iMyanmarHouse.com - Best Property Website for Myanmar
×

မနက္ပိုင္းေလးက အေအးပိုေတာ့ ေရေတာင္ ၾကာၾကာမခ်ိဳးနိုင္ဘူးေလ။ ေခါင္းေလွ်ာ္ဖို႔ဆို ပိုေ၀းတာေပါ့။

ေခါင္းမေလွ်ာ္ပဲ တစ္လေလာက္ေနၾကည့္ရင္ ေကာင္းမလားလို႔ စဥ္းစားလိုက္ေတာ့ ဒီအခ်က္ေလးေတြကိုေတြ႔တာနဲ႔ ကိုယ့္လိုပဲ ေခါင္းရမွာ ပ်င္းတဲ့သူေတြဖတ္ဖုိ႔ မွ်ေ၀ေပးလိုက္တယ္ေနာ္။

၁။ ဆံသားေျခာက္တယ္ဆိုတာ အရင္တုန္းက ကိစၥျဖစ္သြားပါျပီ။

ေခါင္းမေလွ်ာ္ေတာ့ဘူးဆိုရင္ ဦးေရျပားက သဘာ၀အဆီေတြ သူ႔အလိုလို ထြက္လာပါလိမ့္မယ္။ ဒါေၾကာင့္ ဆံပင္ေတြက အဖ်ား ၂ ခြျဖစ္တာတို႔ အေရာင္မိွန္ျပီးေျခာက္ကပ္ကပ္ျဖစ္ေနတာတို႔ လံုး၀ရိွေတာ့မွမဟုတ္ပါဘူး။

၂။ ဆံသားေတာက္ေျပာင္လာမယ္။

ဦးေရျပားက ထြက္တဲ့အဆီေတြက ဆံသားေတြအကုန္လံုးကို ေျပာင္လက္ေနေစပါလိမ့္မယ္။ သဘာ၀အေမႊးနဲ႔ ျပဳလုပ္ထားတဲ့ ဘီးနဲ႔ ျဖီးေပးမယ္ဆိုရင္ ပိုျပီးအေထာက္အကူျဖစ္ပါတယ္။ ဒါေပမယ့္ ဆံပင္အရင္းေတြမွာေတာ့ ေစးကပ္ေနမွာပါ။

၃။ ဆံပင္အေရာင္ပိုခံမယ္။

ဆံပင္အေရာင္ခံတယ္ မခံဘူးဆိုတာက သံုးတဲ့ ေခါင္းေလွ်ာ္ရည္နဲ႔ မဆိုင္ပါဘူး။ ဘယ္လို ေခါင္းေလွ်ာ္ရည္သံုးသံုး ေလွ်ာ္တဲ႔အၾကိမ္ေရ မ်ားမ်ားေလေလ အေရာင္မိွန္လာေလ ျဖစ္မွာပါ။ ေခါင္းမေလွ်ာ္ရင္ေတာ့ အေရာင္ပိုျမဲမွာျဖစ္ပါတယ္။

၄။ အရင္ကထက္ ဆံပင္ေတြပိုေကာင္းလာနိုင္တယ္။

ဆံပင္အရင္းေတြနဲ႔ ဦးေရျပား ဟာ ဓာတုေဗဒ ထိေတြ႔ျခင္းမရိွေတာ့တာ ေၾကာင့္ အရင္ထက္ပို က်န္းမာသန္စြမ္းလာနိုင္ပါတယ္။ ဒါေပမယ့္ တစ္ဦး နဲ႔ တစ္ဦး ရလဒ္ျခင္းတူမွာ မဟုတ္ပါဘူး။ တစ္ခ်ိဳ႕သူေတြမွာေတာ့ ဆံသား သိသိသာသာ ပိုေကာင္းလာနိုင္ေခ်ရိွပါတယ္။

ဒါေပမယ့္ ဆံပင္ျပန္ေကာင္းလာနိုင္ေခ်က လူအေယာက္ တစ္ရာ တစ္ေယာက္ေတာင္ ျဖစ္နိုင္ေခ်မရိွပါဘူး။ ဆံပင္ျပန္မေကာင္းလာတဲ႔ သူေတြကေတာ့ ဆက္ေဖာ္ျပမယ့္ ဆိုးက်ိဳးေတြကို ခံစားရပါလိမ့္မယ္။

၅။ အဖုအပိန္႔ေတြထြက္လာမယ္။

ဆံပင္မွာ လိမ္းထားတဲ႔ ပံုသြင္းေကာ္ေတြဟာ မေလွ်ာ္ပစ္ရင္ ဦးေရျပားက အဆီေတြနဲ႔ ေရာျပီး အညစ္အေၾကးေတြျဖစ္လာမွာပါ။ ဒီအညစ္အေၾကးေတြက ဦးေရျပားက ေခြ်းေပါက္ေတြကို ပိတ္တဲ႔အခါ ၀က္ျခံေတြ အဆီဖုေတြ ျဖစ္လာပါလိမ့္မယ္။

၆။ အနံ႔ဆိုးလာမယ္။

ဆံပင္အျမစ္မွာ ရိွတဲ့ ေခြ်းအိတ္က ေခြ်းေတြနဲ႔ အတူ အညစ္အေၾကးေတြ ေရာလာတဲ႔အခါ ဘတ္တီးရီးယားမ်ားေပါက္ဖြားလာျပီး အနံ႔ဆိုးေတြ ထြက္လာနိုင္ပါတယ္။

၇။ အညစ္အေၾကးနဲ႔ ဖုန္မႈန္႔ေတြ ပိုမ်ားလာမယ္။

လံုး၀မေလွ်ာ္တာမ်ိဳးမဟုတ္ဘဲ Dry Shampoo ပဲ သံုးမယ္ဆိုရင္ေတာင္ မရပါဘူး။ ဆံပင္က ေစးကပ္ေနတဲ့အတြက္ ပတ္၀န္းက်င္က ဖုန္မႈန္႔ေတြ ကပ္ဖို႔လည္းပိုလြယ္ပါတယ္။ အခ်ိန္ၾကာလာေလေလ ပိုညစ္ပတ္လာေလေလ ျဖစ္မွာပါ။

၈။ အနာျဖစ္လာမယ္။

အဖုအပိန္႔ေလးေတြကို ကုတ္မိရင္းကေန အနာေတြျဖစ္လာနိုင္ပါတယ္။ အနာမျဖစ္ဘူးဆိုရင္ေတာင္ အဖုေတြက ေယာင္ျပီး ျပည္တည္နာေတြျဖစ္လာပါလိမ့္မယ္။

၉။ ဆံပင္ေပါက္လမ္းေၾကာင္းေျပာင္းသြားမယ္။

ဦးေရျပားက အညစ္အေၾကးေတြနဲ႔ ပိတ္ေနတာေၾကာင့္ ဆံပင္ေတြက အတြင္းဘက္ကို ျပန္ေပါက္လာပါလိမ့္မယ္။ အတြင္းဘက္ကိုျပန္ေပါက္တဲ႔ ဆံပင္ေတြက ဦးေရျပားကို ျပန္ထိုးခြဲျပီးေပါက္တာျဖစ္တဲ႔အတြက္ တြန္႔လိမ္ေကာက္ေကြးေနျပီး ျပည္တည္နာေတြပိုဆိုးလာပါလိမ့္မယ္။

၁၀။ သန္းနဲ႔ ပိုးမႊားေတြ ေရာက္လာမယ္။

ကိုယ့္ ဆံပင္ေတြက သန္းဥေလးေတြ သန္းေကာင္ေလးေတြရဲ႕ သီရိေဂဟာ ၾကီးျဖစ္လာမွာပါ။ အေပၚက အခ်က္ေတြနဲ႔ တင္ ေတာ္ေတာ္ဆိုးေနျပီကို သန္းပါတြယ္ဦးမယ္ဆိုေတာ့ ေခါင္းပံုမွန္ေလွ်ာ္မွ ျဖစ္ေတာ့မယ္ေနာ္။

တန္ေဆးလြန္ေဘး ဆိုတဲ႔အတိုင္း ဘယ္အရာမွအစြန္းေရာက္တာမေကာင္းပါဘူး။ ေခါင္းေလွ်ာ္မယ္ဆိုရင္လည္း ၂ ရက္ ၃ ရက္ ျခားသာေလွ်ာ္သင့္ျပီး ေန႔တိုင္းေခါင္းေလွ်ာ္မယ္ဆိုရင္ ဦးေရျပား ေျခာက္ေသြ႔ျပီး ေဗာက္ထျခင္း၊ ဆံသား ေရဓာတ္ခမ္းေျခာက္ျခင္း၊ ဆံပင္နွစ္ခြ ျဖစ္ျခင္းေတြ ခံစားရနိုင္ပါတယ္။ ဒါ့အျပင္ ေခါင္းေလွ်ာ္ရည္ ေရြးခ်ယ္ရာမွာလည္း ဓာတုေဗဒနည္းျပီး သဘာ၀ပစၥည္းမ်ား ပါ၀င္တဲ႔ ေခါင္းေလွ်ာ္ရည္အမ်ိဳးအစားကို ေရြးခ်ယ္သံုးေပးသင့္ပါတယ္။

Credit:Mystylemyanmar
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#


မနက်ပိုင်းလေးက အအေးပိုတော့ ရေတောင် ကြာကြာမချိုးနိုင်ဘူးလေ။ ခေါင်းလျှော်ဖို့ဆို ပိုဝေးတာပေါ့။

ခေါင်းမလျှော်ပဲ တစ်လလောက်နေကြည့်ရင် ကောင်းမလားလို့ စဉ်းစားလိုက်တော့ ဒီအချက်လေးတွေကိုတွေ့တာနဲ့ ကိုယ့်လိုပဲ ခေါင်းရမှာ ပျင်းတဲ့သူတွေဖတ်ဖို့ မျှဝေပေးလိုက်တယ်နော်။

၁။ ဆံသားခြောက်တယ်ဆိုတာ အရင်တုန်းက ကိစ္စဖြစ်သွားပါပြီ။

ခေါင်းမလျှော်တော့ဘူးဆိုရင် ဦးရေပြားက သဘာဝအဆီတွေ သူ့အလိုလို ထွက်လာပါလိမ့်မယ်။ ဒါကြောင့် ဆံပင်တွေက အဖျား ၂ ခွဖြစ်တာတို့ အရောင်မှိန်ပြီးခြောက်ကပ်ကပ်ဖြစ်နေတာတို့ လုံးဝရှိတော့မှမဟုတ်ပါဘူး။

၂။ ဆံသားတောက်ပြောင်လာမယ်။

ဦးရေပြားက ထွက်တဲ့အဆီတွေက ဆံသားတွေအကုန်လုံးကို ပြောင်လက်နေစေပါလိမ့်မယ်။ သဘာဝအမွှေးနဲ့ ပြုလုပ်ထားတဲ့ ဘီးနဲ့ ဖြီးပေးမယ်ဆိုရင် ပိုပြီးအထောက်အကူဖြစ်ပါတယ်။ ဒါပေမယ့် ဆံပင်အရင်းတွေမှာတော့ စေးကပ်နေမှာပါ။

၃။ ဆံပင်အရောင်ပိုခံမယ်။

ဆံပင်အရောင်ခံတယ် မခံဘူးဆိုတာက သုံးတဲ့ ခေါင်းလျှော်ရည်နဲ့ မဆိုင်ပါဘူး။ ဘယ်လို ခေါင်းလျှော်ရည်သုံးသုံး လျှော်တဲ့အကြိမ်ရေ များများလေလေ အရောင်မှိန်လာလေ ဖြစ်မှာပါ။ ခေါင်းမလျှော်ရင်တော့ အရောင်ပိုမြဲမှာဖြစ်ပါတယ်။

၄။ အရင်ကထက် ဆံပင်တွေပိုကောင်းလာနိုင်တယ်။

ဆံပင်အရင်းတွေနဲ့ ဦးရေပြား ဟာ ဓာတုဗေဒ ထိတွေ့ခြင်းမရှိတော့တာ ကြောင့် အရင်ထက်ပို ကျန်းမာသန်စွမ်းလာနိုင်ပါတယ်။ ဒါပေမယ့် တစ်ဦး နဲ့ တစ်ဦး ရလဒ်ခြင်းတူမှာ မဟုတ်ပါဘူး။ တစ်ချို့သူတွေမှာတော့ ဆံသား သိသိသာသာ ပိုကောင်းလာနိုင်ချေရှိပါတယ်။

ဒါပေမယ့် ဆံပင်ပြန်ကောင်းလာနိုင်ချေက လူအယောက် တစ်ရာ တစ်ယောက်တောင် ဖြစ်နိုင်ချေမရှိပါဘူး။ ဆံပင်ပြန်မကောင်းလာတဲ့ သူတွေကတော့ ဆက်ဖော်ပြမယ့် ဆိုးကျိုးတွေကို ခံစားရပါလိမ့်မယ်။

၅။ အဖုအပိန့်တွေထွက်လာမယ်။

ဆံပင်မှာ လိမ်းထားတဲ့ ပုံသွင်းကော်တွေဟာ မလျှော်ပစ်ရင် ဦးရေပြားက အဆီတွေနဲ့ ရောပြီး အညစ်အကြေးတွေဖြစ်လာမှာပါ။ ဒီအညစ်အကြေးတွေက ဦးရေပြားက ချွေးပေါက်တွေကို ပိတ်တဲ့အခါ ဝက်ခြံတွေ အဆီဖုတွေ ဖြစ်လာပါလိမ့်မယ်။

၆။ အနံ့ဆိုးလာမယ်။

ဆံပင်အမြစ်မှာ ရှိတဲ့ ချွေးအိတ်က ချွေးတွေနဲ့ အတူ အညစ်အကြေးတွေ ရောလာတဲ့အခါ ဘတ်တီးရီးယားများပေါက်ဖွားလာပြီး အနံ့ဆိုးတွေ ထွက်လာနိုင်ပါတယ်။

၇။ အညစ်အကြေးနဲ့ ဖုန်မှုန့်တွေ ပိုများလာမယ်။

လုံးဝမလျှော်တာမျိုးမဟုတ်ဘဲ Dry Shampoo ပဲ သုံးမယ်ဆိုရင်တောင် မရပါဘူး။ ဆံပင်က စေးကပ်နေတဲ့အတွက် ပတ်ဝန်းကျင်က ဖုန်မှုန့်တွေ ကပ်ဖို့လည်းပိုလွယ်ပါတယ်။ အချိန်ကြာလာလေလေ ပိုညစ်ပတ်လာလေလေ ဖြစ်မှာပါ။

၈။ အနာဖြစ်လာမယ်။

အဖုအပိန့်လေးတွေကို ကုတ်မိရင်းကနေ အနာတွေဖြစ်လာနိုင်ပါတယ်။ အနာမဖြစ်ဘူးဆိုရင်တောင် အဖုတွေက ယောင်ပြီး ပြည်တည်နာတွေဖြစ်လာပါလိမ့်မယ်။

၉။ ဆံပင်ပေါက်လမ်းကြောင်းပြောင်းသွားမယ်။

ဦးရေပြားက အညစ်အကြေးတွေနဲ့ ပိတ်နေတာကြောင့် ဆံပင်တွေက အတွင်းဘက်ကို ပြန်ပေါက်လာပါလိမ့်မယ်။ အတွင်းဘက်ကိုပြန်ပေါက်တဲ့ ဆံပင်တွေက ဦးရေပြားကို ပြန်ထိုးခွဲပြီးပေါက်တာဖြစ်တဲ့အတွက် တွန့်လိမ်ကောက်ကွေးနေပြီး ပြည်တည်နာတွေပိုဆိုးလာပါလိမ့်မယ်။

၁၀။ သန်းနဲ့ ပိုးမွှားတွေ ရောက်လာမယ်။

ကိုယ့် ဆံပင်တွေက သန်းဥလေးတွေ သန်းကောင်လေးတွေရဲ့ သီရိဂေဟာ ကြီးဖြစ်လာမှာပါ။ အပေါ်က အချက်တွေနဲ့ တင် တော်တော်ဆိုးနေပြီကို သန်းပါတွယ်ဦးမယ်ဆိုတော့ ခေါင်းပုံမှန်လျှော်မှ ဖြစ်တော့မယ်နော်။

တန်ဆေးလွန်ဘေး ဆိုတဲ့အတိုင်း ဘယ်အရာမှအစွန်းရောက်တာမကောင်းပါဘူး။ ခေါင်းလျှော်မယ်ဆိုရင်လည်း ၂ ရက် ၃ ရက် ခြားသာလျှော်သင့်ပြီး နေ့တိုင်းခေါင်းလျှော်မယ်ဆိုရင် ဦးရေပြား ခြောက်သွေ့ပြီး ဗောက်ထခြင်း၊ ဆံသား ရေဓာတ်ခမ်းခြောက်ခြင်း၊ ဆံပင်နှစ်ခွ ဖြစ်ခြင်းတွေ ခံစားရနိုင်ပါတယ်။ ဒါ့အပြင် ခေါင်းလျှော်ရည် ရွေးချယ်ရာမှာလည်း ဓာတုဗေဒနည်းပြီး သဘာဝပစ္စည်းများ ပါဝင်တဲ့ ခေါင်းလျှော်ရည်အမျိုးအစားကို ရွေးချယ်သုံးပေးသင့်ပါတယ်။


Credit:Mystylemyanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top