်’’ဇာတ်ကားထဲမှာ "သိန်းစိုး" ဇာတ်ကောင်နေရာကနေ အောင်မြင့်မြတ်ကပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top