iMyanmarHouse.com - Best Property Website for Myanmar
×

Liquid Lipstickက လက္ရွိ အမ်ိဳးသမီးျကားမွာ ေခတ္စားေနတဲ့အလွကုန္ပစၥည္းေတြထဲကတစ္ခုျဖစ္ပါတယ္။ မိတ္ကပ္ခ်စ္သူေတြရဲ႕အိတ္ထဲမွာ အနည္းဆံုးLiquidႏႈတ္ခမ္းနီတစ္ေခ်ာင္းရွိမယ္လို႕ ရဲရဲျကီးအာမခံႏိုင္ပါတယ္။ Liquidႏႈတ္ခမ္းနီေတြက ႏႈတ္ခမ္းသားေပၚမွာ မပ်က္ဘဲ အခ်ိန္အျကာျကီးခံတဲ့အတြက္ မိန္းကေလးေတာ္ေတာ္မ်ားမ်ား ျကိုက္ႏွစ္သက္ျကတာျဖစ္ပါတယ္။ အေရာင္ေတာက္ေတာက္ေလးရဖို႕ တစ္ထပ္သာဆိုးရရံုပါပဲ။ သို႕ေသာ္ ဒီႏႈတ္ခမ္းနီကို ဆိုးဖို႕ဆိုရင္ စိတ္ရွည္ဖို႕လို္အပ္ပါတယ္။ သင္ဟာ Liquidႏႈတ္ခမ္းနီအေရာင္ေတြကို ျကိုက္တဲ့သူဆိုရင္ လိုက္နာသင့္တဲ့ အခ်က္ငါးခ်က္ရွိပါတယ္။

အခ်ိန္လိုအပ္ျခင္း

Liquidႏႈတ္ခမ္းနီကို အခ်ိန္ငါးစကၠန္႕နဲ႕ဆိုးလို႕မရႏိုင္ပါဘူး။ စိတ္ရွည္ရသလို မွန္တစ္ခ်ပ္လဲလိုအပ္တယ္ေနာ္။ ကားထဲမွာ ဆိုးလို႕ရတဲ့ ႏႈတ္ခမ္းနီေတာ့မဟုတ္ပါဘူး။ အခ်ိန္ေပးျပီး ေသခ်ာဆိုးေပးရတဲ့အရာျဖစ္ပါတယ္။ ဒါေျကာင့္ အလ်င္လိုေနတယ္ဆိုရင္ေတာ့ ဒီႏႈတ္ခမ္းနီကို မဆိုးသင့္ပါဘူး။

မိတ္ကပ္လိမ္းဖို႕လဲလိုအပ္ျခင္း

Liquidႏႈတ္ခမ္းနီေတြက အေရာင္ျဖစ္တည္မႈျမင့္မားတဲ့အတြက္ မ်က္ႏွာမွာ မိတ္ကပ္မပါဘဲ မေနသင့္ပါဘူး။ ေအာက္ခံမိတ္ကပ္နဲ႕ညီေအာင္ ညိွေပးဖို႕လိုအပ္ပါတယ္။ ႏႈတ္ခမ္းအေရာင္ရင့္ခ်င္ရင္ အေရာင္နဲ႕လိုက္ဖက္တဲ့ပါးနီကိုလဲ လိမ္းေပးဖို႕လိုပါတယ္။

ႏႈတ္ခမ္းနီကုိ အရမ္းအမ်ားျကီးမဆိုးပါနဲ႕

ထုိကဲ့သို႕ႏႈတ္ခမ္းနီက တစ္ထပ္ဆိုးရံုနဲ႕လံုေလာက္ပါတယ္။ အေရာင္ေတာက္ျခင္းကို ဖယ္ရွားဖို႕အတြက္ ႏႈတ္ခမ္းနီမဆိုးခင္ ႏႈတ္ခမ္းနီဆိုးတံမွာပိုေနတဲ့ႏႈတ္ခမ္းနီေတြကို ဖယ္ရွားပစ္ႏိုင္ပါတယ္။ ဒီလိုလုပ္ေပးျခင္းက ႏႈတ္ခမ္းေပၚမွာ ႏႈတ္ခမ္းနီအထူျကီးမျဖစ္ေတာ့ပါဘူး။ ကိိုယ္လိုသေလာက္ယူျပီးဆုိးရံုပါပဲ။

ႏႈတ္ခမ္းသားေပါင္းတင္ျပီးေရဓာတ္ျဖည့္ေပးပါ

ႏႈတ္ခမ္းသားအက္ကြဲေနတယ္ဆိုရင္ ႏႈတ္ခမ္းသားကို ေပါင္းတင္ေပးရပါမယ္။ ဒါအျပင့္ ေရဓာတ္ျဖည့္ေပးဖို႕လဲလိုပါတယ္။ႏႈတ္ခမ္းသားေပၚ Balmဆိုးျပီး အခ်ိန္အနည္းငယ္ထားလိုက္ပါ။ သင့္ႏႈတ္ခမ္းနီက ႏႈတ္ခမ္းသားကို တင္းရင္းေနသလိုခံစားရရင္ ေရဓာတ္ျဖည့္ဖို႕အတြက္ ႏႈတ္ခမ္းအက္ကြဲျခင္းသက္သာေစတဲ့ႏႈတ္ခမ္းနီကို ဆိုးေပးႏိုင္ပါတယ္။

တိက်မႈက ေသာ့ခ်က္ပါပဲ

ႏႈတ္ခမ္းနီကုိ ေအာက္ႏႈတ္ခမ္းကေန စဆိုးျပီးအဲဒီေနာက္ ႏႈတ္ခမ္းေတြကို အခ်င္းခ်င္းဖိလိုက္ပါ။ ႏႈတ္ခမ္းနီစုပ္တံကိုအသံုးျပဳျပီး ႏႈတ္ခမ္းကို ပံုေဖာ္လိုက္ပါ။ အေရာင္ရင့္ဖို႕အတြက္ ေနာက္ပိုင္းက်မွ lip linerကိုအသံုးျပဳႏိုင္ျပီး သင့္ႏႈတ္ခမ္းသားေတြကို ေကာင္းေကာင္းပံုေဖာ္ရမွာျဖစ္ပါတယ္။

Credit: mingalarbarmorning
အလွအပ

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

Liquid Lipstickက လက်ရှိ အမျိုးသမီးကြားမှာ ခေတ်စားနေတဲ့အလှကုန်ပစ္စည်းတွေထဲကတစ်ခုဖြစ်ပါတယ်။ မိတ်ကပ်ချစ်သူတွေရဲ့အိတ်ထဲမှာ အနည်းဆုံးLiquidနှုတ်ခမ်းနီတစ်ချောင်းရှိမယ်လို့ ရဲရဲကြီးအာမခံနိုင်ပါတယ်။ Liquidနှုတ်ခမ်းနီတွေက နှုတ်ခမ်းသားပေါ်မှာ မပျက်ဘဲ အချိန်အကြာကြီးခံတဲ့အတွက် မိန်းကလေးတော်တော်များများ ကြိုက်နှစ်သက်ကြတာဖြစ်ပါတယ်။ အရောင်တောက်တောက်လေးရဖို့ တစ်ထပ်သာဆိုးရရုံပါပဲ။ သို့သော် ဒီနှုတ်ခမ်းနီကို ဆိုးဖို့ဆိုရင် စိတ်ရှည်ဖို့လိုအပ်ပါတယ်။ သင်ဟာ Liquidနှုတ်ခမ်းနီအရောင်တွေကို ကြိုက်တဲ့သူဆိုရင် လိုက်နာသင့်တဲ့ အချက်ငါးချက်ရှိပါတယ်။

အချိန်လိုအပ်ခြင်း

Liquidနှုတ်ခမ်းနီကို အချိန်ငါးစက္ကန့်နဲ့ဆိုးလို့မရနိုင်ပါဘူး။ စိတ်ရှည်ရသလို မှန်တစ်ချပ်လဲလိုအပ်တယ်နော်။ ကားထဲမှာ ဆိုးလို့ရတဲ့ နှုတ်ခမ်းနီတော့မဟုတ်ပါဘူး။ အချိန်ပေးပြီး သေချာဆိုးပေးရတဲ့အရာဖြစ်ပါတယ်။ ဒါကြောင့် အလျင်လိုနေတယ်ဆိုရင်တော့ ဒီနှုတ်ခမ်းနီကို မဆိုးသင့်ပါဘူး။

မိတ်ကပ်လိမ်းဖို့လဲလိုအပ်ခြင်း

Liquidနှုတ်ခမ်းနီတွေက အရောင်ဖြစ်တည်မှုမြင့်မားတဲ့အတွက် မျက်နှာမှာ မိတ်ကပ်မပါဘဲ မနေသင့်ပါဘူး။ အောက်ခံမိတ်ကပ်နဲ့ညီအောင် ညှိပေးဖို့လိုအပ်ပါတယ်။ နှုတ်ခမ်းအရောင်ရင့်ချင်ရင် အရောင်နဲ့လိုက်ဖက်တဲ့ပါးနီကိုလဲ လိမ်းပေးဖို့လိုပါတယ်။

နှုတ်ခမ်းနီကို အရမ်းအများကြီးမဆိုးပါနဲ့

ထိုကဲ့သို့နှုတ်ခမ်းနီက တစ်ထပ်ဆိုးရုံနဲ့လုံလောက်ပါတယ်။ အရောင်တောက်ခြင်းကို ဖယ်ရှားဖို့အတွက် နှုတ်ခမ်းနီမဆိုးခင် နှုတ်ခမ်းနီဆိုးတံမှာပိုနေတဲ့နှုတ်ခမ်းနီတွေကို ဖယ်ရှားပစ်နိုင်ပါတယ်။ ဒီလိုလုပ်ပေးခြင်းက နှုတ်ခမ်းပေါ်မှာ နှုတ်ခမ်းနီအထူကြီးမဖြစ်တော့ပါဘူး။ ကိုယ်လိုသလောက်ယူပြီးဆိုးရုံပါပဲ။

နှုတ်ခမ်းသားပေါင်းတင်ပြီးရေဓာတ်ဖြည့်ပေးပါ

နှုတ်ခမ်းသားအက်ကွဲနေတယ်ဆိုရင် နှုတ်ခမ်းသားကို ပေါင်းတင်ပေးရပါမယ်။ ဒါအပြင့် ရေဓာတ်ဖြည့်ပေးဖို့လဲလိုပါတယ်။နှုတ်ခမ်းသားပေါ် Balmဆိုးပြီး အချိန်အနည်းငယ်ထားလိုက်ပါ။ သင့်နှုတ်ခမ်းနီက နှုတ်ခမ်းသားကို တင်းရင်းနေသလိုခံစားရရင် ရေဓာတ်ဖြည့်ဖို့အတွက် နှုတ်ခမ်းအက်ကွဲခြင်းသက်သာစေတဲ့နှုတ်ခမ်းနီကို ဆိုးပေးနိုင်ပါတယ်။

တိကျမှုက သော့ချက်ပါပဲ

နှုတ်ခမ်းနီကို အောက်နှုတ်ခမ်းကနေ စဆိုးပြီးအဲဒီနောက် နှုတ်ခမ်းတွေကို အချင်းချင်းဖိလိုက်ပါ။ နှုတ်ခမ်းနီစုပ်တံကိုအသုံးပြုပြီး နှုတ်ခမ်းကို ပုံဖော်လိုက်ပါ။ အရောင်ရင့်ဖို့အတွက် နောက်ပိုင်းကျမှ lip linerကိုအသုံးပြုနိုင်ပြီး သင့်နှုတ်ခမ်းသားတွေကို ကောင်းကောင်းပုံဖော်ရမှာဖြစ်ပါတယ်။

Credit: mingalarbarmorning
အလှအပ

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top