iMyanmarHouse.com - Best Property Website for Myanmar
×

မိမိရဲ႕ ေနထိုင္မႈပံုစံေၾကာင့္ အသားအေရဟာ မြဲေျခာက္ေျခာက္နဲ႔ အိုမင္းရင့္ေရာ္မႈကို အသက္နဲ႔မလိုက္ ႀကံဳေတြ႕လာရတတ္ပါတယ္။ အစားအေသာက္ကို ဂရုမစိုက္တာေၾကာင့္ေသာ္လည္းေကာင္း အေနအထိုင္အရ အမွားလုပ္မိတဲ့အခါေတြမွာေသာ္လည္းေကာင္း ပစ္စလက္ခတ္ ေနထိုင္မႈေတြေၾကာင့္ အသားအေရနဲ႔ ပတ္သက္တဲ့ ဇာတ္လမ္းေတြက စေတာ့တာပါပဲ။ ဒီေတာ့ အသားအေရ က်န္းမာစိုေျပေနဖို႔ မလုပ္သင့္တဲ့အရာေတြကို မွ်ေ၀ေပးခ်င္ပါတယ္။

ေကာ္ဖီအလြန္အကၽြံေသာက္တာဟာ အသားအေရကို အိုမင္းရင့္ေရာ္ေစပါတယ္။ ေကာ္ဖီကို လံုး၀မေသာက္ရဘူးလို႔ေတာ့ ဆိုခ်င္တာမဟုတ္ပါဘူး။ တစ္ခါတစ္ေလေသာက္ႏိုင္ပါတယ္။ ေကာ္ဖီေတြ ဆိုဒါ ေဖ်ာ္ရည္ေတြအစား ေရမ်ားမ်ားေသာက္ေပးသင့္ပါတယ္။

အိပ္ယာမ၀င္ခင္မွာအနည္းဆံုးေတာ့ တစ္ေနကုန္လိမ္းထားတဲ့ မိတ္ကပ္ကိုဖ်က္ၿပီး မ်က္ႏွာသစ္ေပးသင့္ပါတယ္။ မ်ားအားျဖင့္ေတာ့ အိပ္ယာ၀င္ခါနီးမွာ မ်က္ႏွာသစ္ဖို႔ ေမ့ေလွ်ာ့တတ္ၾကပါတယ္။

၁၀ နာရီထက္ေနာက္က်ာ အိပ္ၿခင္းဟာ အသားအရေျခာက္ေသြ႔ၿပီး ပင္ပန္းႏြမ္းနယ္တဲ့ပံုျဖစ္ေစပါတယ္။ အိပ္ေရးမ၀တာက အသားအေရကို ဆိုးဆိုးရြားရြားပ်က္ဆီးေစႏိုင္ပါတယ္။

ေရေႏြးနဲ႔ ေရခ်ိဳးတာဟာ အသားေရကို မြဲေၿခာက္ေစပါတယ္ ဒါေၾကာင့္ ေရခ်ိဳးၿပီးရင္ေတာ့ အသားအေရကို စိုေျပေစတဲ့ ခရင္မ္ေတြ လိမ္းေပးသင့္ပါတယ္။

အၿပင္ထြက္တဲ့အခါ UV ကာကြယ္ေပးတဲ့ ခရင္မ္ေတြ မလိမ္းတာဟာ အသားအေရကို ဆိုးဆိုးရြားရြားပ်က္ဆီးေစပါတယ္။ UV ကာကြယ္ေပးတဲ့ ခရင္မ္မပါဘဲ ေနေရာင္ထိေတြ႔တာမ်ားရင္ အေရျပားကင္ဆာထိျဖစ္ႏိုင္ပါတယ္။

အရက္ေသစာ ေသာက္တာဟာ အေရၿပားကို ညစ္ညမ္းေစရံုသာမကဘဲ အသားအေရကိုလည္း ပ်က္ဆီးေစပါတယ္။

မ်က္ႏွာကို တစ္ေန႔ ခဏခဏသစ္တာ ဆပ္ၿပာခဏခဏသံုးတာကလည္း အသားအေရကို ထိခိုက္ေစပါတယ္။ အသန္႔ၾကိဳက္တဲ့သူေတြမွာ အၿဖစ္မ်ားပါတယ္ အဲလိုမ်က္ႏွာကို ခဏခဏသစ္တာဟာ အေရးေၾကာင္းေတြျဖစ္ေပၚေစပါတယ္။

ဒီအခ်က္ေတြအားလံုးကေတာ့ အသားအေရနဲ႔ ဆိုင္တဲ့ သတိထားသင့္တဲ့ အေၿခခံအခ်က္ေတြပါပဲ။

Credit:mystylemyanmar
အလွအပ

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

မိမိရဲ့ နေထိုင်မှုပုံစံကြောင့် အသားအရေဟာ မွဲခြောက်ခြောက်နဲ့ အိုမင်းရင့်ရော်မှုကို အသက်နဲ့မလိုက် ကြုံတွေ့လာရတတ်ပါတယ်။ အစားအသောက်ကို ဂရုမစိုက်တာကြောင့်သော်လည်းကောင်း အနေအထိုင်အရ အမှားလုပ်မိတဲ့အခါတွေမှာသော်လည်းကောင်း ပစ်စလက်ခတ် နေထိုင်မှုတွေကြောင့် အသားအရေနဲ့ ပတ်သက်တဲ့ ဇာတ်လမ်းတွေက စတော့တာပါပဲ။ ဒီတော့ အသားအရေ ကျန်းမာစိုပြေနေဖို့ မလုပ်သင့်တဲ့အရာတွေကို မျှဝေပေးချင်ပါတယ်။

ကော်ဖီအလွန်အကျွံသောက်တာဟာ အသားအရေကို အိုမင်းရင့်ရော်စေပါတယ်။ ကော်ဖီကို လုံးဝမသောက်ရဘူးလို့တော့ ဆိုချင်တာမဟုတ်ပါဘူး။ တစ်ခါတစ်လေသောက်နိုင်ပါတယ်။ ကော်ဖီတွေ ဆိုဒါ ဖျော်ရည်တွေအစား ရေများများသောက်ပေးသင့်ပါတယ်။

အိပ်ယာမဝင်ခင်မှာအနည်းဆုံးတော့ တစ်နေကုန်လိမ်းထားတဲ့ မိတ်ကပ်ကိုဖျက်ပြီး မျက်နှာသစ်ပေးသင့်ပါတယ်။ များအားဖြင့်တော့ အိပ်ယာဝင်ခါနီးမှာ မျက်နှာသစ်ဖို့ မေ့လျှော့တတ်ကြပါတယ်။

၁၀ နာရီထက်နောက်ကျာ အိပ်ခြင်းဟာ အသားအရခြောက်သွေ့ပြီး ပင်ပန်းနွမ်းနယ်တဲ့ပုံဖြစ်စေပါတယ်။ အိပ်ရေးမဝတာက အသားအရေကို ဆိုးဆိုးရွားရွားပျက်ဆီးစေနိုင်ပါတယ်။

ရေနွေးနဲ့ ရေချိုးတာဟာ အသားရေကို မွဲခြောက်စေပါတယ် ဒါကြောင့် ရေချိုးပြီးရင်တော့ အသားအရေကို စိုပြေစေတဲ့ ခရင်မ်တွေ လိမ်းပေးသင့်ပါတယ်။

အပြင်ထွက်တဲ့အခါ UV ကာကွယ်ပေးတဲ့ ခရင်မ်တွေ မလိမ်းတာဟာ အသားအရေကို ဆိုးဆိုးရွားရွားပျက်ဆီးစေပါတယ်။ UV ကာကွယ်ပေးတဲ့ ခရင်မ်မပါဘဲ နေရောင်ထိတွေ့တာများရင် အရေပြားကင်ဆာထိဖြစ်နိုင်ပါတယ်။

အရက်သေစာ သောက်တာဟာ အရေပြားကို ညစ်ညမ်းစေရုံသာမကဘဲ အသားအရေကိုလည်း ပျက်ဆီးစေပါတယ်။

မျက်နှာကို တစ်နေ့ ခဏခဏသစ်တာ ဆပ်ပြာခဏခဏသုံးတာကလည်း အသားအရေကို ထိခိုက်စေပါတယ်။ အသန့်ကြိုက်တဲ့သူတွေမှာ အဖြစ်များပါတယ် အဲလိုမျက်နှာကို ခဏခဏသစ်တာဟာ အရေးကြောင်းတွေဖြစ်ပေါ်စေပါတယ်။

ဒီအချက်တွေအားလုံးကတော့ အသားအရေနဲ့ ဆိုင်တဲ့ သတိထားသင့်တဲ့ အခြေခံအချက်တွေပါပဲ။

Credit:mystylemyanmar
အလှအပ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top