iMyanmarHouse.com - Best Property Website for Myanmar
×

မီးဖိုေခ်ာင္ေဘစင္

အိမ္သာခြက္ထဲမွာရိွတဲ့ ပိုမႊားေတြေၾကာင့္ ဖ်ားနာမႈေတြ ရႏိုင္တယ္ဆိုတာကို ကၽြန္မတို႔အားလံုး သိၾကပါတယ္။ ဒါေပမယ့္ အိမ္သာခြက္ထက္ ေဘစင္မွာ ပိုးမႊားေတြ ပိုမ်ားတယ္ဆိုတာကိုေတာ့ မသိၾကပါဘူး။ ပန္းကန္ခြက္ေတြထဲက အစာအစအနေတြ၊ ပန္းကန္ေဆးရင္းကေန ကပ္က်န္ေနတဲ့ အစားအစာေတြဟာ နာမက်န္းမႈျဖစ္ေစတဲ့ ဘက္တီးရီးယား ေတြကို ရွင္သန္ေပါက္ဖြားေစပါတယ္။ ဒီလိုပိုးေကာင္ေတြဟာ လက္ေတြ၊ အစားအစာေတြဆီကို ေရာက္ရိွလာပါတယ္။

အိမ္သာကို ပိုးသတ္ဖို႔ သတိရၾကေပမယ့္ ေဘစင္ကို သန္႔ရွင္းေရးပံုမွန္လုပ္ေပးဖို႔ေတာ့ ေမ့ေနတတ္ပါတယ္။ သန္႔ရွင္းေရး လုပ္တယ္ဆိုရင္လည္း ေရနဲ႔ေဆးခ်တာကို သန္႔ရွင္းသြားၿပီလို႔ ထင္တတ္ပါတယ္။ တကယ္တမ္း ဘက္တီးရီးယားေတြ မေပါက္ဖြားေစခ်င္ရင္ေတာ့ ခၽြတ္ေဆးရည္ကို အသံုးျပဳသင့္ပါတယ္။ ေဆးမ်ားမ်ားနဲ႔ ေဆးခ်ပစ္ၿပီး ပိတ္ဆို႔ေနတာေတြကို ဖယ္ရွားေပးရပါမယ္။ ၿပီးရင္ လက္ေဆးဖို႔လည္း မေမ့သင့္ပါဘူး။

သြားပြတ္တံ

တစ္ေန႔ႏွစ္ႀကိမ္ခန္႔ ပါးစပ္ထဲထည့္တတ္တဲ့ သြားပြတ္တံမွာ ပိုးေကာင္ေပါင္းမ်ားစြာက အခြင့္အေရးေတြကို ေစာင့္ၿပီး ေခ်ာင္းေျမာင္း ေနပါတယ္။ သြားတိုက္ၿပီးလုိ႔ သြားပြတ္တံကို ေဆးၿပီးရင္ အဲဒီအစိုအတိုင္းပဲ ထားတတ္ ၾကပါတယ္။ ဘက္တီးရီးယားေတြဟာ စြတ္စုိထိုင္းမိႈင္းမႈကို သေဘာက်ပါတယ္။ ဒီလို ပတ္ဝန္းက်င္မ်ိဳးမွာ ရွင္သန္ေပါက္ဖြား တတ္ၾကပါတယ္။ ဒါေၾကာင့္ သြားတိုက္တံကို သံုးၿပီးရင္ ေလဝင္ေလထြက္ေကာင္းတဲ့ ေနရာမ်ိဳးမွာ ထားသင့္ပါတယ္။ ဒီေနရာဟာ အိမ္သာနဲ႔ေဝးတဲ့ေနရာလည္း ျဖစ္ရပါမယ္။ အိမ္သာကို သန္႔ရွင္းေရးလုပ္တဲ့အခါမ်ိဳးမွာ ျပန္႔ထြက္လာတတ္တဲ့ ပိုးေကာင္ေတြဟာ ေရခ်ိဴးခန္းတစ္ဝိုက္မွာ အနည္းဆံုးႏွစ္နာရီခန္႔ ရွင္သန္ေနထိုင္ႏိုင္ပါေသးတယ္။ ေနမေကာင္းျဖစ္ၿပီးတဲ့ အခါတိုင္းမွာလည္း သြားပြတ္တံကို လဲေပးသင့္ပါတယ္။

ဆားဘူးႏွင့္ င႐ုတ္သီးဘူး

ကၽြန္မတို႔ အိမ္ရဲ႕ အညစ္ညမ္းဆံုး ေနရာေတြဟာ ထမင္းစားပဲြခံုေပၚမွာလည္း ရိွေနႏုိင္ပါတယ္။ အေအးမိေစတဲ့ ဗိုင္းရပ္စ္ ေတြဟာ င႐ုတ္သီး၊ ဆားဘူးတို႔လိုမ်ိဳး အကိုင္အတြယ္မ်ားတဲ့ ေနရာေတြမွာ ရိွေနတတ္ပါတယ္။ ဒါေၾကာင့္ အစား အေသာက္ေတြ ျပင္ဆင္ၿပီးတဲ့အခါ၊ စားေသာက္ၿပီးတဲ့ အခါေတြမွာ ခံုကို သန္႔ရွင္းေရးလုပ္တိုင္း ဒီဘူးေတြကိုပါ အဝတ္နဲ႔ သုတ္ေပးရပါမယ္။ ပိုးမႊားေတြ ျပန္႔ပြားတာကို ကာကြယ္ဖို႔ အေကာင္းဆံုး နည္းလမ္းကေတာ့ လက္ကို မၾကာခဏ ေဆးေပး ျခင္းပါပဲ။

ရီမုတ္

ဒီပစၥည္းေလးဟာ ၾကမ္းျပင္ေပၚ က်ေနႏိုင္သလို ဆိုဖာေတြ ၾကားမွာလည္း ညပ္ေနႏိုင္ပါတယ္။ ဒီလိုေနရာမ်ိဳးေတြမွာ ႏွာေခ်ျခင္း၊ ေခ်ာင္းဆိုးျခင္းက ထြက္လာတဲ့ပိုးမႊားေတြ စုပံုေနတတ္ပါတယ္။ ရီမုတ္တစ္ခုတည္းကိုပဲ တစ္အိမ္သားလံုးက သံုးစဲြၾကပါတယ္။ ဒါေၾကာင့္ အိမ္ရိွ လူတိုင္းဟာ ပိုးေကာင္ေပါင္းမ်ားစြာနဲ႔ ထိေတြ႕ႏိုင္ပါတယ္။ ရီမုတ္ ၅၀ ရာခိုင္ႏႈန္းမွာ အေအးမိေစတဲ့ ဗိုင္းရပ္စ္ေတြ အဓိကရွင္သန္တတ္ပါတယ္။ ဒါေၾကာင့္ အရက္ ဒါမွမဟုတ္ ခၽြတ္ေဆးအနည္းငယ္ကို သံုးၿပီး သန္႔ရွင္းေရး လုပ္ေပးသင့္သလို မကိုင္တြယ္ခင္နဲ႔ ကိုင္တြယ္ၿပီးခ်ိန္ေတြမွာ လက္ေဆးေပးဖို႔ လိုုအပ္ပါတယ္။

ကြန္ပ်ဴတာကီးဘုတ္

ကြန္ပ်ဴတာနားမွာ အစာစားမယ္၊ ႏွာေခ်မယ္၊ စားရင္း လက္မေဆးရေသးခင္ သံုးေနမယ္ ဆိုရင္ ကီးဘုတ္ဟာ ေရာဂါပိုး ေတြ စုေဝးရာ ေနရာႀကီး ျဖစ္သြားပါလိမ့္မယ္။ က်န္းမာေရးကို ထိခိုက္ေစတဲ့ E-Coli နဲ႔ Staph ပိုးေကာင္ေတြ စုေဝးေနတတ္ ပါတယ္။ ကီးဘုတ္ ၃၃ ခုမွာ ေလးခုက ပိုးေတြအမ်ားအျပားရိွေနတတ္ပါတယ္။ ဒါေၾကာင့္ ကြန္ပ်ဴတာအနားမွာ မျဖစ္မေန အစာစားရမယ္ ဆိုရင္လည္း အစာအစအန ေတြ မက်န္ပါေစနဲ႔။ အရက္ ဒါမွမဟုတ္ ခၽြတ္ေဆးကိုသံုးၿပီး သန္႔ရွင္းေရး လုပ္တဲ့အခါတုိင္း မွာ Mouse ကိုပါ သန္႔ရွင္းေပးပါ။

ေရခ်ိဳးခန္း

ကၽြန္မတို႔ကို သန္႔ရွင္းေစတဲ့ ဒီေရခ်ိဳးခန္းႀကီးဟာ သူကိုယ္တိုင္ေတာ့ မသန္႔ရွင္းပါဘူး။ ေရခ်ိဳးခန္းရဲ႕ ပိုက္ဆက္ ေနရာတိုင္းမွာ ပိုးမႊားေတြ ခိုေအာင္းေန တတ္ပါတယ္။ ေရစိမ္ကန္ေတြဆိုရင္ ပိုဆိုးပါတယ္။ မႈိေတြဟာ စြတ္စိုထိုင္းမိႈင္းမႈကို သေဘာက်တာေၾကာင့္ ၈၁ ရာခိုင္ႏႈန္းေသာ ေရခ်ိဳးခန္းတိုင္းဟာ မႈိစဲြေနၿပီး ၃၄ ရာခိုင္ႏႈန္းကေတာ့ ဘက္တီးရီးယားေတြ ခိုေအာင္းေနတတ္ပါတယ္။ ဒါေၾကာင့္အိမ္သာကို သန္႔ရွင္းေရးလုပ္ဖို႔ သတိရတိုင္း ေရခ်ိဳးခန္းကိုပါ ထည့္သြင္း စဥ္းစားပါ။ အထူးသျဖင့္ ပိုက္ဆက္ေနရာေတြကို သတိထားၿပီး သန္႔ရွင္းေရးလုပ္ေပးပါ။

Credit:  Good Health

က်န္းမာေရး

ဤစာဖတ္သူမ်ားအားလုံးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

မီးဖိုချောင်ဘေစင်

အိမ်သာခွက်ထဲမှာရှိတဲ့ ပိုမွှားတွေကြောင့် ဖျားနာမှုတွေ ရနိုင်တယ်ဆိုတာကို ကျွန်မတို့အားလုံး သိကြပါတယ်။ ဒါပေမယ့် အိမ်သာခွက်ထက် ဘေစင်မှာ ပိုးမွှားတွေ ပိုများတယ်ဆိုတာကိုတော့ မသိကြပါဘူး။ ပန်းကန်ခွက်တွေထဲက အစာအစအနတွေ၊ ပန်းကန်ဆေးရင်းကနေ ကပ်ကျန်နေတဲ့ အစားအစာတွေဟာ နာမကျန်းမှုဖြစ်စေတဲ့ ဘက်တီးရီးယား တွေကို ရှင်သန်ပေါက်ဖွားစေပါတယ်။ ဒီလိုပိုးကောင်တွေဟာ လက်တွေ၊ အစားအစာတွေဆီကို ရောက်ရှိလာပါတယ်။

အိမ်သာကို ပိုးသတ်ဖို့ သတိရကြပေမယ့် ဘေစင်ကို သန့်ရှင်းရေးပုံမှန်လုပ်ပေးဖို့တော့ မေ့နေတတ်ပါတယ်။ သန့်ရှင်းရေး လုပ်တယ်ဆိုရင်လည်း ရေနဲ့ဆေးချတာကို သန့်ရှင်းသွားပြီလို့ ထင်တတ်ပါတယ်။ တကယ်တမ်း ဘက်တီးရီးယားတွေ မပေါက်ဖွားစေချင်ရင်တော့ ချွတ်ဆေးရည်ကို အသုံးပြုသင့်ပါတယ်။ ဆေးများများနဲ့ ဆေးချပစ်ပြီး ပိတ်ဆို့နေတာတွေကို ဖယ်ရှားပေးရပါမယ်။ ပြီးရင် လက်ဆေးဖို့လည်း မမေ့သင့်ပါဘူး။

သွားပွတ်တံ

တစ်နေ့နှစ်ကြိမ်ခန့် ပါးစပ်ထဲထည့်တတ်တဲ့ သွားပွတ်တံမှာ ပိုးကောင်ပေါင်းများစွာက အခွင့်အရေးတွေကို စောင့်ပြီး ချောင်းမြောင်း နေပါတယ်။ သွားတိုက်ပြီးလို့ သွားပွတ်တံကို ဆေးပြီးရင် အဲဒီအစိုအတိုင်းပဲ ထားတတ် ကြပါတယ်။ ဘက်တီးရီးယားတွေဟာ စွတ်စိုထိုင်းမှိုင်းမှုကို သဘောကျပါတယ်။ ဒီလို ပတ်ဝန်းကျင်မျိုးမှာ ရှင်သန်ပေါက်ဖွား တတ်ကြပါတယ်။ ဒါကြောင့် သွားတိုက်တံကို သုံးပြီးရင် လေဝင်လေထွက်ကောင်းတဲ့ နေရာမျိုးမှာ ထားသင့်ပါတယ်။ ဒီနေရာဟာ အိမ်သာနဲ့ဝေးတဲ့နေရာလည်း ဖြစ်ရပါမယ်။ အိမ်သာကို သန့်ရှင်းရေးလုပ်တဲ့အခါမျိုးမှာ ပြန့်ထွက်လာတတ်တဲ့ ပိုးကောင်တွေဟာ ရေချိူးခန်းတစ်ဝိုက်မှာ အနည်းဆုံးနှစ်နာရီခန့် ရှင်သန်နေထိုင်နိုင်ပါသေးတယ်။ နေမကောင်းဖြစ်ပြီးတဲ့ အခါတိုင်းမှာလည်း သွားပွတ်တံကို လဲပေးသင့်ပါတယ်။

ဆားဘူးနှင့် ငရုတ်သီးဘူး

ကျွန်မတို့ အိမ်ရဲ့ အညစ်ညမ်းဆုံး နေရာတွေဟာ ထမင်းစားပွဲခုံပေါ်မှာလည်း ရှိနေနိုင်ပါတယ်။ အအေးမိစေတဲ့ ဗိုင်းရပ်စ် တွေဟာ ငရုတ်သီး၊ ဆားဘူးတို့လိုမျိုး အကိုင်အတွယ်များတဲ့ နေရာတွေမှာ ရှိနေတတ်ပါတယ်။ ဒါကြောင့် အစား အသောက်တွေ ပြင်ဆင်ပြီးတဲ့အခါ၊ စားသောက်ပြီးတဲ့ အခါတွေမှာ ခုံကို သန့်ရှင်းရေးလုပ်တိုင်း ဒီဘူးတွေကိုပါ အဝတ်နဲ့ သုတ်ပေးရပါမယ်။ ပိုးမွှားတွေ ပြန့်ပွားတာကို ကာကွယ်ဖို့ အကောင်းဆုံး နည်းလမ်းကတော့ လက်ကို မကြာခဏ ဆေးပေး ခြင်းပါပဲ။

ရီမုတ်

ဒီပစ္စည်းလေးဟာ ကြမ်းပြင်ပေါ် ကျနေနိုင်သလို ဆိုဖာတွေ ကြားမှာလည်း ညပ်နေနိုင်ပါတယ်။ ဒီလိုနေရာမျိုးတွေမှာ နှာချေခြင်း၊ ချောင်းဆိုးခြင်းက ထွက်လာတဲ့ပိုးမွှားတွေ စုပုံနေတတ်ပါတယ်။ ရီမုတ်တစ်ခုတည်းကိုပဲ တစ်အိမ်သားလုံးက သုံးစွဲကြပါတယ်။ ဒါကြောင့် အိမ်ရှိ လူတိုင်းဟာ ပိုးကောင်ပေါင်းများစွာနဲ့ ထိတွေ့နိုင်ပါတယ်။ ရီမုတ် ၅၀ ရာခိုင်နှုန်းမှာ အအေးမိစေတဲ့ ဗိုင်းရပ်စ်တွေ အဓိကရှင်သန်တတ်ပါတယ်။ ဒါကြောင့် အရက် ဒါမှမဟုတ် ချွတ်ဆေးအနည်းငယ်ကို သုံးပြီး သန့်ရှင်းရေး လုပ်ပေးသင့်သလို မကိုင်တွယ်ခင်နဲ့ ကိုင်တွယ်ပြီးချိန်တွေမှာ လက်ဆေးပေးဖို့ လိုအပ်ပါတယ်။

ကွန်ပျူတာကီးဘုတ်

ကွန်ပျူတာနားမှာ အစာစားမယ်၊ နှာချေမယ်၊ စားရင်း လက်မဆေးရသေးခင် သုံးနေမယ် ဆိုရင် ကီးဘုတ်ဟာ ရောဂါပိုး တွေ စုဝေးရာ နေရာကြီး ဖြစ်သွားပါလိမ့်မယ်။ ကျန်းမာရေးကို ထိခိုက်စေတဲ့ E-Coli နဲ့ Staph ပိုးကောင်တွေ စုဝေးနေတတ် ပါတယ်။ ကီးဘုတ် ၃၃ ခုမှာ လေးခုက ပိုးတွေအများအပြားရှိနေတတ်ပါတယ်။ ဒါကြောင့် ကွန်ပျူတာအနားမှာ မဖြစ်မနေ အစာစားရမယ် ဆိုရင်လည်း အစာအစအန တွေ မကျန်ပါစေနဲ့။ အရက် ဒါမှမဟုတ် ချွတ်ဆေးကိုသုံးပြီး သန့်ရှင်းရေး လုပ်တဲ့အခါတိုင်း မှာ Mouse ကိုပါ သန့်ရှင်းပေးပါ။

ရေချိုးခန်း

ကျွန်မတို့ကို သန့်ရှင်းစေတဲ့ ဒီရေချိုးခန်းကြီးဟာ သူကိုယ်တိုင်တော့ မသန့်ရှင်းပါဘူး။ ရေချိုးခန်းရဲ့ ပိုက်ဆက် နေရာတိုင်းမှာ ပိုးမွှားတွေ ခိုအောင်းနေ တတ်ပါတယ်။ ရေစိမ်ကန်တွေဆိုရင် ပိုဆိုးပါတယ်။ မှိုတွေဟာ စွတ်စိုထိုင်းမှိုင်းမှုကို သဘောကျတာကြောင့် ၈၁ ရာခိုင်နှုန်းသော ရေချိုးခန်းတိုင်းဟာ မှိုစွဲနေပြီး ၃၄ ရာခိုင်နှုန်းကတော့ ဘက်တီးရီးယားတွေ ခိုအောင်းနေတတ်ပါတယ်။ ဒါကြောင့်အိမ်သာကို သန့်ရှင်းရေးလုပ်ဖို့ သတိရတိုင်း ရေချိုးခန်းကိုပါ ထည့်သွင်း စဉ်းစားပါ။ အထူးသဖြင့် ပိုက်ဆက်နေရာတွေကို သတိထားပြီး သန့်ရှင်းရေးလုပ်ပေးပါ။

Credit:  Good Health

ကျန်းမာရေး

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top