iMyanmarHouse.com - Best Property Website for Myanmar
×


ဇဏ္ခီနဲ႔ခရစ္စတီးနားခီတို႔စံုတြဲေလးဟာ လြန္ခဲ့တဲ့နွစ္ေပါင္းမ်ားစြာကတည္းက အခုခ်ိန္ထိ ခ်စ္ခင္ၾကင္နာစြာအတူလက္တြဲလာတဲ့ခ်စ္သူေတြျဖစ္ျပီးခ်စ္စရာေကာင္းတဲ့သားဦးေလးနဲ႔လည္း ေပ်ာ္ရႊင္စရာအိမ္ေထာင္ေရးကိုတည္ေဆာက္ထားနုိင္သူလည္းျဖစ္ပါတယ္။ ဇဏ္ခီနဲ႔ခရစ္စတီးနားခီကုိခ်စ္တဲ့ပရိသတ္ေတြဟာဆိုရင္ ျမန္မာတစ္နုိင္ငံလံုးမွာတစ္ေန႔တစ္ျခားတုိးပြားလာေနျပီး သူတို႔နွစ္ဦးကလည္း တစ္ေယာက္ကုိတစ္ေယာက္ တစ္ေန႔ထက္တစ္ေန႔ပုိပိုခ်စ္ခင္ၾကင္နာေနၾကတာလည္းျမင္ရတဲ့ပရိသတ္ေတြအတြက္အသည္းယားစရာပါပဲ။ ဒီနွစ္ V Day မွာေတာ့ ခရစ္စတီးနားခီက အမွတ္တရဓာတ္ပံုေလးေတြနဲ႔အရမ္းကုိရိုတဲ့စာေလးကို သူမရဲ႕ လူမႈကြန္ယက္မွာတင္ျပီး သူမတို႔နွစ္ေယာက္ၾကားကခ်စ္ျခင္းေမတၱာကုိ ပရိသတ္ကုိတစ္စြန္းတစ္စလွစ္ဟျပလာခဲ့ပါျပီ။


ခရစ္စတီးနာခီက လူ႔ဘဝမွာဘယ္လိုအခက္အခဲေတြပဲရင္ဆိုင္ရပါေစ ဇဏ္ခီရဲ႕အခ်စ္နဲ႔တင္တကယ္တန္ေနျပီလို႔ဆိုပါတယ္။ ေနာက္ျပီး ပရိသတ္ေတြကိုအံ့ၾသေစခဲ့တာကေတာ့ ၾကင္စဦးဇနီးေမာင္နွံလိုအျမဲတမ္းခ်စ္ခင္ၾကင္နာလ်က္သာေတြ႕ရတဲ့ ဇဏ္ခီနဲ႔ခရစ္စတီးနားခီတို႔ဟာ ၾကင္စဦးေတြမဟုတ္ပဲ ခ်စ္လာတာ (၁၉)နွစ္တိတိရွိျပီလို႔ဆိုပါတယ္။ ခရစ္စတီးနားခီက သူမရဲ႕လူမႈကြန္ယက္မွာ “လြန္ခဲ့တဲ့ ၁၉ႏွစ္ကသာ V day မွာ ယူ႕ကို ခ်စ္ပါတယ္လို႕ျပန္မေျဖခဲ့မိရင္ အခုခ်ိန္မွာ ကိုယ္ဟာလူ႕ဘဝမွာ မရွိႏိုင္ေတာ့ပါဘူး…နာက်င္စရာေတြသိပ္မ်ားတဲ့လူ႕ေလာကႀကီးမွာ အသက္မရွင္ခ်င္ဘူးလို႕ အခုေတာ့မေတာင္းဆိုရဲေတာ့ဘူး…ဘာလို႕လည္းဆိုေတာ့ ဆက္အခ်စ္ခံခ်င္ေသးလို႕…Love me until I d…. naw… Love Of My Life…”လို႔ေရးထားတာကုိၾကည္နူးဖြယ္ျမင္ရပါတယ္။


ဇဏ္ခီကလည္း ေခသူမဟုတ္ေပဘူး။ ခရစ္စ္ရဲ႕ ပိုု႔စ္ေအာက္မွာ “လြန္ခဲ့တဲ့ ၁၉ ႏွစ္ကသာ ယူက အိုင့္ကို ခ်စ္တယ္လို႔မေျပာခဲ့ရင္ အခုခ်ိန္ထိ လူပ်ိဳႀကီးဘဝနဲ႔ ဆက္ေစာင့္ေနမွာပါ အဲ့လဲ”လို႔ ခရစ္စ္ရဲ႕အသည္းကုိေသခ်ာေပါက္ေျခြလိုက္မွာျဖစ္တဲ့ comment ေလးလာမန္႔ထားခဲ့ပါတယ္။ဆယ့္ကုိးနွစ္ၾကာေအးအတူပူအမွ်လက္တြဲလာသူနဲ႔ အခုအခ်ိန္ထိ ခ်စ္စခင္စၾကင္နာစလိုခ်စ္ေနၾကတုန္းဆိုတာက ေတာ္ေတာ္ၾကည္နူးစရာေကာင္းတဲ့ျဖစ္ရပ္လို႔ဆိုရမွာပါ။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ ခီေမာင္နွံကုိခ်စ္ၾကလား။ ခီေမာင္နွံရဲ႕အနုပညာလႈပ္ရွားမႈေတြကုိေရာဆက္လက္အားေပးၾကမွာလား။ ခီေမာင္နွံရိုက္ေနတဲ့ Now & Ever ကုိေရာ ၾကည့္ဖို႔စိတ္လႈပ္ရွားေနၾကျပီလား။ေျပာခဲ့ၾကပါဦး။

Credit: Can’t Wait To Say

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#


ဇဏ်ခီနဲ့ခရစ်စတီးနားခီတို့စုံတွဲလေးဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အခုချိန်ထိ ချစ်ခင်ကြင်နာစွာအတူလက်တွဲလာတဲ့ချစ်သူတွေဖြစ်ပြီးချစ်စရာကောင်းတဲ့သားဦးလေးနဲ့လည်း ပျော်ရွှင်စရာအိမ်ထောင်ရေးကိုတည်ဆောက်ထားနိုင်သူလည်းဖြစ်ပါတယ်။ ဇဏ်ခီနဲ့ခရစ်စတီးနားခီကိုချစ်တဲ့ပရိသတ်တွေဟာဆိုရင် မြန်မာတစ်နိုင်ငံလုံးမှာတစ်နေ့တစ်ခြားတိုးပွားလာနေပြီး သူတို့နှစ်ဦးကလည်း တစ်ယောက်ကိုတစ်ယောက် တစ်နေ့ထက်တစ်နေ့ပိုပိုချစ်ခင်ကြင်နာနေကြတာလည်းမြင်ရတဲ့ပရိသတ်တွေအတွက်အသည်းယားစရာပါပဲ။ ဒီနှစ် V Day မှာတော့ ခရစ်စတီးနားခီက အမှတ်တရဓာတ်ပုံလေးတွေနဲ့အရမ်းကိုရိုတဲ့စာလေးကို သူမရဲ့ လူမှုကွန်ယက်မှာတင်ပြီး သူမတို့နှစ်ယောက်ကြားကချစ်ခြင်းမေတ္တာကို ပရိသတ်ကိုတစ်စွန်းတစ်စလှစ်ဟပြလာခဲ့ပါပြီ။

ခရစ်စတီးနာခီက လူ့ဘဝမှာဘယ်လိုအခက်အခဲတွေပဲရင်ဆိုင်ရပါစေ ဇဏ်ခီရဲ့အချစ်နဲ့တင်တကယ်တန်နေပြီလို့ဆိုပါတယ်။ နောက်ပြီး ပရိသတ်တွေကိုအံ့သြစေခဲ့တာကတော့ ကြင်စဦးဇနီးမောင်နှံလိုအမြဲတမ်းချစ်ခင်ကြင်နာလျက်သာတွေ့ရတဲ့ ဇဏ်ခီနဲ့ခရစ်စတီးနားခီတို့ဟာ ကြင်စဦးတွေမဟုတ်ပဲ ချစ်လာတာ (၁၉)နှစ်တိတိရှိပြီလို့ဆိုပါတယ်။ ခရစ်စတီးနားခီက သူမရဲ့လူမှုကွန်ယက်မှာ “လွန်ခဲ့တဲ့ ၁၉နှစ်ကသာ V day မှာ ယူ့ကို ချစ်ပါတယ်လို့ပြန်မဖြေခဲ့မိရင် အခုချိန်မှာ ကိုယ်ဟာလူ့ဘဝမှာ မရှိနိုင်တော့ပါဘူး…နာကျင်စရာတွေသိပ်များတဲ့လူ့လောကကြီးမှာ အသက်မရှင်ချင်ဘူးလို့ အခုတော့မတောင်းဆိုရဲတော့ဘူး…ဘာလို့လည်းဆိုတော့ ဆက်အချစ်ခံချင်သေးလို့…Love me until I d…. naw… Love Of My Life…”လို့ရေးထားတာကိုကြည်နူးဖွယ်မြင်ရပါတယ်။

ဇဏ်ခီကလည်း ခေသူမဟုတ်ပေဘူး။ ခရစ်စ်ရဲ့ ပို့စ်အောက်မှာ “လွန်ခဲ့တဲ့ ၁၉ နှစ်ကသာ ယူက အိုင့်ကို ချစ်တယ်လို့မပြောခဲ့ရင် အခုချိန်ထိ လူပျိုကြီးဘဝနဲ့ ဆက်စောင့်နေမှာပါ အဲ့လဲ”လို့ ခရစ်စ်ရဲ့အသည်းကိုသေချာပေါက်ခြွေလိုက်မှာဖြစ်တဲ့ comment လေးလာမန့်ထားခဲ့ပါတယ်။ဆယ့်ကိုးနှစ်ကြာအေးအတူပူအမျှလက်တွဲလာသူနဲ့ အခုအချိန်ထိ ချစ်စခင်စကြင်နာစလိုချစ်နေကြတုန်းဆိုတာက တော်တော်ကြည်နူးစရာကောင်းတဲ့ဖြစ်ရပ်လို့ဆိုရမှာပါ။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ခီမောင်နှံကိုချစ်ကြလား။ ခီမောင်နှံရဲ့အနုပညာလှုပ်ရှားမှုတွေကိုရောဆက်လက်အားပေးကြမှာလား။ ခီမောင်နှံရိုက်နေတဲ့ Now & Ever ကိုရော ကြည့်ဖို့စိတ်လှုပ်ရှားနေကြပြီလား။ပြောခဲ့ကြပါဦး။


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top