iMyanmarHouse.com - Best Property Website for Myanmar
×


လင္းလင္းနဲ႔ ခ်စ္သုေဝ ကေတာ့ ပရိသတ္ေတြ အားမက်ဘဲ မေနႏိုင္ ေလာက္ေအာင္ ကို နားလည္မႈ ေတြ ခ်စ္ျခင္းေမတၱာေတြနဲ႔ တည္ေဆာက္ ထားတဲ့ အိမ္ေထာင္ေရး တစ္ခု ကို ၂ ေယာက္ အတူ ပုံေဖာ္ထုဆစ္ခဲ့ၾကတဲ့ အႏုပညာရွင္ ဆယ္လီစုံတြဲပါ ။ ကိုးကြယ္တဲ့ ဘာသာ မတူေပမယ့္ ခ်စ္ျခင္းေမတၱာနဲ႔ နားလည္မႈေတြ ကေတာ့ တူညီေနခဲ့ ၾကပါတယ္ ။

ေဖေဖာ္၀ါရီ ၁၄ ခ်စ္သူမ်ားေန႕အတြက္ လင္းလင္းက ခ်စ္သုေဝကို ခ်စ္သဝဏ္လႊာေလး တစ္ေစာင္ကို အပိုင္း ၁၀ ပိုင္းခြဲျပီး ပရီမီယာေကာ္ဖီ အိတ္ေလးေတြ ထဲမွာ ထည့္ထားမွာ ျဖစ္ျပီး အနယ္နယ္ အရပ္ရပ္က ပရီမီယာ ေကာ္ဖီ ဝယ္ေသာက္တဲ့ သူေတြ က တကယ္လို႔ စာလႊာေလးေတြ ေတြ႕ရင္ သိမ္းထားျပီး ခ်စ္သုေဝနဲ႔ အတူတူ စာသားေလးေတြ ဆက္ေပးခဲ့တာ ျဖစ္ပါတယ္ ။ အားလံုး ဆက္ျပီးရင္ေတာ့ လင္းလင္းက ခ်စ္သုေဝကို ရင္ထဲကေန အျမဲ ေခၚေနတဲ့ နာမည္ေလးကို ရရွိမွာ ျဖစ္တယ္လုိ႔ ေၾကျငာခဲ့တဲ့အတြက္ ထရီဇာနဲ႔ အတူ ပရိသတ္ေတြ ကလည္း အရမ္းကို ရင္ခုန္ေနခဲ့ ၾကတာပါ ။

ဒီေန႕ ခ်စ္သူမ်ားေန႕မွာေတာ့ လင္းလင္း ဆက္ခိုင္းတဲ့ စာသားေလးေတြ စံုလင္ သြားျပီ ျဖစ္ျပီး ထရီဇာကိုယ္တိုင္ ပရိသတ္ေတြကို Live လႊင့္ျပီး ဖတ္ျပခဲ့တာ ျဖစ္ပါတယ္ ။ အားလံုး ဖတ္ျပီးတဲ့ အခါမွာေတာ့ အရမ္းကို ဝမ္းသာလြန္းလို႕ မ်က္ရည္ေတြ က်ၿပီး လင္းလင္းကို ေက်းဇူးတင္ စကားေတြ အမ်ားၾကီး ေျပာခဲ့တဲ့ ထရီဇာနဲ႔ အတူ ပရိသတ္ေတြပါ ဝမ္းနည္းဝမ္းသာ မ်က္ရည္ေတြ က်ခဲ့ရပါတယ္ ။

လင္းလင္းေပးတဲ့ ခ်စ္သုေဝ အတြက္ ခ်စ္သဝဏ္လႊာေလးမွာ ဘာေတြ ေရးထားမလဲ အတူတူ ၾကည့္ရေအာင္ေနာ္

လင္းလင္းတို႔ ကေတာ့ မိန္းမကို ခ်စ္တာမ်ား အားက်စရာႀကီးေနာ္။ ခ်စ္သုေဝ ကလဲ ေတာ္ေတာ္ေလး ေပ်ာ္ေနတဲ့ ပံုပါပဲ။ ခ်စ္သုေဝရဲ့ “ကတိ” Album ေလး ကလဲ ဒီေန့ ခ်စ္သူမ်ားေန့မွာ ထြက္မွာမို့ အားေပးၾကဖို့ မေမ့ ပါနဲ့ေနာ္။ အခ်ိန္ေပးျပီး ဖတ္ရႈေပးတဲ့ ပရိသတ္ႀကီးကို ေက်းဇူး အထူး တင္ရိွပါတယ္။

Credit:Bahuthuta
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#


လင်းလင်းနဲ့ ချစ်သုဝေ ကတော့ ပရိသတ်တွေ အားမကျဘဲ မနေနိုင် လောက်အောင် ကို နားလည်မှု တွေ ချစ်ခြင်းမေတ္တာတွေနဲ့ တည်ဆောက် ထားတဲ့ အိမ်ထောင်ရေး တစ်ခု ကို ၂ ယောက် အတူ ပုံဖော်ထုဆစ်ခဲ့ကြတဲ့ အနုပညာရှင် ဆယ်လီစုံတွဲပါ ။ ကိုးကွယ်တဲ့ ဘာသာ မတူပေမယ့် ချစ်ခြင်းမေတ္တာနဲ့ နားလည်မှုတွေ ကတော့ တူညီနေခဲ့ ကြပါတယ် ။

ဖေဖော်ဝါရီ ၁၄ ချစ်သူများနေ့အတွက် လင်းလင်းက ချစ်သုဝေကို ချစ်သဝဏ်လွှာလေး တစ်စောင်ကို အပိုင်း ၁၀ ပိုင်းခွဲပြီး ပရီမီယာကော်ဖီ အိတ်လေးတွေ ထဲမှာ ထည့်ထားမှာ ဖြစ်ပြီး အနယ်နယ် အရပ်ရပ်က ပရီမီယာ ကော်ဖီ ဝယ်သောက်တဲ့ သူတွေ က တကယ်လို့ စာလွှာလေးတွေ တွေ့ရင် သိမ်းထားပြီး ချစ်သုဝေနဲ့ အတူတူ စာသားလေးတွေ ဆက်ပေးခဲ့တာ ဖြစ်ပါတယ် ။ အားလုံး ဆက်ပြီးရင်တော့ လင်းလင်းက ချစ်သုဝေကို ရင်ထဲကနေ အမြဲ ခေါ်နေတဲ့ နာမည်လေးကို ရရှိမှာ ဖြစ်တယ်လို့ ကြေငြာခဲ့တဲ့အတွက် ထရီဇာနဲ့ အတူ ပရိသတ်တွေ ကလည်း အရမ်းကို ရင်ခုန်နေခဲ့ ကြတာပါ ။

ဒီနေ့ ချစ်သူများနေ့မှာတော့ လင်းလင်း ဆက်ခိုင်းတဲ့ စာသားလေးတွေ စုံလင် သွားပြီ ဖြစ်ပြီး ထရီဇာကိုယ်တိုင် ပရိသတ်တွေကို Live လွှင့်ပြီး ဖတ်ပြခဲ့တာ ဖြစ်ပါတယ် ။ အားလုံး ဖတ်ပြီးတဲ့ အခါမှာတော့ အရမ်းကို ဝမ်းသာလွန်းလို့ မျက်ရည်တွေ ကျပြီး လင်းလင်းကို ကျေးဇူးတင် စကားတွေ အများကြီး ပြောခဲ့တဲ့ ထရီဇာနဲ့ အတူ ပရိသတ်တွေပါ ဝမ်းနည်းဝမ်းသာ မျက်ရည်တွေ ကျခဲ့ရပါတယ် ။

လင်းလင်းပေးတဲ့ ချစ်သုဝေ အတွက် ချစ်သဝဏ်လွှာလေးမှာ ဘာတွေ ရေးထားမလဲ အတူတူ ကြည့်ရအောင်နော်

လင်းလင်းတို့ ကတော့ မိန်းမကို ချစ်တာများ အားကျစရာကြီးနော်။ ချစ်သုဝေ ကလဲ တော်တော်လေး ပျော်နေတဲ့ ပုံပါပဲ။ ချစ်သုဝေရဲ့ “ကတိ” Album လေး ကလဲ ဒီနေ့ ချစ်သူများနေ့မှာ ထွက်မှာမို့ အားပေးကြဖို့ မမေ့ ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူး အထူး တင်ရှိပါတယ်။

Credit:Bahuthuta

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top