iMyanmarHouse.com - Best Property Website for Myanmar
×

Single ျဖစ္ရတာ ဘယ္ေလာက္ပဲ လြတ္လပ္ပါတယ္ ေျပာပါေစ။ ဒီလိုေန႔မ်ိဳးဆိုရင္ေတာ့ အထီးက်န္စရာေကာင္းတာပဲေလေနာ္။ ဒါေပမယ့္ ဒီအခ်က္ေလးေတြအတိုင္းေနမယ္ဆိုရင္ေတာ့ ခ်စ္သူမ်ားေန႔ကို ေအးေအးေဆးေဆးျဖတ္သန္းနိုင္မွာပါ။

၁။ ကိုယ့္ကိုယ္ကိုယ္ စိတ္ခ်မ္းသာေအာင္ထားပါ။

လာမယ့္ ခ်စ္သူမ်ားေန႔က ၾကာသပေတးေန႔ဆိုေတာ့ မျဖစ္မေန ရံုးသြား ေက်ာင္းသြား ရင္းနဲ႔ စံုတြဲေတြကို မျမင္ခ်င္မွအဆံုး ေတြ႔ရမွာပါ။ ဒါဆိုရင္ေတာ့ ညေနဘက္ ကိုယ္အိမ္ျပန္ေရာက္တဲ႔အခ်ိန္မွာ ကိုယ့္ကိုယ္ကိုယ္ စိတ္ခ်မ္းသာ ေအာင္ျပန္ထား လိုက္ပါေတာ့။ ကိုယ္ၾကိဳက္တဲ႔စားစရာတစ္ခုခု ခ်က္စားလိုက္ပါ။ စိတ္ေရာ ကိုယ္ပါ လန္းသြားေအာင္ ေအးေအးေဆးေဆးေရမိုးခိ်ဳးျပီး ရုပ္ရွင္တစ္ကား ၾကည့္ေနလိုက္ပါ။

၂။ ဘ၀တူေတြနဲ႔ေတြ႔ပါ။

ကိုယ့္သူငယ္ခ်င္းေတြထဲမွာ ကိုယ့္လိုပဲ Single ျဖစ္ေနတဲ႔သူေတြရိွမွာပါ။ ဒါဆိုရင္ Single သူငယ္ခ်င္းေတြခ်ည္းပဲစုျပီး မုန္႔သြားစားပါ။ သူမ်ားအတြဲေတြက ပန္းစည္းေတြ အရုပ္ေတြနဲ႔ ပဲမ်ားအလုပ္ရႈပ္ေနခ်ိန္မွာ ကိုယ္ေတြ single ေတြက အုပ္စုလိုက္ၾကီး ေပ်ာ္ေပ်ာ္ပါးပါး ရယ္လိုက္ ေမာလိုက္နဲ႔ ဆိုေတာ့ ကိုယ္ေတြကိုေတာင္ သူတို႔က ျပန္အားက်ေနရမွာပါ။

၃။ ေအးေအးေဆးေဆးအနားယူပါ။

မ်က္နွာမွာ သခြားသီးေလးကပ္ သီခ်င္းေလးဖြင့္ျပီး သာသာယာယာ ဇိမ္ယူလိုက္ပါ။ ဒီလို အပူအပင္ကင္းကင္း အနားယူနိုင္တဲ႔ အခ်ိန္ေလးကို တန္ဖိုးထားပါ။ ကိုယ့္မွာသာ ခ်စ္သူရိွေနရင္ သူ႔ကို ပူေနရတာနဲ႔ ကိုယ့္ကိုယ္ကို ဒီေလာက္ အခ်ိန္ေပးနိုင္မွာ မဟုတ္ပါဘူး။

၄။ ကိုယ္ခ်စ္တဲ႔သူေတြကို ခ်စ္ေၾကာင္းေျပာပါ။

ကိုယ့္ရဲ႕ သူငယ္ခ်င္းေတြ၊ မိဘ ေတြနဲ႔ ညီအစ္ကို ေမာင္နွမ ေတြကို ဖုန္းဆက္ပါ။ သူတို႔လည္း အထီးက်န္ေနမလားဆိုတာ မသိနိုင္ဘူးေလ။ ဒါေၾကာင့္ သူတိ႔ုကို ကိုယ္ခ်စ္ေၾကာင္း ဂရုစိုက္ေၾကာင္း သိေအာင္ ေျပာျပပါ။

၅။ ကိုယ့္ကိုယ္ကို လက္ေဆာင္ေပးပါ။

ေမြးကတည္းကေန ဒီေန႔ဒီအခ်ိန္အထိ မခြဲမခြာ ကိုယ့္အတြက္ ရိွေပးတာ ဆိုလို႔ ကိုယ္ကိုယ္တိုင္ပဲ ရိွပါတယ္။ ကိုယ္ဟာ ကိုယ့္ရဲ႕ အေကာင္းဆံုးခ်စ္သူပါပဲ။ ဒါေၾကာင့္ ကိုယ္အရမ္းလိုခ်င္ေနတဲ႔ ပစၥည္းေလးေတြ ဒါမွမဟုတ္ ပန္းစည္းေလးျဖစ္ျဖစ္ ၀ယ္ျပီး ကိုယ့္ကိုယ္ကို လက္ေဆာင္ေပးလိုက္ပါ။

၆။ ရည္းစားေဟာင္းကုိ စာမပို႔မိပါေစနဲ႔။

ဒီလိုေန႔မ်ိဳးမွာ ရုတ္တရက္ၾကီး လြမ္းလာသလိုလို ခံစားရတတ္ပါတယ္။ ဒါက ျဖစ္ေနက် ျပႆနာပါ။ တကယ္ေတာ့ သူ႔ကိုလြမ္းေနတာမဟုတ္ပါဘူး။ လြမ္းသလိုလို ထင္ေယာင္ထင္မွားျဖစ္ေနတာပါ။ ရည္းစားေဟာင္းေတြက အေၾကာင္းအရင္းရိွလို႔သာ ရည္းစားေဟာင္းျဖစ္သြားတာပါ။ ေနာက္တစ္ေန႔ ေရာက္သြားရင္ ဒီခံစားခ်က္က ဘာမွမဟုတ္ေတာ့ပါဘူး။

၇။ ပံုမွန္ေန႔တစ္ေန႔ပါပဲ။

ပိုျပီးအထီးက်န္သလိုလို ခံစားေနရတယ္ဆိုေပမယ့္ ခ်စ္သူမ်ားေန႔က သာမန္ေန႔တစ္ေန႔ပါပဲ။ စံုတြဲေတြကို ဟိုေနရာ ဒီေနရာ ေနရာအနွံမွာ ေတြ႔ေနရေပမယ့္ လူအမ်ားစုကေတာ့ စား၀တ္ေနေရးအတြက္ လႈပ္ရွား ရုန္းကန္ရင္း ျဖတ္သန္းသြားၾကမွာပါ။

Credit:Mystylemyanmar
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
Single ဖြစ်ရတာ ဘယ်လောက်ပဲ လွတ်လပ်ပါတယ် ပြောပါစေ။ ဒီလိုနေ့မျိုးဆိုရင်တော့ အထီးကျန်စရာကောင်းတာပဲလေနော်။ ဒါပေမယ့် ဒီအချက်လေးတွေအတိုင်းနေမယ်ဆိုရင်တော့ ချစ်သူများနေ့ကို အေးအေးဆေးဆေးဖြတ်သန်းနိုင်မှာပါ။

၁။ ကိုယ့်ကိုယ်ကိုယ် စိတ်ချမ်းသာအောင်ထားပါ။

လာမယ့် ချစ်သူများနေ့က ကြာသပတေးနေ့ဆိုတော့ မဖြစ်မနေ ရုံးသွား ကျောင်းသွား ရင်းနဲ့ စုံတွဲတွေကို မမြင်ချင်မှအဆုံး တွေ့ရမှာပါ။ ဒါဆိုရင်တော့ ညနေဘက် ကိုယ်အိမ်ပြန်ရောက်တဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် စိတ်ချမ်းသာ အောင်ပြန်ထား လိုက်ပါတော့။ ကိုယ်ကြိုက်တဲ့စားစရာတစ်ခုခု ချက်စားလိုက်ပါ။ စိတ်ရော ကိုယ်ပါ လန်းသွားအောင် အေးအေးဆေးဆေးရေမိုးချိုးပြီး ရုပ်ရှင်တစ်ကား ကြည့်နေလိုက်ပါ။

၂။ ဘဝတူတွေနဲ့တွေ့ပါ။

ကိုယ့်သူငယ်ချင်းတွေထဲမှာ ကိုယ့်လိုပဲ Single ဖြစ်နေတဲ့သူတွေရှိမှာပါ။ ဒါဆိုရင် Single သူငယ်ချင်းတွေချည်းပဲစုပြီး မုန့်သွားစားပါ။ သူများအတွဲတွေက ပန်းစည်းတွေ အရုပ်တွေနဲ့ ပဲများအလုပ်ရှုပ်နေချိန်မှာ ကိုယ်တွေ single တွေက အုပ်စုလိုက်ကြီး ပျော်ပျော်ပါးပါး ရယ်လိုက် မောလိုက်နဲ့ ဆိုတော့ ကိုယ်တွေကိုတောင် သူတို့က ပြန်အားကျနေရမှာပါ။

၃။ အေးအေးဆေးဆေးအနားယူပါ။

မျက်နှာမှာ သခွားသီးလေးကပ် သီချင်းလေးဖွင့်ပြီး သာသာယာယာ ဇိမ်ယူလိုက်ပါ။ ဒီလို အပူအပင်ကင်းကင်း အနားယူနိုင်တဲ့ အချိန်လေးကို တန်ဖိုးထားပါ။ ကိုယ့်မှာသာ ချစ်သူရှိနေရင် သူ့ကို ပူနေရတာနဲ့ ကိုယ့်ကိုယ်ကို ဒီလောက် အချိန်ပေးနိုင်မှာ မဟုတ်ပါဘူး။

၄။ ကိုယ်ချစ်တဲ့သူတွေကို ချစ်ကြောင်းပြောပါ။

ကိုယ့်ရဲ့ သူငယ်ချင်းတွေ၊ မိဘ တွေနဲ့ ညီအစ်ကို မောင်နှမ တွေကို ဖုန်းဆက်ပါ။ သူတို့လည်း အထီးကျန်နေမလားဆိုတာ မသိနိုင်ဘူးလေ။ ဒါကြောင့် သူတိ့ုကို ကိုယ်ချစ်ကြောင်း ဂရုစိုက်ကြောင်း သိအောင် ပြောပြပါ။

၅။ ကိုယ့်ကိုယ်ကို လက်ဆောင်ပေးပါ။

မွေးကတည်းကနေ ဒီနေ့ဒီအချိန်အထိ မခွဲမခွာ ကိုယ့်အတွက် ရှိပေးတာ ဆိုလို့ ကိုယ်ကိုယ်တိုင်ပဲ ရှိပါတယ်။ ကိုယ်ဟာ ကိုယ့်ရဲ့ အကောင်းဆုံးချစ်သူပါပဲ။ ဒါကြောင့် ကိုယ်အရမ်းလိုချင်နေတဲ့ ပစ္စည်းလေးတွေ ဒါမှမဟုတ် ပန်းစည်းလေးဖြစ်ဖြစ် ဝယ်ပြီး ကိုယ့်ကိုယ်ကို လက်ဆောင်ပေးလိုက်ပါ။

၆။ ရည်းစားဟောင်းကို စာမပို့မိပါစေနဲ့။

ဒီလိုနေ့မျိုးမှာ ရုတ်တရက်ကြီး လွမ်းလာသလိုလို ခံစားရတတ်ပါတယ်။ ဒါက ဖြစ်နေကျ ပြဿနာပါ။ တကယ်တော့ သူ့ကိုလွမ်းနေတာမဟုတ်ပါဘူး။ လွမ်းသလိုလို ထင်ယောင်ထင်မှားဖြစ်နေတာပါ။ ရည်းစားဟောင်းတွေက အကြောင်းအရင်းရှိလို့သာ ရည်းစားဟောင်းဖြစ်သွားတာပါ။ နောက်တစ်နေ့ ရောက်သွားရင် ဒီခံစားချက်က ဘာမှမဟုတ်တော့ပါဘူး။

၇။ ပုံမှန်နေ့တစ်နေ့ပါပဲ။

ပိုပြီးအထီးကျန်သလိုလို ခံစားနေရတယ်ဆိုပေမယ့် ချစ်သူများနေ့က သာမန်နေ့တစ်နေ့ပါပဲ။ စုံတွဲတွေကို ဟိုနေရာ ဒီနေရာ နေရာအနှံမှာ တွေ့နေရပေမယ့် လူအများစုကတော့ စားဝတ်နေရေးအတွက် လှုပ်ရှား ရုန်းကန်ရင်း ဖြတ်သန်းသွားကြမှာပါ။


Credit:Mystylemyanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top