iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းကေလးတိုင္းဟာ ေပ်ာ္ရြွင္တဲ့relationshipတစ္ခုကိုပဲ အျမဲပိုင္ဆိုင္ခ်င္ၾကပါတယ္။ဒါေပမယ့္ လက္ထပ္ျပီးတဲ့ေနာက္မွာ ဦးေဆာင္မွဳအပိုင္းမွာေနရာယူခ်င္လာၾကသလို တခ်ိဳ့ကလည္း အခ်စ္လို့ေခါင္းစဥ္တပ္ျပီး ေပးဆပ္ေဇာမ်ားသြားျပီး သူတို့ေပ်ာ္ရြွင္မွဳအတြက္ေတာင္ အခ်ိန္မေပးနိုင္ေတာ့ေလာက္ေအာင္ အိမ္တြင္းမွာပဲတကုပ္ကုပ္နဲ့အခ်ိန္ကုန္ေနတတ္သူမ်ားလည္းရွိပါတယ္။ဒီတစ္ခါမွာေတာ့ သာတူညီမ်ွတဲ့relationshipတစ္ခုျဖစ္ဖို့ သင္အမွန္တကယ္ခ်စ္တဲ့ေယာက်ၤားေလးတစ္ေယာက္အတြက္ ဘယ္ေတာ့မွမလုပ္ေပးသင့္တဲ့အခ်က္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။ ။

1.သူ့ရဲ့ျပသနာအားလံုးကိုေျဖရွင္းေပးဖို့ၾကိဳးစားျခင္း

တကယ္လို့ သင့္လက္တဲြေဖာ္ဟာ လုပ္ငန္းခြင္ျပသနာ(သို့)ေငြေၾကးအခက္အခဲမ်ားၾကံဳေနသည့္တိုင္ေအာင္ သူ့ရဲ့ျပသနာအားလံုးကို သင္ကပဲတာဝန္ယူဖို့ မၾကိဳးစားသင့္ပါဘူး။ဒီလိုၾကိဳးစားေပးျခင္းျဖင့္ ဆံုးျဖတ္ခ်က္ေဝဝါးျပီး အရာရာကိုတာဝန္ယူဖို့မရဲတဲ့ဘဝလက္တဲြေဖာ္နဲ့ပဲ သင့္ဘဝတစ္ေလ်ွာက္လံုး ျဖတ္သန္းသြားရပါလိမ့္မယ္။သင္ဟာ အရာရာကိုၾကိဳးကိုင္နိုင္တဲ့သူမဟုတ္ပဲ မိန္းမသားတစ္ေယာက္ဆိုတာကို အျမဲသတိရပါ။

2.အခ်ိန္ျပည့္တန္ဖိုးၾကီးလက္ေဆာင္ေတြခ်ည္းေပးေနျခင္း

relationshipတစ္ခုမွာ တူညီတဲ့တန္ဖိုးရွိတဲ့လက္ေဆာင္ေတြ အျပန္အလွန္ေပးျခင္းက အေကာင္းဆံုးပါ။အထူးသျဖင့္ သင္ေပးတဲ့ပမာဏမ်ိဳးျပန္မေပးနိုင္တဲ့သူမ်ိဳးကို တန္ဖိုးၾကီးလက္ေဆာင္ေတြေပးမိျခင္းျဖင့္ သူ့ကိုသိမ္ငယ္စိတ္ဝင္ေစနိုင္ပါတယ္။တကယ္လို့ သင့္ကိုတကယ္မခ်စ္တဲ့သူမ်ိဳးနဲ့မွ ပတ္သက္မိေနရင္ေတာ့ သူလိုခ်င္တာရဖို့ သင့္အခ်စ္ကိုအသံုးခ်သြားမွာပါ။

3.သူငိုေၾကြးဖို့ပခံုးတစ္ဖက္

မိန္းကေလးေတြနဲ့မတူပဲ ေယာက်ၤားေလးေတြဟာ သူတို့အတြက္ သနားဝမ္းနည္းေပးတတ္တဲ့မိန္းကေလးမ်ိဳးကို သေဘာက်ေလ့မရွိပါဘူး။ဒါေၾကာင့္ သူ့ရဲ့စိတ္ပိုင္းဆိုင္ရာခံစားခ်က္ေတြအတြက္ အသင့္ျဖစ္ေနရုံနဲ့ လွပတဲ့တဲ့relationshipျဖစ္မလာနိုင္ပါဘူး။ပါးနပ္တဲ့မိန္းကေလးမ်ိဳးဟာ သူ့ရဲ့လက္တဲြေဖာ္ကို ေအာင္ျမင္မွဳေျခလွမ္းအသစ္ေတြဆီကိုပဲဦးတည္ခ်ီတက္ေနဖို့ ျမွင့္တင္အားေပးတတ္ၾကပါတယ္။ဒါဟာလည္း လွပတဲ့relationshipတစ္ခုျဖစ္ေပၚလာေစဖို့ လ်ိဳ့ဝွက္ခ်က္ေလးပါ။

4.”ငါ နင့္ကိုဘာေျပာခဲ့လဲ”လို့ ေျပာျခင္း

သင္ဟာ 100%မွန္ေနသည့္တိုင္ေအာင္ “ငါ နင့္ကိုဘာေျပာခဲ့လဲ”ဆိုတဲ့ ေၾကာတဲ့စကားမ်ိဳးမေျပာသင့္ပါဘူး။ဒီလိုေျပာျခင္းအားျဖင့္ သင္ဟာသူ့ထက္ေတာ္ေၾကာင္း ထုတ္ေဖာ္ျပသေနျခင္းျဖစ္ျပီး သူ့ကိုအေလးမထားဂရုမစိုက္တဲ့ပံုစံျဖစ္ေနနိုင္ပါတယ္။ေယာက်ၤားတိုင္းဟာ သူတို့ခ်စ္သူမိန္းကေလးနဲ့ပတ္သက္လာရင္ အေရးေပးခံခ်င္ၾကတယ္။သိသာထင္ရွားခ်င္ၾကတယ္။သူ့အေပၚ သင့္ရဲ့လြွမ္းမိုးမွဳဟာ ကာရန္ညီတဲ့အခ်စ္ခရီးလမ္းျဖစ္ဖို့ မလြယ္ကူနိုင္ပါဘူူး။

5.သင့္ရဲ့ကိုယ္ပိုင္ဘဝနဲ့လုပ္ငန္းခြင္ကိုစြန့္လြွတ္ျခင္း

အခ်စ္ကိုရွာေဖြေတြ့ရွိသြားျခင္းဟာ လုပ္ငန္းခြင္နဲ့သူငယ္ခ်င္းေတြကိုစြန့္လြွတ္ရမယ္လို့ အဓိပၸာယ္မရပါဘူး။တကယ္လို့ သင္ဟာ သင့္မိသားစုကိုဂရုစိုက္ဖို့ဆိုတဲ့ အေၾကာင္းျပခ်က္နဲ့ သင့္ကိုယ္ပိုင္ေပ်ာ္ရြွင္စရာေတြကို စြန့္လြွတ္လိုက္မယ္ဆိုရင္ တစ္ေန့ေန့မွာ သင့္လက္တဲြေဖာ္ဟာ ဒီအခ်စ္ခရီးလမ္းကို စိတ္ကုန္လာမွာပါ။မိသားစုရဲ့ျပင္ပမွာ သင့္ရဲ့ၾကိဳးစားမွဳရလဒ္ေၾကာင့္ျဖစ္ေပၚလာတဲ့ ေအာင္ျမင္မွဳအဆင့္ဆင့္ဟာ သူ့ကိုပိုပိုျပီးအထင္ၾကီးေစ၊အသိအမွတ္ျပဳေစမွာပါ။ဒါေပမယ့္ အလြန္အက်ြံလမ္းစဥ္ေတြဟာ အႏၲရာယ္ရွိနိုင္တယ္ဆိုတာကိုေတာ့ သတိခ်ပ္ပါ။

6.သင့္ရဲ့သြင္ျပင္ကိုေျပာင္းလဲျခင္း

သူမ ခ်စ္တဲ့လက္တဲြေဖာ္အတြက္ အျမဲလွပေနတာမ်ိဳးကိုလိုခ်င္တာ မိန္းကေလးတိုင္းအတြက္ သဘာဝက်ပါတယ္။ဒါေပမယ့္ သင့္လက္တဲြေဖာ္က သင့္ရဲ့သြင္ျပင္ကိုေျပာင္းလဲဖို့ ျပင္းထန္စြာဖိအားေပးလာျပီဆိုရင္ေတာ့ အဲလိုလူမ်ိဳး သင့္ဘဝအတြက္မလိုပါဘူူး။အဲလိုပါပဲ တကယ္လို့ သင္ခ်စ္သူက သင္သေဘာတူလြယ္မယ့္ကိစၥမ်ိဳးကိုေျပာင္းလဲေပးဖို့ ေတာင္းဆိုလာရင္ေတာ့ အလိုက္သင့္နာခံလိုက္ပါ။ဒါဟာ သင္တို့ရဳဲ့relationshipကို အက္ေၾကာင္းမျဖစ္ေစနိုင္ပါဘူး။

Credit: nanmalgyi
ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

မိန်းကလေးတိုင်းဟာ ပျော်ရွှင်တဲ့relationshipတစ်ခုကိုပဲ အမြဲပိုင်ဆိုင်ချင်ကြပါတယ်။ဒါပေမယ့် လက်ထပ်ပြီးတဲ့နောက်မှာ ဦးဆောင်မှုအပိုင်းမှာနေရာယူချင်လာကြသလို တချို့ကလည်း အချစ်လို့ခေါင်းစဉ်တပ်ပြီး ပေးဆပ်ဇောများသွားပြီး သူတို့ပျော်ရွှင်မှုအတွက်တောင် အချိန်မပေးနိုင်တော့လောက်အောင် အိမ်တွင်းမှာပဲတကုပ်ကုပ်နဲ့အချိန်ကုန်နေတတ်သူများလည်းရှိပါတယ်။ဒီတစ်ခါမှာတော့ သာတူညီမျှတဲ့relationshipတစ်ခုဖြစ်ဖို့ သင်အမှန်တကယ်ချစ်တဲ့ယောင်္ကျားလေးတစ်ယောက်အတွက် ဘယ်တော့မှမလုပ်ပေးသင့်တဲ့အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ။

1.သူ့ရဲ့ပြသနာအားလုံးကိုဖြေရှင်းပေးဖို့ကြိုးစားခြင်း

တကယ်လို့ သင့်လက်တွဲဖော်ဟာ လုပ်ငန်းခွင်ပြသနာ(သို့)ငွေကြေးအခက်အခဲများကြုံနေသည့်တိုင်အောင် သူ့ရဲ့ပြသနာအားလုံးကို သင်ကပဲတာဝန်ယူဖို့ မကြိုးစားသင့်ပါဘူး။ဒီလိုကြိုးစားပေးခြင်းဖြင့် ဆုံးဖြတ်ချက်ဝေဝါးပြီး အရာရာကိုတာဝန်ယူဖို့မရဲတဲ့ဘဝလက်တွဲဖော်နဲ့ပဲ သင့်ဘဝတစ်လျှောက်လုံး ဖြတ်သန်းသွားရပါလိမ့်မယ်။သင်ဟာ အရာရာကိုကြိုးကိုင်နိုင်တဲ့သူမဟုတ်ပဲ မိန်းမသားတစ်ယောက်ဆိုတာကို အမြဲသတိရပါ။

2.အချိန်ပြည့်တန်ဖိုးကြီးလက်ဆောင်တွေချည်းပေးနေခြင်း

relationshipတစ်ခုမှာ တူညီတဲ့တန်ဖိုးရှိတဲ့လက်ဆောင်တွေ အပြန်အလှန်ပေးခြင်းက အကောင်းဆုံးပါ။အထူးသဖြင့် သင်ပေးတဲ့ပမာဏမျိုးပြန်မပေးနိုင်တဲ့သူမျိုးကို တန်ဖိုးကြီးလက်ဆောင်တွေပေးမိခြင်းဖြင့် သူ့ကိုသိမ်ငယ်စိတ်ဝင်စေနိုင်ပါတယ်။တကယ်လို့ သင့်ကိုတကယ်မချစ်တဲ့သူမျိုးနဲ့မှ ပတ်သက်မိနေရင်တော့ သူလိုချင်တာရဖို့ သင့်အချစ်ကိုအသုံးချသွားမှာပါ။

3.သူငိုကြွေးဖို့ပခုံးတစ်ဖက်

မိန်းကလေးတွေနဲ့မတူပဲ ယောင်္ကျားလေးတွေဟာ သူတို့အတွက် သနားဝမ်းနည်းပေးတတ်တဲ့မိန်းကလေးမျိုးကို သဘောကျလေ့မရှိပါဘူး။ဒါကြောင့် သူ့ရဲ့စိတ်ပိုင်းဆိုင်ရာခံစားချက်တွေအတွက် အသင့်ဖြစ်နေရုံနဲ့ လှပတဲ့တဲ့relationshipဖြစ်မလာနိုင်ပါဘူး။ပါးနပ်တဲ့မိန်းကလေးမျိုးဟာ သူ့ရဲ့လက်တွဲဖော်ကို အောင်မြင်မှုခြေလှမ်းအသစ်တွေဆီကိုပဲဦးတည်ချီတက်နေဖို့ မြှင့်တင်အားပေးတတ်ကြပါတယ်။ဒါဟာလည်း လှပတဲ့relationshipတစ်ခုဖြစ်ပေါ်လာစေဖို့ လျို့ဝှက်ချက်လေးပါ။

4.”ငါ နင့်ကိုဘာပြောခဲ့လဲ”လို့ ပြောခြင်း

သင်ဟာ 100%မှန်နေသည့်တိုင်အောင် “ငါ နင့်ကိုဘာပြောခဲ့လဲ”ဆိုတဲ့ ကြောတဲ့စကားမျိုးမပြောသင့်ပါဘူး။ဒီလိုပြောခြင်းအားဖြင့် သင်ဟာသူ့ထက်တော်ကြောင်း ထုတ်ဖော်ပြသနေခြင်းဖြစ်ပြီး သူ့ကိုအလေးမထားဂရုမစိုက်တဲ့ပုံစံဖြစ်နေနိုင်ပါတယ်။ယောင်္ကျားတိုင်းဟာ သူတို့ချစ်သူမိန်းကလေးနဲ့ပတ်သက်လာရင် အရေးပေးခံချင်ကြတယ်။သိသာထင်ရှားချင်ကြတယ်။သူ့အပေါ် သင့်ရဲ့လွှမ်းမိုးမှုဟာ ကာရန်ညီတဲ့အချစ်ခရီးလမ်းဖြစ်ဖို့ မလွယ်ကူနိုင်ပါဘူူး။

5.သင့်ရဲ့ကိုယ်ပိုင်ဘဝနဲ့လုပ်ငန်းခွင်ကိုစွန့်လွှတ်ခြင်း

အချစ်ကိုရှာဖွေတွေ့ရှိသွားခြင်းဟာ လုပ်ငန်းခွင်နဲ့သူငယ်ချင်းတွေကိုစွန့်လွှတ်ရမယ်လို့ အဓိပ္ပာယ်မရပါဘူး။တကယ်လို့ သင်ဟာ သင့်မိသားစုကိုဂရုစိုက်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ သင့်ကိုယ်ပိုင်ပျော်ရွှင်စရာတွေကို စွန့်လွှတ်လိုက်မယ်ဆိုရင် တစ်နေ့နေ့မှာ သင့်လက်တွဲဖော်ဟာ ဒီအချစ်ခရီးလမ်းကို စိတ်ကုန်လာမှာပါ။မိသားစုရဲ့ပြင်ပမှာ သင့်ရဲ့ကြိုးစားမှုရလဒ်ကြောင့်ဖြစ်ပေါ်လာတဲ့ အောင်မြင်မှုအဆင့်ဆင့်ဟာ သူ့ကိုပိုပိုပြီးအထင်ကြီးစေ၊အသိအမှတ်ပြုစေမှာပါ။ဒါပေမယ့် အလွန်အကျွံလမ်းစဉ်တွေဟာ အန္တရာယ်ရှိနိုင်တယ်ဆိုတာကိုတော့ သတိချပ်ပါ။

6.သင့်ရဲ့သွင်ပြင်ကိုပြောင်းလဲခြင်း

သူမ ချစ်တဲ့လက်တွဲဖော်အတွက် အမြဲလှပနေတာမျိုးကိုလိုချင်တာ မိန်းကလေးတိုင်းအတွက် သဘာဝကျပါတယ်။ဒါပေမယ့် သင့်လက်တွဲဖော်က သင့်ရဲ့သွင်ပြင်ကိုပြောင်းလဲဖို့ ပြင်းထန်စွာဖိအားပေးလာပြီဆိုရင်တော့ အဲလိုလူမျိုး သင့်ဘဝအတွက်မလိုပါဘူူး။အဲလိုပါပဲ တကယ်လို့ သင်ချစ်သူက သင်သဘောတူလွယ်မယ့်ကိစ္စမျိုးကိုပြောင်းလဲပေးဖို့ တောင်းဆိုလာရင်တော့ အလိုက်သင့်နာခံလိုက်ပါ။ဒါဟာ သင်တို့ရုဲ့relationshipကို အက်ကြောင်းမဖြစ်စေနိုင်ပါဘူး။

Credit: nanmalgyi
ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top