iMyanmarHouse.com - Best Property Website for Myanmar
×

ညဘက္ အိပ္ေပ်ာ္သြားတဲ့အခါမ်ိဳးမွာ ပါးစပ္ထဲက သေရေတြက်ျပီး ျပန္ႏိုးလာတဲ့အခ်ိန္မွာ အိပ္ယာခင္းတစ္ခုလံုး ညစ္ပတ္ေနတာမ်ိဳးၾကံဳဖူးတဲ့သူေတြရွိမွာပါ ။အခုလုိ သေရက်ရတဲ့အေၾကာင္းအရင္းေတာ့ ပါးစပ္ထဲမွာ တံေတြးေတြ ပံုမွန္ထက္ပို ျပည့္လ်ံေနလုိ႕ပါပဲ ။

ဒါဆုိရင္ ဘာေၾကာင့္ အခုလို သေရအမ်ားၾကီးထြက္ရသလဲ ။အိပ္ေပ်ာ္ေနတဲ့အခ်ိန္မွာ မ်က္ႏွာမွာရွိတဲ့ၾကြက္သားေတြ ေျပေလ်ာ့သြားတာေၾကာင့္ ပါးစပ္အနည္းငယ္ဟေနတဲ့အျပင္ ပါးစပ္ထဲေရာက္လာတဲ့ တံေတြးကို ျမိခ်မယ့္လည္ေခ်ာင္းအလုပ္မလုပ္ေတာ့တဲ့အတြက္ ပါးစပ္ထဲမွာ စုလာတဲ့ တံေတြးေတြဟာ ဟေနတဲ့ ပါးစပ္မွတစ္ဆင့္အျပင္ကို ယိုစီးလာရတာပဲျဖစ္ပါတယ္ ။

တစ္ခါတစ္ေလမွာ တံေတြးထြက္လြန္ေရာဂါနဲ႕ ဦးေႏွာက္ေရာဂါ သို႕မဟုတ္ ႏွာေခါင္းနဲ႕ပတ္သတ္တဲ့ေရာဂါေတြေၾကာင့္လည္း သေရက်တာမ်ိဳးရွိတတ္ပါတယ္ ။ဒီလုိမ်ိဳး သေရမက်ရေအာင္ ဘယ္လုိတားဆီးရမလဲ ။

၁ ။ သေရက်ရတဲ့အဓိကအေၾကာင္းအရင္းကေတာ့ ႏွာေခါင္းပိတ္ေနတဲ့အတြက္ပါပဲ ။

ႏွာေခါင္းပိတ္ေနတဲ့အခါ ပါးစပ္ကေန အလိုအေလ်ာက္ ေလရွဴတာေၾကာင့္ ပါးစပ္ဟေနတဲ့အတြက္ သေရက်ရတာပဲျဖစ္ပါတယ္ ။ေအးတဲ့ရာသီမ်ိဳးမွာ ႏွာေခါင္းပိတ္ေနခဲ့ရင္ ေရေႏြးေႏြးေလး နဲ႕ ေရခ်ိဳးေပးပါ ။ယူကလစ္ဆီမ်ိဳးကို ရွဳရွိဳက္ေပးမယ္ဆုိရင္လည္း ႏွာေခါင္းပိတ္ေနတာကုိ ပြင့္ေစႏုိင္ပါတယ္ ။

၂ ။ အိပ္စက္တဲ့အေနအထားေျပာင္းလဲပါ ။


ေမွာက္လ်က္အေနအထားနဲ႕အပိပ္စက္မယ္ဆုိရင္ ပါးစပ္ထဲက သေရေတြထြက္လာဖုိ႕ မ်ားပါတယ္ ။ဒီေတာ့ ေမွာက္လ်က္အေနအထားအိပ္မယ့္အစား ေဘးေစာင္း သို႕မဟုတ္ ပက္လက္အေနအထားနဲ႕အိပ္စက္ပါ ။

၃ ေဟာက္တတ္တဲ့သူေတြဟာ ညအိပ္စဥ္ သေရက်တတ္တဲ့သူေတြပဲျဖစ္ပါတယ္ ။


ေဟာက္တယ္ဆုိတာဟာ အသက္ရွဴလမ္းေၾကာင္းပိတ္ေနလုိ႕ပဲျဖစ္ပါတယ္ ။ကိုယ္က ေဟာက္တတ္တဲ့သူတစ္ေယာက္ဆုိရင္ေတာ့ ဘာေၾကာင့္ ေဟာက္ရသလဲဆုိတာ ဆရာဝန္နဲ႕တုိင္ပင္ေဆြးေႏြးသင့္ပါတယ္ ။

၄ ကိုယ္အေလးခ်ိန္ ကလည္း စကားေျပာပါတယ္ ။

မ်ားေသာအားျဖင့္ ဝတဲ့သူအေတာ္မ်ားမ်ားဟာ အိပ္ေပ်ာ္ေနစဥ္မွာ သေရက်ေလ့ရွိပါတယ္ ။၅ သေရက်တတ္တဲ့သူေတြအတြက္ အထူးထုတ္ထားေပးတဲ့ပစၥည္းေလးေတြရွိပါေသးတယ္ ။

ဒီပစၥည္းေလးေတြကို ပါးစပ္ထဲထည့္ထားမယ္ဆုိရင္ သေရက်တာမ်ိဳးျဖစ္မလာႏုိင္ေတာ့ပါဘူး ။

၆ ကိုယ္က တံေတြးအထြက္လြန္တဲ့ေရာဂါရွိေနရင္ေတာ့ ဆရာဝန္နဲ႕တုိင္ပင္ျပီး မွန္ကန္တဲ့ေဆးဝါးကို သံုးစြဲသင့္ပါတယ္ ။

အြန္လိုင္းေပၚမွာ ေလ့လာျပီးေတာ့ ကြကို ေဆးဝယ္ေသာက္တာမ်ိဳး မျပဳလုပ္သင့္ပါဘူး ။

၇ သေရက်ရျခင္းရဲ႕ အေၾကာင္းအရင္း ေနာက္တစ္ခ်က္က အိပ္ေပ်ာ္ေနစဥ္ေခါင္းေအာက္စိုက္ေနလုိ႕ပါပဲ ။

ဒီေတာ့ ေခါင္းအံုးျမင့္ျမင့္အံုးမယ္ဆုိရင္လည္း သေရက်တာရပ္သြားႏုိင္ပါတယ္ ။

၈ သေရက်တဲ့ျပႆနာကုိ ဘယ္လုိမွ မေျဖရွင္းႏုိင္ဘူးဆုိရင္ေတာ့ ဆရာဝန္နဲ႕တုိင္ပင္ပါ ။

တံေတြးထြက္တဲ့ ဂလင္းေတြကို ဖယ္ရွားတဲ့နည္းနဲ႕ ခြဲစိတ္ကုသႏုိင္ပါတယ္ ။ဒါေပမယ့္လည္း ခြဲစိတ္တဲ့နည္းလမ္းကိုေတာ့ ေနာက္ဆံုးက်ည္ဆံ အျဖစ္သာ စဥ္းစားသင့္ပါတယ္ ။
Credit: Min Thu (Daily Hot News )
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#


ညဘက် အိပ်ပျော်သွားတဲ့အခါမျိုးမှာ ပါးစပ်ထဲက သရေတွေကျပြီး ပြန်နိုးလာတဲ့အချိန်မှာ အိပ်ယာခင်းတစ်ခုလုံး ညစ်ပတ်နေတာမျိုးကြုံဖူးတဲ့သူတွေရှိမှာပါ ။အခုလို သရေကျရတဲ့အကြောင်းအရင်းတော့ ပါးစပ်ထဲမှာ တံတွေးတွေ ပုံမှန်ထက်ပို ပြည့်လျံနေလို့ပါပဲ ။

ဒါဆိုရင် ဘာကြောင့် အခုလို သရေအများကြီးထွက်ရသလဲ ။အိပ်ပျော်နေတဲ့အချိန်မှာ မျက်နှာမှာရှိတဲ့ကြွက်သားတွေ ပြေလျော့သွားတာကြောင့် ပါးစပ်အနည်းငယ်ဟနေတဲ့အပြင် ပါးစပ်ထဲရောက်လာတဲ့ တံတွေးကို မြိချမယ့်လည်ချောင်းအလုပ်မလုပ်တော့တဲ့အတွက် ပါးစပ်ထဲမှာ စုလာတဲ့ တံတွေးတွေဟာ ဟနေတဲ့ ပါးစပ်မှတစ်ဆင့်အပြင်ကို ယိုစီးလာရတာပဲဖြစ်ပါတယ် ။

တစ်ခါတစ်လေမှာ တံတွေးထွက်လွန်ရောဂါနဲ့ ဦးနှောက်ရောဂါ သို့မဟုတ် နှာခေါင်းနဲ့ပတ်သတ်တဲ့ရောဂါတွေကြောင့်လည်း သရေကျတာမျိုးရှိတတ်ပါတယ် ။ဒီလိုမျိုး သရေမကျရအောင် ဘယ်လိုတားဆီးရမလဲ ။

၁ ။ သရေကျရတဲ့အဓိကအကြောင်းအရင်းကတော့ နှာခေါင်းပိတ်နေတဲ့အတွက်ပါပဲ ။

နှာခေါင်းပိတ်နေတဲ့အခါ ပါးစပ်ကနေ အလိုအလျောက် လေရှူတာကြောင့် ပါးစပ်ဟနေတဲ့အတွက် သရေကျရတာပဲဖြစ်ပါတယ် ။အေးတဲ့ရာသီမျိုးမှာ နှာခေါင်းပိတ်နေခဲ့ရင် ရေနွေးနွေးလေး နဲ့ ရေချိုးပေးပါ ။ယူကလစ်ဆီမျိုးကို ရှုရှိုက်ပေးမယ်ဆိုရင်လည်း နှာခေါင်းပိတ်နေတာကို ပွင့်စေနိုင်ပါတယ် ။

၂ ။ အိပ်စက်တဲ့အနေအထားပြောင်းလဲပါ ။


မှောက်လျက်အနေအထားနဲ့အပိပ်စက်မယ်ဆိုရင် ပါးစပ်ထဲက သရေတွေထွက်လာဖို့ များပါတယ် ။ဒီတော့ မှောက်လျက်အနေအထားအိပ်မယ့်အစား ဘေးစောင်း သို့မဟုတ် ပက်လက်အနေအထားနဲ့အိပ်စက်ပါ ။

၃ ဟောက်တတ်တဲ့သူတွေဟာ ညအိပ်စဉ် သရေကျတတ်တဲ့သူတွေပဲဖြစ်ပါတယ် ။


ဟောက်တယ်ဆိုတာဟာ အသက်ရှူလမ်းကြောင်းပိတ်နေလို့ပဲဖြစ်ပါတယ် ။ကိုယ်က ဟောက်တတ်တဲ့သူတစ်ယောက်ဆိုရင်တော့ ဘာကြောင့် ဟောက်ရသလဲဆိုတာ ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ် ။

၄ ကိုယ်အလေးချိန် ကလည်း စကားပြောပါတယ် ။

များသောအားဖြင့် ဝတဲ့သူအတော်များများဟာ အိပ်ပျော်နေစဉ်မှာ သရေကျလေ့ရှိပါတယ် ။၅ သရေကျတတ်တဲ့သူတွေအတွက် အထူးထုတ်ထားပေးတဲ့ပစ္စည်းလေးတွေရှိပါသေးတယ် ။

ဒီပစ္စည်းလေးတွေကို ပါးစပ်ထဲထည့်ထားမယ်ဆိုရင် သရေကျတာမျိုးဖြစ်မလာနိုင်တော့ပါဘူး ။

၆ ကိုယ်က တံတွေးအထွက်လွန်တဲ့ရောဂါရှိနေရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီး မှန်ကန်တဲ့ဆေးဝါးကို သုံးစွဲသင့်ပါတယ် ။

အွန်လိုင်းပေါ်မှာ လေ့လာပြီးတော့ ကွကို ဆေးဝယ်သောက်တာမျိုး မပြုလုပ်သင့်ပါဘူး ။

၇ သရေကျရခြင်းရဲ့ အကြောင်းအရင်း နောက်တစ်ချက်က အိပ်ပျော်နေစဉ်ခေါင်းအောက်စိုက်နေလို့ပါပဲ ။

ဒီတော့ ခေါင်းအုံးမြင့်မြင့်အုံးမယ်ဆိုရင်လည်း သရေကျတာရပ်သွားနိုင်ပါတယ် ။

၈ သရေကျတဲ့ပြဿနာကို ဘယ်လိုမှ မဖြေရှင်းနိုင်ဘူးဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပါ ။

တံတွေးထွက်တဲ့ ဂလင်းတွေကို ဖယ်ရှားတဲ့နည်းနဲ့ ခွဲစိတ်ကုသနိုင်ပါတယ် ။ဒါပေမယ့်လည်း ခွဲစိတ်တဲ့နည်းလမ်းကိုတော့ နောက်ဆုံးကျည်ဆံ အဖြစ်သာ စဉ်းစားသင့်ပါတယ် ။
Credit: Min Thu (Daily Hot News )
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top